iMyanmarHouse.com - Best Property Website for Myanmar
×

 တကယ္ေတာ့ အိပ္ေရးမဝျခင္းဆိုတာ ညဘက္အိပ္ေရးပ်က္ျခင္းေၾကာင့္ ျဖစ္ရတာမ်ားပါတယ္။

အလုပ္ထဲမွာ ငိုက္ျမည္းေနျခင္း၊ မၾကာခဏသမ္းေဝေနျခင္း၊ ခံုေပၚေမွာက္အိပ္လိုစိတ္ တဖြားဖြားေပၚျခင္းတို႔ဟာ အိပ္ေရးမဝျခင္းရဲ႕ လကၡဏာေတြျဖစ္ၿပီး အထက္လူႀကီး (သို႔) အလုပ္႐ွင္ေတြ႕ရင္ အလုပ္ထဲမွာ စိတ္မဝင္စားဘူးလို႔ မွတ္ယူသြားၿပီး အလုပ္ျပဳတ္ႏိုင္ေျခ မ်ားပါတယ္။ တကယ္ေတာ့ အိပ္ေရးမဝျခင္းဆိုတာ ညဘက္အိပ္ေရးပ်က္ျခင္းေၾကာင့္ ျဖစ္ရတာမ်ားပါတယ္။ အိပ္ေရးမဝျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို သိထားရင္ ကုသနည္းနဲ႔ ျပင္ဆင္နည္းကိုလည္း ေတြ႕ရွိႏိုင္ပါတယ္။

၁။ အိပ္ခ်ိန္မမွန္လို႔

အိပ္ခ်ိန္မမွန္ျခင္းက ေန႔ခင္းဘက္မွာ အိပ္ငိုက္ရျခင္းကို ျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခုပါပဲ။ ဒါေၾကာင့္လည္း ဆရာဝန္ေတြက ညဘက္မွာ အနည္းဆံုး (၆) နာရီကေန (၇) နာရီၾကား အိပ္ဖို႔အတြက္ အၾကံျပဳထားတာျဖစ္ပါတယ္။ မအိပ္ခင္ (၃) နာရီေလာက္အလိုမွာ ကဖင္းဓာတ္ပါဝင္တဲ့ ေကာ္ဖီတို႔၊ လက္ဖက္ရည္တို႔ ေသာက္သံုးျခင္းကို ေ႐ွာင္႐ွားတာကလည္း မနက္ခင္းအခ်ိန္မွာ လန္းဆန္းစြာႏိုးထေစႏိုင္ပါတယ္။

၂။ စိတ္ဖိစီးမႈမ်ားလို႔

စိတ္ဖိစီးမႈ၊ စိတ္က်ေရာဂါ၊ စိတ္ေသာကနဲ႔ ေဒါသမ်ားျခင္းလိုမ်ိဳး စိတ္အေျခအေနေတြက အိပ္စက္ျခင္းေပၚမွာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ႐ွိပါတယ္။ ဒီလိုနဲ႔ ထံုထိုင္းရီေဝၿပီး အိပ္မရတဲ့ ေန႔ေတြ၊ ညေတြကို ျဖစ္ေစႏိုင္ပါတယ္။ အိပ္ပ်က္ညေတြကို ဖယ္႐ွားဖို႔အတြက္ စိတ္မဖိစီးေအာင္ တတ္ႏိုင္သမွ်ေနပါ။ ကိစၥတိုင္းကို အေကာင္းဘက္က လွည့္ေတြးၾကည့္ပါ။ သမီးရည္းစား ဆက္ဆံေရးမွာ၊ အလုပ္ထဲမွာ ျပႆနာေလးေတြ႐ွိရင္လည္း တတ္ႏိုင္သမွ် ႀကိဳးစားျပဳျပင္ပါ။

၃။ အစားေသာင္းၾကမ္းလို႔

တခ်ိဳ႕လူေတြက ညစာကိုတမုန္းႀကိတ္ရင္ ညဘက္မွာ ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္မယ္လို႔ အထင္မွားၾကပါတယ္။ တကယ္ေတာ့ အဲဒါကမွားပါတယ္။ ညစာကို တတ္ႏိုင္သမွ်ေလွ်ာ့စားျခင္းက ပိုမိုေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ၿပီး ေနာက္တစ္ေန႔ မနက္မွာ အိပ္ေရးမဝျခင္းနဲ႔ ငိုက္ျမည္းသမ္းေဝျခင္းတုိ႔ကို ေ႐ွာင္႐ွားႏိုင္ပါတယ္။

