*ခံတြင္း က်န္းမာေရး*
သံပုရာသီးဟာ သြားကို ျဖဴေစပါတယ္။
သံပုရာသီးအခြံကိုဆား (တေကာ္စာ)နဲ႕ ေရာၿပီး ပြတ္ေပးရင္ သြားကို ျဖဴေစ႐ံု
တင္မကဘူး။ ေတာက္ပေစပါတယ္။ ခံတြင္းအနံ႕ မေကာင္းတာလည္း ေပ်ာက္ေစပါတယ္။
သြားကိုက္ ေနရင္လည္း သံပုရာရ ည္နဲ႕ ပလုတ္က်င္းေပးပါ။
*ႏႈတ္ခမ္းကြဲျခင္း*
မ်က္ႏွာလိမ္းခရင္မ္တစ္ဇြန္း
(လက္ဖက္ရည္ေသာက္ဇြန္း) နဲ႕ လိေမၼာ္ရည္၊ ပ်ားရည္တို႕ကို ေရာစပ္ၿပီး
လိမ္းေပးပါ။ တစ္ပတ္ေလာက္ လိမ္း႐ံုနဲ႕ သိသာ ထင္ရွား ေပ်ာက္ကင္း
သြားပါလိမ့္မယ္။ *ဆံပင္ကၽြတ္ျခင္း*
အုန္းရည္ေလးဇြန္း (စားပြဲတစ္ဇြန္း)နဲ႕ သံပရာရည္တို႕ ေရာစပ္ၿပီး တစ္ပတ္တစ္ခါေလာက္ လိမ္းေပးရင္ ဆံပင္ကၽြတ္တာ ေပ်ာက္ကင္း ေစပါတယ္။
*ဦးေရျပား ယားယံျခင္းႏွင့္ ဒဏ္ေပ်ာက္ဖို႕အတြက္*
ၾကက္ဥအကာရည္ႏွင့္
သံပရာရည္ (သံပုရာသီးတစ္လံုးစာ) တို႕ေရာၿပီး ဆံႏြယ္အျမစ္ကေန လိမ္းေပးပါ။
တစ္နာရီခန္႕ၾကာမွ ေရနဲ႕ ျပန္ၿပီးေဆးေၾကာေပးပါ။ တစ္လေလာက္ လုပ္ေပး႐ံုနဲ႕တင္
ဦးေရျပားသန္႕ရွင္းၿပီး ေဗာက္၊ ဒက္တို႕ ကင္းစင္ သြားပါ လိမ့္မယ္။
*အသားအေရေျခာက္ေသြ႕ျခင္းအတြက္*
ငွက္ေပ်ာသီးမွည့္တစ္လံုးကို
ယူၿပီး ေခ်ေပးပါ။ ၿပီးရင္ေတာ့ လတ္လတ္ဆတ္ဆတ္ သံပုရာရည္ တစ္စက္ ႏွစ္စက္နဲ႕
ေခ်ထားတဲ့ ငွက္ေပ်ာသီးတို႕ကို ေရာစပ္ေပးပါ။ ၿပီးရင္ေတာ့ မ်က္ႏွာနဲ႕ လက္ကို
လိမ္းေပးရမွာ ျဖစ္ပါ တယ္။ အသားအေရကို ေခ်ာေမြ႕ သန္႕ရွင္း ေစပါတယ္။
ေနာက္တစ္နည္းကေတာ့ ပ်ားရည္တစ္ဇြန္း (လက္ဖက္ ရည္ဇြန္း) ကို ဟင္းသီးဟင္းရြက္
ဆီနဲ႕ေရာေပးပါ။ ၿပီးရင္ သံပုရာရည္တစ္စက္ ေလာက္နဲ႕ ထပ္ေရာၿပီး လက္ေတြ၊
တံေတာင္ဆစ္ေတြ၊ ေျခဖေနာင့္ေတြနဲ႕ ၾကမ္းေထာ္ေနတဲ့ေနရာေတြကို လိမ္းေပးပါ။
လိမ္းၿပီးရင္
ဆယ္မိ နစ္ေလာက္ ေစာင့္ေပးပါ။ သံပုရာသီးဟာ အေရျပားအလွအပအတြက္
အေကာင္းဆံုးေပးစြမ္းေစႏုိင္တဲ့ သစ္သီးပဲ ျဖစ္ပါတယ္။ အထူးသ ျဖင့္ ဝက္ၿခံနဲ႕
