႐ုပ္ခ်င္းဆင္လို႔ ေပါင္းသြားရတာထက္ လက္ထပ္ၿပီးေတာ့မွ ႐ုပ္ခ်င္းတူလာၾကတာ ပိုမ်ားတယ္။
တြဲတာၾကာလာတဲ့ စံုတြဲေတြ တျဖည္းျဖည္း ႐ုပ္ခ်င္းဆင္လာတာကို သတိထားမိဖူးလား။ မဒီ့အသိ စံုတြဲေတြမွာေတာ့ အဲ့လိုမ်ိဳးေတြ ေတြ႔ဖူးတယ္။ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းလည္းခ်စ္တယ္၊ တြဲတာလည္းၾကာၿပီဆို သူတုိ႔ႏွစ္ေယာက္က တျဖည္းျဖည္း ႐ုပ္ခ်င္းဆင္လာေတာ့တာ။ ခ်စ္သူေတြ ျဖစ္စတုန္းကနဲ႔ တျခားစီပဲ။ ၾကာေလေလ မ်က္ႏွာခ်င္းက ဆင္တူေလေလျဖစ္လာရျခင္းကို သိပၸံနည္းက စဥ္းစားအေျဖ႐ွာလိုက္ေတာ့ ဒါေတြေၾကာင့္လို႔ ဆုိတယ္။
၁။ အတူတူ႐ွိေနတာၾကာလို႔
သြားအတူ လာအတူ စားအတူ ဆုိေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အတူတူလုပ္ျဖစ္တဲ့အရာေတြ မ်ားလာတယ္။ စားတာေတြလည္းတူေနေတာ့ ပိန္တဲ့လူက ဝလာတယ္၊ ဝတဲ့လူလည္း ပိန္လာတယ္။ အႀကိဳက္ေတြပါ မသိမသာ တူလာေတာ့ ပံုစံကလည္း ဆင္လာတယ္ေလ။
၂။ အျပန္အလွန္မွ်ေဝတယ္
တစ္ေယာက္အႀကိဳက္ဆံုးအရာေတြကို ေနာက္တစ္ေယာက္က လိုက္လုပ္ျဖစ္တာ ခ်စ္သူတုိ႔ သဘာဝပဲမဟုတ္လား။ ဆိုၾကပါစို႔ ေနပူဆာလႈံရတာႀကိဳက္တဲ့လူကို ခ်စ္သူေတာ္ထားရေတာ့ ျဖဴတဲ့အသားေလးလည္း ညိဳစိမ့္စိမ့္ျဖစ္လာတယ္ေလ။
၃။ ႐ုပ္ခ်င္းဆင္လာတာကိုလည္း သေဘာက်တယ္
ဒါေၾကာင့္မုိ႔လို႔လည္း couple thing ေတြ ေရာင္းေကာင္းေနတာေပါ့။ ဆင္တူေလးေတြဝတ္တယ္။ ဖက္႐ွင္ဆင္တူေလးေတြ ၊ အသံုးအေဆာင္ ဆင္တူေလးေတြ သံုးရတာကို ေပ်ာ္လာတာကိုး။
၄။ ကိုယ္ခံစြမ္းအား
အတူတူေနခ်ိန္ေတြ မ်ားလာတယ္။ လုပ္ေဆာင္မႈေတြကလည္း တူေနတယ္ဆုိေတာ့ ကိုယ္ခံစြမ္းအားခ်င္းက တူလာၿပီ။ စားေသာက္ေနထုိင္မႈပံုစံေတြ ၊ လူမႈဘဝေတြက အတူတူျဖစ္ေနတာက အဓိကအေၾကာင္းရင္းပါ။ အိမ္ေထာင္သက္ရွည္ေနတဲ့ ဇနီးေမာင္ႏွံေတြကိုေလ့လာၾကည့္တဲ့အခါ ကိုယ္ခံစြမ္းအားခ်င္း တူေနတာ ေတြ႔ရပါတယ္။
မတူညီမႈေတြနဲ႔ တူညီမႈေတြဆုိတာ အၿမဲတမ္း ႐ွိေနတတ္တဲ့အရာေတြပါ။ ႐ုပ္ခ်င္းတူေနသူေတြ ညားတယ္ဆုိတာလည္း ခပ္႐ွားရွားပါ။ ညားသြားတဲ့လူေတြကသာ ရုပ္ခ်င္းေတြ ဆင္ကုန္တာပါ။ ဒါေပမဲ့ ရုပ္ခ်င္းမဆင္လည္း အခ်စ္က အခ်စ္ပဲမဟုတ္လား။ အခ်စ္စစ္ရင္ ဒါေတြက အခ်စ္ေလာက္ အေရးမပါေတာ့ဘူးဆုိတာကိုေတာ့ ထပ္ေလာင္း ေျပာလိုက္ခ်င္ပါတယ္။
Source : Bright Side
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရုပ်ချင်းဆင်လို့ ပေါင်းသွားရတာထက် လက်ထပ်ပြီးတော့မှ ရုပ်ချင်းတူလာကြတာ ပိုများတယ်။
