iMyanmarHouse.com - Best Property Website for Myanmar
×

 က်န္းမာေရး အတြက္ သဘာ၀ အစားအစာေတြ စားဖို႔ ေျပာတိုင္း မုန္လာဥနီ ကလည္း တစ္ခု အပါအ၀င္ပါ။ မုန္လာဥနီက လူ႔ခႏၶာကိုယ္ အတြက္ ဘာေၾကာင့္ အေရးပါ ရသလဲ ဆိုတာကို တိတိက်က် သိနားလည္ သေဘာေပါက္ ေစဖို႔ ေရးသား လိုက္ရ ပါတယ္။

၁) မုန္လာဥနီ ထဲမွာ ပါတဲ့ ဗီတာမင္စီက ခႏၶာကိုယ္ထဲမွာ ေကာ္လာဂ်င္ ထုတ္လုပ္အား ေကာင္းေစ ပါတယ္။ ေကာ္လာဂ်င္ဟာ အသားအေရကို တင္းအား ေကာင္းေစတဲ့ ပ႐ိုတင္း တစ္မ်ဴိး ျဖစ္ပါတယ္။ ဒါ့အျပင္ အေရးေၾကာင္း မရွိေအာင္ ကာကြယ္ေပးၿပီး အိုမင္းတဲ့ ျဖစ္စဥ္ကို ေလ်ာ့က်ေစ ပါတယ္။

၂) မုန္လာဥနီမွာ မရွိမျဖစ္ အင္ဇိုင္းေတြ၊ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြ စတဲ့ အာဟာရ ဓာတ္ေတြ အျပည့္အ၀ ပါ၀င္ေန ပါတယ္။ အမွ်င္ဓာတ္၊ ဗီတာမင္ B1 ၊ B2 ၊ B6 ဗီတာမင္စီ၊ ဗီတာမင္ေက၊ ဘိုင္အိုတင္၊ ေဖာ့စ္ဖရပ္စ္၊ ဆိုဒီယမ္၊ ဘိုင္အိုတင္၊ ပိုတက္စီယမ္ နဲ႔ သိုင္ယာမင္းဓာတ္ တို႔လည္း အမ်ားအျပား ပါ၀င္ေန ပါတယ္။

၃) မုန္လာဥနီကို ပံုမွန္ စားသံုးေပးတာက ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာ အဆင့္ကို ေလ်ာ့က် ေစတာေၾကာင့္ ႏွလံုးနဲ႔ ဆက္စပ္ ေနတဲ့ ေရာဂါ ေ၀ဒနာေတြကို မျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္ ပါတယ္။

၄) မုန္လာဥနီ ထဲက ကာ႐ိုတင္းႏြိဳက္ဟာ ေသြးတြင္း သၾကားဓာတ္ကို ေလ်ာ့က်ေစ ပါတယ္။

၅) မုန္လာဥနီမွာ ပါတဲ့ Potash succi-nate ဆိုတဲ့ အရာဟာ ေသြးတိုးက်ေစတဲ့ ေဆး၀ါး အာနိသင္ ရွိတာေၾကာင့္ ေသြးဖိအားကို ေလ်ာ့က်ေစ ပါတယ္။

၆) မုန္လာဥနီ ထဲက ဗီတာမင္ေအဟာ အေကာင္းဆံုး အင္တီ ေအာက္ဆီးဒင့္ အာနိသင္ ရွိတာေၾကာင့္ ဖရီး ရယ္ဒီကယ္ေတြေၾကာင့္ အိုမင္းတဲ့ ျဖစ္စဥ္ကို ေလ်ာ့က်ေစ ပါတယ္။ ဖရီး ရယ္ဒီကယ္က ခႏၶာကိုယ္ထဲမွာ ရွိေနရင္ ႏွင္းခူ၊ အေရျပား ေရာင္ရမ္းတာ၊ အေရးေၾကာင္း ထင္တာနဲ႔ အေရျပား နီျမန္းတာေတြကို ျဖစ္ေစႏိုင္ ပါတယ္။