ယားနာေတြ ကို ေပ်ာက္ကင္းေစတဲ့သတၱိရွိပါတယ ္။ မွဲ႕ေျခာက္ေတြကိုလည္း
ေပ်ာက္ကင္း ေစပါတယ္။ သံပုရာရည္နဲ႕သာ လိမ္းေပးရမွာ ျဖစ္ပါတယ္။
*အဆီျပန္တဲ့အသားအေရပိုင္ရွင္မ်ားအတြက္*
သံပုရာရည္ႏွစ္ဇြန္း
(လက္ဖက္ရည္ဇြန္း)၊ နႏြင္းမႈန္႕ ဇြန္းဝက္ခန္႕ (လက္ဖက္ရည္ဇြန္း)
တို႕ကိုယူပါ။ သေဘၤာသီး စိတ္ကိုေခ်ၿပီး ေပ်ာ့ဖတ္ သဖြယ္ ရေအာင္လုပ္ပါ။
ယင္းသေဘၤာသီး ရည္ကို သံုးဇြန္းခန္႕ ယူပါ။ အားလံုး ကို ေရာစပ္ၿပီး
မ်က္လံုးကလြဲရင္ မ်က္ႏွာတစ္ျပင္လံုးကို လိမ္း ေပးရမွာ ျဖစ္ပါတယ္။ လိမ္းၿပီး
မိနစ္ ၂၀ ခန္႕ၾကာ ေအာင္ ေစာင့္ေပးပါ။ ၿပီးမွ ေရနဲ႕ စ္ဖန္
ျပန္ေဆးေၾကာေပးပါ။
*တံေတာင္ဆစ္မည္းျခင္းအတြက္*
သံပရာသီးအခြံနဲ႕
ပြတ္ေပးပါ။ ၿပီးရင္ေရနဲ႕ ေဆးေပးပါ။ နည္းနည္းေတာ့ၾကာေပမယ့္ အေရျပားကို
သန္႕စင္ သြားၿပီး ေတာက္ေျပာင္ဝင္း လက္လာ ပါလိမ့္မယ္။ တခ်ိဳ႕ အသားအေရ ေတြဟာ
ေမွာင္ေမွာင္မႈိင္းမႈိင္းနဲ႔ ေျခာက္ေျခာက္ ေသြ႕ေသြ႕ျဖစ္ေနတတ္ပါတယ္။
အေရာင္အဝါ လင္းလက္ခ်င္တယ္ ဆိုရင္ေတာ့ လတ္လတ္ ဆတ္ဆတ္ သံပုရာသီး တစ္လံုးရဲ႕
အရည္နဲ႔ မ်က္ႏွာမက်န္ ခႏၶာကိုယ္ အႏွံ႕ အိပ္ရာမဝင္ခင္ ပြတ္လိမ္းေပး ပါ။
မနက္က်မွ ေရခ်ိဳးေပးပါ။ အေရျပားကို ေတာက္ေျပာင္ရႊန္းလဲ့ေစၿပီး
ႏူးညံ့ေစပါတယ္။ အိပ္ရတာ ေစးထန္း ထန္းနဲ႕ မအိပ္ခ်င္ဘူးဆိုရင္ေတာ့
ေရခ်ိဳးတဲ့အခါမွာ ခ်ိဳးမယ့္ေရထဲ သံပုရာရည္ တစ္ခြက္ တစ္ဝက္ ခန္႕ ထည့္ၿပီး
အဲဒီ့ ေရနဲ႕စိမ္ခ်ိဳးေပးပါ။
*လက္သည္းေဆးစြန္းတာ ေဖ်ာက္ခ်င္ရင္*
သံပုရာသီးစိတ္
(သို႕) သံပရာရည္ကို ေရထဲေရာၿပီး လက္ကိုစိမ္ေပးပါ။ လက္သည္းမွာ ေပေနတဲ့
အစြန္း အထင္း ေတြကို ခ်က္ျခင္းေခ် ခၽြတ္ေပးသြား ပါလိမ့္မယ္။ ၿပီးသြားရင္
လက္သည္းကို ျပန္ဆိုး မယ္ဆို ရင္လည္း ပိုၿပီးေတာက္ေျပာင္လာပါလိမ္
့မယ္။သံပုရာရည္ထဲ လက္သည္း ေျခသည္းကို ဆယ္မိနစ္ခန္႕ စိမ္ေပးပါ။
ၿပီးလို႕ရွိရင္
