ကၽြန္မေလွကားတက္ရမွာဆို သိပ္မုန္းတယ္။ ျဖစ္ခ်င္ေတာ့ ကိုယ့္အိမ္ေရာ၊ ကိုယ့္အဖြားအိမ္ေရာက ေျမညီထပ္ဆုိေတာ့ ကိုယ္ေလွကားတက္ပ်င္းတာ သိပ္မဆန္းေတာ့ပါဘူး။ အခုလည္း အခ်စ္ဆံုးသူငယ္ခ်င္းၾကီး ႏြယ္နီမအိမ္ကို ေလွ်ာက္ရျပန္ျပီ။ သူ႔အိမ္ကလည္း ဟိုးခုနစ္လႊာ။ ဒါေပမယ့္လည္း မတတ္ႏိုင္ဘူးေလ။ ကိုယ္က ဒီေန႔ေက်ာင္းလစ္ထားေတာ့ သူ႔ဆီက စာမေမးလို႔မရဘူး။ မဟုတ္ရင္ ေနာက္တစ္ပတ္ေျဖရမယ့္ စာေမးပြဲမွာ ဂြမ္းျပီေလ။
ႏြယ္နီမ အိမ္ကို ဒါနဲ႔ဆိုမွ ၂ေခါက္လာပဲေရာက္ဖူးတယ္။ ပထမတစ္ေခါက္က သူတို႔အိမ္တက္ပြဲ။ ခုတစ္ေခါက္ကေတာ့ ကိုယ္စာေမးဖုိ႔။ ႏြယ္နီတို႔အိမ္ ကၽြန္မတို႔အိမ္နဲ႔ သိပ္ေတာ့မေဝးပါဘူး။ ဒါေပမယ့္လည္း အိမ္ျပင္ထြက္ပ်င္းတဲ့ ကိုယ့္အဖို႔ေတာ့ နည္းနညး္ကသိကေအာက္ႏုိင္တယ္။
ေလွကားစတက္ခ်င္းပဲ ခလုတ္တိုက္မိလို႔ ေျခမထိသြားေသးတယ္။ ျဖစ္လည္းျဖစ္သင့္ပါတယ္။ ကိုယ္တုိင္ကလည္း စိတ္မရွည္တရွည္နဲ႔ ေဆာင့္ၾကီးေငါင့္ၾကီးတက္တာကိုး။ ဒါနဲ႔ထိသြားတဲ့ေျခမေလးကို အသာအယာပြတ္ေပးျပီး ေလွကားေပၚဆက္တက္လုိက္တယ္။ ႏြယ္နီတုိ႔တိုက္က တုိက္အေဟာင္းဆိုေတာ့ ေလွကားထစ္နံရံေတြေဆြးျပီး ဟိုေခ်ာင္ဒီေခ်ာင္ေအာက္နားေလးေတြမွာ ပိုးဟပ္အေတာင္၊ ပိုးဟပ္အခြံေလးေတြေတြ႔ေနရတယ္။
ပထမထပ္ေရာက္ေတာ့မွာ ကြိဳင္စတက္ေရာ။ မီးပ်က္သြားတယ္။ ေလွကားမီးေတြလည္းမွိတ္ကုန္ေတာ့ ေမွာင္ၾကီးမဲၾကီးနဲ႔။ ကိုယ္ကလည္း ဖုနး္မပါသြားေတာ့ ဖုန္းမီးထုတ္ဖြင့္လို႔မရျပန္။ အခ်ိန္က ည၆ခြဲဆိုေပမယ့္ ေဆာင္းတြင္းမို႔ အေတာ္ေမွာင္ေနတယ္။ ေတာ္ရုံတန္ရုံအေမွာင္ေၾကာက္တတ္တဲ့သူမဟုတ္လုိ႔သာ ဒီေလွကားမ်ိဳးကို စမ္းတဝါးဝါးတက္ရဲတာ။
ေဟာ..ဟဲ..ေဟာ..ဟဲ..
