အစိမ္း၊ အဝါ၊ အနီ စတဲ့ အေရာင္ သံုးမ်ိဳးေတြ႕ရတဲ့ င႐ုတ္ပြသီး ေတြမွာ ေအာက္ပါ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိေနပါတယ္။
(၁) ကယ္လိုရီ ေလ်ာ႕နည္းျခင္း င႐ုတ္ပြသီးေတြက ကယ္လိုရီပါဝင္ မႈ ေလ်ာ့နည္းပါတယ္။ တကယ္လို႔ င႐ုတ္ ပြသီး တစ္ခြက္လံုးအျပည့္စား ရင္ေတာင္ ၄၅ ကယ္လိုရီပဲ ရရွိႏိုင္ပါတယ္။ င႐ုတ္ ပြသီးတစ္ခြက္စာပမာဏ မွာ တစ္ေန႔တာ လိုအပ္တဲ့ ဗီတာမင္ေအနဲ႔ စီပမာဏထက္ ပိုမို ပါဝင္မႈ ရွိပါတယ္။
(၂) ဗီတာမင္စီ မ်ားမ်ားပါဝင္ျခင္း င႐ုတ္ပြသီးမွာ ဗီတာမင္စီ မ်ားစြာပါဝင္တဲ့ အတြက္ ကိုယ္ခံစြမ္းအား စနစ္ကို အားေကာင္းေစၿပီး အသားအေရကို ႏုပ်ိဳ ငယ္ရြယ္ေစပါတယ္။ င႐ုတ္ပြသီး အမွည့္ ျဖစ္တဲ့ အနီေရာင္င႐ုတ္ပြသီးထဲမွာ ဗီတာ မင္စီ အျမင့္ဆံုးပမာဏ ပါဝင္ပါတယ္။
(၃) ေရာင္ရမ္းမႈ ေလ်ာ႕က်ေစျခင္း င႐ုတ္ပြသီးမွာ ဖိုင္တိုကမ္မီကယ္နဲ႔ ကာ႐ိုတင္း၊ အထူးသျဖင့္ ဘီတာကယ္႐ို တင္းေတြ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အင္တီေအာက္ဆီးဒင့္ကို ရရွိေစသလို ေရာင္ရမ္းမႈကို ေလ်ာ့ က်ေစတဲ့ အစြမ္းရွိပါတယ္။
(၄) ကိုလက္စထေရာ ေလ်ာ႕က်ေစျခင္း င႐ုတ္ပြသီးထဲမွာပါဝင္တဲ့ ကပ္ဆိုက္ စင္ဓာတ္မွာ က်န္းမာေရးအက်ိဳးေက်းဇူး အမ်ားအျပား ရွိပါတယ္။ ေလ့လာမႈ အရ င႐ုတ္ပြသီးဟာ မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ကို ေလ်ာ့ က်ေစၿပီး ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတဲ့ အျပင္ နာက်င္မႈနဲ႔ ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစေၾကာင္း သိရပါတယ္။
(၅) အစြမ္းထက္အာဟာရဓာတ္ကို ရရွိေစျခင္း င႐ုတ္ပြသီးကို အပူနည္းနည္း နဲ႔ အ ခ်ိန္တိုအတြင္း ခ်က္ျပဳတ္ရင္ အခ်ိဳအရသာနဲ႔ သစ္သီးရနံ႔ မပ်က္တဲ့ အျပင္ အစြမ္းထက္ အာဟာရဓာတ္ ဖေလဗိုးႏြိဳက္ကို ရရွိေစပါတယ္။
(၆) ကင္ဆာျဖစ္ႏႈန္း ေလ်ာ႕နည္းျခင္း င႐ုတ္ပြသီးမွာ ပါဝင္တဲ့ ဆာလဖာ ပမာဏဟာ တခ်ိဳ႕ေသာ ကင္ဆာေရာဂါ ေတြကို ကာကြယ္ႏိုင္စြမ္း ရွိပါတယ္။
(၇) အသားအေရႏွင္႕ ဆံေကသာကို ႏုပ်ိဳ လွပေစျခင္း င႐ုတ္ပြသီးမွာ ဗီတာမင္အီးအဆင့္ ေကာင္းေကာင္း ပါဝင္တဲ့အတြက္ အ သားအေရနဲ႔ ဆံေကသာကို လွပႏုပ်ိဳ ၾကည့္ေကာင္းေစပါတယ္။
(၈) နာ့ဗ္ေၾကာ စနစ္ကို က်န္းမာေစျခင္း င႐ုတ္ပြသီးမွာ ဗီတာမင္ႀ၆ ပါဝင္ တာေၾကာင့္ နာ့ဗ္ေၾကာစနစ္က်န္းမာေရး အတြက္ မရွိမျဖစ္ အေရးပါၿပီး ဆဲလ္အသစ္ ေတြ ျဖစ္ေပၚေအာင္ ကူညီေပးပါတယ္။
(၉) အတြင္းတိမ္ေရာဂါႏွင္႕ မက္ကူလာ ယိုယြင္းပ်က္စီးမႈ မျဖစ္ေစရန္ မ်က္စိကို ကာကြယ္ေပးျခင္း င႐ုတ္ပြသီးမွာ ပါဝင္တဲ့ လူတင္လို တခ်ိဳ႕ အင္ဇိုင္းေတြက အသက္ႀကီး လာခ်ိန္မွာ မက္ကူလာ ယိုယြင္းပ်က္စီးမႈနဲ႔ အတြင္းတိမ္ေရာဂါ တို႔ေၾကာင့္ မ်က္စိထိခိုက္မႈ မျဖစ္ေအာင္ ကာကြယ္ေပး ႏိုင္ပါတယ္။
Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစိမ်း၊ အဝါ၊ အနီ စတဲ့ အရောင် သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီး တွေမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
(၁) ကယ်လိုရီ လျော့နည်းခြင်း ငရုတ်ပွသီးတွေက ကယ်လိုရီပါဝင် မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ် ပွသီး တစ်ခွက်လုံးအပြည့်စား ရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ် ပွသီးတစ်ခွက်စာပမာဏ မှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထက် ပိုမို ပါဝင်မှု ရှိပါတယ်။
(၂) ဗီတာမင်စီ များများပါဝင်ခြင်း ငရုတ်ပွသီးမှာ ဗီတာမင်စီ များစွာပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေပြီး အသားအရေကို နုပျို ငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီး အမှည့် ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာ မင်စီ အမြင့်ဆုံးပမာဏ ပါဝင်ပါတယ်။
(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရို တင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့ ကျစေတဲ့ အစွမ်းရှိပါတယ်။
(၄) ကိုလက်စထရော လျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက် စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရှိပါတယ်။ လေ့လာမှု အရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်း သိရပါတယ်။
(၅) အစွမ်းထက်အာဟာရဓာတ်ကို ရရှိစေခြင်း ငရုတ်ပွသီးကို အပူနည်းနည်း နဲ့ အ ချိန်တိုအတွင်း ချက်ပြုတ်ရင် အချိုအရသာနဲ့ သစ်သီးရနံ့ မပျက်တဲ့ အပြင် အစွမ်းထက် အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။
(၆) ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆာလဖာ ပမာဏဟာ တချို့သော ကင်ဆာရောဂါ တွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၇) အသားအရေနှင့် ဆံကေသာကို နုပျို လှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်း ပါဝင်တဲ့အတွက် အ သားအရေနဲ့ ဆံကေသာကို လှပနုပျို ကြည့်ကောင်းစေပါတယ်။
(၈) နာ့ဗ်ကြော စနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ြ၆ ပါဝင် တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါပြီး ဆဲလ်အသစ် တွေ ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။
(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်စေရန် မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ လူတင်လို တချို့ အင်ဇိုင်းတွေက အသက်ကြီး လာချိန်မှာ မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါ တို့ကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
Credit : Thithtoolwin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ငရုတ္ပြသီး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။