တစ္ခါက လင္မယားႏွစ္ေယာက္ဟာ သေဘၤာႀကီးစီးၿပီး ခရီးသြားၾကတယ္။ ပင္လယ္ျပင္မွာ
သေဘၤာႀကီးဟာ ေက်ာက္ေဆာင္တစ္ခုနဲ႔ ဝင္တိုက္မိၿပီး ေရထဲမွာ နစ္ျမဳပ္ေတာ့မယ္။
သူတို႔လင္မယားဟာ အသက္ကယ္ေလွတစ္စင္းဆီ
ေျပးသြားၾကတယ္။ ကံဆိုးခ်င္ေတာ့ ေလွဟာ တစ္ေယာက္ပဲ
စီးလို႔ရတဲ့ ေလွျဖစ္ေနတယ္။
ေယာက္်ားဟာ
မိန္းမကို တြန္းဖယ္ၿပီး အသက္ကယ္ေလွေပၚတက္၊ ေလွကို ေလွာ္ၿပီး
ထြက္ခြာသြားတယ္။ မိန္းမဟာ လဲက်ေနရာက ျပန္ထၿပီး သူ႔ေယာက္်ားၾကားေအာင္
စကားတစ္ခြန္းကို လွမ္းေအာ္ေျပာလိုက္တယ္။
သူ ဘာေအာ္ေျပာလိုက္တယ္လို႔ ထင္ပါသလဲ။
- "ေသခ်င္းဆိုး၊ မသာႀကီး၊ ေလွေမွာက္ၿပီး ေသပါေစ"
- "ရွင့္ကို အမႈန္႔ႀကိတ္ၿပီး သတ္ခ်င္တယ္"
- "ရွင့္ကို ကၽြန္မ အရမ္းမုန္းတယ္"
- "ရွင့္ကို တသက္လံုး မေက်ဘူး"
ဒီစကားေတြထဲက တစ္ခုခု ဒါမွမဟုတ္
အလားတူစကားမ်ိဳး ျဖစ္မယ္လို႔ ထင္ၾကမွာပါ။
ဒီလူကို ရက္စက္လိုက္တဲ့ ေယာက္်ား၊ ပင္လယ္ျပင္မွာ ကယ္သူနဲ႔ မေတြ႕ဘဲ ငါးမန္းစာ ျဖစ္ပါေစလို႔ ဆုေတာင္းမိၾကမယ္ မဟုတ္လား။
ဒါေပမဲ့ မိန္းမက သူ႔ေယာက္်ားကို ေျပာလိုက္တဲ့စကားက
"သမီးေလးကို ဂ႐ုစိုက္လိုက္ပါ"တဲ့။
ဒီလို ေျပာတာ မျဖစ္ႏိုင္ပါဘူးလို႔ ျငင္းၾကမွာပါ။ ဒါဆိုရင္ ဇာတ္လမ္းဆံုးေအာင္ ဆက္ဖတ္လိုက္ပါအံုး။
မၾကာခင္မွာ
သေဘၤာဟာ ပင္လယ္ျပင္မွာ နစ္ျမဳပ္သြားတယ္။ အဲဒီမိန္းမအပါအဝင္ ခရီးသယ္ေတြ
အမ်ားႀကီး သေဘၤာနဲ႔အတူ ပင္လယ္ေရေအာက္ထဲ ပါသြားၿပီး ေသသြားၾကတယ္။
ေယာက္်ားကေတာ့ လာကယ္တဲ့ သေဘၤာတစ္စီးက ေတြ႕လိုက္လို႔ အသက္ရွင္ၿပီး
သူ႔ၿမိဳ႕ကို ျပန္ေရာက္သြားတယ္။ အိမ္မွာ က်န္ေနတဲ့ ၆ ႏွစ္သမီးေလးကို
ႀကီးျပင္းတဲ့အထိ ေစာင့္ေရွာက္တယ္။ သမီးဟာ ဘြဲ႕ရၿပီး အိမ္ေထာင္က်ေနၿပီ။
မၾကာခင္
အဲဒီလူဆံုးသြားတယ္။ သူ႔ကို သၿဂႋဳဟ္ၿပီး မၾကာခင္မွာ သမီးဟာ အေဖ့အခန္းကို
ရွင္းလင္းရင္း သူ႔အေဖရဲ႕ ဒိုင္ယာရီစာအုပ္ကို ေတြ႕လို႔ ဖတ္ၾကည့္လိုက္တယ္။
ဒိုင္ယာရီထဲမွာ