ကိုယ္တက္တာ ဘယ္ႏွထပ္ရွိျပီလဲေတာ့မသိဘူး။ လူကအေတာ္ေမာေနျပီ။ ကံေကာင္းခ်င္ေတာ့ ေလွကားျပတင္းေပါက္ထဲက အလင္းေဖ်ာ႔တစ္ခုတုိးဝင္လာတယ္။ လေရာင္ေပါ့။ ဒါနဲ႔ေဘးဘီေဝ့ၾကည့္လုိက္ေတာ့ ၅လႊာတဲ့။ ဟူး။ ေနာက္ႏွစ္ထပ္ပဲ ထပ္တက္ရေတာ့မယ္လို႔ စိတ္အားတင္းရင္ အေပၚကို ခပ္ျမန္ျမန္ေျပးတက္သြားလိုက္တယ္။
ဝုန္း။
ကိုယ္အားကုန္ေျပးတက္လိုက္တာ ေနာက္တစ္ထပ္လည္းေရာက္ေရာ တစ္ေယာက္ေယာက္ကို ဝင္တုိက္မိသြားတယ္။ ကမန္းကတန္း လွည့္ေတာင္းပန္ဖုိ႔ၾကည့္လုိက္ေတာ့ အဖြားတစ္ေယာက္။ အသက္(၇၀)နီးပါးေလာက္ရွိမယ္။ လေရာင္နဲ႔မို႔ လံုးဝအရွင္းၾကီးမျမင္ရေပမယ့္ သူကိုယ့္ကိုစိုက္ၾကည္ေနတာေတာ့သိလုိက္တယ္။
“ေအာ္။ အဖြား၊ ကန္ေတာ့ေနာ္။ တစ္ခုခုထိမိသြားေသးလား။ သမီးအေမွာင္ထဲမို႔ မျမင္လိုက္မိလုိ႔ပါ။”
ခ်က္ခ်င္းဆိုသလို သတိထားမိတာက ေအာက္မွာက်ေနတဲ့ျခင္းေတာင္း။ ကၽြန္မဝင္တုိက္မိလု႔ိ ျခင္းေတာင္းျပဳတ္က်သြားပံုရတယ္။ ကုိယ္လည္း အေတာ္အားနာျပီး ငံု႔ယူေပးဖို႔အလုပ္မွာ…
“ရတယ္ေျမးေလး၊ ဖြားဖြားပဲယူလိုက္မယ္။”
“မဟုတ္တာ ဖြားဖြားရာ၊ သမီးတုိက္မိလုိ႔ ျပဳတ္က်တာပဲကို၊ သမီးယူေပးပါ့မယ္။”
“ဒါဆို ျခင္းေတာင္းကို ဖြားဖြားပဲေကာက္လုိက္မယ္။ ေျမးေလး ကူညီခ်င္သပဆုိရင္ ဖြားဖြားကို ဟိုေလွကားထစ္ေထာင့္နားက မ်က္လံုးေလးေကာက္ယူေပးပါလား။”
ကၽြန္မဘာေျပာရမွန္းမသိ၊ ၾကက္ေသေသသြားမိတယ္။ ဖ်တ္ခနဲဆိုသလို မီးထလင္းလာတယ္။ အေရွ႕ကျမင္ကြင္းေၾကာင့္ ကၽြန္မႏွလံုးတစ္ခုလံုး ဖိုးသိုးဖတ္သတ္ဒုန္းဆုိင္းေနတယ္။ ေၾကာက္စိတ္ေတြမႊန္ျပီး ေခါင္းေတြခဲလာတယ္။ ဘာလုပ္လုိ႔ဘာကိုင္ရမယ္မွန္းေတာင္မသိေတာ့ဘူး။
အူကလီစာျပဳတ္ထြက္ျပီး မ်က္လံုးအိမ္တစ္ဖက္ ေဟာင္းေလာင္းျဖစ္ေနတဲ့ တေစၦတစ္ေကာင္ ကိုယ့္အေရွ႕မွာရပ္ျပီး ကိုယ့္ကိုစိုက္ၾကည့္ေနရင္ ေယာင္းတုိ႔ေရာ မေၾကာက္ပဲေနမလား။ ျပဳတ္က်ေနတဲ့ ျခင္းေတာင္းစုတ္ေဘးမွာ ျပန္႔က်ဲေနတဲ့ ပိုးဟပ္နဲ႔ၾကြက္ေသေတြ။ ေလွကားေထာင့္နားမွာေတာ့ လူမ်က္လံုးတစ္လံုး။
