iMyanmarHouse.com - Best Property Website for Myanmar
×

ေရဟာ ခႏၶာကိုယ္အတြက္ အေရးႀကီးဆံုးပါဘဲ။ ဒါေပမယ့္ တခါတေလ ကၽြန္မတို႔က ေရေသာက္ဖို႔ ေမ့ေနတတ္ၾကပါတယ္။ အလုပ္ရႈပ္ေနလို႔ တစ္ေန႔လံုးေရမေသာက္ျဖစ္တဲ့ေန႔ေတြ ဘယ္ေလာက္မ်ားေနၿပီ။ လူတစ္ေယာက္နဲ႔ တစ္ေယာက္လည္း ခႏၶာကိုယ္အေပၚလိုက္ၿပီး ေရဓာတ္လိုအပ္တဲ့ႏႈန္းမတူၾကပါဘူး။ ဒါေၾကာင့္ ကိုယ္ရဲ႕ ေရေသာက္ႏႈန္း က နည္းေနလား၊ မလံုဘူးလားဆိုတာ ျပသေနတဲ့ လကၡဏာရပ္မ်ားကို ေျပာျပခ်င္ပါတယ္။

ခံတြင္းက ေျခာက္ေနမယ္

ဒါကေတာ့ သိသာ ထင္ရွားတဲ့အခ်က္ပါဘဲ။ လည္ေခ်ာင္းေတြေျခာက္ေနမယ္၊ ခံတြင္းေတြ ေျခာက္ေနမယ္ေပါ့။ ဒါေပမယ့္ အဲ့လိုျဖစ္တဲ့အခ်ိန္မွာ ေရေသာက္တာထက္ အေအးတစ္ခုခု ေသာက္မိၾကပါလိမ့္မယ္။ ဒါက မွားေနတဲ့လုပ္ရပ္ပါ။ သၾကားပါတဲ့ အခ်ိဳရည္ေတြက ခဏတျဖဳတ္တာ ကူညီေပးႏိုင္မွာပါ။ ေရေသာက္မွသာ ခံတြင္းနဲ႔ လည္ေခ်ာင္းထဲက Mucus ေတြကို ေခ်ာေမြ႔ေစၿပီး ေရတစ္ငံုေလာက္ေသာက္ရုံနဲ႔ ခံတြင္းနဲ႔လည္ေခ်ာင္းကို ေခ်ာေမြ႔ စြတ္စိုေနေအာင္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။

အသားအေရေတြ ေျခာက္ေနမယ္

အသားအေရက ခႏၶာကိုယ္မွာ အႀကီးဆံုး အဂၤါတစ္ခုျဖစ္ၿပီး အၿမဲစိုစြတ္ေနဖို႔ လိုအပ္ပါတယ္။ အသားအေရေတြေျခာက္ေသြ႔ေနတာက ေရဓာတ္ခမ္း ေျခာက္ေနတာရဲ႕ အေစာဆံုးလကၡဏာရပ္ပါဘဲ။ ေရဓာတ္ခမ္းေျခာက္တာၾကာရင္ ေရာဂါႀကီးႀကီးမားမား ျဖစ္လာႏိုင္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ေနရင္ ေခၽြးမထြက္ႏိုင္ေတာ့တာေၾကာင့္ တစ္ေန႔လံုး ခႏၶာကိုယ္က ထြက္တဲ့ အညစ္အေၾကးေတြ အဆီေတြကို မဖယ္ရွားႏိုင္ေတာ့ဘဲ စုၿပံဳလာပါလိမ့္မယ္။

အရမ္း ေရဆာလာမယ္

ခံတြင္း၊လည္ေခ်ာင္း ေျခာက္ေသြ႔တဲ့အဆင့္ကိုေက်ာ္လြန္ၿပီး သဲကႏၱာရေရာက္သြားသလို ခံစားရမွာပါ။ အရက္နာက်ၿပီး အိပ္ယာႏိုးလာတဲ့သူေတြဆို ခံစားဖူးမွာပါ။ အရက္က ခႏၶာကိုယ္ရဲ႕ ေရဓာတ္ေတြ ခမ္းေျခာက္ေစတာေၾကာင့္ အရက္ေသာက္ၿပီး အိပ္ေပ်ာ္သြားလို႔ တေရးႏိုးခ်ိန္ဆို ေရကို အငမ္းမရ ဆာတာမ်ိဳးေတြျဖစ္လာတာပါ။

မ်က္လံုးေတြ ေျခာက္ေသြ႔လာ

ေရလံုေလာက္စြာ မေသာက္သံုးရင္ ပါးစပ္နဲ႔ လည္ေခ်ာင္းေတြမွာ ေျခာက္ေသြ႔ရုံသာမက မ်က္လံုးမွာလည္း ေျခာက္ေသြ႔လာပါမယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္မလံုေလာက္ရင္ ငိုစရာ မ်က္ရည္ေတာင္ ရွိေတာ့မွမဟုတ္ပါဘူး။