တွဲတာကြာလာတဲ့ စုံတွဲတွေ တဖြည်းဖြည်း ရုပ်ချင်းဆင်လာတာကို သတိထားမိဖူးလား။ မဒီ့အသိ စုံတွဲတွေမှာတော့ အဲ့လိုမျိုးတွေ တွေ့ဖူးတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းလည်းချစ်တယ်၊ တွဲတာလည်းကြာပြီဆို သူတို့နှစ်ယောက်က တဖြည်းဖြည်း ရုပ်ချင်းဆင်လာတော့တာ။ ချစ်သူတွေ ဖြစ်စတုန်းကနဲ့ တခြားစီပဲ။ ကြာလေလေ မျက်နှာချင်းက ဆင်တူလေလေဖြစ်လာရခြင်းကို သိပ္ပံနည်းက စဉ်းစားအဖြေရှာလိုက်တော့ ဒါတွေကြောင့်လို့ ဆိုတယ်။
၁။ အတူတူရှိနေတာကြာလို့
သွားအတူ လာအတူ စားအတူ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အတူတူလုပ်ဖြစ်တဲ့အရာတွေ များလာတယ်။ စားတာတွေလည်းတူနေတော့ ပိန်တဲ့လူက ဝလာတယ်၊ ဝတဲ့လူလည်း ပိန်လာတယ်။ အကြိုက်တွေပါ မသိမသာ တူလာတော့ ပုံစံကလည်း ဆင်လာတယ်လေ။
၂။ အပြန်အလှန်မျှဝေတယ်
တစ်ယောက်အကြိုက်ဆုံးအရာတွေကို နောက်တစ်ယောက်က လိုက်လုပ်ဖြစ်တာ ချစ်သူတို့ သဘာဝပဲမဟုတ်လား။ ဆိုကြပါစို့ နေပူဆာလှုံရတာကြိုက်တဲ့လူကို ချစ်သူတော်ထားရတော့ ဖြူတဲ့အသားလေးလည်း ညိုစိမ့်စိမ့်ဖြစ်လာတယ်လေ။
၃။ ရုပ်ချင်းဆင်လာတာကိုလည်း သဘောကျတယ်
ဒါကြောင့်မို့လို့လည်း couple thing တွေ ရောင်းကောင်းနေတာပေါ့။ ဆင်တူလေးတွေဝတ်တယ်။ ဖက်ရှင်ဆင်တူလေးတွေ ၊ အသုံးအဆောင် ဆင်တူလေးတွေ သုံးရတာကို ပျော်လာတာကိုး။
၄။ ကိုယ်ခံစွမ်းအား
အတူတူနေချိန်တွေ များလာတယ်။ လုပ်ဆောင်မှုတွေကလည်း တူနေတယ်ဆိုတော့ ကိုယ်ခံစွမ်းအားချင်းက တူလာပြီ။ စားသောက်နေထိုင်မှုပုံစံတွေ ၊ လူမှုဘဝတွေက အတူတူဖြစ်နေတာက အဓိကအကြောင်းရင်းပါ။ အိမ်ထောင်သက်ရှည်နေတဲ့ ဇနီးမောင်နှံတွေကိုလေ့လာကြည့်တဲ့အခါ ကိုယ်ခံစွမ်းအားချင်း တူနေတာ တွေ့ရပါတယ်။
မတူညီမှုတွေနဲ့ တူညီမှုတွေဆိုတာ အမြဲတမ်း ရှိနေတတ်တဲ့အရာတွေပါ။ ရုပ်ချင်းတူနေသူတွေ ညားတယ်ဆိုတာလည်း ခပ်ရှားရှားပါ။ ညားသွားတဲ့လူတွေကသာ ရုပ်ချင်းတွေ ဆင်ကုန်တာပါ။ ဒါပေမဲ့ ရုပ်ချင်းမဆင်လည်း အချစ်က အချစ်ပဲမဟုတ်လား။ အချစ်စစ်ရင် ဒါတွေက အချစ်လောက် အရေးမပါတော့ဘူးဆိုတာကိုတော့ ထပ်လောင်း ပြောလိုက်ချင်ပါတယ်။
Source : Bright Side
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» အရမ္းခ်စ္တဲ့စံုတြဲေတြ တျဖည္းျဖည္း ႐ုပ္ခ်င္းတူလာရတဲ့အေၾကာင္းရင္း
အရမ္းခ်စ္တဲ့စံုတြဲေတြ တျဖည္းျဖည္း ႐ုပ္ခ်င္းတူလာရတဲ့အေၾကာင္းရင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။