“ေျမးေလးေရ။ ဖြားဖြားမ်က္လံုး ေကာက္ေပးပါလား”
အူတစ္လစ္နဲ႔ တေစၦေကာင္ၾကီးကိုယ့္အနားကပ္လာေတာ့ မရွိရွိမယ့္အားေလးနဲပဲ သံကုန္ဟစ္ေအာ္ျပီး အေပၚတစ္ထပ္ကိုေျပးတက္လိုက္တယ္။ ကိုယ္တံခါးနားေရာက္လွ်င္ပဲ ကံေကာင္းေထာက္မစြာ ႏြယ္နီက တံခါးေျပးဖြင့္ေပးတယ္။ ေခၽြးတရႊဲရြဲနဲ႔ ဖရုိဖရဲဆန္ေနေတာ့ ႏြယ္နီက စိုးရိမ္ျပီးလွမ္းေမးတယ္။
“ရီေဝ၊ နင္ဘာျဖစ္လာတာလဲ။”
“သ..သရဲ..သရဲေတြ႔လို႔။”
“ဟင္..ဘယ္မွာလဲ”
“ေအာက္တစ္ထပ္မွာ။ အူေတြ ကလီစာေတြျပဳတ္ထြက္ေနတဲ့ တေစၦ`…ေဟာဟဲ…ေဟာဟဲ”
“နင္လည္းအေျခာက္ခံရတာလား”
ႏြယ္နီ႔စကားသံအရ ကၽြန္မတစ္ေယာက္တည္းအေျခာက္ခံရတာမဟုတ္မွန္းသိလိုက္ရျပီ။ ကၽြန္မတို႔စကားသံကိုၾကားလိုက္တဲ့ ႏြယ္နီ႔အေမကဝင္ေျပာျပတယ္။
“သမီးေရ..သမီးတစ္ေယာက္တည္းမဟုတ္ဘူး။ ၈လႊာက လင္မယားေတြလည္းေျပာတယ္။ ည၆ခြဲေလာက္ဆို အဖြားၾကီးတစ္ေယာက္ ျခင္းေတာင္းကိုင္ျပီးေလွကားဆင္းသြားတယ္လုိ႔။ အန္တီတို႔နဲ႔ေတာ့ မတုိးေသးဘူး။ ဒီအိမ္ကိုစေျပာင္းလာေတာ့ သူမ်ားေတြေျပာသံၾကားတယ္။ အန္တီတို႔ေဘးခန္းမွာ လြန္ခဲ့တဲ့၂ႏွစ္ေလာက္က အဖြားအိုတစ္ေယာက္ေနဖူးတယ္။ သူ႔မွာသားသမီးမရွိဘူး။ ေဆြးမ်ိဳးသားခ်င္းေတြကလည္း ေဝးေတာ့ သူတစ္ေယာက္တည္းခ်က္ျပဳတ္စားေသာက္ရရွာတယ္။ ဒါေပမယ့္ သူကေရႊဆြဲၾကိဳးအၾကီးတစ္ကံုးေတာ့အျမဲဝတ္ေလ့ရွိတယ္တဲ့။ သူ႔ေယာက္်ားမေသခင္ကေပးခဲ့တဲ့အေမြဆုိပဲ။ တစ္ရက္ည၆ခြဲေလာက္ ညေစ်းဘက္ကိုသြားဖုိ႔ ေစ်းျခင္းေတာင္းကိုင္ျပီးေလွကားဆင္းရင္းနဲ႔ ဓားျပတစ္ေကာင္နဲ႔တုိးေရာ။ ဓားျပက ျခိမ္းေျခာက္ျပီး ေရြဆြဲၾကိဳးေတာင္းေတာ့ သူကအသံကုန္ဟစ္ေအာ္ေတာ့ ဟိုကေဒါသထြက္ျပီး ဓားနဲ႔ဆြဲထိုးျပီး ေရႊဆြဲၾကိဳးကိုျဖဳတ္ေျပးေရာ။
ဓားျပပဲတုံးတာလား၊ အဖြားၾကီးပဲ ကံမေကာင္းတာလားေတာ့မသိဘူး၊ ေအာက္တစ္ထပ္ဆင္းေျပးခ်ငး္ပဲ အဲ့ဓားျပမိသြားတယ္။ ဒါေပမယ့္ အဖြားၾကီးကေတာ့ အသက္မရွင္ေတာ့ဘူး။ အူေတြျပဳတ္ထြက္ေလာက္ေအာင္ကို ဓားထုိးၾကမ္းသြားတယ္။ မ်က္လံုးကိုလည္း ဆြဲထိုးထားပံုရတယ္။
