iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္တိုင္လည္း ကိုယ့္ကိုကိုယ္ နားလည္မႈရွိလာပါလိမ့္မယ္။

ဘ၀ရဲ႕ မိုင္တိုင္ေတြက ရွည္လ်ားလြန္းပါတယ္။ ရည္ရြယ္ခ်က္တစ္ခုခုအတြက္၊ ပန္းတိုင္တစ္ခုခုအတြက္ ေလွ်ာက္လွမ္းရေနတာမို႕ ပင္ပန္းႏြမ္းနယ္မႈေတြ၊ စိတ္ဓာတ္က်အားငယ္မႈနဲ႕လည္းရင္ဆိုင္ရမွာပဲေလ။ ဒီလိုမ်ိဳးေတြ ၾကံဳေတြ႕လာတိုင္း ဒီအခ်က္ေလးေတြကို သတိရျပီး ျပဳမူေနထိုင္ၾကည့္ေပါ့။ စိတ္လက္ေပါ့ပါးျပီး ဖိအားကင္းတဲ့ ေန႕ရက္ေတြကို ပိုင္ဆိုင္ရမွာေသခ်ာပါတယ္။

၁။ သူငယ္ခ်င္းေတြနဲ႕ စကားေျပာပါ

မိတ္ေဆြအေပါင္းအသင္းေတြနဲ႕ စကားေျပာေပးပါ။ စိတ္ခြန္အားလိုအပ္ေနခ်ိန္၊ျပသနာတစ္စံုတစ္ခု ရင္ဆိုင္ေနရခ်ိန္ေတြမွာစကားေျပာတာမ်ိဳးက ပိုျပီး သင့္ေတာ္ပါတယ္။ သင့္မိတ္ေဆြအေပါင္းအသင္းေတြဆီက အၾကံဥာဏ္ေတြ၊ ခြန္အားျဖစ္ေစမယ့္ စကားကို ၾကားသိျပီး ရင္ဆိုင္ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြ ေတြ႕ျပီေပါ့။ ျပသနာေတြ ကင္းစင္တဲ့ ဘ၀က ေနေပ်ာ္တာေပါ့။

၂။ လမ္းေလွ်ာက္ေပးပါ

သင့္ရဲ႕ တခ်ိဳ႕အခ်ိန္ေတြကို လမ္းေလွ်ာက္ေပးျခင္းျဖင့္ ကုန္ဆံုးေစသင့္ပါတယ္။ မနက္ေစာေစာလမ္းထေလွ်ာက္တာ (ဒါမွမဟုတ္) ညေနပိုင္း ေန၀င္ခါနီးေလးမွာ လမ္းေလွ်ာက္တဲ့အက်င့္ကို ေမြးျမဴသင့္ပါတယ္။ လမ္းေလွ်ာက္ျခင္းက သင့္ရဲ႕ ကိုယ္ခႏၶာက်န္းမာေရးကို အေထာက္အကူျပဳရံုတင္မကပဲ စိတ္ၾကည္လင္လန္းဆန္းမႈကိုပါ ေပးစြမ္းႏိုင္တယ္ေလ။


၃။ သီခ်င္းေတြနားေထာင္ပါ

ဂီတရဲ႕စြမ္းပကားကၾကီးမားလြန္းပါတယ္။ ေန႕တိုင္း နားေထာင္ေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးပဲ။ သင္ၾကိဳက္ႏွစ္သက္ရာ ေတးဂီတအမ်ိဳးအစားကို ေရြးခ်ယ္ျပီး နားဆင္တာက စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစျပီး တက္ၾကြေစပါတယ္။ ျငိမ့္ေညာင္းတဲ့ သံစဥ္နဲ႕ သီခ်င္းေတြ၊ Slow Rock သီခ်င္းအမ်ိဳးအစားေတြဆို ပိုျပီးနားေထာင္လို႕ သင့္ေတာ္ပါတယ္။

