iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ ႐ွိ/မ႐ွိ စစ္ေဆးဖို႔ရာ ဆီးစစ္ျခင္းနဲ႔ ေသြးစစ္ျခင္း ဆိုၿပီး ႏွစ္မ်ိဳး႐ွိပါတယ္။ စစ္ေဆးမႈ ႏွစ္မ်ိဳးစလံုးက human chorionic gonadotropin (hCG) လို႔ေခၚတဲ႔ ေဟာ္မုန္းတည္႐ွိမႈကို ႐ွာေဖြစစ္ေဆးမႈပါပဲ။ သားအိမ္လႊာမွာ သားေလာင္းက သြားကပ္တာနဲ႔ မ်ားမၾကာမီမွာပဲ အခ်င္းကေန အဲ႔ဒီ႔ေဟာ္မုန္းကို ထုတ္ပါတယ္။ ၿပီးေတာ႔ hCG ေဟာ္မုန္းေတြဟာ သေႏၶစတည္ စတည္တဲ႔ရက္အနည္းငယ္အတြင္းမွာပဲ အလွ်င္အျမန္ျဖစ္တည္လာပါေတာ႔တယ္။ ေဟာ္မုန္းေတြ အလွ်င္အျမန္ေျပာင္းလဲ လာတာေၾကာင္႔ သေႏၶတည္ျခင္းလကၡဏာအမ်ားစု ျဖစ္လာတာပါ။

ဆီးစစ္ျခင္း။

ဆီးစစ္တာကို မတူညီတဲ႔ နည္းလမ္းႏွစ္မ်ိဳးနဲ႔ စစ္ေဆးႏိုင္ပါတယ္။ ၿပီးေတာ႔ အိမ္မွာပဲျဖစ္ျဖစ္၊ ေဆး႐ံုသြားျပၿပီး ျဖစ္ျဖစ္ စစ္ေဆးႏိုင္ပါတယ္။ ပထမနည္းလမ္းကေတာ႔ ဆီးကို ခြက္တစ္ခုနဲ႔ခံ၊ ဆီးစစ္တံကို ႏွစ္ထားပါ (ဆီးစစ္တံမွာပါတဲ႔ စစ္ခြက္ထဲကို အစက္ခ်ႁပြန္နဲ႔စုပ္ၿပီး ထည္႔ပါ)။ ေနာက္တစ္မ်ိဳးကေတာ႔ ဆီးသြားၿပီး ဆီးစီးေၾကာင္း အလယ္အေရာက္မွာ ဆီးစစ္တံနဲ႔ ခံထားလိုက္တာပါပဲ။

အေျဖထြက္လာဖို႔အတြက္ အခ်ိန္ဘယ္ေလာက္ေစာင္႔တယ္ဆိုတဲ႔ အေပၚမွာမူတည္ၿပီးေတာ႔လည္း စစ္ခ်က္ေတြက ေျပာင္းပါတယ္။ ဆီးစစ္တံရဲ႕ အေရာင္ေျပာင္းမယ္၊ လိုင္း(အရစ္)ေပၚမယ္၊ သေကၤတ (အႏုတ္ ဒါမွမဟုတ္ အေပါင္း) ေပၚဖို႔ ေစာင္႔ဆိုင္းရပါမယ္။

စစ္ေဆးမႈတိုင္းအတြက္ ဆီးစစ္တံအိတ္ခြံမွာ ညႊန္ၾကားခ်က္ေတြ ပါ႐ွိပါတယ္။ တိက်တဲ႔အေျဖရဖို႕ ညႊန္ၾကားခ်က္ေတြအတိုင္း လုပ္ဖို႔လိုအပ္ပါတယ္။ ဆီးစစ္ဖို႔ ဆီးယူတဲ႔အခါမွာ စထြက္တဲ႔ဆီးကို မယူပဲ အလယ္ဆီးကိုယူဖို႔ ဆရာ၀န္ေတြက ညႊန္ၾကားထားပါတယ္။

ဘယ္အခ်ိန္မွာ ဆီးစစ္ရမလဲ။

ကိုယ္၀န္ ႐ွိ/မ႐ွိ ဆီးစစ္မစစ္ခင္ ဓမၼတာ စေပ်ာက္တဲ႔ေန႔ထိ ေစာင္႔ဖို႔ ဆရာ၀န္အမ်ားစုက အၾကံေပးထားပါတယ္။ ကိုယ္၀န္ စတည္ၿပီး ၂ပတ္ခန္႔အၾကာမွာ စသိရေလ႔႐ွိပါတယ္။