ေနာက္ေတာ့မွသိရတာက အဲ့ဓားျပက အဖြားၾကီးရဲ႕ အေဝးကတူတဲ့။ အဖြားၾကီးမွာ ေရႊေတြပါေတြရွိေနတာသိေတာ့ အဖြားၾကီးအိမ္လာေခ်ာင္းရင္း အဲ့ဒီ့လုိေတြျဖစ္ကုန္ေရာတဲ့။ အန္တီေတာ့ဒီေလာက္ပဲသိတာ။ သမီးသူငယ္ခ်င္းေတာင္ အဲ့၆နာရီခြဲဝန္းက်င္ဆို ေလွကားေအာက္မဆင္းဘူး။”
ႏြယ္နီ႔အေမက ကၽြန္မအဖို႔ အေအးေတြပါေတြေဖ်ာ္တုိက္ျပီး အိမ္ေအာက္ထိလိုက္ပို႔ေပးပါတယ္။ မဟုတ္ရင္လည္း ကၽြန္မဆင္းရဲမွာမဟုတ္ဘူးေလ။ ကၽြန္မႏွစ္ရက္ေလာက္ စားမဝင္အိပ္မေပ်ာ္ျဖစ္သြားတယ္။ ဘုရားစာေလးရြတ္ဖတ္ျပီး ေသသြားတဲ့အဲ့အဖြားရဲ႕ဝိဥာဥ္ကိုအမွ်ေဝေပးလုိက္မွပဲ ေနာက္ေန႔ပံုမွန္ျဖစ္သြားတယ္။ ဒါေပမယ့္ဆံုးျဖတ္လုိက္တယ္။ ႏြယ္နီ႔အိမ္လံုးဝမသြားေတာ့ဘူးလုိ႔။
Credit:For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကျွန်မလှေကားတက်ရမှာဆို သိပ်မုန်းတယ်။ ဖြစ်ချင်တော့ ကိုယ့်အိမ်ရော၊ ကိုယ့်အဖွားအိမ်ရောက မြေညီထပ်ဆိုတော့ ကိုယ်လှေကားတက်ပျင်းတာ သိပ်မဆန်းတော့ပါဘူး။ အခုလည်း အချစ်ဆုံးသူငယ်ချင်းကြီး နွယ်နီမအိမ်ကို လျှောက်ရပြန်ပြီ။ သူ့အိမ်ကလည်း ဟိုးခုနစ်လွှာ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ။ ကိုယ်က ဒီနေ့ကျောင်းလစ်ထားတော့ သူ့ဆီက စာမမေးလို့မရဘူး။ မဟုတ်ရင် နောက်တစ်ပတ်ဖြေရမယ့် စာမေးပွဲမှာ ဂွမ်းပြီလေ။
နွယ်နီမ အိမ်ကို ဒါနဲ့ဆိုမှ ၂ခေါက်လာပဲရောက်ဖူးတယ်။ ပထမတစ်ခေါက်က သူတို့အိမ်တက်ပွဲ။ ခုတစ်ခေါက်ကတော့ ကိုယ်စာမေးဖို့။ နွယ်နီတို့အိမ် ကျွန်မတို့အိမ်နဲ့ သိပ်တော့မဝေးပါဘူး။ ဒါပေမယ့်လည်း အိမ်ပြင်ထွက်ပျင်းတဲ့ ကိုယ့်အဖို့တော့ နည်းနည်းကသိကအောက်နိုင်တယ်။