ဘရက္ရွ္နဲ႕ လက္သည္း၊ ေျခသည္းကို ျပန္ပြတ္တိုက္ေပးပါ။ ၿပီးမွ ေရေႏြး
ေႏြးနဲ႕ ေဆးေၾကာ ေပးပါ။ ဒီနည္းဟာ လက္သည္းကို သန္စြမ္းေစၿပီး ေတာက္ေျပာင္
ေစပါတယ္။ ျဖစ္ႏိုင္ရင္ ဗင္နီဂါျဖဴ ဇြန္းဝက္ခန္႕နဲ႕ ေရေႏြးတစ္ဝက္တို႕
ေရာၿပီး ဘရက္ရွ္နဲ႕ တိုက္ေပးရင္ ပိုေကာင္းပါတယ္။
*ေျခေထာက္*
သံပုရာရည္တစ္ခြက္စာ
(ေကာ္ဖီခြက္တစ္ခြက္စာ)၊ သစ္ဂ်ပိုး(အနံ႕အတြက္)၊ သံလြင္ဆီ ႏွစ္ဇြန္း
(စားပြဲတင္ ဇြန္း)၊ ႏြားႏို႕ေလးပံုတစ္ပံု (ခြက္တစ္ခြက္)၊ ေရသန္႕ (ေရကို
သင့္ေတာ္သလို ထည့္ႏုိင္ပါတယ္၊ အနည္း၊ အမ်ား အေရး မႀကီးပါ) တို႕ေရာစပ္ေပးပါ။
တကယ္လို႕ သစ္ဂ်ပိုး မသံုးခ်င္ဘူးဆိုရင္ တျခားအနံ႕ ပစၥည္း တို႕ သံုးႏုိင္
ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ တို႕ျဖင့္လည္း အစားထိုး အသံုးျပဳႏုိင္ပါတယ္။
အားလံုးေရာ စပ္ၿပီးရင္ ေတာ့ အဲဒီ့အရည္ကို ေျခေထာက္စိမ္ေပးရမွာ ျဖစ္ပါတယ္။
ၿပီးသြားမွ ေရနဲ႕ ဆပ္ျပာ (Mild) နဲ႕ ေသခ်ာေဆး ေၾကာသန္႕စင္ေပးပါ။
တစ္ပတ္ေလာက္လုပ္ၾကည့္လိုက္တာနဲ႕ ေျခေထာက္ အသားအေရဟာ သိသိ သာသာ
ေခ်ာေမြ႕လာပါလိမ့္မယ္။
*ေႏြအပူမွာ ေခၽြးဆုေနျခင္းအတြက္ အေကာင္းဆံုးသစ္သီး*
ပူျပင္းေျခာက္ေသြ႕တဲ့ေႏြရာသီလို
ဥတုမ်ိဳးမွာ ေခၽြးထြက္သက္သာေအာင္ပဲ ျဖစ္ျဖစ္၊ ရင္ပူသက္သာ ေအာင္လုပ္ ဖို႕ပဲ
ျဖစ္ျဖစ္ သံပုရာ သီးရည္ကို ပ်ားရည္တစ္ဇြန္းနဲ႕ေရာၿပီး ေသာက္ေပးပါ။ ေသြးေလ
လည္ပတ္မႈ ကို ေကာင္းမြန္ေစ႐ံုမွ်မက ေခၽြးထြက္ျခင္းကိုလည္း သက္ သာေစပါတယ္။
သံပုရာသီးထဲမွာ
ပါရွိတဲ့ ဂလူးကိုစ့္နဲ႕ သတၱဳဓာတ္ေတြေၾကာင့္ ခႏၶာကိုယ္ကို ေခၽြးထြက္ျခင္းမွ
ကာကြယ္ ေပးတဲ့အျပင္ ေအးျမေအာင္လည္း စြမ္းေဆာင္ေပးပါတယ္။ လြန္ခဲ့တဲ့
နွစ္အနည္းငယ္က ဂ်ာနယ္ တစ္ေစာင္မွာ ဒီေဆာင္းပါးကို ဖတ္မိရင္း ေအာ္
သံပုရာသီးရဲ႕ ေကာင္းက်ိဳးက ဒီေလာက္ရွိေနတာ၊ ေနာက္ၿပီး ေနရာတိုင္းမွာလည္း
သံပုရာ သီးကုိ လြယ္လြယ္ကူကူ ရနုိင္တယ္၊ ေရးကူးထားမွပဲ ဆုိၿပီး ဒိုင္ယာရီ