ဆီးစစ္တာ ဘယ္ေလာက္ထိ တိက်ပါသလဲ။

ဆီးစစ္တာကို ညႊန္ၾကားခ်က္ေတြအတိုင္း မွန္မွန္ကန္ကန္ စစ္ႏိုင္မယ္ဆိုရင္ ၉၇ ရာခိုင္ႏႈန္း တိက်မႈ႐ွိပါတယ္။

ဆီးစစ္တံ အသံုးျပဳၿပီး ကိုယ္၀န္စစ္ေဆးတာ ေကာင္းပါတယ္။ အိမ္မွာတင္ စစ္လို႔ရၿပီး ကုန္က်စရိတ္လည္း သက္သာလို႔ပါ။ အေျဖ ျမန္ျမန္ထြက္တယ္၊ အသံုးျပဳရတာလည္းလြယ္ကူတယ္။ ဘယ္လိုပဲျဖစ္ျဖစ္၊ ညႊန္ၾကားခ်က္အတိုင္း မတိက်ဘူး၊ စစ္ေဆးခ်ိန္ဟာ အရမ္းေစာေနမယ္ဆိုရင္ေတာ႔ ရလာတဲ႔ အေျဖက တိက်မွာ မဟုတ္ပါဘူး။

ဆီးစစ္ၿပီးလို႔ ကိုယ္၀န္မ႐ွိဘူးလို႔ အေျဖထြက္ေနတဲ႔ မိန္းကေလးတစ္ေယာက္မွာ သေႏၶတည္ျခင္းလကၡဏာ (ဓမၼတာ ေပ်ာက္တာ၊ ပ်ိဳ႕အန္တာ၊ ရင္သား ေပ်ာ႔ၿပီး ဒဏ္ျဖစ္တာ) ေတြ႐ွိေနေသးတယ္ဆိုရင္ေတာ႔ ေနာက္တစ္ပတ္ ေစာင္႔ၿပီး ေနာက္တစ္ႀကိမ္ထပ္စစ္ပါ။ ဒါမွမဟုတ္ ဆရာ၀န္ျပၿပီး ကိုယ္၀န္႐ွိမ႐ွိ ေသြးစစ္ေဆးမႈလုပ္ပါ။

ေသြးစစ္ျခင္း။

ေသြးစစ္နည္း ႏွစ္မ်ိဳး႐ွိပါတယ္။ အေရအတြက္အရ (quantitative) ေသြးစစ္ တိုင္းတာမႈနဲ႔ ေသြးထဲက hCG ပမာဏကို တိုင္းတာႏိုင္ၿပီး အရည္အေသြးအရ (qualitative) ေသြးစစ္တိုင္းတာမႈနဲ႔ ဆိုရင္ေတာ႔ ကိုယ္၀န္ (႐ွိ/မ႐ွိ) ဆိုတဲ႔ ႐ိုး႐ွင္းတဲ႔အေျဖတစ္ခုကို ရမွာပါ။

ကိုယ္၀န္ ႐ွိ/မ႐ွိ ေသြးစစ္ျခင္းရဲ႕ အားသာခ်က္။

-ဆီးစစ္တာ ထက္ပိုၿပီး ကိုယ္၀န္ျဖစ္ႏိုင္ေျခကို ၇ရက္မွ ၁၂ရက္ထိ ေစာသိႏိုင္ပါတယ္။ (ဒါေပမဲ႔ ကိုယ္၀န္ မ႐ွိဘူးလို႔အေျဖထြက္ၿပီး သေႏၶတည္မႈ လကၡဏာေတြ ျပေနေသးတယ္ဆိုရင္ေတာ႔ ဓမၼတာစေပ်ာက္တဲ႔ ရက္ကို ေစာင္႔ၿပီး ထပ္စစ္ရဦးမွာပါ။)

-ေသြးထဲမွာ႐ွိတဲ႔ hCG ေဟာ္မုန္းပါ၀င္မႈ အတိုင္းအတာကို သိႏိုင္ပါတယ္။ (ဆရာ၀န္ေတြက အဲ႔ဒီ႔အတိုင္းအတာကို ၾကည္႔ၿပီး သေႏၶတည္မႈမွာ ျဖစ္တတ္တဲ႔ ျပႆနာေတြရဲ႕ အတိအက်ကို ေျခရာခံႏိုင္ပါတယ္။)

