iMyanmarHouse.com - Best Property Website for Myanmar
×

 ႏွမ္းေစ့ကို ကမၻာေပၚကဆီထြက္သီးႏွံေတြထဲမွာ သက္တမ္းအရင့္ဆံုးလို႔ သတ္မွတ္ထားၾကသလို ႏွစ္ေပါင္း (၃၅၀၀) ေက်ာ္ စိုက္ပ်ိဳးရိတ္သိမ္းလာၾကတာပါ။

ႏွမ္းေစ့ဟာ Sesamum genus ဆိုတဲ့အပင္တစ္မ်ိဳးက ဆင္းသပ္လာၿပီး သိပၸံအေခၚအေဝၚကေတာ့ Sesamum indicum လို႔ေခၚပါတယ္။ ႏွမ္းေစ့ကို ကမၻာေပၚကဆီထြက္သီးႏွံေတြထဲမွာ သက္တမ္းအရင့္ဆံုးလို႔ သတ္မွတ္ထားၾကသလို ႏွစ္ေပါင္း (၃၅၀၀) ေက်ာ္ စိုက္ပ်ိဳးရိတ္သိမ္းလာၾကတာပါ။ စတင္ေပါက္ဖြားရာ ေနရာေတြကေတာ့ အာဖရိကနဲ႔ အိႏၵိယလို႔ ယူဆရပါတယ္။

ႏွမ္းေစ့မွာ က်န္းမာေရးအက်ိဳးေက်းဇူးအမ်ားႀကီး ပါဝင္တယ္ဆိုေပမယ့္ အမ်ားစုက ႏွမ္းေစ့အတြင္းက ဆီပါဝင္မႈေၾကာင့္ ရ႐ွိတာပါ။ ဒါေၾကာင့္ ကမၻာေပၚကအိမ္႐ွင္မ ေတာ္ေတာ္မ်ားမ်ားရဲ႕ မီးဖုိေခ်ာင္ထဲမွာ ပါ႐ွိေနရတာျဖစ္ပါတယ္။

ႏွမ္းေစ့မွာ ဗိုက္တာမင္၊ သတၳဳဓာတ္၊ သဘာဝအဆီဓာတ္၊ ကယ္လ္ဆီယမ္၊ သံဓာတ္၊ မဂၢနီစီယမ္၊ ေဖာ့စ္ဖရတ္စ္၊ မဂၢနိစ္၊ ေကာ့ပါး၊ ဇင့္၊ အမွ်င္ဓာတ္၊ သီယာမင္း၊ ဗိုက္တာမင္ဘီစစ္၊ ဖိုလိတ္၊ ပ႐ိုတိန္းနဲ႔ ထရစ္ပတိုဖန္းစတဲ့ အာဟာရဓာတ္ေတြ ပါဝင္ပါတယ္။ ႏွမ္းေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့....

၁။ ေသြးတိုးက်ေစတယ္

သုေတသနျပဳလုပ္ခ်က္ေတြအရေတာ့ ႏွမ္းေစ့ထဲမွာပါဝင္တဲ့ သဘာဝအဆီဟာ ေသြးတိုးက်ေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ ႏွမ္းေစ့ထဲက ႏွမ္းဆီဟာ ႏွလံုးေသြးေၾကာစနစ္ထဲမွာ တင္းၾကပ္မႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ႏွလံုးနဲ႔ဆိုင္တဲ့ ေရာဂါအႏၱရာယ္ ေတြကိုလည္း ကာကြယ္ေပးႏိုင္စြမ္း ႐ွိပါတယ္။ ႏွမ္းေစ့ထဲမွာပါဝင္တဲ့ မဂၢနီစီယမ္ဟာ ေသြးဖိအားကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ပစၥည္းတစ္မ်ိဳးအျဖစ္ ထင္႐ွားၿပီး ႏွမ္းေစ့ထဲမွာ မဂၢနီစီယမ္အပါအဝင္ သတၳဳဓာတ္ေတြ ေပါၾကြယ္ဝပါတယ္။

