iMyanmarHouse.com - Best Property Website for Myanmar
×

မုန္လာဥနီကို ငပိရည္ တို႔စရာတို႔နဲ႔ တို႔စားတတ္ၾကၿပီး ဒီအတိုင္း အစိမ္းလိုက္လည္း ကၽြတ္ကၽြတ္နဲ႔ ၀ါးစားၾကပါတယ္။

ဒါ့အျပင္ ေဖ်ာ္ရည္အျဖစ္လည္း ေဖ်ာ္ေသာက္ၾကသလို ဟင္းေတြခ်က္ျပဳတ္ရာမွာလည္း ထည့္သြင္းေလ့ရွိေတာ့ မုန္လာဥနီစားသံုးသူ ေတာ္ေတာ္မ်ားမယ္လို႔ ထင္ပါတယ္ေနာ္။

စာဖတ္သူတို႔ေရာ မုန္လာဥနီႀကိဳက္ၾကလားရွင့္။ မုန္လာဥနီစားတာဟာ စာဖတ္သူတို႔အတြက္ က်န္းမာေရးကိုဘယ္လို အေထာက္အကူျပဳသလဲဆိုတာကို မွ်ေ၀ေပးသြားပါမယ္။

ႏွလံုးေရာဂါ

မုန္လာဥနီဟာ ႏွလံုးေရာဂါျဖစ္ပြားမႈကို အထူးေလွ်ာ့နည္းေစပါတယ္။ ဒါ့ေၾကာင့္ မုန္လာဥနီကိုပံုမွန္စားသံုးသူေတြဟာ ႏွလံုးေရာဂါနဲ႔ ကင္းေ၀းေစမွာပါ။

ကင္ဆာ
မုန္လာဥနီမွာ ေတြ႔ရတဲ့ Beta-Carotene ဓါတ္နဲ႔ Antioxidant ဓါတ္က ကင္ဆာေရာဂါျဖစ္ပြားမႈကေန ကာကြယ္ေပးႏိုင္ပါတယ္။ ေဆးလိပ္ေသာက္သံုးသူေတြလည္း မုုန္လာဥနီကို မ်ားမ်ားစားေပးလိုက္ရင္ အဆုတ္ကင္ဆာ ျဖစ္ပြားမႈကို သိသိသာသာေလွ်ာ့နည္းေစတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဆီးက်ိတ္ကင္ဆာျဖစ္ပြားမႈကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

ေနာက္ထပ္ေလ့လာေတြ႔ရွိမႈအရေတာ့ အူမႀကီးကင္ဆာနဲ႔ ေသြးကင္ဆာအပါအ၀င္ အစာအိမ္ကင္ဆာျဖစ္ပြားမႈကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

အျမင္အာရံု

မုန္လာဥနီမွာပါ၀င္တဲ့ ဗီတာမင္ A ဟာ အျမင္အာရံုဆိုင္ရာ ျပႆနာေတြကို ေလွ်ာ့ခ်ေပးပါတယ္။

မုန္လာဥနီကို ပံုမွန္စားသံုးေပးတာဟာ အတြင္းတိမ္ျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးပါတယ္။

ဦးေႏွာက္

မုန္လာဥနီမွာ သိျမင္မႈဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို တိုးတက္ေစၿပီး သက္လတ္ပိုင္းအရြယ္ကစလို႔ သိျမင္မႈဆိုင္ရာလုပ္ေဆာင္ခ်က္ ေလွ်ာ့က်လာတာကို တားျမစ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ကိုလက္စထေရာက်ေစၿပီး မွတ္ဥာဏ္ကို တိုးတက္ေစပါတယ္။

အသည္း
မုန္လာဥမွာ ပတ္၀န္းက်င္က အဆိပ္အေတာက္ေတြကို ေျဖရွင္းေပးႏိုင္တဲ့ ဂုဏ္သတၱိေတြပါ၀င္ၿပီး အသည္းကို အျပည့္အ၀ က်န္းမာေစပါတယ္။

အရြယ္တင္ႏုပ်ိဳျခင္း

မုန္လာဥနီမွာ Antioxidant ေတြ Hydroxycinnamic အက္ဆစ္ေတြပါ၀္ငလို႔ အသက္အရြယ္အိုမင္းမႈကို ေလွ်ာ့ခ်ေပးၿပီး အရြယ္တင္ႏုပ်ိဳေစပါတယ္။