ထဲမွာကို ကူးထားၿပီး သြားေလရာကို ယူသြားတတ္ ပါတယ္၊ အခုေတာ့ ဘာရယ္မဟုတ္၊
က်မၼာေရး လိုက္စား သူ ေတြအတြက္ တစုံတခု အသုံးတည့္မယ္ ထင္လို႔ မွတ္တမ္း
အျဖစ္ တင္ျပလိုက္ပါတယ္ …
——————————————————————
၁။သံပုရာရည္ကုိ
ေသာက္ျခင္းအားျဖင့္ ေမာပန္းႏြမ္းနယ္မႈကို ေျပေစၿပီး လူ၏ ခႏၶာကိုယ္တြင္
ျဖစ္ပြားတတ္ ေသာ အထူး သျဖင့္ ၀မ္းဗိုက္တြင္ ျဖစ္ေပၚတတ္ေသာ ေရာဂါမ်ားကုိ
ကာကြယ္နုိင္ပါတယ္၊
၂။ သံပုရာ ရည္ကုိ သၾကားအနည္းငယ္ထည့္ကာ မ်ားမ်ား
ေသာက္ေပးပါက အစာအဆိပ္သင့္ျခင္း၊ အရက္မွ ျဖစ္ေသာ အဆိပ္၊ ဘိန္းမူးလြန္နာ
စသည္မ်ားကို ေပ်ာက္ကင္းေစသည္။
၃။ ထမင္းစားၿပီးေနာက္ ေအာ့အန္ျခင္း ျဖစ္တတ္လ်င္ လပ္ဆတ္ေသာ သံပုရာရည္ကုိ ေသာက္ရပါမည္။
၄။
သံပုရာရည္ကုိ သၾကားခတ္၍ ေသာက္ပါက ခႏၶာကိုယ္တြင္ အဆီမ်ား၍
ေခ်ာင္းဆုိးျခင္း၊ သည္းေျခ အား နည္းျခင္း၊ ကိုယ္လက္ အဆစ္ အျမစ္
ကိုက္ခဲျခင္းမ်ား ေပ်ာက္ကင္းေစပါတယ္။
၅။ သံပုရာရည္တြင္ သၾကားခတ္ကာ နံနက္/ည တႀကိမ္စီ ေသာက္ေပးပါက သြားမွ ေသြးယိုစီးျခင္းကို ေပ်ာက္ကင္း ေစသည္။
၆။ သံပုရာေဖ်ာ္ရည္ကုိ ေန႔စဥ္ေသာက္ေပးပါက အထိုင္အထ လုပ္စဥ္ ျဖစ္တတ္ေသာ မူးေ၀ျခင္း၊ မုိက္ကနဲ ျဖစ္ျခင္း မ်ားကို ေပ်ာက္ကင္းေစသည္။
၇။ သံပုရာသီး အစိမ္း၏ အခြံကို စားေပးပါက ေလနာ/ ရင္နာ မ်ား ေပ်ာက္ကင္းေစသည္။
၈။ ယားနာ ေပြးနာ၊ အေရျပားတြင္ အမည္းကြက္မ်ား ေပၚလာျခင္း ၊ အေမႊးမ်ား ကြ်တ္ျခင္း ျဖစ္ပါက သံပုရာ ျခမ္း ႏွင့္ ပြတ္ တိုက္ေပးရပါမည္။
၉။ သံပုရာသီး သနပ္ကုိ ထမင္းႏွင့္ ေန႔စဥ္ စားသုံးပါက သရက္ရြက္ ႀကီးေသာ ေရာဂါကုိ ေပ်ာက္ေစသည္။
၁၀။ သံပုရာရည္ ေႏြးေႏြးကို ပ်ားရည္ႏွင့္ ေရာစပ္ကာ တေန႔ ႏွစ္ႀကိမ္မွ် လ်က္ေပးပါက လည္ေခ်ာင္း နာျခင္းကို ေပ်ာက္ ေစသည္။
၁၁။
သံပုရာသီးတလုံးကုိ မီးကြ်မ္းေအာင္ဖုတ္ကာ ေလးညွင္းတပြင့္ႏွင့္
ထည့္က်ိတ္ၿပီး သြားဖုံးရင္းတြင္ သိပ္ေပး ေသာ္ သြားကိုက္ သြားနာ
ေပ်ာက္ကင္းေစပါသည္။
၁၂။ ဆီးေဆးျဖဴ ( တုိင္းရင္းေဆးခန္းသုံး ေဆးအမွတ္ ၂၁ ) ႏွင့္ သံပုရာရည္ကုိ ေဖ်ာ္၍ ေသာက္ေပးပါက ဆီးေအာင့္ျခင္း ေ၀ဒနာကို ေပ်ာက္ေစသည္။
၁၃။ သံပုရာေခါက္ကို နံနက္ ည တႀကိမ္စီ ေရႏွင့္ ႀကိဳခ်က္ကာ ေသာက္ေပးပါက အဖ်ား ေပ်ာက္ကင္း ေစသည္။
၁၄။
သံပုရာေခါက္ ၅ က်ပ္သား၊ ေရ ၇၅ က်ပ္သားႏွင့္ ထက္၀က္ခန္႔ က်ိဳ၍ တခြက္စာ (၂
က်ပ္သားခန္႔မွ်) တေန႔ ၂ ႀကိမ္ ေသာက္ေပးပါက မျပတ္နုိင္ေသာ အဖ်ားေရာဂါမ်ား
ျပတ္သြားနုိင္သည္။
၁၅။ အစာမေၾက၊ ေလထိုး၊ ေလေအာင့္၊ ေလျပည့္
ျဖစ္ေနခဲ့ေသာ္ ဂ်င္းေျခာက္မႈန္႔ ၂ ပဲ၊ သိေႏၶာ ၄ ပဲကို အမႈန္႔ေထာင္း၍
သံပုရာရည္ႏွင့္ ေဖ်ာ္ကာ တေန႔ သုံးႀကိမ္ ေသာက္ေပးပါက ေပ်ာက္ကင္းေစနုိင္သည္။
၁၆။
သံပုရာေဖ်ာ္ရည္ ခ်ိဳခ်ိဳကို ေသာက္ေပးျခင္း၊ သံပုရာရည္ ႏွင့္ ဆားမီးဖုတ္ကုိ
လ်က္ေပးျခင္းျဖင့္ ႏွလုံးတုန္ျခင္း၊ ရင္ ခုန္ျခင္း၊ မူးေ၀ ေမာပန္းျခင္း
မ်ားကို သက္သာေပ်ာက္ကင္းေစသည္။
၁၇။ မူးလ်င္ သံပုရာသီးကို ရႈေပးပါ၊
ရြဲ႕ေစာင္းေသာ ေလငန္းေရာဂါမ်ား၊ အာေလး လွ်ာေလး၍ စကားမပီ သေသာ သူမ်ား
ပုံမွန္ သံပုရာသီးတလုံးကုိ ငုံထားသင့္ပါသည္။
၁၈။ ေခါင္းတြင္
ေပါက္တတ္ေသာ ဒက္မ်ား၊ ေဘာက္မ်ား ရွိေနပါက သံပုရာသီးအခြံႏွင့္ ေခါင္းကို
ပြတ္တုိက္ ေပးရပါမည္။ ယားယံေသာ ေနရာမ်ားကိုလည္း ပြတ္တုိက္နုိင္ၿပီး
အမ်ိဳးသမီးမ်ားအတြက္ သံပုရာသီးအခြံကုိ ေခါင္းေလ်ာ္ ရည္တြင္ ထည့္ ကာ
ေခါင္းေလ်ာ္နုိင္ပါသည္။ ၁
၉။ သံပုရာအေစ့ကုိ ႀကိတ္ကာ ခ်က္မွာ အုံၿပီး ၄င္းအေပၚ၌ ဆန္ေဆးရည္ကို အနည္းငယ္ ဆြတ္ျဖန္း ေပးပါက ဆီး ရႊင္ေစပါတယ္။
၂၀။
သံပုရာခ်ဥ္ ျပဳလုပ္၍ ထမင္းစားတုိင္း စားသုံးေပးပါက ေလေၾကာင့္ျဖစ္ရေသာ
သြက္ခ်ာပါဒ၊ ေ လငန္း၊ ေလထိုး၊ ေလေအာင့္၊ အစာအိမ္ေရာဂါ မွန္သမွ်ကို
ကာကြယ္နုိင္ေသာ အထူးစိတ္ခ်ရေသာ အာဟာရ တစ္မ်ိဳး ျဖစ္ပါသည္။ ( ၾကည္ၾကည္ခင္၊
တုိင္းရင္းေဆး ) စာေရးသူ အထင္ေတာ့ သံပုရာသီးဟာ ၀မ္းဗိုက္နဲ႔ ပက္သက္တဲ့
ေရာဂါမွန္သမွ်၊ ေလနဲ႔ ပက္သက္တာ မွန္သမွ်ကို ကာကြယ္နုိင္ပါတယ္၊
သူ႔ရဲ႕
ေဘးထြက္ဆုိးက်ိဳးကို မျမင္မိသလိုပဲ၊ ခြ်င္းခ်က္အေနနဲ႔ တေန႔ကို ( ၃ )
လုံးထက္ ပုိစား မိရင္ ေတာ့ အစာအိမ္ အခ်ဥ္ေပါက္တဲ့အနာမ်ိဳး ျဖစ္ေကာင္း
ျဖစ္နုိင္ပါတယ္၊ ပိန္ေနသူမ်ား ၀ေစသည္ ေရွးေရွးေသာ ဆရာေတာ္ႀကီးမ်ားကေတာ့
ညေနပိုင္းမွာ သံပုရာသီး( ၁) လုံးႏွင့္၊ ပ်ားရည္ ထမင္းစားဇြန္း ( ၃ ) ဇြန္း
ေလာက္ကို ဖန္ခြက္ႀကီး တခုထဲမွာ ထည့္ၿပီး ေရေႏြးအျဖဴႏွင့္ သမေအာင္ ေမႊကာ
သၾကား အနည္းငယ္ထည့္ၿပီး ေသာက္ေလ့ရွိခဲ့ၾကတယ္၊ ေရာဂါ မ်ိဳးစုံကုိ
ကာကြယ္နုိင္သလို၊ ညေနပိုင္းမွာလည္း ဗိုက္မဆာ ေတာ့ဘူး၊
သံပုရာက ေလကုိ
နုိင္သလုိ ပ်ားရည္ကလဲ ၀မ္းတြင္းကလီစာမ်ားကို ေဆးကုေပးတတ္တယ္၊ စားေကာင္း
အိပ္ေပ်ာ္၊ ဆီးမွန္ ၀မ္းမွန္ ျဖစ္ၿပီး လူကိုလဲ ၀ၿဖိဳးေစတယ္။ အသားအေရကုိလည္း
ၾကည္လင္ေစတယ္။ အထူး သျဖင့္ အစာအိမ္ သမားမ်ားအတြက္ ပ်ားရည္ဟာ
အသင့္ေလ်ာ္ဆုံး ေဆးေကာင္းပါ၊ ပ်ားရည္က အစာ အိမ္ နာေၾကာင့္ အစာအိမ္နံရံမွာ
ျဖစ္ေပၚေနတဲ့ အနာမ်ားကုိ က်က္ေစပါတယ္၊ စတုမဓူဟာလဲ အစာအိမ္ အတြက္ ေတာ္ေတာ္
ေကာင္းမြန္ တဲ့ ေဆး စြမ္းတလက္ပါပဲ။
ဒီေနရာမွာ ကိုယ့္ကိုယ္ကို ပိန္
လြန္းလို႔ စိတ္ညစ္ေနသူမ်ား၊ ၀ခ်င္သူမ်ား အထက္ပါနည္းကုိ ပုံမွန္ေလး ေသာက္ေပး
ၾကည့္ပါ၊ မယုံမရွိပါနဲ႔၊ ကိုယ္ေတြ႔ပါပဲ၊ စာေရးသူ ျမန္မာျပည္မွာ ရွိေနစဥ္က
ညေနပိုင္းမွာ အထက္ပါ နည္းကိုပဲ စြဲစြဲၿမဲၿမဲ ေသာက္လာၿပီး ၂ လေလာက္လဲ ေနေရာ၊
ခႏၶာကိုယ္ေပါင္ခ်ိန္က ( ၂၀ ) ေလာက္ တက္လာလို႔ ဆက္မေသာက္ ရဲေတာ့ဘူး၊ အစား
ေလ်ာ့ စားေပး ရင္ေတာ့ ကိုယ္အေလးခ်ိန္ သိပ္မတက္ နုိင္ပါဘူး၊ ၀ေနသူကုိ
ပိန္ေစသည္ ၀လြန္းလို႔ ပိန္ခ်င္သူမ်ားကေတာ့ ပ်ားရည္ ႏွင့္ မေသာက္ပဲ သံပုရည္
