iMyanmarHouse.com - Best Property Website for Myanmar
×




အဆီစုပ်စက္ကူသုံးပါ


ပျားရည်


ပျားရည်နဲ့ ကွေကာအုတ်


Credit : MyStyle

အဆီပြန်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။ အတီပြန်တဲ့အသားအရေဟာ ဝက်ခြံထွက်လွယ်ပြီး ဖုန်၊ အညစ်အကြေးတွေ အလွယ်တကူ ကပ်ညှိတတ်တာကြောင့် အသားအရေကို အလွယ်တကူ ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေအတွက် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။

တစ်နေ့ကို မျက်နှာ ၂ ကြိမ် (သို့) ၃ ကြိမ်သစ်ပါ

အသားအရေမှာ အဆီပြန်လာပြီလို့ ခံစားရရင် မျက်နှာသစ်လိုက်ပါ။ တစ်နေ့ကို မနက်တစ်ကြိမ် ၊ ညနေအိမ်ပြန်လာတဲ့အချိန် တစ်ကြိမ်အပြင် ညအိပ်ယာဝင်ခါနီး တစ်ကြိမ်သစ်ပေးပါ။

အဆီစုပ်စက္ကူသုံးပါ

အဆီစုပ်စက္ကူကို အမြဲတမ်းