iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ္ေရာင္ရမ္းျခင္းဆိုတာက အစာအိမ္ထဲက အတြင္းမ်က္ႏွာျပင္ေတြ ေရာင္ရမ္းတာျဖစ္ပါတယ္။ အကိုက္အခဲ ေပ်ာက္ေဆး၊ အရက္စတာေတြေၾကာင့္ အစာအိမ္ေရာင္ရမ္းတာျဖစ္ေစႏိုင္ပါတယ္။

အစာအိမ္အတြင္းမွာ အစာကို ေျခဖ်က္ေပးတဲ့အက္ဆစ္ အရည္မ်ားရွိၿပီး အဲ့ဒီ အက္ဆစ္ေတြက အစာအိမ္ နံရံကို တိုက္စားေခ်ဖ်က္ပစ္ႏိုင္ပါတယ္။ အဲ့လို တိုက္စားေခ်ဖ်က္မခံရဖို႔ အစာအိမ္နံရံမွာ အက်ိအခၽြဲေတြနဲ႔ ကာကြယ္ထားပါတယ္။

အဲ့ဒီ အကာအရံမ်ား ပ်က္စီးသြားရင၊ အားေပ်ာ့သြားရင္ အစာအိမ္ေရာင္ရမ္းျခင္းျဖစ္လာပါတယ္။

အစာအိမ္ေရာင္ရမ္းျခင္းမွာ ရုတ္တရပ္ အစာအိမ္နာျခင္းနဲ႔ နာတာရွည္ အစာအိမ္နာျခင္းရွိၿပီး အစာအိမ္အနာျဖစ္ရာကေန အစာအိမ္ ကင္ဆာအထိ ျဖစ္ႏိုင္ပါတယ္။ နာတာရွည္ျဖစ္ေနရင္ ေဆးကုသမႈ အျမန္ဆံုးခံယူူသင့္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး အစာေျခစနစ္ကို ေကာင္းမြန္ေစကာ အစာအိမ္နာတာကို သက္သာေစပါတယ္။

ႏူးညံ့ၿပီး၊ အဆီပါ၀င္မႈနည္းတဲ့ ပရိုတင္းဓာတ္ၾကြယ္၀တဲ့ အသီးျဖစ္ၿပီး အစာအိမ္ရဲ႕ pH အဆင့္ကို ထိန္းညွိေပးပါတယ္။

ဗီတာမင္ A၊ C၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္ဓာတ္တို႔ပါ၀င္တာေၾကာင့္ အစာအိမ္ရဲ႕ အက်ိအခၽြဲနံရံေတြကို ကာကြယ္ေပးၿပီး ေရာင္ရမ္းမႈကို သက္သာေစပါတယ္။

သေဘၤာသီး

သေဘၤာသီးကလည္း အစာအိမ္ ေရာင္ရမ္းမႈ၊ အက္ဆစ္ေတြ အထက္ဆန္တက္တဲ့ ေရာဂါ (Heart Burn) အတြက္ ေကာင္းမြန္တဲ့အသီးပါ။

အမွ်င္ဓာတ္၊ အစာေျခ အင္ဇိုင္းဓာတ္ေတြအတြက္ေကာင္းၿပီး အစာေျခစနစ္ကုိလည္း တိုးတက္ေစပါတယ္။

၀မ္းဗိုက္ထဲမွာ ပူေနတာ၊ ေရာင္ရမ္းေနရင္လည္း စားသံုးသင့္ပါတယ္။

ေန႔စဥ္ ၂စိတ္၊ ၃ စိတ္ေလာက္ စားေပးပါ။

သေဘၤာသီးကို သဘာ၀ ဒိန္ခ်ဥ္ေလးနဲ႔ ေရာစားေပးပါ။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစာအိမ်ရောင်ရမ်းခြင်းဆိုတာက အစာအိမ်ထဲက အတွင်းမျက်နှာပြင်တွေ ရောင်ရမ်းတာဖြစ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ အရက်စတာတွေကြောင့် အစာအိမ်ရောင်ရမ်းတာဖြစ်စေနိုင်ပါတယ်။

အစာအိမ်အတွင်းမှာ အစာကို ခြေဖျက်ပေးတဲ့အက်ဆစ် အရည်များရှိပြီး အဲ့ဒီ အက်ဆစ်တွေက အစာအိမ် နံရံကို တိုက်စားချေဖျက်ပစ်နိုင်ပါတယ်။ အဲ့လို တိုက်စားချေဖျက်မခံရဖို့ အစာအိမ်နံရံမှာ အကျိအချွဲတွေနဲ့ ကာကွယ်ထားပါတယ်။

အဲ့ဒီ အကာအရံများ ပျက်စီးသွားရင၊ အားပျော့သွားရင် အစာအိမ်ရောင်ရမ်းခြင်းဖြစ်လာပါတယ်။

အစာအိမ်ရောင်ရမ်းခြင်းမှာ ရုတ်တရပ် အစာအိမ်နာခြင်းနဲ့ နာတာရှည် အစာအိမ်နာခြင်းရှိပြီး အစာအိမ်အနာဖြစ်ရာကနေ အစာအိမ် ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ နာတာရှည်ဖြစ်နေရင် ဆေးကုသမှု အမြန်ဆုံးခံယူူသင့်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေကာ အစာအိမ်နာတာကို သက်သာစေပါတယ်။

နူးညံ့ပြီး၊ အဆီပါဝင်မှုနည်းတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး အစာအိမ်ရဲ့ pH အဆင့်ကို ထိန်းညှိပေးပါတယ်။

ဗီတာမင် A၊ C၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အစာအိမ်ရဲ့ အကျိအချွဲနံရံတွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

သင်္ဘောသီး

သင်္ဘောသီးကလည်း အစာအိမ် ရောင်ရမ်းမှု၊ အက်ဆစ်တွေ အထက်ဆန်တက်တဲ့ ရောဂါ (Heart Burn) အတွက် ကောင်းမွန်တဲ့အသီးပါ။

အမျှင်ဓာတ်၊ အစာခြေ အင်ဇိုင်းဓာတ်တွေအတွက်ကောင်းပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။

ဝမ်းဗိုက်ထဲမှာ ပူနေတာ၊ ရောင်ရမ်းနေရင်လည်း စားသုံးသင့်ပါတယ်။

နေ့စဉ် ၂စိတ်၊ ၃ စိတ်လောက် စားပေးပါ။

သင်္ဘောသီးကို သဘာ၀ ဒိန်ချဉ်လေးနဲ့ ရောစားပေးပါ။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top