၂။ ကင္ဆာေရာဂါကာကြယ္ေပးႏိုင္တယ္

ႏွမ္းေစ့ထဲမွာပါဝင္တဲ့ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြထဲမွာ ကင္ဆာျဖစ္ေစတဲ့ free radical ေတြကို တိုက္ဖ်က္ႏိုင္တဲ့ antioxidant ေတြလည္း ပါဝင္တာမို႔ ကင္ဆာျဖစ္ပြားႏိုင္ေျခ အႏၱရာယ္ကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အဲဒီ antioxidant ထဲမွာ အထင္႐ွားဆံုးကေတာ့ ႏွမ္းဆီမွာပါဝင္တဲ့ phytate ဆိုတဲ့ ႐ွားပါးတဲ့ ကင္ဆာကာကြယ္ေရး ျဒပ္ေပါင္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာ၊ ပန္ကရိယကင္ဆာ၊ အူမႀကီးကင္ဆာနဲ႔ ဆီးႀကိတ္ကင္ဆာတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။

၃။ ဆီးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ႏိုင္တယ္

ႏွမ္းေစ့ထဲမွာပါဝင္တဲ့ ပါဝင္ပစၥည္းေတြျဖစ္တဲ့ (မဂၢနီစီယမ္လို အရာမ်ိဳးဟာ) ဆီးခ်ိဳေရာဂါအႏၱရာယ္ကို ေလွ်ာ့ခ်ႏိုင္စြမ္းနဲ႔ ေရာဂါ႐ွိၿပီးသား သူေတြရဲ႕ေရာဂါလကၡဏာေတြကို ေလွ်ာ့ခ်ႏိုင္စြမ္း ႐ွိပါတယ္။ ဒါ့အျပင္ ႏွမ္းဆီဟာ Type 2 ဆီးခ်ိဳေရာဂါသည္ေတြကို ကုသရာမွာသံုးတဲ့ glibenclamide လိုမ်ိဳး ဓာတုပစၥည္းမ်ိဳးရဲ႕ လုပ္ေဆာင္မႈကို ျမွင့္တင္ေပးႏိုင္ၿပီး ခႏၶာကိုယ္ထဲက အင္ဆူလင္နဲ႔ ဂလူးကို႔စ္ မွ်ေျခကို ထိန္းညွိေပးႏိုင္ပါတယ္။

၄။ အ႐ိုးေတြကို သန္မာေစတယ္

ႏွမ္းေစ့ထဲမွာပါဝင္တဲ့ ဇင့္၊ ကယ္လ္ဆီယမ္နဲ႔ ေဖာ့စ္ဖရတ္စ္ဓာတ္ေတြဟာ အ႐ိုးက်န္းမာေရးအတြက္ေတာ့ အလြန္အေရးပါတဲ့ သတၳဳဓာတ္ေတြပါပဲ။ အ႐ိုးသစ္ဆဲလ္ေတြ ျဖစ္ေပၚေရး၊ ထိခိုက္မႈ တစ္ခုခုေၾကာင့္ အားနည္းေနတဲ့ အ႐ိုးတစ္ရွဴးဆဲလ္ေတြ ျပန္လည္အားေကာင္းေရးနဲ႔ အ႐ိုးပြေရာဂါ လကၡဏာေတြကို ေလွ်ာ့ခ်ေရးတို႔မွာ ႏွမ္းေစ့ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေတြက အလြန္အသံုးဝင္ပါတယ္။