၇) မုန္လာဥနီမွာ ပါတဲ့ ကာ႐ိုတင္းဟာ ခႏၶာကိုယ္ထဲ ေရာက္ခ်ိန္မွာ ဗီတာမင္ေအ အျဖစ္ ေျပာင္းသြားၿပီး ညဘက္မွာ မျမင္တာမ်ဳိး မျဖစ္ေအာင္ ကာကြယ္ေပးကာ အသက္ႀကီးသူေတြမွာ အျဖစ္မ်ားတဲ့ မက္ကူလာ ယိုယြင္း ပ်က္စီးတဲ့ အႏၲရာယ္ကို ေလ်ာ့က်ေစ ပါတယ္။

၈) မုန္လာဥနီမွာ ပါတဲ့ ကာဗိုဟိုက္ဒရိတ္ဟာ Flora ကို ပုပ္ပြတဲ့ ပံုစံကေန မပုပ္ပြတဲ့ ပံုစံ အျဖစ္ ေျပာင္းေပး ပါတယ္။

၉) မုန္လာဥနီေတြ ထဲမွာ ပါတဲ့ ဘီတာ ကယ္႐ိုတင္းဟာ အဆုတ္ကင္ဆာ အပါအ၀င္ ကင္ဆာေရာဂါ အမ်ဳိးမ်ဳိးရဲ႕ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစ ပါတယ္။

၁၀) မုန္လာဥနီကို အစိမ္းလိုက္ စားတဲ့ အမ်ဳိးသမီးေတြက မစားတဲ့ အမ်ဳိးသမီးေတြ ထက္ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကို ငါးဆ-ရွစ္ဆေလာက္ ေလ်ာ့နည္းမႈ ရွိတာကို ေတြ႕ရပါတယ္။

သတိျပဳရန္
မုန္လာဥနီကို အမ်ားအျပား စားတာက အသားအေရကို ယာယီ အေရာင္ ၀ါေစႏိုင္ ပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္ အတြင္း မုန္လာဥနီကို အမ်ားအျပား စားတာက ကိုယ္၀န္ ပ်က္က်တာကို ျဖစ္ေစႏိုင္ တာေၾကာင့္ ပမာဏ အမ်ားႀကီး မစားသင့္ပါ။
Shared from: ဟင္းေလးအုိး
မုန္လာဥနီ၏ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ား
- ဘီတယ္ကယ္ရိုတင္း၊ ဖိုင္ဘာအမွ်င္၊ Anti Oxidant, Vitamin A, C, K ႏွင့္ Potassium ၾကြယ္၀စြာပါ၀င္သည္။

- တစ္ရက္လွ်င္ 1.7 to 2.7 mg ဘီတာ ကယ္ရိုတင္းကို စားပါက ကင္ဆာအမ်ားစု၊ အထူးသျဖင့္ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေခ်ကို ၄၀% ေလ်ာ့ပါးေစသည္။ မုန္လာဥနီ၌ ပါေသာ ဖိုင္ဘာက အူမႀကီးကင္ဆာ ျဖစ္ႏုိင္ေခ်ကိ္ု ၂၄% ေလ်ာ့ေစသည္။ မုန္လာဥနီ အစိမ္းစားသူ မိန္းမမ်ားသည္ မစားေသာ မိန္းမမ်ားထက္ ရင္သားကင္ဆာျဖစ္ပြားမႈကို ၅ဆမွ ၈ ဆအထိ ေလ်ာ့ပါးေစႏုိင္သည္။
- တစ္ရက္လွ်င္ မုန္လာဥနီ (၇)ေအာင္စႏွင့္ (၃)ပတ္စားပါက Cholesterol ကို ၁၁% ေလ်ာ့ေစသည္။