အေရျပားက်န္းမာေရး

အသက္အရြယ္အိုမင္းမႈကို ကာကြယ္ေပးႏိုင္ရံုသာမက အေရျပားဆဲလ္ပ်က္ဆီးမႈကိုလည္း ကာကြယ္ေပးႏိုင္ၿပီး ေနေရာင္ခ်ည္ဒဏ္ကေနလည္း ကာကြယ္ေပးပါတယ္။

ဒါ့ေၾကာင့္ အသားအရႏုပ်ိဳစိုေျပလို႔ စြဲေဆာင္မႈအျပည့္ရွိပါတယ္။

ခံတြင္းက်န္းမာေရး

မုန္လာဥနီကိုစားေပးတာဟာ သြားမွာ အေခါင္းေပါက္ျဖစ္တာကို ကာကြယ္ေပးႏိုင္ၿပီး သြားေတြကို က်န္းမာသန္႔ရွင္းေစပါတယ္။ ဒ့ါေၾကာင့္ ခံတြင္းက်န္းမာေရးအတြက္ အရမ္းကိုအက်ိဳးေက်းဇူးမ်ားတယ္။

Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မုန်လာဥနီကို ငပိရည် တို့စရာတို့နဲ့ တို့စားတတ်ကြပြီး ဒီအတိုင်း အစိမ်းလိုက်လည်း ကျွတ်ကျွတ်နဲ့ ဝါးစားကြပါတယ်။

ဒါ့အပြင် ဖျော်ရည်အဖြစ်လည်း ဖျော်သောက်ကြသလို ဟင်းတွေချက်ပြုတ်ရာမှာလည်း ထည့်သွင်းလေ့ရှိတော့ မုန်လာဥနီစားသုံးသူ တော်တော်များမယ်လို့ ထင်ပါတယ်နော်။

စာဖတ်သူတို့ရော မုန်လာဥနီကြိုက်ကြလားရှင့်။ မုန်လာဥနီစားတာဟာ စာဖတ်သူတို့အတွက် ကျန်းမာရေးကိုဘယ်လို အထောက်အကူပြုသလဲဆိုတာကို မျှဝေပေးသွားပါမယ်။

နှလုံးရောဂါ

မုန်လာဥနီဟာ နှလုံးရောဂါဖြစ်ပွားမှုကို အထူးလျှော့နည်းစေပါတယ်။ ဒါ့ကြောင့် မုန်လာဥနီကိုပုံမှန်စားသုံးသူတွေဟာ နှလုံးရောဂါနဲ့ ကင်းဝေးစေမှာပါ။

ကင်ဆာ
မုန်လာဥနီမှာ တွေ့ရတဲ့ Beta-Carotene ဓါတ်နဲ့ Antioxidant ဓါတ်က ကင်ဆာရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေလည်း မုုန်လာဥနီကို များများစားပေးလိုက်ရင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာလျှော့နည်းစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုအရတော့ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာအပါအဝင် အစာအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

အမြင်အာရုံ

မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ဟာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။

မုန်လာဥနီကို ပုံမှန်စားသုံးပေးတာဟာ အတွင်းတိမ်ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

ဦးနှောက်

မုန်လာဥနီမှာ သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး သက်လတ်ပိုင်းအရွယ်ကစလို့ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက် လျှော့ကျလာတာကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရောကျစေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

အသည်း
မုန်လာဥမှာ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသည်းကို အပြည့်အ၀ ကျန်းမာစေပါတယ်။

အရွယ်တင်နုပျိုခြင်း

မုန်လာဥနီမှာ Antioxidant တွေ Hydroxycinnamic အက်ဆစ်တွေပါဝ်ငလို့ အသက်အရွယ်အိုမင်းမှုကို လျှော့ချပေးပြီး အရွယ်တင်နုပျိုစေပါတယ်။

အရေပြားကျန်းမာရေး

အသက်အရွယ်အိုမင်းမှုကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားဆဲလ်ပျက်ဆီးမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး နေရောင်ချည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။

ဒါ့ကြောင့် အသားအရနုပျိုစိုပြေလို့ စွဲဆောင်မှုအပြည့်ရှိပါတယ်။

ခံတွင်းကျန်းမာရေး

မုန်လာဥနီကိုစားပေးတာဟာ သွားမှာ အခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးနိုင်ပြီး သွားတွေကို ကျန်းမာသန့်ရှင်းစေပါတယ်။ ဒ့ါကြောင့် ခံတွင်းကျန်းမာရေးအတွက် အရမ်းကိုအကျိုးကျေးဇူးများတယ်။


Credit:Myfoodmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top