၄။ ေစ်း၀ယ္ထြက္ပါ

ဒီအခ်က္ကေတာ့ အမ်ိဳးသမီးအမ်ားစု အၾကိဳက္ေတြ႕တဲ့ အခ်က္ျဖစ္တယ္ဆုိေပမယ့္ အမ်ိဳးသားေတြအတြက္လည္း သင့္ေတာ္ပါတယ္။ ေနာက္ဆံုးေပၚ အ၀တ္အစားဖက္ရွင္ဒီဇီုင္းေတြ၊ အသံုးအေဆာင္ပစၥည္းေတြ ၀ယ္ယူရတာကိုက သင့္စိတ္ကို ေက်နပ္ႏွစ္သိမ့္မႈအျပည့္အ၀ ရရွိေစတယ္ေလ။
၅။ ေယာဂက်င့္ပါ

ေယာဂက်င့္တာက သင့္စိတ္ကို တည္ျငိမ္ေအးခ်မ္းမႈ ရရွိေစမွာပါ။ ေန႕စဥ္ အခ်ိန္အနည္းငယ္ေပးျပီးေတာ့ ေယာဂက်င့္မယ္ဆိုရင္ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစတယ္ေလ။ ျပီးေတာ့ ကိုယ္ခႏၶာက အေၾကာအျခင္ေတြကို ေျဖေလွ်ာ့ျပီးသားျဖစ္သလို မာေက်ာေတာင့္တင္းေနတဲ့ ၾကြက္သားေတြမရွိေတာ့တာမို႕ ေနလို႕ထိုင္လို႕ သက္ေတာင့္သက္သာရွိတာေပါ့။
၆။ အခက္အခဲေတြ႕ေနသူကို ကူညီေပးပါ

အမ်ားအက်ိဳးေဆာင္ ကိုယ့္အက်ိဳးေအာင္ဆိုတဲ့ စကားရွိပါတယ္။ တဖက္သား အခက္အခဲေတြ႕ေနတုန္း ကူညီေပးလိုက္ႏိုင္ျပီဆိုရင္ သင့္အတြက္ အရင္ဦးဆံုး ပီတိျဖစ္ရတဲ့ ခံစားမႈကို ရရွိေစမွာပါ။ ကိုယ္ အခက္အခဲနဲ႕ ရင္ဆိုင္ေနရျပီဆိုလည္း ကိုယ့္အေပၚ ကူညီေပးမယ့္သူ မရွားပါေတာ့ဘူးေပါ့။

၇။ စာဖတ္ပါ

စာအုပ္ေကာင္းေကာင္းေတြ႕ရင္ ၀ယ္ဖို႕ လက္မေႏွးပါေစနဲ႕။ စာေပက ရတဲ့ အက်ိဳးေက်းဇူးေတြက အမ်ားၾကီးရွိတယ္ေလ။ ယူသင့္ယူထိုက္တဲ့ သင္ခန္းစာေတြ၊ ျဖစ္ရပ္ေတြကို ဥပမာယူျပီး ဘ၀မွာ စဥ္းစားခ်င့္ခ်ိန္မႈရွိရွိနဲ႕ ေနထိုင္လို႕ရျပီေပါ့။ စာဖတ္ျခင္းက သင့္အတြက္ အေကာင္းဆံုးအေဖာ္မြန္လည္း ျဖစ္ေစႏိုင္တယ္ေလ။

၈။ သစ္ပင္စိုက္ပါ

အရိပ္တၾကည့္ၾကည့္နဲ႕ သင္ စိုက္ပ်ိဳးခဲ့တဲ့ သစ္ပင္ေလးေတြ တစ္ေန႕တစ္ျခား ၾကီးထြားလာတာကို ျမင္ရတဲ့အခါ သင့္စိတ္ထဲ အတိုင္းမသိ ေက်နပ္ပီတိျဖစ္ေစမွာပါ။ အသက္ရွည္ခ်င္ရင္ သစ္ပင္စိုက္ပါဆိုတဲ့ စကားလိုေပါ့။ သင့္စိတ္ထဲ ေက်နပ္ပီတိျဖစ္ေနျပီဆိုရင္ စိတ္ညစ္ညဴးမႈေတြမရွိေတာ့တဲ့ ဘ၀ေန႕ရက္ေတြကို ပိုင္ဆိုင္ႏိုင္ျပီေပါ့။

