အ၀တ္စားေတြဟာ ကၽြန္မတို႔ကို ဖက္ရွင္က်လွပေစသလို ယံုၾကည္မႈ လံုၿခံဳမႈလည္း အျပည့္ရွိေစပါတယ္။ ဒါေပမယ့္ အရမ္းက်ပ္တဲ့ အ၀တ္အစား၀တ္ေပးရင္ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြရွိေနပါတယ္။
အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတြပဲ အျဖစ္မ်ားတယ္လို႔ ေတြးၾကေပမယ့္ ဒီကေန႔ေခတ္မွာေတာ့ အမ်ိဳးသားေတြလည္း ေဘာင္းဘီက်ပ္က်ပ္ အိက်ီ ၤ က်ပ္က်ပ္ေတြ ၀တ္လာၾကပါတယ္။ အခုလို ၀တ္ေပးတာဟာ က်န္းမာေရးအတြက္ဘယ္လိုဆိုးက်ိဳးေတြရွိေနလဲဆိုေတာ့
၁။ ကူးစက္ေရာဂါ
အမ်ားအားျဖင့္ေတာ့ အမ်ိဳးသား အမ်ိဳးသမီး အဂၤါေတြမွာ ကူးစက္ေရာဂါျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ေတာ့ ဂ်င္းေဘာင္းဘီက်ပ္က်ပ္ နဲ႔ အတြင္းခံက်ပ္က်ပ္ေတြက အသားအေရကို တင္းရစ္ေနေစၿပီး ဘက္တီးရီးယားေတြ ပိုမို ရွင္သန္ႀကီးထြားေစသလို အစိုဓါတ္ျမင့္မားေစပါတယ္။
၂။ ေသြးလည္ပတ္မႈကို ေႏွာင့္ေႏွးေစတယ္
ေသြးလည္ပတ္မႈကို အတားအဆီးျဖစ္ေစၿပီး သင့္က်န္းမာေရးအတြက္မေကာင္းပါဘူး။ ခါးနား ဗိုက္နားမွာဆိုရင္လည္း အရမ္းတင္းက်ပ္ေနၿပီး နီလာတာ ေရာင္လာတာမ်ိဳးျဖစ္ေစပါတယ္။ ဒါ့အျပင္ ဘရာ၀တ္ထားတဲ့နားမွာလည္း တင္းတင္းႀကီးျဖစ္ေနၿပီး အရာႀကီးေတြျဖစ္လာေစသလို အမာရြတ္ျဖစ္လာေစပါတယ္။
၃။ ေသြးျပန္ေၾကာအတြက္မေကာင္းမြန္ျခင္း
ေဘာင္းဘီ က်ပ္က်ပ္ အိက်ိ ၤ က်ပ္က်ပ္ကို ေရရွည္၀တ္ေပးရင္ ေသြးျပန္ေၾကာ ေသြးေလွ်ာက္မႈကို အတားအဆီးျဖစ္ေစပါတယ္။ ႏွလံုးကို ေသြးေရာက္ေအာင္မပို႔ႏိုင္တာမ်ိဳးျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္အခုပံုမွာျပထားသလို ေသြးေၾကာေလးေတြေပၚလာတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။
၄။ ကိုယ္ဟန္အေနအထား
အမ်ိဳးသမီးေတြအမ်ားအားျဖင့္ သူတို႔ရွိရင္း ခႏၶာကိုယ္အရြယ္အစားထက္ ပိုၿပီး ေသးတဲ့ (သို႔) အတိျဖစ္တဲ့ အ၀တ္အစားမ်ိဳးကို ၀တ္ဆင္ၾကပါတယ္။ အခုလို ၀တ္ဆင္တာဟာ သင့္ရဲ့ ကိုယ္ဟန္အေနအထား မမွန္တာမ်ိဳးျဖစ္ေစပါတယ္။
၅။ အစာေခ်စနစ္
အစားအေသာက္စားရမွာလည္း မသက္မသာျဖစ္ေစၿပီး အစာမေၾကတာမ်ိဳးျဖစ္ေစပါတယ္။
၆။ အသက္ရႈဖို႔ခက္ခဲျခင္း
အရမ္းက်ပ္တဲ့အ၀တ္အစားေတြဟာ အသက္ရႈဖို႔ခက္ခဲၿပီး အသက္ရႈမ၀တာမ်ိဳးျဖစ္ေစပါတယ္။ အရမ္းက်ပ္တဲ့ အတြင္းခံေတြ အ၀တ္အစားေတြ သိပ္မ၀တ္ပါနဲ႔။ အိမ္ျပန္ေရာက္ရင္လည္း သက္ေသာင့္သက္သာရွိတာေလး ျပန္လဲၿပီး ေနေပးပါ။
၇။ ၀မ္းခ်ဳပ္ေစျခင္း
၀မ္းခ်ဳပ္ၿပီဆိုရင္ ကိုယ္စားမိတဲ့အစားအစာေတြေၾကာင့္လို႔ပဲ အဓိကေတြးၾကပါတယ္။ ဒါေပမယ့္ အစားအစာတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။ အိက်ီ ၤ အ၀တ္အစား က်ပ္က်ပ္ေတြ၀တ္ေပးတာလည္း ၀မ္းခ်ဳပ္ေစပါတယ္။
Credit:mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အဝတ်စားတွေဟာ ကျွန်မတို့ကို ဖက်ရှင်ကျလှပစေသလို ယုံကြည်မှု လုံခြုံမှုလည်း အပြည့်ရှိစေပါတယ်။ ဒါပေမယ့် အရမ်းကျပ်တဲ့ အဝတ်အစားဝတ်ပေးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေပါတယ်။