လှေကားစတက်ချင်းပဲ ခလုတ်တိုက်မိလို့ ခြေမထိသွားသေးတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ကိုယ်တိုင်ကလည်း စိတ်မရှည်တရှည်နဲ့ ဆောင့်ကြီးငေါင့်ကြီးတက်တာကိုး။ ဒါနဲ့ထိသွားတဲ့ခြေမလေးကို အသာအယာပွတ်ပေးပြီး လှေကားပေါ်ဆက်တက်လိုက်တယ်။ နွယ်နီတို့တိုက်က တိုက်အဟောင်းဆိုတော့ လှေကားထစ်နံရံတွေဆွေးပြီး ဟိုချောင်ဒီချောင်အောက်နားလေးတွေမှာ ပိုးဟပ်အတောင်၊ ပိုးဟပ်အခွံလေးတွေတွေ့နေရတယ်။
ပထမထပ်ရောက်တော့မှာ ကွိုင်စတက်ရော။ မီးပျက်သွားတယ်။ လှေကားမီးတွေလည်းမှိတ်ကုန်တော့ မှောင်ကြီးမဲကြီးနဲ့။ ကိုယ်ကလည်း ဖုန်းမပါသွားတော့ ဖုန်းမီးထုတ်ဖွင့်လို့မရပြန်။ အချိန်က ည၆ခွဲဆိုပေမယ့် ဆောင်းတွင်းမို့ အတော်မှောင်နေတယ်။ တော်ရုံတန်ရုံအမှောင်ကြောက်တတ်တဲ့သူမဟုတ်လို့သာ ဒီလှေကားမျိုးကို စမ်းတဝါးဝါးတက်ရဲတာ။
ဟော..ဟဲ..ဟော..ဟဲ..
ကိုယ်တက်တာ ဘယ်နှထပ်ရှိပြီလဲတော့မသိဘူး။ လူကအတော်မောနေပြီ။ ကံကောင်းချင်တော့ လှေကားပြတင်းပေါက်ထဲက အလင်းဖျော့တစ်ခုတိုးဝင်လာတယ်။ လရောင်ပေါ့။ ဒါနဲ့ဘေးဘီဝေ့ကြည့်လိုက်တော့ ၅လွှာတဲ့။ ဟူး။ နောက်နှစ်ထပ်ပဲ ထပ်တက်ရတော့မယ်လို့ စိတ်အားတင်းရင် အပေါ်ကို ခပ်မြန်မြန်ပြေးတက်သွားလိုက်တယ်။
ဝုန်း။
ကိုယ်အားကုန်ပြေးတက်လိုက်တာ နောက်တစ်ထပ်လည်းရောက်ရော တစ်ယောက်ယောက်ကို ဝင်တိုက်မိသွားတယ်။ ကမန်းကတန်း လှည့်တောင်းပန်ဖို့ကြည့်လိုက်တော့ အဖွားတစ်ယောက်။ အသက်(၇၀)နီးပါးလောက်ရှိမယ်။ လရောင်နဲ့မို့ လုံးဝအရှင်းကြီးမမြင်ရပေမယ့် သူကိုယ့်ကိုစိုက်ကြည်နေတာတော့သိလိုက်တယ်။
“အော်။ အဖွား၊ ကန်တော့နော်။ တစ်ခုခုထိမိသွားသေးလား။ သမီးအမှောင်ထဲမို့ မမြင်လိုက်မိလို့ပါ။”
ချက်ချင်းဆိုသလို သတိထားမိတာက အောက်မှာကျနေတဲ့ခြင်းတောင်း။ ကျွန်မဝင်တိုက်မိလု့ိ ခြင်းတောင်းပြုတ်ကျသွားပုံရတယ်။ ကိုယ်လည်း အတော်အားနာပြီး ငုံ့ယူပေးဖို့အလုပ်မှာ…
“ရတယ်မြေးလေး၊ ဖွားဖွားပဲယူလိုက်မယ်။”
“မဟုတ်တာ ဖွားဖွားရာ၊ သမီးတိုက်မိလို့ ပြုတ်ကျတာပဲကို၊ သမီးယူပေးပါ့မယ်။”