သူ႔အေဖက ခုလို ေရးထားတယ္။ - - "အခ်စ္မွာ ကင္ဆာေရာဂါ ေနာက္ဆံုးအဆင့္
ေရာက္ေနၿပီ။ အလြန္ဆံုး ၆ လပဲ ေနရေတာ့မယ္လို ့ဆရာဝန္က ေျပာလိုက္တယ္။ ငါ
ဘာလုပ္ရမလဲ။ အခ်စ္က သေဘၤာႀကီး စီးခ်င္တယ္လို႔ အရင္က ခဏခဏ ပူဆာခဲဖူးလို႔
ေနာက္ဆံုးအေနနဲ႔႔ သူစိတ္ခ်မ္းသာေအာင္ လိုက္ပို႔ေပးမယ္။
လမ္းမွာ
ငါတို႔သေဘၤာႀကီးဟာ ေက်ာက္ေဆာင္နဲ႔ တိုက္မိလို႔ နစ္ေတာ့မယ္။ ငါ အခ်စ္နဲ႔အတူ
ပင္လယ္ေရေအာက္ထဲအထိ လိုက္သြားခ်င္တယ္။ အခ်စ္က ေျပာတယ္။ သူက ေသလူပါတဲ့။
ငါ့ကို အသက္ကယ္ေလွေပၚ တက္ၿပီး ေလွာ္သြားပါ။ က်န္ရစ္ခဲ့တဲ့ သမီးကိုငါ
ေစာင့္ေရွာက္ဖို႔ လိုတယ္တဲ့။ အခ်စ္ကို ရင္နာနာနဲ႔ သေဘၤာေပၚမွာ
ခ်န္ရစ္ထားခဲ့ရလို႔ ငါဟာ တသက္လံုး ဘယ္လိုမွ ေျဖလို႔ ရေတာ့မွာ
မဟုတ္ေတာ့ပါဘူး"တဲ့။
Credit: ဗန္းေမာ္သိန္းေဖ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ခါက လင်မယားနှစ်ယောက်ဟာ သင်္ဘောကြီးစီးပြီး ခရီးသွားကြတယ်။ ပင်လယ်ပြင်မှာ သင်္ဘောကြီးဟာ ကျောက်ဆောင်တစ်ခုနဲ့ ဝင်တိုက်မိပြီး ရေထဲမှာ နစ်မြုပ်တော့မယ်။
သူတို့လင်မယားဟာ အသက်ကယ်လှေတစ်စင်းဆီ
ပြေးသွားကြတယ်။ ကံဆိုးချင်တော့ လှေဟာ တစ်ယောက်ပဲ
စီးလို့ရတဲ့ လှေဖြစ်နေတယ်။
ယောက်ျားဟာ မိန်းမကို တွန်းဖယ်ပြီး အသက်ကယ်လှေပေါ်တက်၊ လှေကို လှော်ပြီး ထွက်ခွာသွားတယ်။ မိန်းမဟာ လဲကျနေရာက ပြန်ထပြီး သူ့ယောက်ျားကြားအောင် စကားတစ်ခွန်းကို လှမ်းအော်ပြောလိုက်တယ်။
သူ ဘာအော်ပြောလိုက်တယ်လို့ ထင်ပါသလဲ။
- "သေချင်းဆိုး၊ မသာကြီး၊ လှေမှောက်ပြီး သေပါစေ"
- "ရှင့်ကို အမှုန့်ကြိတ်ပြီး သတ်ချင်တယ်"
- "ရှင့်ကို ကျွန်မ အရမ်းမုန်းတယ်"
- "ရှင့်ကို တသက်လုံး မကျေဘူး"
ဒီစကားတွေထဲက တစ်ခုခု ဒါမှမဟုတ်
အလားတူစကားမျိုး ဖြစ်မယ်လို့ ထင်ကြမှာပါ။
ဒီလူကို ရက်စက်လိုက်တဲ့ ယောက်ျား၊ ပင်လယ်ပြင်မှာ ကယ်သူနဲ့ မတွေ့ဘဲ ငါးမန်းစာ ဖြစ်ပါစေလို့ ဆုတောင်းမိကြမယ် မဟုတ်လား။
ဒါပေမဲ့ မိန်းမက သူ့ယောက်ျားကို ပြောလိုက်တဲ့စကားက