အများအားဖြင့်တော့ အမျိုးသမီးတွေပဲ အဖြစ်များတယ်လို့ တွေးကြပေမယ့် ဒီကနေ့ခေတ်မှာတော့ အမျိုးသားတွေလည်း ဘောင်းဘီကျပ်ကျပ် အိကျီ ၤ ကျပ်ကျပ်တွေ ဝတ်လာကြပါတယ်။ အခုလို ဝတ်ပေးတာဟာ ကျန်းမာရေးအတွက်ဘယ်လိုဆိုးကျိုးတွေရှိနေလဲဆိုတော့
၁။ ကူးစက်ရောဂါ
အများအားဖြင့်တော့ အမျိုးသား အမျိုးသမီး အင်္ဂါတွေမှာ ကူးစက်ရောဂါဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့်တော့ ဂျင်းဘောင်းဘီကျပ်ကျပ် နဲ့ အတွင်းခံကျပ်ကျပ်တွေက အသားအရေကို တင်းရစ်နေစေပြီး ဘက်တီးရီးယားတွေ ပိုမို ရှင်သန်ကြီးထွားစေသလို အစိုဓါတ်မြင့်မားစေပါတယ်။
၂။ သွေးလည်ပတ်မှုကို နှောင့်နှေးစေတယ်
သွေးလည်ပတ်မှုကို အတားအဆီးဖြစ်စေပြီး သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ ခါးနား ဗိုက်နားမှာဆိုရင်လည်း အရမ်းတင်းကျပ်နေပြီး နီလာတာ ရောင်လာတာမျိုးဖြစ်စေပါတယ်။ ဒါ့အပြင် ဘရာဝတ်ထားတဲ့နားမှာလည်း တင်းတင်းကြီးဖြစ်နေပြီး အရာကြီးတွေဖြစ်လာစေသလို အမာရွတ်ဖြစ်လာစေပါတယ်။
၃။ သွေးပြန်ကြောအတွက်မကောင်းမွန်ခြင်း
ဘောင်းဘီ ကျပ်ကျပ် အိကျိ ၤ ကျပ်ကျပ်ကို ရေရှည်ဝတ်ပေးရင် သွေးပြန်ကြော သွေးလျှောက်မှုကို အတားအဆီးဖြစ်စေပါတယ်။ နှလုံးကို သွေးရောက်အောင်မပို့နိုင်တာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့်အခုပုံမှာပြထားသလို သွေးကြောလေးတွေပေါ်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။
၄။ ကိုယ်ဟန်အနေအထား
အမျိုးသမီးတွေအများအားဖြင့် သူတို့ရှိရင်း ခန္ဓာကိုယ်အရွယ်အစားထက် ပိုပြီး သေးတဲ့ (သို့) အတိဖြစ်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ကြပါတယ်။ အခုလို ဝတ်ဆင်တာဟာ သင့်ရဲ့ ကိုယ်ဟန်အနေအထား မမှန်တာမျိုးဖြစ်စေပါတယ်။
၅။ အစာချေစနစ်
အစားအသောက်စားရမှာလည်း မသက်မသာဖြစ်စေပြီး အစာမကြေတာမျိုးဖြစ်စေပါတယ်။
၆။ အသက်ရှုဖို့ခက်ခဲခြင်း
အရမ်းကျပ်တဲ့အဝတ်အစားတွေဟာ အသက်ရှုဖို့ခက်ခဲပြီး အသက်ရှုမဝတာမျိုးဖြစ်စေပါတယ်။ အရမ်းကျပ်တဲ့ အတွင်းခံတွေ အဝတ်အစားတွေ သိပ်မဝတ်ပါနဲ့။ အိမ်ပြန်ရောက်ရင်လည်း သက်သောင့်သက်သာရှိတာလေး ပြန်လဲပြီး နေပေးပါ။
၇။ ဝမ်းချုပ်စေခြင်း
ဝမ်းချုပ်ပြီဆိုရင် ကိုယ်စားမိတဲ့အစားအစာတွေကြောင့်လို့ပဲ အဓိကတွေးကြပါတယ်။ ဒါပေမယ့် အစားအစာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ အိကျီ ၤ အဝတ်အစား ကျပ်ကျပ်တွေဝတ်ပေးတာလည်း ဝမ်းချုပ်စေပါတယ်။
Credit:mystyle
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အရမ္းက်ပ္တဲ့ အဝတ္စားေတြ ဝတ္ေပးျခင္းရဲ့ ဆိုးက်ိဳးေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။