၄။ ဆီးခ်ိဳေရာဂါ႐ွိုလို႔

ဆီးခ်ိဳေရာဂါ႐ွိသူေတြဟာ ခႏၶာကိုယ္အားနည္းၿပီး တစ္ေနကုန္အိပ္ခ်င္သလို၊ အိပ္ေရးမဝသလို ခံစားေနရတတ္ပါတယ္။ ဒါေၾကာင့္ မိမိမွာ ဆီးခ်ိဳ႐ွိတယ္လို႔ သံသယ႐ွိေနရင္ အခ်ိန္မီ စစ္ေဆးကုသမႈကို ခံယူသင့္ပါတယ္။ ဆီးခ်ိဳ႐ွိေနတာ ေသခ်ာၿပီဆုိရင္လည္း အစားအေသာက္၊ အေနအထိုင္ကို ဆင္ျခင္သင့္ပါတယ္။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 တကယ်တော့ အိပ်ရေးမဝခြင်းဆိုတာ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။

အလုပ်ထဲမှာ ငိုက်မြည်းနေခြင်း၊ မကြာခဏသမ်းဝေနေခြင်း၊ ခုံပေါ်မှောက်အိပ်လိုစိတ် တဖွားဖွားပေါ်ခြင်းတို့ဟာ အိပ်ရေးမဝခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး အထက်လူကြီး (သို့) အလုပ်ရှင်တွေ့ရင် အလုပ်ထဲမှာ စိတ်မဝင်စားဘူးလို့ မှတ်ယူသွားပြီး အလုပ်ပြုတ်နိုင်ခြေ များပါတယ်။ တကယ်တော့ အိပ်ရေးမဝခြင်းဆိုတာ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။ အိပ်ရေးမဝခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားရင် ကုသနည်းနဲ့ ပြင်ဆင်နည်းကိုလည်း တွေ့ရှိနိုင်ပါတယ်။

၁။ အိပ်ချိန်မမှန်လို့

အိပ်ချိန်မမှန်ခြင်းက နေ့ခင်းဘက်မှာ အိပ်ငိုက်ရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့်လည်း ဆရာဝန်တွေက ညဘက်မှာ အနည်းဆုံး (၆) နာရီကနေ (၇) နာရီကြား အိပ်ဖို့အတွက် အကြံပြုထားတာဖြစ်ပါတယ်။ မအိပ်ခင် (၃) နာရီလောက်အလိုမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ရှားတာကလည်း မနက်ခင်းအချိန်မှာ လန်းဆန်းစွာနိုးထစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုများလို့

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ စိတ်သောကနဲ့ ဒေါသများခြင်းလိုမျိုး စိတ်အခြေအနေတွေက အိပ်စက်ခြင်းပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီလိုနဲ့ ထုံထိုင်းရီဝေပြီး အိပ်မရတဲ့ နေ့တွေ၊ ညတွေကို ဖြစ်စေနိုင်ပါတယ်။ အိပ်ပျက်ညတွေကို ဖယ်ရှားဖို့အတွက် စိတ်မဖိစီးအောင် တတ်နိုင်သမျှနေပါ။ ကိစ္စတိုင်းကို အကောင်းဘက်က လှည့်တွေးကြည့်ပါ။ သမီးရည်းစား ဆက်ဆံရေးမှာ၊ အလုပ်ထဲမှာ ပြဿနာလေးတွေရှိရင်လည်း တတ်နိုင်သမျှ ကြိုးစားပြုပြင်ပါ။

၃။ အစားသောင်းကြမ်းလို့

တချို့လူတွေက ညစာကိုတမုန်းကြိတ်ရင် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်မယ်လို့ အထင်မှားကြပါတယ်။ တကယ်တော့ အဲဒါကမှားပါတယ်။ ညစာကို တတ်နိုင်သမျှလျှော့စားခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး နောက်တစ်နေ့ မနက်မှာ အိပ်ရေးမဝခြင်းနဲ့ ငိုက်မြည်းသမ်းဝေခြင်းတို့ကို ရှောင်ရှားနိုင်ပါတယ်။

၄။ ဆီးချိုရောဂါရှိုလို့

ဆီးချိုရောဂါရှိသူတွေဟာ ခန္ဓာကိုယ်အားနည်းပြီး တစ်နေကုန်အိပ်ချင်သလို၊ အိပ်ရေးမဝသလို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် မိမိမှာ ဆီးချိုရှိတယ်လို့ သံသယရှိနေရင် အချိန်မီ စစ်ဆေးကုသမှုကို ခံယူသင့်ပါတယ်။ ဆီးချိုရှိနေတာ သေချာပြီဆိုရင်လည်း အစားအသောက်၊ အနေအထိုင်ကို ဆင်ခြင်သင့်ပါတယ်။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top