သက္သက္ ေသာက္တာ ေကာင္းပါတယ္၊
အထူးသျဖင့္ သံပုရာရည္ေသာက္ၿပီးလ်င္
၀မ္းဗိုက္အတြင္းက ဟာေနတဲ့ အတြက္ ညေနစာကို ၀ိတ္ခ်တာကို သတိေမ့ၿပီး
စိတ္ႀကိဳက္ စားေလ့ရွိၾကပါတယ္၊ အဲဒီမွာ ဘရိတ္မရွိေလေတာ့ ခႏၶာကိုယ္က
ပိန္မလာပဲ ၀ၿမဲ ၀ေနတာ မ်ိဳးျဖစ္ တတ္ ပါ တယ္၊ အဲဒီလို အစား မေလ်ာ့လ်င္လည္း
စားလိုက္သမွ် အာဟာ ရက ခႏၶာကို အက်ိဳးျပဳေစတာမို႔ သတိထားစရာပါပဲ၊ အထူးသျဖင့္
သံပုရာရည္ ေသာက္ထားေလေတာ့ ၀မ္းဗိုက္က ရွင္းလင္းထားသလို ျဖစ္ၿပီး
ပိုစားနုိင္လာတတ္တယ္၊
ဒါဆုိရင္ေတာ့ ရည္ရြယ္ ခ်က္ျပည့္ဖို႔
ခဲယဥ္းသြားပါလိမ့္မယ္၊ အခုေခတ္ေပၚေနတဲ့ ပိန္ေဆးေတြက ေဘးထြက္ဆုိးက်ိဳးေတြ
အမ်ားႀကီး ရွိတာကို ဆရာ၀န္တုိင္းက ေထာက္ခံထားၾကပါတယ္၊ သံပုရာကေတာ့ မရွိသ
ေလာက္ပါပဲ၊ သံပုရာကုိ လုိသလို အသုံးခ်နုိင္ၾက ပါေ စ လို႔ တင္ျပရင္း ..
ေရာက္ေလရာတြင္ သံပုရာ ေဆာင္ ထားလ်င္ က်မၼာပကတိ ခ်မ္းသာစြာ
ရွိနုိင္ပါေၾကာင္း ေစတနာစကား ပါးလိုက္ ပါရေစ ေတာ့…
ဗိုက္ေခါက္ထူ/
ဗိုက္ပူလို႔ အလွပ်က္ ေနသူမ်ားအတြက္ မိန္းခေလး ဘဲျဖစ္ျဖစ္ ေယာက်ၤားေလး
ဘဲျဖစ္ ျဖစ္… အလွ အပကို ျမတ္ႏိုး တတ္ၾကတာ… သဘာ၀ပါ… ဒါ့ေၾကာင့္
ဗိုက္ေခါက္ထူ/ ဗိုက္ပူၿပီး အဆီ မ်ားေန သူေတြအတြက္… လက္ေတြ႔… ၇ ရက္အတြင္း…
သိသိသာသာ ဗိုက္ခ်ပ္ၿပီး အဆီက် ေစတဲ့ေဆးနည္း ေလးကို မွ်ေ၀လိုက္ပါတယ္…
ေဆးနည္းက
အလြန္လြယ္ၿပီး အကုန္အက်လည္း အလြန္သက္သာပါတယ္… အိမ္မွာရွိတတ္တဲ့ ပစၥည္း
ေလးေတြကို ေရာစပ္ၿပီး အသံုးျပဳရမွာပါ.. ပါ၀င္တဲ့ ပစၥည္းေတြကေတာ့…
သံပုရာသီး၊ အံုးဆီ၊ ေဆးပူ(ဒဏ္ေၾက လိမ္းေဆး) တို႔ကို တစ္ခါလိမ္းရုံ…
ေရာစပ္ၿပီး လိမ္းေပးရမွာပါ… ေဖၚစပ္နည္း သံပုရာသီး တစ္လံုးရဲ႕ ၅ ပံု
တစ္ပုံေလာက္ကို လွီးၿပီး…
အၾကမ္းပုဂံလံုးထဲကို အရည္ညွစ္ပါ…
အၾကမ္းပုဂံလုံးထဲသို႔ အံုးဆီ သံုးေလးစက္ေလာက္ ထည့္ေပးပါ… ထို႔ေနာက္ ….