“ဒါဆို ခြင်းတောင်းကို ဖွားဖွားပဲကောက်လိုက်မယ်။ မြေးလေး ကူညီချင်သပဆိုရင် ဖွားဖွားကို ဟိုလှေကားထစ်ထောင့်နားက မျက်လုံးလေးကောက်ယူပေးပါလား။”
ကျွန်မဘာပြောရမှန်းမသိ၊ ကြက်သေသေသွားမိတယ်။ ဖျတ်ခနဲဆိုသလို မီးထလင်းလာတယ်။ အရှေ့ကမြင်ကွင်းကြောင့် ကျွန်မနှလုံးတစ်ခုလုံး ဖိုးသိုးဖတ်သတ်ဒုန်းဆိုင်းနေတယ်။ ကြောက်စိတ်တွေမွှန်ပြီး ခေါင်းတွေခဲလာတယ်။ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းတောင်မသိတော့ဘူး။
အူကလီစာပြုတ်ထွက်ပြီး မျက်လုံးအိမ်တစ်ဖက် ဟောင်းလောင်းဖြစ်နေတဲ့ တစ္ဆေတစ်ကောင် ကိုယ့်အရှေ့မှာရပ်ပြီး ကိုယ့်ကိုစိုက်ကြည့်နေရင် ယောင်းတို့ရော မကြောက်ပဲနေမလား။ ပြုတ်ကျနေတဲ့ ခြင်းတောင်းစုတ်ဘေးမှာ ပြန့်ကျဲနေတဲ့ ပိုးဟပ်နဲ့ကြွက်သေတွေ။ လှေကားထောင့်နားမှာတော့ လူမျက်လုံးတစ်လုံး။
“မြေးလေးရေ။ ဖွားဖွားမျက်လုံး ကောက်ပေးပါလား”
အူတစ်လစ်နဲ့ တစ္ဆေကောင်ကြီးကိုယ့်အနားကပ်လာတော့ မရှိရှိမယ့်အားလေးနဲပဲ သံကုန်ဟစ်အော်ပြီး အပေါ်တစ်ထပ်ကိုပြေးတက်လိုက်တယ်။ ကိုယ်တံခါးနားရောက်လျှင်ပဲ ကံကောင်းထောက်မစွာ နွယ်နီက တံခါးပြေးဖွင့်ပေးတယ်။ ချွေးတရွှဲရွဲနဲ့ ဖရိုဖရဲဆန်နေတော့ နွယ်နီက စိုးရိမ်ပြီးလှမ်းမေးတယ်။
“ရီဝေ၊ နင်ဘာဖြစ်လာတာလဲ။”
“သ..သရဲ..သရဲတွေ့လို့။”
“ဟင်..ဘယ်မှာလဲ”
“အောက်တစ်ထပ်မှာ။ အူတွေ ကလီစာတွေပြုတ်ထွက်နေတဲ့ တစ္ဆေ`…ဟောဟဲ…ဟောဟဲ”
“နင်လည်းအခြောက်ခံရတာလား”
နွယ်နီ့စကားသံအရ ကျွန်မတစ်ယောက်တည်းအခြောက်ခံရတာမဟုတ်မှန်းသိလိုက်ရပြီ။ ကျွန်မတို့စကားသံကိုကြားလိုက်တဲ့ နွယ်နီ့အမေကဝင်ပြောပြတယ်။