၅။ ခံတြင္းက်န္းမာေရး ေကာင္းေစတယ္

ႏွမ္းေစ့မွာပါဝင္တဲ့ အထင္႐ွားဆံုး က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့ ခံတြင္းက်န္းမာေရးနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ သက္ေရာက္မႈ ႐ွိေစတာပါပဲ။ Oil pulling ဆိုတဲ့ေခၚတဲ့ လုပ္ေဆာင္မႈဟာဆိုရင္ ပါးစပ္ထဲမွာ ႏွမ္းဆီနည္းနည္းကိုငံုၿပီး ပလုုတ္က်င္းေပးတဲ့အခါ ႏွမ္းဆီက ခံတြင္းထဲမွာလွည့္ပတ္သြားၿပီး ဘက္တီးရီးယားပိုးေတြနဲ႔ မႈိေရာဂါပိုးေတြ၊ ခံတြင္းေခါင္းထဲက မလိုလားအပ္တဲ့ အက်ိအခြ်ဲေတြကို ဖယ္႐ွားေပးတဲ့ လုပ္ေဆာင္မႈပဲျဖစ္ပါတယ္။

ဒါ့အျပင္ ခံတြင္းေခါင္းထဲမွာ ထိခိုက္မႈတစ္ခုခုေၾကာင့္ ေသြးထြက္ေနတဲ့အခါ ႏွမ္းဆီငံုေပးမယ္ဆိုရင္ အျမန္ဆံုးေသြးတိတ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး သြားအေပၚယံေၾကြလႊာေတြမွာ အေခါင္းေပါက္ႀကီးေတြ ျဖစ္ေစၿပီး လႈိက္စားေစတဲ့ streptococcus ဆိုတဲ့ ဘက္တီးရီးယားတစ္မ်ိဳးကိုလည္း ႏွမ္းေစ့က တိုက္ဖ်က္ဖယ္႐ွားေပးႏုိင္ပါတယ္။

Source: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 နှမ်းစေ့ကို ကမ္ဘာပေါ်ကဆီထွက်သီးနှံတွေထဲမှာ သက်တမ်းအရင့်ဆုံးလို့ သတ်မှတ်ထားကြသလို နှစ်ပေါင်း (၃၅၀၀) ကျော် စိုက်ပျိုးရိတ်သိမ်းလာကြတာပါ။

နှမ်းစေ့ဟာ Sesamum genus ဆိုတဲ့အပင်တစ်မျိုးက ဆင်းသပ်လာပြီး သိပ္ပံအခေါ်အဝေါ်ကတော့ Sesamum indicum လို့ခေါ်ပါတယ်။ နှမ်းစေ့ကို ကမ္ဘာပေါ်ကဆီထွက်သီးနှံတွေထဲမှာ သက်တမ်းအရင့်ဆုံးလို့ သတ်မှတ်ထားကြသလို နှစ်ပေါင်း (၃၅၀၀) ကျော် စိုက်ပျိုးရိတ်သိမ်းလာကြတာပါ။ စတင်ပေါက်ဖွားရာ နေရာတွေကတော့ အာဖရိကနဲ့ အိန္ဒိယလို့ ယူဆရပါတယ်။

နှမ်းစေ့မှာ ကျန်းမာရေးအကျိုးကျေးဇူးအများကြီး ပါဝင်တယ်ဆိုပေမယ့် အများစုက နှမ်းစေ့အတွင်းက ဆီပါဝင်မှုကြောင့် ရရှိတာပါ။ ဒါကြောင့် ကမ္ဘာပေါ်ကအိမ်ရှင်မ တော်တော်များများရဲ့ မီးဖိုချောင်ထဲမှာ ပါရှိနေရတာဖြစ်ပါတယ်။

နှမ်းစေ့မှာ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ သဘာဝအဆီဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရတ်စ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်၊ အမျှင်ဓာတ်၊ သီယာမင်း၊ ဗိုက်တာမင်ဘီစစ်၊ ဖိုလိတ်၊ ပရိုတိန်းနဲ့ ထရစ်ပတိုဖန်းစတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့....