- Heart Attack ရျခင္းမွ ကာကြယ္ေပးသည္။
- Macular degeneration မ်က္စိအျမင္အာရံုကို စုစည္းထားေသာေနရာ ပ်က္စီးမႈျဖစ္ႏိုင္ေခ်ကို ၄၀% ေလ်ာ့ပါးေစသည္။
- Vit A ခ်ိဳ႕တဲ့သူမ်ားတြင္ အလင္းေရာင္မွိန္ေသာ အခ်ိန္၊ မ်က္စိအျမင္ အားနည္းမႈကို ေလ်ာ့ပါးေစသည္။ တစ္ရက္လွ်င္ မုန္လာဥနီတစ္လံုး စားသံုးပါက Stroke (ေလျဖတ္ျခင္း) ျဖစ္ႏိုင္ေခ်ကို ၆၈% ေလ်ာ့ပါးေစသည္။ ဦးေႏွာက္ကို ခြန္အားျဖစ္ေစ၍ ေလျဖတ္လူနာမ်ား၏ အသက္ရွင္သန္မႈႏႈန္းကို အေကာင္းဆံုးျဖစ္ေစသည္။
- Blood Sugar Level ေသြးတြင္းရွိ သၾကားဓါတ္ကို ေကာင္းေစသည္။ အသည္းမွ ဘက္တီးရိးယားကို ေသေစသည္။
- Carrot Oil သည္ Dry Skin အတြက္ေကာင္းေစသည္။ ေခ်ာေမြ႕ႏူးညံၿပီး တင္းရင္းေစသည္

လိေမၼာ္၀ါေရာင္ရွိတဲ့ မုန္လာဥနီ (carrot)ဟာ သုက္ေကာင္မ်ားရဲ႕ ကူးခတ္ႏိုင္စြမ္းကို ပိုၿပီးလွ်င္ျမန္သြက္လက္ေစတယ္လို႔ သုေတသနတစ္ခု မွာ ေဖာ္ျပထားပါတယ္။ ဟားဗတ္တကၠသိုလ္၊ ျပည္သူ႔က်န္းမာေရးဌာနမွ သုေတသီေတြရဲ႕ ေလ့လာမႈအရ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
ယခင္ေလ့လာမႈမ်ားအရ အနီေရာင္ျခယ္ပါ၀င္တဲ့ ဟင္းသီးဟင္းရြက္မ်ားဟာ အမ်ိဳးသားမ်ားကို က်န္းမာသန္စြမ္းတဲ့ သုက္ေကာင္ေလးေတြကို ပိုၿပီးထုတ္လုပ္ႏိုင္ေစတယ္လို႔ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ အခု သုေတသနမွာေတာ့ မုန္လာဥနီမွာ သုက္ေကာင္ေလးေတြရဲ႕ မမ်ိဳးဥ ဆီကို ကူးခတ္ႏိုင္စြမ္းကို ျမႇင့္တင္ေပးႏိုင္တဲ့ အာနိသင္ရွိတယ္ဆိုတာကို ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ ကိုက္လန္နဲ႔ ဟင္းႏုႏြယ္္မွာလည္း အခုလိုအာနိသင္ရွိေနပါတယ္လို႔ သိရပါတယ္။ဒါဟာ ေဖာ္ျပပါ ဟင္းသီးဟင္းရြက္ေတြမွာ ပါ၀င္တဲ့ ေရာင္ျခယ္ပစၥည္း ဘီတာကယ္လိုတင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မုန္လာဥနီမွာပါ၀င္တဲ့ ဓာတ္တိုးဆန္႔က်င္အာနိသင္ေၾကာင့္ သုက္ေကာင္ေလးေတြဟာ မမ်ိဳးဥဆီ ကုိ ၆.၅%ကေန ၈%ပိုၿပီး လွ်င္လွ်င္ျမန္ျမန္ လႈပ္ရွားေရာက္ရွိလာႏိုင္ေစတယ္လို႔ သုေတသီေတြက ေျပာၾကားထားပါတယ္။ အဲဒီဓာတ္တိုးဆန္႔က်င္ပစၥည္းကေတာ့ Latein ပဲ ျဖစ္ပါတယ္။
အခုေဖာ္ျပထားတဲ့ မုန္လာဥနီ၊ ဟင္းႏုႏြယ္နဲ႔ကိုက္လန္ေတြမွာ ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Lycopene ဟာ ပံုမမွန္တဲ့ သုက္ေကာင္ပမာဏကို နည္းပါးေစတယ္လို႔ သိရပါတယ္။ ဒီေလ့လာမႈကို Journal Fertility and Sterility မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

