iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္စရာအျပည့္နဲ႕Relationship ေတြဆိုတာ သူတို႔ကို ျမင္ရတဲ့ ေဘးလူေတြဆီကိုပါ အေပ်ာ္ေတြ ကူးစက္ေစပါတယ္။ အမ်ားအျမင္မွာ အားက်ဖို႕ေကာင္းတဲ့အတြဲေလးေပါ့။

သူတို႕မွာ သိပ္ခ်စ္ဖို႕ေကာင္း၊ ၾကည္ႏူးဖို႕ေကာင္းတဲ့ ေအာက္ပါအခ်က္ေတြအတိုင္း အျပဳအမူေလးေတြ ရွိၾကပါတယ္။

၁။ ေပ်ာ္စရာေကာင္းတဲ့ Relationship ဆိုတာ  လ်ိဴ႕၀ွက္ခ်က္ဆိုတာမရွိပါဘူး။ သူတို႕ၾကားမွာ ခိုင္မာတဲ့ယံုၾကည္မႈ ရိုးသားမႈေတြ အျပည့္ရွိတယ္။

၂။ သူတို႕ဟာ ဘယ္အရာမဆို အတူတူမွ်ေ၀ခံစားၾကတယ္။ တခ်ိဴ႕စံုတြဲေတြေတြက ကိုယ္လုပ္လိုက္လို႕ သူဘာျဖစ္သြားမလဲမစဥ္းစားေပးဘူး။ ကိုယ္လုပ္ခ်င္တာ လုပ္မယ္ဆိုတဲ့ ပံုစံမ်ိဴးရွိၾကတယ္။ ဒီလို Relationship မ်ိဴးက ေပ်ာ္စရာေတြနည္းပါးပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ RS ဆိုတာ တစ္ေယာက္အတြက္ တစ္ေယာက္ၾကည့္ေပးတာမ်ိဴး စဥ္းစားေပးတာမ်ိဴးပါ ။

၃။ တစ္ေယာက္ရဲ႕ေကာင္းတဲ့အခ်က္ေတြကို တစ္ေယာက္က ဂုဏ္ယူခ်ီးမြမ္းေပးျပီး အားေပးတတ္ၾကပါတယ္။ မေပ်ာ္ရႊင္ရတဲ့ Relationship ကေတာ့ တစ္ေယာက္အျပစ္ တစ္ေယာက္က လက္ညိဳးထိုးျပီး သိမ္ငယ္ေစတာမ်ိဴးပါ။

၄။ သူတို႕ေတြ ေန႕စဥ္ေျပာတဲ့စကားေတြက ဂရုစိုက္တာေတြ၊ ၾကင္နာတာေတြ၊ စတာ၊ ေနာက္တာ၊ က်ီစယ္တာေတြနဲ႕ စိတ္ခ်မ္းသာစရာေတြ၊ အျပံဳးေတြအျပည့္နဲ႕ပါ။

စိတ္ညစ္စရာေတြနဲ႕စံုတြဲေတြကေတာ့ ရန္ေတြပဲျဖစ္ေနရ၊ အျငင္းပြားေနရ၊ ျပသနာေတြျဖစ္လာရင္ စကားနိုင္လုၾက၊ ကိုယ့္အျပစ္ကိုယ္ဖံုး၊ သူ႕အျပစ္ကိုယ္ေဖာ္ဆိုတာမ်ိဴးပါ။

၅။ ေပ်ာ္စရာေကာင္းတဲ့ Relationship ဆိုတာ ကိုယ့္ခ်စ္သူကို အရာအားလံုးထက္ ခ်စ္တာမ်ိဴးပါ။ ဘယ္အရာမဆို ကိုယ့္ခ်စ္သူကိုပဲ ဦးစားေပးတတ္ၾကပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္အတြက္ အခ်ိန္ေပးၾကပါတယ္။ အလုပ္ေတြမအားလပ္ေနရင္ေတာင္ အလုပ္မ်ားေနေၾကာင္းအသိေပးျပီး လြမ္းေနမယ့္အေၾကာင္း ႏွစ္သိမ့္ေပးတတ္ၾကပါတယ္။

၆။ သိပ္ခ်စ္ၾကတဲ့အတြဲေတြက တစ္ေယာက္အမွားလုပ္မိတဲ့အခါ၊ အျပစ္လုပ္မိတဲ့အခါ ခြင့္လြတ္တတ္ၾကျပီး အနိုင္မယူတတ္ၾကပါဘူး။ စိတ္ပ်က္စရာ Relationship ေတြကေတာ့ အမွားတခုလုပ္မိတဲ့အခါ အျပစ္တင္၊ ေအာ္ဟစ္၊ အာဃာတေတြထားျပီး အရြဲ႕တိုက္၊ ကလဲ့စားေခ်တာမ်ိဴးပါ။

သင္ေကာ ဘယ္လို Relationship မ်ိဴး ပိုင္ဆိုင္ထားရသလဲေျပာျပခဲ့ေနာ္။

Credit: Mini Eiz ( Love Shop )
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျော်စရာအပြည့်နဲ့Relationship တွေဆိုတာ သူတို့ကို မြင်ရတဲ့ ဘေးလူတွေဆီကိုပါ အပျော်တွေ ကူးစက်စေပါတယ်။ အများအမြင်မှာ အားကျဖို့ကောင်းတဲ့အတွဲလေးပေါ့။

သူတို့မှာ သိပ်ချစ်ဖို့ကောင်း၊ ကြည်နူးဖို့ကောင်းတဲ့ အောက်ပါအချက်တွေအတိုင်း အပြုအမူလေးတွေ ရှိကြပါတယ်။

၁။ ပျော်စရာကောင်းတဲ့ Relationship ဆိုတာ  လျိူ့ဝှက်ချက်ဆိုတာမရှိပါဘူး။ သူတို့ကြားမှာ ခိုင်မာတဲ့ယုံကြည်မှု ရိုးသားမှုတွေ အပြည့်ရှိတယ်။

၂။ သူတို့ဟာ ဘယ်အရာမဆို အတူတူမျှဝေခံစားကြတယ်။ တချိူ့စုံတွဲတွေတွေက ကိုယ်လုပ်လိုက်လို့ သူဘာဖြစ်သွားမလဲမစဉ်းစားပေးဘူး။ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိူးရှိကြတယ်။ ဒီလို Relationship မျိူးက ပျော်စရာတွေနည်းပါးပါတယ်။ ပျော်စရာကောင်းတဲ့ RS ဆိုတာ တစ်ယောက်အတွက် တစ်ယောက်ကြည့်ပေးတာမျိူး စဉ်းစားပေးတာမျိူးပါ ။

၃။ တစ်ယောက်ရဲ့ကောင်းတဲ့အချက်တွေကို တစ်ယောက်က ဂုဏ်ယူချီးမွမ်းပေးပြီး အားပေးတတ်ကြပါတယ်။ မပျော်ရွှင်ရတဲ့ Relationship ကတော့ တစ်ယောက်အပြစ် တစ်ယောက်က လက်ညိုးထိုးပြီး သိမ်ငယ်စေတာမျိူးပါ။

၄။ သူတို့တွေ နေ့စဉ်ပြောတဲ့စကားတွေက ဂရုစိုက်တာတွေ၊ ကြင်နာတာတွေ၊ စတာ၊ နောက်တာ၊ ကျီစယ်တာတွေနဲ့ စိတ်ချမ်းသာစရာတွေ၊ အပြုံးတွေအပြည့်နဲ့ပါ။

စိတ်ညစ်စရာတွေနဲ့စုံတွဲတွေကတော့ ရန်တွေပဲဖြစ်နေရ၊ အငြင်းပွားနေရ၊ ပြသနာတွေဖြစ်လာရင် စကားနိုင်လုကြ၊ ကိုယ့်အပြစ်ကိုယ်ဖုံး၊ သူ့အပြစ်ကိုယ်ဖော်ဆိုတာမျိူးပါ။

၅။ ပျော်စရာကောင်းတဲ့ Relationship ဆိုတာ ကိုယ့်ချစ်သူကို အရာအားလုံးထက် ချစ်တာမျိူးပါ။ ဘယ်အရာမဆို ကိုယ့်ချစ်သူကိုပဲ ဦးစားပေးတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အတွက် အချိန်ပေးကြပါတယ်။ အလုပ်တွေမအားလပ်နေရင်တောင် အလုပ်များနေကြောင်းအသိပေးပြီး လွမ်းနေမယ့်အကြောင်း နှစ်သိမ့်ပေးတတ်ကြပါတယ်။

၆။ သိပ်ချစ်ကြတဲ့အတွဲတွေက တစ်ယောက်အမှားလုပ်မိတဲ့အခါ၊ အပြစ်လုပ်မိတဲ့အခါ ခွင့်လွတ်တတ်ကြပြီး အနိုင်မယူတတ်ကြပါဘူး။ စိတ်ပျက်စရာ Relationship တွေကတော့ အမှားတခုလုပ်မိတဲ့အခါ အပြစ်တင်၊ အော်ဟစ်၊ အာဃာတတွေထားပြီး အရွဲ့တိုက်၊ ကလဲ့စားချေတာမျိူးပါ။

သင်ကော ဘယ်လို Relationship မျိူး ပိုင်ဆိုင်ထားရသလဲပြောပြခဲ့နော်။

Credit: Mini Eiz ( Love Shop )

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top