တာရွည္ခံေဆး(ႏိုက္ထရိတ္) ပါဝင္တဲ့ ေအးခဲထားတဲ့ အသားစိမ္းေတြဟာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ရလာတဲ့ဆိုက်ိဳးေတြလိုပဲ က်န္းမာေရးအတြက္ အႏၱရာယ္ရွိၿပီး အူမႀကီးကင္ဆာျဖစ္ႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ကေနျပီး ထုတ္ျပန္ခဲ့ပါတယ္။ အဆိုပါ အစားအစာေတြဟာ အႏၱရာယ္ျဖစ္ေစနိုင္တဲ့ ဓာတုပစၥည္း မ်ိဳးစံုပါ၀င္တဲ့အတြက္ ကင္ဆာျဖစ္နိုင္တယ္လို႔ အသိေပးခဲ့ပါတယ္။
တစ္ေန႔ကို တာရွည္ခံေဆး အသံုးျပဳထားတဲ့ အသားလႊာနွစ္ခ်ပ္စားျခင္းဟာ အူမၾကီးကင္ဆာျဖစ္နိုင္ေခ်ကို ၁၈ ရာခိုင္ႏႈန္းျမင့္တက္ ေစနုိင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔က တြက္ခ်က္ျပခဲ့ပါတယ္။ ပေရာ္ဖက္ဆာ Chris Elliott ကေတာ့ မၾကာေသးခင္နွစ္မ်ားကပဲ အသားစိမ္းေတြဟာ ဆိုးက်ိဳးျဖစ္နိုင္ေခ် ရွိတယ္ဆိုတာကို တြက္ခ်က္မိတာေၾကာင့္ စတင္စစ္ေဆးခဲ့ျပီး တာရွည္ခံဆိုးေဆးေတြဟာ အသားေတြထက္ ပိုမိုဆိုးရြားေနေၾကာင္း အမွန္တစ္ကယ္ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။
ျဗိတိန္နို္င္ငံမွာရွိတဲ့ အသားေၾကာ္ေရာင္းတဲ့သူေတြကေတာ့ သိပၸံပညာရွင္ေတြရဲ အကူအညီေတြနဲ႔ အသားစိမ္းနဲ႔ အသီးအရြက္ေတြကို တာရွည္ခံေဆးမသံုးဘဲ ၾကာရွည္ထားနိုင္ေအာင္ ျပဳလုပ္နို္င္ခဲ့ပါတယ္။ အသားထဲမွာ အသံုးျပဳထားတဲ့ တာရွည္ခံဆိုးေဆးေတြေၾကာင့္ နွစ္္စဥ္ လူေပါင္း ၃၄၀၀၀ ခန္႔ အူမၾကီးကင္ဆာခံစားေနရ တယ္လို႔ ယူဆထားၾကပါတယ္။
နိုက္ထရိတ္သံုးတဲ့ ရည္ရြယ္ခ်က္ကေတာ့ အသားေတြကို မညိဳမည္း မပုပ္သြားေစဖို႔အတြက္ျဖစ္ျပီး ဆယ္နွစ္ခန္႔ ေလ့လာဆန္းစစ္မႈေတြအရ ေျမထဲပင္လယ္မွရတဲ့ သစ္သီးေတြနဲ႔ ထုတ္လုပ္ထားတဲ့ အနွစ္ေတြဟာ အသားရဲ႕ သဘာ၀ကို မပ်က္စီးေအာင္ ျပဳလုပ္ေပးနိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကပါတယ္။
ဒါေၾကာင့္မို႔ ျဗိတိန္ အသားထုတ္လုပ္သူေတြဟာ စပိန္နိုင္ငံမွာရွိတဲ့ ဓာတုေဗဒပညာရွင္ေတြနဲ႔ ပူးေပါင္းျပီးျပဳလုပ္ထားတဲ့ တာရွည္ခံေဆးလံုး၀မပါတဲ့ အသားထုတ္ေတြကို ဇန္န၀ါရီလကစျပီး စူပါမားကတ္ေတြမွာ စတင္ေရာင္းခ်ဖို႔ ေၾကညာထားပါတယ္။
ယခုအသစ္ ထုတ္လုပ္ထားတဲ့ အသားေတြဟာ နိုက္ထရိတ္၊ တာရွည္ခံေဆးနဲ႔ ဓာတ္မတည့္မႈ ကင္းတဲ့ ပထမဆံုးအသား ျဖစ္လာနိုင္တယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ တာရွည္ခံဆိုးေဆးကင္းတဲ့ အသားမ်ားကို အစမ္းထုတ္လုပ္ခဲ့ျပီး စားသံုးသူမ်ားကို ျမည္းစမ္းၾကည့္ေစခဲ့ရာ နိုက္ၾတိတ္သံုးထားတဲ့ အသားေတြ ထက္ပိုေကာင္းတယ္လို႔ မွတ္ခ်က္ေပးျခင္းခံခဲ့ရပါတယ္။
အကယ္၍ စူပါမားကတ္ေတြမွာ ေအးခဲထားတဲ့ အသားျပားေတြ၊ အသားလႊာေတြ ဝယ္ယူေတာ့မယ္ဆိုရင္ေတာ့ ႏိုက္ထရိတ္မပါဝင္ေၾကာင္း ေဖာ္ျပထားတဲ့ အသားထုတ္ေတြက မိသားစုရဲ႕ က်န္းမာေရးကို မထိခိုက္ေစတာမို႔ အိမ္ရွင္မမ်ား အထူးသိျုပဳရန္ လိုအပ္ပါသည္။