 Credit: သန္႔စင္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ကျန်းမာရေး အတွက် သဘာ၀ အစားအစာတွေ စားဖို့ ပြောတိုင်း မုန်လာဥနီ ကလည်း တစ်ခု အပါအဝင်ပါ။ မုန်လာဥနီက လူ့ခန္ဓာကိုယ် အတွက် ဘာကြောင့် အရေးပါ ရသလဲ ဆိုတာကို တိတိကျကျ သိနားလည် သဘောပေါက် စေဖို့ ရေးသား လိုက်ရ ပါတယ်။

၁) မုန်လာဥနီ ထဲမှာ ပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ထုတ်လုပ်အား ကောင်းစေ ပါတယ်။ ကော်လာဂျင်ဟာ အသားအရေကို တင်းအား ကောင်းစေတဲ့ ပရိုတင်း တစ်မျိူး ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်း မရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေ ပါတယ်။

၂) မုန်လာဥနီမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရ ဓာတ်တွေ အပြည့်အ၀ ပါဝင်နေ ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1 ၊ B2 ၊ B6 ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘိုင်အိုတင်၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်၊ ဘိုင်အိုတင်၊ ပိုတက်စီယမ် နဲ့ သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါဝင်နေ ပါတယ်။

၃) မုန်လာဥနီကို ပုံမှန် စားသုံးပေးတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျ စေတာကြောင့် နှလုံးနဲ့ ဆက်စပ် နေတဲ့ ရောဂါ ဝေဒနာတွေကို မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။

၄) မုန်လာဥနီ ထဲက ကာရိုတင်းနွိုက်ဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေ ပါတယ်။

၅) မုန်လာဥနီမှာ ပါတဲ့ Potash succi-nate ဆိုတဲ့ အရာဟာ သွေးတိုးကျစေတဲ့ ဆေးဝါး အာနိသင် ရှိတာကြောင့် သွေးဖိအားကို လျော့ကျစေ ပါတယ်။

၆) မုန်လာဥနီ ထဲက ဗီတာမင်အေဟာ အကောင်းဆုံး အင်တီ အောက်ဆီးဒင့် အာနိသင် ရှိတာကြောင့် ဖရီး ရယ်ဒီကယ်တွေကြောင့် အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေ ပါတယ်။ ဖရီး ရယ်ဒီကယ်က ခန္ဓာကိုယ်ထဲမှာ ရှိနေရင် နှင်းခူ၊ အရေပြား ရောင်ရမ်းတာ၊ အရေးကြောင်း ထင်တာနဲ့ အရေပြား နီမြန်းတာတွေကို ဖြစ်စေနိုင် ပါတယ်။

၇) မုန်လာဥနီမှာ ပါတဲ့ ကာရိုတင်းဟာ ခန္ဓာကိုယ်ထဲ ရောက်ချိန်မှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားပြီး ညဘက်မှာ မမြင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးကာ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတဲ့ အန္တရာယ်ကို လျော့ကျစေ ပါတယ်။

၈) မုန်လာဥနီမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ဟာ Flora ကို ပုပ်ပွတဲ့ ပုံစံကနေ မပုပ်ပွတဲ့ ပုံစံ အဖြစ် ပြောင်းပေး ပါတယ်။

၉) မုန်လာဥနီတွေ ထဲမှာ ပါတဲ့ ဘီတာ ကယ်ရိုတင်းဟာ အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။

၁၀) မုန်လာဥနီကို အစိမ်းလိုက် စားတဲ့ အမျိုးသမီးတွေက မစားတဲ့ အမျိုးသမီးတွေ ထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ငါးဆ-ရှစ်ဆလောက် လျော့နည်းမှု ရှိတာကို တွေ့ရပါတယ်။

သတိပြုရန်
မုန်လာဥနီကို အများအပြား စားတာက အသားအရေကို ယာယီ အရောင် ဝါစေနိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အတွင်း မုန်လာဥနီကို အများအပြား စားတာက ကိုယ်ဝန် ပျက်ကျတာကို ဖြစ်စေနိုင် တာကြောင့် ပမာဏ အများကြီး မစားသင့်ပါ။
Shared from: ဟင်းလေးအိုး
မုန်လာဥနီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
- ဘီတယ်ကယ်ရိုတင်း၊ ဖိုင်ဘာအမျှင်၊ Anti Oxidant, Vitamin A, C, K နှင့် Potassium ကြွယ်ဝစွာပါဝင်သည်။