"သမီးလေးကို ဂရုစိုက်လိုက်ပါ"တဲ့။
ဒီလို ပြောတာ မဖြစ်နိုင်ပါဘူးလို့ ငြင်းကြမှာပါ။ ဒါဆိုရင် ဇာတ်လမ်းဆုံးအောင် ဆက်ဖတ်လိုက်ပါအုံး။
မကြာခင်မှာ သင်္ဘောဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတယ်။ အဲဒီမိန်းမအပါအဝင် ခရီးသယ်တွေ အများကြီး သင်္ဘောနဲ့အတူ ပင်လယ်ရေအောက်ထဲ ပါသွားပြီး သေသွားကြတယ်။ ယောက်ျားကတော့ လာကယ်တဲ့ သင်္ဘောတစ်စီးက တွေ့လိုက်လို့ အသက်ရှင်ပြီး သူ့မြို့ကို ပြန်ရောက်သွားတယ်။ အိမ်မှာ ကျန်နေတဲ့ ၆ နှစ်သမီးလေးကို ကြီးပြင်းတဲ့အထိ စောင့်ရှောက်တယ်။ သမီးဟာ ဘွဲ့ရပြီး အိမ်ထောင်ကျနေပြီ။
မကြာခင် အဲဒီလူဆုံးသွားတယ်။ သူ့ကို သင်္ဂြိုဟ်ပြီး မကြာခင်မှာ သမီးဟာ အဖေ့အခန်းကို ရှင်းလင်းရင်း သူ့အဖေရဲ့ ဒိုင်ယာရီစာအုပ်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။
ဒိုင်ယာရီထဲမှာ သူ့အဖေက ခုလို ရေးထားတယ်။ - - "အချစ်မှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ရောက်နေပြီ။ အလွန်ဆုံး ၆ လပဲ နေရတော့မယ်လို့ဆရာဝန်က ပြောလိုက်တယ်။ ငါ ဘာလုပ်ရမလဲ။ အချစ်က သင်္ဘောကြီး စီးချင်တယ်လို့ အရင်က ခဏခဏ ပူဆာခဲဖူးလို့ နောက်ဆုံးအနေနဲ့ သူစိတ်ချမ်းသာအောင် လိုက်ပို့ပေးမယ်။
လမ်းမှာ ငါတို့သင်္ဘောကြီးဟာ ကျောက်ဆောင်နဲ့ တိုက်မိလို့ နစ်တော့မယ်။ ငါ အချစ်နဲ့အတူ ပင်လယ်ရေအောက်ထဲအထိ လိုက်သွားချင်တယ်။ အချစ်က ပြောတယ်။ သူက သေလူပါတဲ့။ ငါ့ကို အသက်ကယ်လှေပေါ် တက်ပြီး လှော်သွားပါ။ ကျန်ရစ်ခဲ့တဲ့ သမီးကိုငါ စောင့်ရှောက်ဖို့ လိုတယ်တဲ့။ အချစ်ကို ရင်နာနာနဲ့ သင်္ဘောပေါ်မှာ ချန်ရစ်ထားခဲ့ရလို့ ငါဟာ တသက်လုံး ဘယ်လိုမှ ဖြေလို့ ရတော့မှာ မဟုတ်တော့ပါဘူး"တဲ့။
Credit: ဗန်းမော်သိန်းဖေ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မိန္းမကိုစြန္႔ခြာေျပးသူ.......!
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။