၁။ သွေးတိုးကျစေတယ်

သုတေသနပြုလုပ်ချက်တွေအရတော့ နှမ်းစေ့ထဲမှာပါဝင်တဲ့ သဘာဝအဆီဟာ သွေးတိုးကျစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ နှမ်းစေ့ထဲက နှမ်းဆီဟာ နှလုံးသွေးကြောစနစ်ထဲမှာ တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်ပြီး နှလုံးနဲ့ဆိုင်တဲ့ ရောဂါအန္တရာယ် တွေကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ နှမ်းစေ့ထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးအဖြစ် ထင်ရှားပြီး နှမ်းစေ့ထဲမှာ မဂ္ဂနီစီယမ်အပါအဝင် သတ္ထုဓာတ်တွေ ပေါကြွယ်ဝပါတယ်။

၂။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တယ်

နှမ်းစေ့ထဲမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေထဲမှာ ကင်ဆာဖြစ်စေတဲ့ free radical တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant တွေလည်း ပါဝင်တာမို့ ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဲဒီ antioxidant ထဲမှာ အထင်ရှားဆုံးကတော့ နှမ်းဆီမှာပါဝင်တဲ့ phytate ဆိုတဲ့ ရှားပါးတဲ့ ကင်ဆာကာကွယ်ရေး ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တယ်

နှမ်းစေ့ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ (မဂ္ဂနီစီယမ်လို အရာမျိုးဟာ) ဆီးချိုရောဂါအန္တရာယ်ကို လျှော့ချနိုင်စွမ်းနဲ့ ရောဂါရှိပြီးသား သူတွေရဲ့ရောဂါလက္ခဏာတွေကို လျှော့ချနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် နှမ်းဆီဟာ Type 2 ဆီးချိုရောဂါသည်တွေကို ကုသရာမှာသုံးတဲ့ glibenclamide လိုမျိုး ဓာတုပစ္စည်းမျိုးရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက အင်ဆူလင်နဲ့ ဂလူးကို့စ် မျှခြေကို ထိန်းညှိပေးနိုင်ပါတယ်။

၄။ အရိုးတွေကို သန်မာစေတယ်

နှမ်းစေ့ထဲမှာပါဝင်တဲ့ ဇင့်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရတ်စ်ဓာတ်တွေဟာ အရိုးကျန်းမာရေးအတွက်တော့ အလွန်အရေးပါတဲ့ သတ္ထုဓာတ်တွေပါပဲ။ အရိုးသစ်ဆဲလ်တွေ ဖြစ်ပေါ်ရေး၊ ထိခိုက်မှု တစ်ခုခုကြောင့် အားနည်းနေတဲ့ အရိုးတစ်ရှူးဆဲလ်တွေ ပြန်လည်အားကောင်းရေးနဲ့ အရိုးပွရောဂါ လက္ခဏာတွေကို လျှော့ချရေးတို့မှာ နှမ်းစေ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေက အလွန်အသုံးဝင်ပါတယ်။

၅။ ခံတွင်းကျန်းမာရေး ကောင်းစေတယ်

နှမ်းစေ့မှာပါဝင်တဲ့ အထင်ရှားဆုံး ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ သက်ရောက်မှု ရှိစေတာပါပဲ။ Oil pulling ဆိုတဲ့ခေါ်တဲ့ လုပ်ဆောင်မှုဟာဆိုရင် ပါးစပ်ထဲမှာ နှမ်းဆီနည်းနည်းကိုငုံပြီး ပလုုတ်ကျင်းပေးတဲ့အခါ နှမ်းဆီက ခံတွင်းထဲမှာလှည့်ပတ်သွားပြီး ဘက်တီးရီးယားပိုးတွေနဲ့ မှိုရောဂါပိုးတွေ၊ ခံတွင်းခေါင်းထဲက မလိုလားအပ်တဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးတဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

ဒါ့အပြင် ခံတွင်းခေါင်းထဲမှာ ထိခိုက်မှုတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါ နှမ်းဆီငုံပေးမယ်ဆိုရင် အမြန်ဆုံးသွေးတိတ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး သွားအပေါ်ယံကြွေလွှာတွေမှာ အခေါင်းပေါက်ကြီးတွေ ဖြစ်စေပြီး လှိုက်စားစေတဲ့ streptococcus ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကိုလည်း နှမ်းစေ့က တိုက်ဖျက်ဖယ်ရှားပေးနိုင်ပါတယ်။

Source: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top