iMyanmarHouse.com - Best Property Website for Myanmar
×


(၁၀) Taeyang – $ ၁၀ သန်း


(၉) Suzy +$ ၁၀ သန်းကျော်


(၈) Yoona- $ ၁၁ သန်း


(၇) BoA – $ ၁၄ သန်း


(၆) IU – $ ၁၅ သန်း


(၅) Dara – $ ၁၆ သန်း


(၄) Rain – $ သန်း ၂၀
K-Pop Idol တွေထဲက ၂၀၁၇ ခုနှစ်အတွင်း အချမ်းသာဆုံး Idol (၁၀) ဦး

(၃) G-Dragon – $ ၂၁ သန်း



(၂) Siwon – +$၃၅ သန်းကျော်


(၁) PSY – $၄၅ သန်း



Credit : MyStyle

K-Pop ဂီတဟာ အာရှမှာသာမက ကမ္ဘာမှာပါ အောင်မြင်ကျော်ကြားနေပြီဖြစ်ပြီးအားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားတာပါ။ အဲဒီထဲကမှ ၂၀၁၇ ခုနှစ်အတွင်း ရရှိတဲ့ ဝင်ငွေကို တွက်ချက်ပြီး အချမ်းသာဆုံး K-Pop Idol (၁၀) ဦးကိုမျှဝေပေးရမယ်ဆိုရင်တော့…

(၁၀) Taeyang – $ ၁၀ သန်း

BigBang ဆိုတဲ့ K-Pop အဖွဲ့ အရမ်းအောင်မြင်နေသလိုပဲ အဲဒီထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyang ကလည်း ဝင်ငွေကောင်းသူတစ်ဦးပါ။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

(၉) Suzy +$ ၁၀ သန်းကျော်

Miss A အဖွဲ့ဝင် အမျိုးသမီးအဆိုရှင်တစ်ဦးဖြစ်တဲ့ Suzy ဟာ တကိုယ်တော် လှုပ်ရှားမှုတွေလည်း အများအပြားလုပ်နေသလို၊ သရုပ်ဆောင်တဲ့အလုပ်ကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ နာမည်ကျော် Brand ရဲ့ သံတမန်အဖြစ်လည်း ဆောင်ရွက်နေပြီး အဲဒီ Brand ရဲ့ သံတမန်အဖြစ် အမေရိကန် ဒေါ်လာ ၈.၈ သန်းကျော် ရရှိထားသူပါ။ ချမ်းသာကြွယ်ဝမှုအနေနဲ့ကတော့ ဒေါ်လာ ၁၀ သန်းကျော်ရှိမယ်လို့ခန့်မှန်းကြပါတယ်။

(၈) Yoona- $ ၁၁ သန်း

Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ရုံသာမက သရုပ်ဆောင်အလုပ်တွေအပြင် တခြား Brand ရဲ့ သံတမန်အဖြစ်ပါ ဆောင်ရွက်နေတဲ့ Yoona ကတော့ အမေရိကန်ဒေါ်လာ ၁၁ သန်းလောက် ရှိနေပြီလို့ ခန့်မှန်းနေကြပါတယ်။

(၇) BoA – $ ၁၄ သန်း

BoA က တောင်ကိုးရီးယားမှာသာမက ဂျပန်မှာပါအောင်မြင်ကျော်ကြားသူတစ်ဦးပါ။ ၁၇ နှစ်ကြာ အနုပညာသက်တမ်းအတွင်း အောင်မြင်မှု အမြင့်ဆုံးထိ ရရှိခဲ့သူပါ။ ဂီတသာမက ဒရမ်မာဇာတ်လမ်းတွဲတွေမှာလည်း အများအပြား သရုပ်ဆောင်ခဲ့ပြီး Produce 101 မှာလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်နေသူပါ။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

(၆) IU – $ ၁၅ သန်း

IU ဟာ လက်ရှိ တောင်ကိုးရီးယားမှာ အရမ်းကို နာမည်ကျော်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်က သူမရဲ့ ပွဲဦးထွက်မှာတင် တောင်ကိုးရီးယားရဲ့ အောင်မြင်ကျော်ကြားဆုံး စာရင်းမှာ ထိတ်ဆုံးက ရပ်တည်ထားသူပါ။ သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ အယ်လ်ဘမ်တွေ၊ ဒရမ်မာဇာတ်ကားတွေ နဲ့ တခြား Brand တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ရာကနေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရှာနိုင်ခဲ့ပါပြီ။

(၅) Dara – $ ၁၆ သန်း

Dara ကိုလည်း အားလုံးသိကြမယ်ထင်ပါတယ်နော်။ 2NE1 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် ဖိလစ်ပိုင်မှာလည် းနာမည်ကျော်ကြားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒရမ်မာဇာတ်ကားတွေအပြင် တခြား Brand တွေနဲ့ပါအလုပ်တွဲလုပ်နေတဲ့ Dara ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်နေပြီလို့ ခန့်မှန်းနေကြပါတယ်။

(၄) Rain – $ သန်း ၂၀

Rain က တောင်ကိုးရီးယားနိုင်ငံမှာ နာမည်ကျော်ရုံသာမက ဟောလိဝုဒ်ထိ ထိုးဖောက်နေသူလည်းဖြစ်ပါတယ်။ Ninja Assassin ဆိုတဲ့ ဟောလိဝုဒ်အက်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာ သန်း ၂၀ ကျော်ရှိပါတယ်။

(၃) G-Dragon – $ ၂၁ သန်း

G-Dragon ဟာ BigBang ရဲ့ အဖွဲ့ဝင်အဖြစ်သိကြရုံသာမက အဆိုတော်အဖြစ်လည်း လူသိများတဲ့အပြင် ကမ္ဘာ့ အလန်းစာ ဖက်ရှင် Icon အဖြစ်လည်း လူသိများပါတယ်။ ဒါ့အပြင်သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းကိုလည်း ဦးဆောင်နေသူဖြစ်ပါတယ်။

သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၂၁ သန်းကျော်ရှိပါတယ်။

(၂) Siwon – +$၃၅ သန်းကျော်

Super Junior အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်အဖြစ်လည်း လုပ်ကိုင်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ချမ်းသာနေပြီဖြစ်ပါတယ်။

(၁) PSY – $၄၅ သန်း

PSY ဟာ Youtube အင်တာနက်စာမျက်နှာပေါ်မှာ ကြည့်ရှုသူအများဆုံး ၅ နှစ်တိုင်တိုင် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ကမ္ဘာကျော်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Gangnam Style သီချင်းကို သီဆိုသူဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ 4×2=8 တေးအယ်ဘမ်မှာတင် ဒေါ်လာ ၄၅ သန်းကျော် ဝင်ငွေရခဲ့သူပါ။

အခုဆောင်းပါးကို Koreaboo.com မှ ဘာသာပြန်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top