iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာအနွံ႕က အားေပးသူ ပရိသတ္ အခို္င္အမာရရွိထားတဲ့ Shakira ဟာ သူမရဲ႕ El Dorado World Tour ကမၻာလွည့္ေဖ်ာ္ေျဖပြဲကို ၂၀၁၈ ခုႏွစ္ထိ ေရႊ႕ဆိုင္းလိုက္ပါတယ္။

အသက္ ၄၀ အရြယ္ရွိၿပီျဖစ္တဲ့ အဆိုေတာ္ Shakira ဟာ သူမရဲ႕ ရိႈးပြဲကို ရပ္ဆိုင္းလိုက္တဲ့အေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ တစ္ပတ္က ရိႈးေတြကိုလည္း ဖ်က္သိမ္းလိုက္တဲ့အေၾကာင္း အဂၤလိပ္လိုေရာ စပိန္လိုပါ ေရးသားၿပီး ပ၇ိသတ္ေတြကို ေတာင္းပန္ထားပါတယ္။

ျပီးခဲ့တဲ့ ၅ လလံုး ဒီတိုးလ္ခရီးစဥ္အတြက္ ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ရိႈးပြဲ ပထမရက္မတိုင္ခင္ ၿပီးခဲ့တဲ ့ရက္အနည္းငယ္က အသံအခက္အခဲျဖစ္ခဲ့ၿပီး ကၽြန္မရဲ႕အလုပ္အတြက္ အရမ္းကို ခက္ခဲခဲ့ပါတယ္။ ဇူလိုင္လ ၁ ရက္ေန႔က ပံုမွန္စစ္ေဆးမႈလုပ္ခဲ့ရာမွာေတာ့ အသံႏႈန္းက အဆင္ေျပတဲ့အေနအထားရွိခဲ့ပါတယ္။ ဒါေပမယ့္ ေအာက္တိုဘာလ အကုန္ေလာက္မွာေတာ့ အသံက ေတာ္ေတာ္ေလး ဆိုးလာၿပီး ပ်က္လာခဲ့တယ္။ ဆရာဝန္နဲ႕ေဆးစစ္လုိက္ေတာ့ ကၽြန္မရဲ့ ညာဖက္အသံအိုးမွာ ေသြးယိုေနတယ္လို႔ သိရပါတယ္လို႔ သူမရဲ႕ ဖန္ေတြကို ေျပာဆို ေရးသားခဲ့တာပါ။

ဒါ့ေၾကာင့္ အသံကို အနားေပးထားရၿပီး ျပန္ေကာင္းလာေအာင္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း အိပ္မက္ဆိုးတစ္ခုလိုပါပဲ။ လက္ရွိမွာေတာ့ အသံကို အျပည့္အဝ ျပန္ေကာင္းလာဖို႔အတြက္ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ေနရတဲ့အေျခအေနပါ။ ကၽြန္မအတြက္ အရမ္းကို နာက်င္ရပါတယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ Shakira ရဲ႕ တိုးလ္ခရီးစဥ္က ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ စတင္ဖို႔ စီစဥ္ခဲ့တာပါ။ အခုလက္ရွိအေျခအေနအရေတာ့ ရိႈးေတြကို ဆိုႏိုင္ဦးမွာမဟုတ္ဘဲ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ ရိႈးျပန္စႏိုင္ဖို႔ စီစဥ္ထားတယ္လို႔ဆိုပါတယ္။ အဲဒီေန႔မွာေတာ့ Orlando က Amway Center မွာ က်င္းပသြားမွာပါ။

အျမန္ဆံုးေနျပန္ေကာင္းဖို႔ ပရိသတ္ေတြက ဆုေတာင္းေပးေနၾကပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကမ္ဘာအနှံ့က အားပေးသူ ပရိသတ် အခိုင်အမာရရှိထားတဲ့ Shakira ဟာ သူမရဲ့ El Dorado World Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၁၈ ခုနှစ်ထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော် Shakira ဟာ သူမရဲ့ ရှိုးပွဲကို ရပ်ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က ရှိုးတွေကိုလည်း ဖျက်သိမ်းလိုက်တဲ့အကြောင်း အင်္ဂလိပ်လိုရော စပိန်လိုပါ ရေးသားပြီး ပရိသတ်တွေကို တောင်းပန်ထားပါတယ်။

ပြီးခဲ့တဲ့ ၅ လလုံး ဒီတိုးလ်ခရီးစဉ်အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှိုးပွဲ ပထမရက်မတိုင်ခင် ပြီးခဲ့တဲ့ရက်အနည်းငယ်က အသံအခက်အခဲဖြစ်ခဲ့ပြီး ကျွန်မရဲ့အလုပ်အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က ပုံမှန်စစ်ဆေးမှုလုပ်ခဲ့ရာမှာတော့ အသံနှုန်းက အဆင်ပြေတဲ့အနေအထားရှိခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ အကုန်လောက်မှာတော့ အသံက တော်တော်လေး ဆိုးလာပြီး ပျက်လာခဲ့တယ်။ ဆရာဝန်နဲ့ဆေးစစ်လိုက်တော့ ကျွန်မရဲ့ ညာဖက်အသံအိုးမှာ သွေးယိုနေတယ်လို့ သိရပါတယ်လို့ သူမရဲ့ ဖန်တွေကို ပြောဆို ရေးသားခဲ့တာပါ။

ဒါ့ကြောင့် အသံကို အနားပေးထားရပြီး ပြန်ကောင်းလာအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ လက်ရှိမှာတော့ အသံကို အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတဲ့အခြေအနေပါ။ ကျွန်မအတွက် အရမ်းကို နာကျင်ရပါတယ်လို့ ဆိုပါတယ်။

တကယ်တော့ Shakira ရဲ့ တိုးလ်ခရီးစဉ်က နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်ဖို့ စီစဉ်ခဲ့တာပါ။ အခုလက်ရှိအခြေအနေအရတော့ ရှိုးတွေကို ဆိုနိုင်ဦးမှာမဟုတ်ဘဲ နိုဝင်ဘာလ ၉ ရက်နေ့မှာ ရှိုးပြန်စနိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ အဲဒီနေ့မှာတော့ Orlando က Amway Center မှာ ကျင်းပသွားမှာပါ။

အမြန်ဆုံးနေပြန်ကောင်းဖို့ ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top