၉။ ေပ်ာ္ပြဲစားထြက္ပါ

မိသားစုလိုက္ျဖစ္ေစ၊ သူငယ္ခ်င္းေတြနဲ႕ ျဖစ္ေစ ေပ်ာ္ပြဲစားထြက္တာမ်ိဳးလည္း လုပ္သင့္တယ္ေနာ္။ သဘာ၀ပတ္၀န္းက်င္ရဲ႕ အလွေတြကို ခံစားမိလာမယ္။ လတ္ဆတ္ေအးျမတဲ့ ေလထုရဲ႕ ေပြ႕ဖက္မႈကိုလည္း ထိေတြ႕ခြင့္ရမယ္ေလ။ တခ်ိဳ႕အခ်ိန္ေတြကို အိမ္အျပင္ဘက္မွာ ကုန္ဆံုးပစ္လိုက္စမ္းပါ။

၁၀။ ဒိုင္ယာရီေရးတဲ့ အက်င့္ကို ေမြးျမဴပါ

သင့္ရဲ႕ တစ္ေန႕တာ ေဆာင္ရြက္တာဖြယ္ေတြ၊ အမွတ္ထင္ထင္ျဖစ္ခဲ့တာေလးေတြကို မွတ္သားတတ္တဲ့ အက်င့္စရိုက္က သင့္ကိုယ္သင္ ထိန္းေက်ာင္းေပးႏိုင္ပါတယ္။ က်ရံႈးမႈေတြ၊ ေအာင္ျမင္မႈေတြ၊ လုပ္ငန္းခြင္၊ ေပါင္းသင္းဆက္ဆံေရး အစရွိတဲ့ သင္ ေန႕စဥ္လည္ပတ္ေနတဲ့ အရာေတြကို ေကာင္းတာယူ၊ မေကာင္းတာေတြ ပယ္ရွားလို႕ရတာေပါ့။ ကိုယ္တိုင္လည္း ကိုယ့္ကိုကိုယ္ နားလည္မႈရွိလာပါလိမ့္မယ္။

၁၁။ ရံဖန္ရံခါ တစ္ေယာက္တည္း ေနပါ

တခ်ိဳ႕အခ်ိန္ေတြကို တစ္ေယာက္တည္း ေနထုိင္ေစျခင္းျဖင့္ ကုန္ဆံုးပစ္ပါေစ။ တစ္ေယာက္တည္းလြတ္လပ္ေနတဲ့အတြက္ သင့္ျပသနာေတြအတြက္ အေထာက္အကူျပဳမယ့္ အေကာင္းဆံုးနည္းလမ္းေတြကို စဥ္းစားလို႕ရတာေပါ့။ ဒါမွမဟုတ္ သင့္ရဲ႕ အလုပ္ကို စိတ္တိုင္းက် ျပန္လည္ဆန္းစစ္ေစႏိုင္တဲ့အျပင္ အနာဂတ္အတြက္ အစီအစဥ္ေတြကိုပါ ေမွ်ာ္ေတြးစဥ္းစားလို႕ရျပီေလ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် နားလည်မှုရှိလာပါလိမ့်မယ်။

ဘဝရဲ့ မိုင်တိုင်တွေက ရှည်လျားလွန်းပါတယ်။ ရည်ရွယ်ချက်တစ်ခုခုအတွက်၊ ပန်းတိုင်တစ်ခုခုအတွက် လျှောက်လှမ်းရနေတာမို့ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဓာတ်ကျအားငယ်မှုနဲ့လည်းရင်ဆိုင်ရမှာပဲလေ။ ဒီလိုမျိုးတွေ ကြုံတွေ့လာတိုင်း ဒီအချက်လေးတွေကို သတိရပြီး ပြုမူနေထိုင်ကြည့်ပေါ့။ စိတ်လက်ပေါ့ပါးပြီး ဖိအားကင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရမှာသေချာပါတယ်။

၁။ သူငယ်ချင်းတွေနဲ့ စကားပြောပါ

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောပေးပါ။ စိတ်ခွန်အားလိုအပ်နေချိန်၊ပြသနာတစ်စုံတစ်ခု ရင်ဆိုင်နေရချိန်တွေမှာစကားပြောတာမျိုးက ပိုပြီး သင့်တော်ပါတယ်။ သင့်မိတ်ဆွေအပေါင်းအသင်းတွေဆီက အကြံဉာဏ်တွေ၊ ခွန်အားဖြစ်စေမယ့် စကားကို ကြားသိပြီး ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ တွေ့ပြီပေါ့။ ပြသနာတွေ ကင်းစင်တဲ့ ဘဝက နေပျော်တာပေါ့။

၂။ လမ်းလျှောက်ပေးပါ

သင့်ရဲ့ တချို့အချိန်တွေကို လမ်းလျှောက်ပေးခြင်းဖြင့် ကုန်ဆုံးစေသင့်ပါတယ်။ မနက်စောစောလမ်းထလျှောက်တာ (ဒါမှမဟုတ်) ညနေပိုင်း နေဝင်ခါနီးလေးမှာ လမ်းလျှောက်တဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။ လမ်းလျှောက်ခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို အထောက်အကူပြုရုံတင်မကပဲ စိတ်ကြည်လင်လန်းဆန်းမှုကိုပါ ပေးစွမ်းနိုင်တယ်လေ။


၃။ သီချင်းတွေနားထောင်ပါ

ဂီတရဲ့စွမ်းပကားကကြီးမားလွန်းပါတယ်။ နေ့တိုင်း နားထောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ သင်ကြိုက်နှစ်သက်ရာ တေးဂီတအမျိုးအစားကို ရွေးချယ်ပြီး နားဆင်တာက စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး တက်ကြွစေပါတယ်။ ငြိမ့်ညောင်းတဲ့ သံစဉ်နဲ့ သီချင်းတွေ၊ Slow Rock သီချင်းအမျိုးအစားတွေဆို ပိုပြီးနားထောင်လို့ သင့်တော်ပါတယ်။

၄။ ဈေးဝယ်ထွက်ပါ

ဒီအချက်ကတော့ အမျိုးသမီးအများစု အကြိုက်တွေ့တဲ့ အချက်ဖြစ်တယ်ဆိုပေမယ့် အမျိုးသားတွေအတွက်လည်း သင့်တော်ပါတယ်။ နောက်ဆုံးပေါ် အဝတ်အစားဖက်ရှင်ဒီဇီုင်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရတာကိုက သင့်စိတ်ကို ကျေနပ်နှစ်သိမ့်မှုအပြည့်အ၀ ရရှိစေတယ်လေ။
၅။ ယောဂကျင့်ပါ

ယောဂကျင့်တာက သင့်စိတ်ကို တည်ငြိမ်အေးချမ်းမှု ရရှိစေမှာပါ။ နေ့စဉ် အချိန်အနည်းငယ်ပေးပြီးတော့ ယောဂကျင့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လေ။ ပြီးတော့ ကိုယ်ခန္ဓာက အကြောအခြင်တွေကို ဖြေလျှော့ပြီးသားဖြစ်သလို မာကျောတောင့်တင်းနေတဲ့ ကြွက်သားတွေမရှိတော့တာမို့ နေလို့ထိုင်လို့ သက်တောင့်သက်သာရှိတာပေါ့။
၆။ အခက်အခဲတွေ့နေသူကို ကူညီပေးပါ

အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ စကားရှိပါတယ်။ တဖက်သား အခက်အခဲတွေ့နေတုန်း ကူညီပေးလိုက်နိုင်ပြီဆိုရင် သင့်အတွက် အရင်ဦးဆုံး ပီတိဖြစ်ရတဲ့ ခံစားမှုကို ရရှိစေမှာပါ။ ကိုယ် အခက်အခဲနဲ့ ရင်ဆိုင်နေရပြီဆိုလည်း ကိုယ့်အပေါ် ကူညီပေးမယ့်သူ မရှားပါတော့ဘူးပေါ့။