- တစ်ရက်လျှင် 1.7 to 2.7 mg ဘီတာ ကယ်ရိုတင်းကို စားပါက ကင်ဆာအများစု၊ အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။ မုန်လာဥနီ၌ ပါသော ဖိုင်ဘာက အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို ၂၄% လျော့စေသည်။ မုန်လာဥနီ အစိမ်းစားသူ မိန်းမများသည် မစားသော မိန်းမများထက် ရင်သားကင်ဆာဖြစ်ပွားမှုကို ၅ဆမှ ၈ ဆအထိ လျော့ပါးစေနိုင်သည်။
- တစ်ရက်လျှင် မုန်လာဥနီ (၇)အောင်စနှင့် (၃)ပတ်စားပါက Cholesterol ကို ၁၁% လျော့စေသည်။

- Heart Attack ရခြင်းမှ ကာကွယ်ပေးသည်။
- Macular degeneration မျက်စိအမြင်အာရုံကို စုစည်းထားသောနေရာ ပျက်စီးမှုဖြစ်နိုင်ချေကို ၄၀% လျော့ပါးစေသည်။
- Vit A ချို့တဲ့သူများတွင် အလင်းရောင်မှိန်သော အချိန်၊ မျက်စိအမြင် အားနည်းမှုကို လျော့ပါးစေသည်။ တစ်ရက်လျှင် မုန်လာဥနီတစ်လုံး စားသုံးပါက Stroke (လေဖြတ်ခြင်း) ဖြစ်နိုင်ချေကို ၆၈% လျော့ပါးစေသည်။ ဦးနှောက်ကို ခွန်အားဖြစ်စေ၍ လေဖြတ်လူနာများ၏ အသက်ရှင်သန်မှုနှုန်းကို အကောင်းဆုံးဖြစ်စေသည်။
- Blood Sugar Level သွေးတွင်းရှိ သကြားဓါတ်ကို ကောင်းစေသည်။ အသည်းမှ ဘက်တီးရိးယားကို သေစေသည်။
- Carrot Oil သည် Dry Skin အတွက်ကောင်းစေသည်။ ချောမွေ့နူးညံပြီး တင်းရင်းစေသည်

လိမ္မော်ဝါရောင်ရှိတဲ့ မုန်လာဥနီ (carrot)ဟာ သုက်ကောင်များရဲ့ ကူးခတ်နိုင်စွမ်းကို ပိုပြီးလျှင်မြန်သွက်လက်စေတယ်လို့ သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဟားဗတ်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သုတေသီတွေရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယခင်လေ့လာမှုများအရ အနီရောင်ခြယ်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များဟာ အမျိုးသားများကို ကျန်းမာသန်စွမ်းတဲ့ သုက်ကောင်လေးတွေကို ပိုပြီးထုတ်လုပ်နိုင်စေတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခု သုတေသနမှာတော့ မုန်လာဥနီမှာ သုက်ကောင်လေးတွေရဲ့ မမျိုးဥ ဆီကို ကူးခတ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုက်လန်နဲ့ ဟင်းနုနွယ်မှာလည်း အခုလိုအာနိသင်ရှိနေပါတယ်လို့ သိရပါတယ်။ဒါဟာ ဖော်ပြပါ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း ဘီတာကယ်လိုတင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် သုက်ကောင်လေးတွေဟာ မမျိုးဥဆီ ကို ၆.၅%ကနေ ၈%ပိုပြီး လျှင်လျှင်မြန်မြန် လှုပ်ရှားရောက်ရှိလာနိုင်စေတယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ အဲဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကတော့ Latein ပဲ ဖြစ်ပါတယ်။
အခုဖော်ပြထားတဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ကိုက်လန်တွေမှာ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ Lycopene ဟာ ပုံမမှန်တဲ့ သုက်ကောင်ပမာဏကို နည်းပါးစေတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကို Journal Fertility and Sterility မှာ ဖော်ပြထားတာဖြစ်ပါတယ်။

 Credit: သန့်စင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top