ရုပ္ပိုရင့္လာ

အသက္ႀကီးလာေလေလ ခႏၶာကိုယ္အတြက္ ေရဓာတ္က ပိုလိုေလပါဘဲ။ ေရဓာတ္က ခႏၶာကိုယ္အတြင္းရွိ အညစ္အေၾကးေတြကို သန္႔စင္ေပးရာမွာ အဓိကက်ပါတယ္။ ဒါေၾကာင့္ အသက္ရွည္က်န္းမာၿပီး ႏုပ်ိဳေစဖို႔ ေရဓာတ္ကို လိုအပ္ပါတယ္။

Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
 ရေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးပါဘဲ။ ဒါပေမယ့် တခါတလေ ကျွန်မတို့က ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အလုပ်ရှုပ်နေလို့ တစ်နေ့လုံးရေမသောက်ဖြစ်တဲ့နေ့တွေ ဘယ်လောက်များနေပြီ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း ခန္ဓာကိုယ်အပေါ်လိုက်ပြီး ရေဓာတ်လိုအပ်တဲ့နှုန်းမတူကြပါဘူး။ ဒါကြောင့် ကိုယ်ရဲ့ ရေသောက်နှုန်း က နည်းနေလား၊ မလုံဘူးလားဆိုတာ ပြသနေတဲ့ လက္ခဏာရပ်များကို ပြောပြချင်ပါတယ်။

ခံတွင်းက ခြောက်နေမယ်

ဒါကတော့ သိသာ ထင်ရှားတဲ့အချက်ပါဘဲ။ လည်ချောင်းတွေခြောက်နေမယ်၊ ခံတွင်းတွေ ခြောက်နေမယ်ပေါ့။ ဒါပေမယ့် အဲ့လိုဖြစ်တဲ့အချိန်မှာ ရေသောက်တာထက် အအေးတစ်ခုခု သောက်မိကြပါလိမ့်မယ်။ ဒါက မှားနေတဲ့လုပ်ရပ်ပါ။ သကြားပါတဲ့ အချိုရည်တွေက ခဏတဖြုတ်တာ ကူညီပေးနိုင်မှာပါ။ ရေသောက်မှသာ ခံတွင်းနဲ့ လည်ချောင်းထဲက Mucus တွေကို ချောမွေ့စေပြီး ရေတစ်ငုံလောက်သောက်ရုံနဲ့ ခံတွင်းနဲ့လည်ချောင်းကို ချောမွေ့ စွတ်စိုနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

အသားအရေတွေ ခြောက်နေမယ်

အသားအရေက ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အမြဲစိုစွတ်နေဖို့ လိုအပ်ပါတယ်။ အသားအရေတွေခြောက်သွေ့နေတာက ရေဓာတ်ခမ်း ခြောက်နေတာရဲ့ အစောဆုံးလက္ခဏာရပ်ပါဘဲ။ ရေဓာတ်ခမ်းခြောက်တာကြာရင် ရောဂါကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်နေရင် ချွေးမထွက်နိုင်တော့တာကြောင့် တစ်နေ့လုံး ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးတွေ အဆီတွေကို မဖယ်ရှားနိုင်တော့ဘဲ စုပြုံလာပါလိမ့်မယ်။

အရမ်း ရေဆာလာမယ်

ခံတွင်း၊လည်ချောင်း ခြောက်သွေ့တဲ့အဆင့်ကိုကျော်လွန်ပြီး သဲကန္တာရရောက်သွားသလို ခံစားရမှာပါ။ အရက်နာကျပြီး အိပ်ယာနိုးလာတဲ့သူတွေဆို ခံစားဖူးမှာပါ။ အရက်က ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေ ခမ်းခြောက်စေတာကြောင့် အရက်သောက်ပြီး အိပ်ပျော်သွားလို့ တရေးနိုးချိန်ဆို ရေကို အငမ်းမရ ဆာတာမျိုးတွေဖြစ်လာတာပါ။

မျက်လုံးတွေ ခြောက်သွေ့လာ

ရေလုံလောက်စွာ မသောက်သုံးရင် ပါးစပ်နဲ့ လည်ချောင်းတွေမှာ ခြောက်သွေ့ရုံသာမက မျက်လုံးမှာလည်း ခြောက်သွေ့လာပါမယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မလုံလောက်ရင် ငိုစရာ မျက်ရည်တောင် ရှိတော့မှမဟုတ်ပါဘူး။

ရုပ်ပိုရင့်လာ

အသက်ကြီးလာလေလေ ခန္ဓာကိုယ်အတွက် ရေဓာတ်က ပိုလိုလေပါဘဲ။ ရေဓာတ်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေကို သန့်စင်ပေးရာမှာ အဓိကကျပါတယ်။ ဒါကြောင့် အသက်ရှည်ကျန်းမာပြီး နုပျိုစေဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။


Credit:Myfoodmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top