“သမီးရေ..သမီးတစ်ယောက်တည်းမဟုတ်ဘူး။ ၈လွှာက လင်မယားတွေလည်းပြောတယ်။ ည၆ခွဲလောက်ဆို အဖွားကြီးတစ်ယောက် ခြင်းတောင်းကိုင်ပြီးလှေကားဆင်းသွားတယ်လို့။ အန်တီတို့နဲ့တော့ မတိုးသေးဘူး။ ဒီအိမ်ကိုစပြောင်းလာတော့ သူများတွေပြောသံကြားတယ်။ အန်တီတို့ဘေးခန်းမှာ လွန်ခဲ့တဲ့၂နှစ်လောက်က အဖွားအိုတစ်ယောက်နေဖူးတယ်။ သူ့မှာသားသမီးမရှိဘူး။ ဆွေးမျိုးသားချင်းတွေကလည်း ဝေးတော့ သူတစ်ယောက်တည်းချက်ပြုတ်စားသောက်ရရှာတယ်။ ဒါပေမယ့် သူကရွှေဆွဲကြိုးအကြီးတစ်ကုံးတော့အမြဲဝတ်လေ့ရှိတယ်တဲ့။ သူ့ယောက်ျားမသေခင်ကပေးခဲ့တဲ့အမွေဆိုပဲ။ တစ်ရက်ည၆ခွဲလောက် ညဈေးဘက်ကိုသွားဖို့ ဈေးခြင်းတောင်းကိုင်ပြီးလှေကားဆင်းရင်းနဲ့ ဓားပြတစ်ကောင်နဲ့တိုးရော။ ဓားပြက ခြိမ်းခြောက်ပြီး ရွေဆွဲကြိုးတောင်းတော့ သူကအသံကုန်ဟစ်အော်တော့ ဟိုကဒေါသထွက်ပြီး ဓားနဲ့ဆွဲထိုးပြီး ရွှေဆွဲကြိုးကိုဖြုတ်ပြေးရော။
ဓားပြပဲတုံးတာလား၊ အဖွားကြီးပဲ ကံမကောင်းတာလားတော့မသိဘူး၊ အောက်တစ်ထပ်ဆင်းပြေးချင်းပဲ အဲ့ဓားပြမိသွားတယ်။ ဒါပေမယ့် အဖွားကြီးကတော့ အသက်မရှင်တော့ဘူး။ အူတွေပြုတ်ထွက်လောက်အောင်ကို ဓားထိုးကြမ်းသွားတယ်။ မျက်လုံးကိုလည်း ဆွဲထိုးထားပုံရတယ်။
နောက်တော့မှသိရတာက အဲ့ဓားပြက အဖွားကြီးရဲ့ အဝေးကတူတဲ့။ အဖွားကြီးမှာ ရွှေတွေပါတွေရှိနေတာသိတော့ အဖွားကြီးအိမ်လာချောင်းရင်း အဲ့ဒီ့လိုတွေဖြစ်ကုန်ရောတဲ့။ အန်တီတော့ဒီလောက်ပဲသိတာ။ သမီးသူငယ်ချင်းတောင် အဲ့၆နာရီခွဲဝန်းကျင်ဆို လှေကားအောက်မဆင်းဘူး။”
နွယ်နီ့အမေက ကျွန်မအဖို့ အအေးတွေပါတွေဖျော်တိုက်ပြီး အိမ်အောက်ထိလိုက်ပို့ပေးပါတယ်။ မဟုတ်ရင်လည်း ကျွန်မဆင်းရဲမှာမဟုတ်ဘူးလေ။ ကျွန်မနှစ်ရက်လောက် စားမဝင်အိပ်မပျော်ဖြစ်သွားတယ်။ ဘုရားစာလေးရွတ်ဖတ်ပြီး သေသွားတဲ့အဲ့အဖွားရဲ့ဝိဉာဉ်ကိုအမျှဝေပေးလိုက်မှပဲ နောက်နေ့ပုံမှန်ဖြစ်သွားတယ်။ ဒါပေမယ့်ဆုံးဖြတ်လိုက်တယ်။ နွယ်နီ့အိမ်လုံးဝမသွားတော့ဘူးလို့။
Credit:For Her Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဖြားဖြားမ်က္လံုး ေကာက္ေပးပါလား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။