ေသြးစစ္ျခင္းရဲ႕ အားနည္းခ်က္။

-ဆီးစစ္တာထက္ ေငြကုန္ေၾကးက်မ်ားတယ္။ (ဆရာ၀န္ စစ္ေဆးခနဲ႔ ဓာတ္ခြဲခန္း ကုန္က်စရိတ္)

-အေျဖထြက္ဖို႔ အခ်ိန္ယူရတယ္။

-ေဆး႐ံု၊ ေဆးခန္းမွာသာ စစ္ေဆးႏိုင္တယ္။

Credit:ျမ၀တီ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးဖို့ရာ ဆီးစစ်ခြင်းနဲ့ သွေးစစ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ စစ်ဆေးမှု နှစ်မျိုးစလုံးက human chorionic gonadotropin (hCG) လို့ခေါ်တဲ့ ဟော်မုန်းတည်ရှိမှုကို ရှာဖွေစစ်ဆေးမှုပါပဲ။ သားအိမ်လွှာမှာ သားလောင်းက သွားကပ်တာနဲ့ များမကြာမီမှာပဲ အချင်းကနေ အဲ့ဒီ့ဟော်မုန်းကို ထုတ်ပါတယ်။ ပြီးတော့ hCG ဟော်မုန်းတွေဟာ သန္ဓေစတည် စတည်တဲ့ရက်အနည်းငယ်အတွင်းမှာပဲ အလျှင်အမြန်ဖြစ်တည်လာပါတော့တယ်။ ဟော်မုန်းတွေ အလျှင်အမြန်ပြောင်းလဲ လာတာကြောင့် သန္ဓေတည်ခြင်းလက္ခဏာအများစု ဖြစ်လာတာပါ။

ဆီးစစ်ခြင်း။

ဆီးစစ်တာကို မတူညီတဲ့ နည်းလမ်းနှစ်မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ ပြီးတော့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံသွားပြပြီး ဖြစ်ဖြစ် စစ်ဆေးနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ ဆီးကို ခွက်တစ်ခုနဲ့ခံ၊ ဆီးစစ်တံကို နှစ်ထားပါ (ဆီးစစ်တံမှာပါတဲ့ စစ်ခွက်ထဲကို အစက်ချပြွန်နဲ့စုပ်ပြီး ထည့်ပါ)။ နောက်တစ်မျိုးကတော့ ဆီးသွားပြီး ဆီးစီးကြောင်း အလယ်အရောက်မှာ ဆီးစစ်တံနဲ့ ခံထားလိုက်တာပါပဲ။

အဖြေထွက်လာဖို့အတွက် အချိန်ဘယ်လောက်စောင့်တယ်ဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့လည်း စစ်ချက်တွေက ပြောင်းပါတယ်။ ဆီးစစ်တံရဲ့ အရောင်ပြောင်းမယ်၊ လိုင်း(အရစ်)ပေါ်မယ်၊ သင်္ကေတ (အနုတ် ဒါမှမဟုတ် အပေါင်း) ပေါ်ဖို့ စောင့်ဆိုင်းရပါမယ်။

စစ်ဆေးမှုတိုင်းအတွက် ဆီးစစ်တံအိတ်ခွံမှာ ညွှန်ကြားချက်တွေ ပါရှိပါတယ်။ တိကျတဲ့အဖြေရဖို့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဖို့လိုအပ်ပါတယ်။ ဆီးစစ်ဖို့ ဆီးယူတဲ့အခါမှာ စထွက်တဲ့ဆီးကို မယူပဲ အလယ်ဆီးကိုယူဖို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။

ဘယ်အချိန်မှာ ဆီးစစ်ရမလဲ။

ကိုယ်ဝန် ရှိ/မရှိ ဆီးစစ်မစစ်ခင် ဓမ္မတာ စပျောက်တဲ့နေ့ထိ စောင့်ဖို့ ဆရာဝန်အများစုက အကြံပေးထားပါတယ်။ ကိုယ်ဝန် စတည်ပြီး ၂ပတ်ခန့်အကြာမှာ စသိရလေ့ရှိပါတယ်။

