iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအနွံေတြက က်န္းမာေရးအတြက္ အထူးေကာင္းမြန္ၿပီး ပံုမွန္စားေပးသင့္ပါတယ္။ ဒါ့ေၾကာင့္ ကမာၻေပၚမွာ က်န္းမာေရးအတြက္ အေကာင္းဆံုးအသီးမ်ားကို ေ၀မွ်ေပးခ်င္ပါတယ္။

Grapefruit

Citrus အသီးမ်ိဳးႏြယ္၀င္ေတြထဲမွာ Grapefruit က က်န္းမာေရးအတြက္အေကာင္းဆံုးပါဘဲ။

သူ႔မွာ ဗီတာမင္၊ သတၱဳဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ေနၿပီး ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။

ေသြးအတြင္း ကိုလက္စထေရာဓာတ္ကိုလည္း ေလ်ာ့က်ေစၿပီး ေက်ာက္ကပ္မွာ ေက်ာက္တည္တာေတြကိုလည္း ကာကြယ္ေပးပါတယ္။

နာနတ္သီး

နာနတ္သီး တစ္ခြက္စာ (237 ml) မွာ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္စီဓာတ္ထက္ေတာင္ ေက်ာ္လြန္ ပါ၀င္ပါတယ္။ အဲ့ဒီအျပင္ နာနတ္သီး 237 ml မွာ ေန႔စဥ္ လိုအပ္တဲ့ မဂၢနီဆီယမ္ဓာတ္ရဲ႕ ၇၆ ရာခိုင္ႏႈန္းပါ၀င္ပါတယ္။

Bromelain ဆိုတဲ့ အင္ဇိုင္းလည္းပါ၀င္ေနကာ ေရာင္ရမ္းတာကို ေလ်ာ့က်ေစပါတယ္။ အဲ့ဒီ အင္ဇိုင္းက ပရိုတင္းဓာတ္ကိုလည္း ေခ်ဖ်က္ႏိုင္ပါတယ္

နာနတ္သီးမွာ ပါ၀င္တဲ့ Bromelain ဓာတ္က ကင္ဆာေရာဂါကို ကာကြယ္ေပးၿပီး အႀကိတ္ေတြမျဖစ္လာေအာင္လည္းကာကြယ္ေပးပါတယ္။

ေထာပတ္သီး

ေထာပတ္သီးမွာ ကစီဓာတ္ပါ၀င္မႈနည္းၿပီး က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အဆီဓာတ္ေတြအမ်ားႀကီးပါ၀င္ေနပါတယ္။

ေထာပတ္သီးမွာ Oleic အက္ဆစ္ အဓိကပါ၀င္ၿပီး ေရာင္ရမ္းတာေတြကို ေလ်ာ့နည္းေစကာ ႏွလံုးက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။

Credit :  MyFood
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသီးအနှံတွေက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ပုံမှန်စားပေးသင့်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးများကို ဝေမျှပေးချင်ပါတယ်။

Grapefruit

Citrus အသီးမျိုးနွယ်ဝင်တွေထဲမှာ Grapefruit က ကျန်းမာရေးအတွက်အကောင်းဆုံးပါဘဲ။

သူ့မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

သွေးအတွင်း ကိုလက်စထရောဓာတ်ကိုလည်း လျော့ကျစေပြီး ကျောက်ကပ်မှာ ကျောက်တည်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

နာနတ်သီး

နာနတ်သီး တစ်ခွက်စာ (237 ml) မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီဓာတ်ထက်တောင် ကျော်လွန် ပါဝင်ပါတယ်။ အဲ့ဒီအပြင် နာနတ်သီး 237 ml မှာ နေ့စဉ် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ရဲ့ ၇၆ ရာခိုင်နှုန်းပါဝင်ပါတယ်။

Bromelain ဆိုတဲ့ အင်ဇိုင်းလည်းပါဝင်နေကာ ရောင်ရမ်းတာကို လျော့ကျစေပါတယ်။ အဲ့ဒီ အင်ဇိုင်းက ပရိုတင်းဓာတ်ကိုလည်း ချေဖျက်နိုင်ပါတယ်

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ပေးပြီး အကြိတ်တွေမဖြစ်လာအောင်လည်းကာကွယ်ပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ကစီဓာတ်ပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓာတ်တွေအများကြီးပါဝင်နေပါတယ်။

ထောပတ်သီးမှာ Oleic အက်ဆစ် အဓိကပါဝင်ပြီး ရောင်ရမ်းတာတွေကို လျော့နည်းစေကာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Credit :  MyFood

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top