ဂဠဳန္ရာဇာ/မိဂသီ/ရွမ္းရိုးမ/လင္ဇီး(လိမ္းေထည့္ဆး)တစ္ မ်ဳိးမ်ဳိးကို
တစ္ခါလိမ္းစာ အေနေတာ္ ထည့္ၿပီး… ေမႊေပးပါ… အသံုးျပဳနည္း
ညအိပ္ယာ၀င္ခါနီးတိုင္း…… ေဆးကို ရင္ေခါင္းမွ ၀မ္းဗိုက္ သို႔
အထက္မွေအာက္သို႔ ဆြဲခ်ၿပီး အသားထဲစိမ့္၀င္ေအာင္ ပြတ္လိမ္းေပးပါ…
ခါးတြင္အဆီရွိပါက
ခါးမွ ခ်က္သို႔ ပြတ္လိမ္းေပးႏိုင္ပါတယ္… တစ္ပါတ္အတြင္း သိသာစြာ… ဗိုက္ခ်ပ္
လာသည္ကို… လက္ေတြ႕… ေတြ႕ျမင္ ခံစားရမွာပါ… မွတ္ခ်က္- ညစာကို ပံုမွန္ ထက္…
ေလွ်ာ့စား ေပးရင္… ပိုၿပီး သိသိသာသာ ဗိုက္ခ်ပ္ေစပါတယ္…တစ္ပါတ္အတြင္း
သိသိသာသာ အဆီႏွင့္ အေခါက္မ်ား ေလွ်ာ့က် သြားမွာျဖစ္ပါတယ္ခင္ဗ်ာ ။
Credit: Myanmar Forward
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
*ခံတွင်း ကျန်းမာရေး*
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရ ည်နဲ့ ပလုတ်ကျင်းပေးပါ။
*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။ *ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။
*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါ တယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက် ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။
လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီး စိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံး ကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာ အောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေး ပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက် ခန့် ထည့်ပြီး အဲဒီ့ ရေနဲ့စိမ်ချိုးပေးပါ။
*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်း အထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုး မယ်ဆို ရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။
ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင် ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်း တို့ သုံးနိုင် ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင် တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေး ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိ သာသာ ချောမွေ့လာပါလိမ့်မယ်။
*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှု ကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။
သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ် တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီ ထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …
——————————————————————
၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူး သဖြင့် ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာ ရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၄။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အား နည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာ ခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်း နာခြင်းကို ပျောက် စေသည်။
၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေး သော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးေ၀ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီ သသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော် ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။ ၁
၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၎င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။ ( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး ) စာရေးသူ အထင်တော့ သံပုရာသီးဟာ ဝမ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊
သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ပိန်နေသူများ ဝစေသည် ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်း လောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊
သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ဝမ်းမှန် ဖြစ်ပြီး လူကိုလဲ ဝဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူး သဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာ အိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ် အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ဝချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါ နည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊ ဝနေသူကို ပိန်စေသည် ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊
အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ဝမ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ဝိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ဝမြဲ ဝနေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာ ရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ဝမ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊
ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသ လောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း .. ရောက်လေရာတွင် သံပုရာ ဆောင် ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေ တော့…
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများအတွက် မိန်းခလေး ဘဲဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ် ဖြစ်… အလှ အပကို မြတ်နိုး တတ်ကြတာ… သဘာဝပါ… ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေ သူတွေအတွက်… လက်တွေ့… ၇ ရက်အတွင်း… သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ဆေးနည်း လေးကို မျှဝေလိုက်ပါတယ်…
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်း လေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေ လိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ… ရောစပ်ပြီး လိမ်းပေးရမှာပါ… ဖေါ်စပ်နည်း သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး…
အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ… အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး… မွှေပေးပါ… အသုံးပြုနည်း ညအိပ်ယာဝင်ခါနီးတိုင်း…… ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက် သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ…
ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်… တစ်ပါတ်အတွင်း သိသာစွာ… ဗိုက်ချပ် လာသည်ကို… လက်တွေ့… တွေ့မြင် ခံစားရမှာပါ… မှတ်ချက်- ညစာကို ပုံမှန် ထက်… လျှော့စား ပေးရင်… ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာဖြစ်ပါတယ်ခင်ဗျာ ။
Credit: Myanmar Forward
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သံပုရာသီးအစြမ္း အံမခန္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။