ဆီးစစ်တာ ဘယ်လောက်ထိ တိကျပါသလဲ။

ဆီးစစ်တာကို ညွှန်ကြားချက်တွေအတိုင်း မှန်မှန်ကန်ကန် စစ်နိုင်မယ်ဆိုရင် ၉၇ ရာခိုင်နှုန်း တိကျမှုရှိပါတယ်။

ဆီးစစ်တံ အသုံးပြုပြီး ကိုယ်ဝန်စစ်ဆေးတာ ကောင်းပါတယ်။ အိမ်မှာတင် စစ်လို့ရပြီး ကုန်ကျစရိတ်လည်း သက်သာလို့ပါ။ အဖြေ မြန်မြန်ထွက်တယ်၊ အသုံးပြုရတာလည်းလွယ်ကူတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ညွှန်ကြားချက်အတိုင်း မတိကျဘူး၊ စစ်ဆေးချိန်ဟာ အရမ်းစောနေမယ်ဆိုရင်တော့ ရလာတဲ့ အဖြေက တိကျမှာ မဟုတ်ပါဘူး။

ဆီးစစ်ပြီးလို့ ကိုယ်ဝန်မရှိဘူးလို့ အဖြေထွက်နေတဲ့ မိန်းကလေးတစ်ယောက်မှာ သန္ဓေတည်ခြင်းလက္ခဏာ (ဓမ္မတာ ပျောက်တာ၊ ပျို့အန်တာ၊ ရင်သား ပျော့ပြီး ဒဏ်ဖြစ်တာ) တွေရှိနေသေးတယ်ဆိုရင်တော့ နောက်တစ်ပတ် စောင့်ပြီး နောက်တစ်ကြိမ်ထပ်စစ်ပါ။ ဒါမှမဟုတ် ဆရာဝန်ပြပြီး ကိုယ်ဝန်ရှိမရှိ သွေးစစ်ဆေးမှုလုပ်ပါ။

သွေးစစ်ခြင်း။

သွေးစစ်နည်း နှစ်မျိုးရှိပါတယ်။ အရေအတွက်အရ (quantitative) သွေးစစ် တိုင်းတာမှုနဲ့ သွေးထဲက hCG ပမာဏကို တိုင်းတာနိုင်ပြီး အရည်အသွေးအရ (qualitative) သွေးစစ်တိုင်းတာမှုနဲ့ ဆိုရင်တော့ ကိုယ်ဝန် (ရှိ/မရှိ) ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတစ်ခုကို ရမှာပါ။

ကိုယ်ဝန် ရှိ/မရှိ သွေးစစ်ခြင်းရဲ့ အားသာချက်။

-ဆီးစစ်တာ ထက်ပိုပြီး ကိုယ်ဝန်ဖြစ်နိုင်ခြေကို ၇ရက်မှ ၁၂ရက်ထိ စောသိနိုင်ပါတယ်။ (ဒါပေမဲ့ ကိုယ်ဝန် မရှိဘူးလို့အဖြေထွက်ပြီး သန္ဓေတည်မှု လက္ခဏာတွေ ပြနေသေးတယ်ဆိုရင်တော့ ဓမ္မတာစပျောက်တဲ့ ရက်ကို စောင့်ပြီး ထပ်စစ်ရဦးမှာပါ။)

-သွေးထဲမှာရှိတဲ့ hCG ဟော်မုန်းပါဝင်မှု အတိုင်းအတာကို သိနိုင်ပါတယ်။ (ဆရာဝန်တွေက အဲ့ဒီ့အတိုင်းအတာကို ကြည့်ပြီး သန္ဓေတည်မှုမှာ ဖြစ်တတ်တဲ့ ပြဿနာတွေရဲ့ အတိအကျကို ခြေရာခံနိုင်ပါတယ်။)

သွေးစစ်ခြင်းရဲ့ အားနည်းချက်။

-ဆီးစစ်တာထက် ငွေကုန်ကြေးကျများတယ်။ (ဆရာဝန် စစ်ဆေးခနဲ့ ဓာတ်ခွဲခန်း ကုန်ကျစရိတ်)

-အဖြေထွက်ဖို့ အချိန်ယူရတယ်။

-ဆေးရုံ၊ ဆေးခန်းမှာသာ စစ်ဆေးနိုင်တယ်။

Credit:မြဝတီ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top