၇။ စာဖတ်ပါ

စာအုပ်ကောင်းကောင်းတွေ့ရင် ဝယ်ဖို့ လက်မနှေးပါစေနဲ့။ စာပေက ရတဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိတယ်လေ။ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာတွေ၊ ဖြစ်ရပ်တွေကို ဥပမာယူပြီး ဘဝမှာ စဉ်းစားချင့်ချိန်မှုရှိရှိနဲ့ နေထိုင်လို့ရပြီပေါ့။ စာဖတ်ခြင်းက သင့်အတွက် အကောင်းဆုံးအဖော်မွန်လည်း ဖြစ်စေနိုင်တယ်လေ။

၈။ သစ်ပင်စိုက်ပါ

အရိပ်တကြည့်ကြည့်နဲ့ သင် စိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးတွေ တစ်နေ့တစ်ခြား ကြီးထွားလာတာကို မြင်ရတဲ့အခါ သင့်စိတ်ထဲ အတိုင်းမသိ ကျေနပ်ပီတိဖြစ်စေမှာပါ။ အသက်ရှည်ချင်ရင် သစ်ပင်စိုက်ပါဆိုတဲ့ စကားလိုပေါ့။ သင့်စိတ်ထဲ ကျေနပ်ပီတိဖြစ်နေပြီဆိုရင် စိတ်ညစ်ညူးမှုတွေမရှိတော့တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပြီပေါ့။

၉။ ပျော်ပွဲစားထွက်ပါ

မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ ပျော်ပွဲစားထွက်တာမျိုးလည်း လုပ်သင့်တယ်နော်။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှတွေကို ခံစားမိလာမယ်။ လတ်ဆတ်အေးမြတဲ့ လေထုရဲ့ ပွေ့ဖက်မှုကိုလည်း ထိတွေ့ခွင့်ရမယ်လေ။ တချို့အချိန်တွေကို အိမ်အပြင်ဘက်မှာ ကုန်ဆုံးပစ်လိုက်စမ်းပါ။

၁၀။ ဒိုင်ယာရီရေးတဲ့ အကျင့်ကို မွေးမြူပါ

သင့်ရဲ့ တစ်နေ့တာ ဆောင်ရွက်တာဖွယ်တွေ၊ အမှတ်ထင်ထင်ဖြစ်ခဲ့တာလေးတွေကို မှတ်သားတတ်တဲ့ အကျင့်စရိုက်က သင့်ကိုယ်သင် ထိန်းကျောင်းပေးနိုင်ပါတယ်။ ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေ၊ လုပ်ငန်းခွင်၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့ သင် နေ့စဉ်လည်ပတ်နေတဲ့ အရာတွေကို ကောင်းတာယူ၊ မကောင်းတာတွေ ပယ်ရှားလို့ရတာပေါ့။ ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ် နားလည်မှုရှိလာပါလိမ့်မယ်။

၁၁။ ရံဖန်ရံခါ တစ်ယောက်တည်း နေပါ

တချို့အချိန်တွေကို တစ်ယောက်တည်း နေထိုင်စေခြင်းဖြင့် ကုန်ဆုံးပစ်ပါစေ။ တစ်ယောက်တည်းလွတ်လပ်နေတဲ့အတွက် သင့်ပြသနာတွေအတွက် အထောက်အကူပြုမယ့် အကောင်းဆုံးနည်းလမ်းတွေကို စဉ်းစားလို့ရတာပေါ့။ ဒါမှမဟုတ် သင့်ရဲ့ အလုပ်ကို စိတ်တိုင်းကျ ပြန်လည်ဆန်းစစ်စေနိုင်တဲ့အပြင် အနာဂတ်အတွက် အစီအစဉ်တွေကိုပါ မျှော်တွေးစဉ်းစားလို့ရပြီလေ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top