Credit:popolay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တာရှည်ခံဆေး(နိုက်ထရိတ်) ပါဝင်တဲ့ အေးခဲထားတဲ့ အသားစိမ်းတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့် ရလာတဲ့ဆိုကျိုးတွေလိုပဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိပြီး အူမကြီးကင်ဆာဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ အစားအစာတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း မျိုးစုံပါဝင်တဲ့အတွက် ကင်ဆာဖြစ်နိုင်တယ်လို့ အသိပေးခဲ့ပါတယ်။
တစ်နေ့ကို တာရှည်ခံဆေး အသုံးပြုထားတဲ့ အသားလွှာနှစ်ချပ်စားခြင်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေကို ၁၈ ရာခိုင်နှုန်းမြင့်တက် စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်ပြခဲ့ပါတယ်။ ပရော်ဖက်ဆာ Chris Elliott ကတော့ မကြာသေးခင်နှစ်များကပဲ အသားစိမ်းတွေဟာ ဆိုးကျိုးဖြစ်နိုင်ချေ ရှိတယ်ဆိုတာကို တွက်ချက်မိတာကြောင့် စတင်စစ်ဆေးခဲ့ပြီး တာရှည်ခံဆိုးဆေးတွေဟာ အသားတွေထက် ပိုမိုဆိုးရွားနေကြောင်း အမှန်တစ်ကယ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာရှိတဲ့ အသားကြော်ရောင်းတဲ့သူတွေကတော့ သိပ္ပံပညာရှင်တွေရဲ အကူအညီတွေနဲ့ အသားစိမ်းနဲ့ အသီးအရွက်တွေကို တာရှည်ခံဆေးမသုံးဘဲ ကြာရှည်ထားနိုင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အသားထဲမှာ အသုံးပြုထားတဲ့ တာရှည်ခံဆိုးဆေးတွေကြောင့် နှစ်စဉ် လူပေါင်း ၃၄၀၀၀ ခန့် အူမကြီးကင်ဆာခံစားနေရ တယ်လို့ ယူဆထားကြပါတယ်။
နိုက်ထရိတ်သုံးတဲ့ ရည်ရွယ်ချက်ကတော့ အသားတွေကို မညိုမည်း မပုပ်သွားစေဖို့အတွက်ဖြစ်ပြီး ဆယ်နှစ်ခန့် လေ့လာဆန်းစစ်မှုတွေအရ မြေထဲပင်လယ်မှရတဲ့ သစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ အနှစ်တွေဟာ အသားရဲ့ သဘာဝကို မပျက်စီးအောင် ပြုလုပ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့်မို့ ဗြိတိန် အသားထုတ်လုပ်သူတွေဟာ စပိန်နိုင်ငံမှာရှိတဲ့ ဓာတုဗေဒပညာရှင်တွေနဲ့ ပူးပေါင်းပြီးပြုလုပ်ထားတဲ့ တာရှည်ခံဆေးလုံးဝမပါတဲ့ အသားထုတ်တွေကို ဇန်နဝါရီလကစပြီး စူပါမားကတ်တွေမှာ စတင်ရောင်းချဖို့ ကြေညာထားပါတယ်။
ယခုအသစ် ထုတ်လုပ်ထားတဲ့ အသားတွေဟာ နိုက်ထရိတ်၊ တာရှည်ခံဆေးနဲ့ ဓာတ်မတည့်မှု ကင်းတဲ့ ပထမဆုံးအသား ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။ တာရှည်ခံဆိုးဆေးကင်းတဲ့ အသားများကို အစမ်းထုတ်လုပ်ခဲ့ပြီး စားသုံးသူများကို မြည်းစမ်းကြည့်စေခဲ့ရာ နိုက်တြိတ်သုံးထားတဲ့ အသားတွေ ထက်ပိုကောင်းတယ်လို့ မှတ်ချက်ပေးခြင်းခံခဲ့ရပါတယ်။
အကယ်၍ စူပါမားကတ်တွေမှာ အေးခဲထားတဲ့ အသားပြားတွေ၊ အသားလွှာတွေ ဝယ်ယူတော့မယ်ဆိုရင်တော့ နိုက်ထရိတ်မပါဝင်ကြောင်း ဖော်ပြထားတဲ့ အသားထုတ်တွေက မိသားစုရဲ့ ကျန်းမာရေးကို မထိခိုက်စေတာမို့ အိမ်ရှင်မများ အထူးသိြုပုရန် လိုအပ်ပါသည်။
Credit:popolay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ေအးခဲထားေသာအသားထုတ္မ်ား စားသံုးျခင္းက အူမႀကီးကင္ဆာျဖစ္ႏိုင္ေခ်မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။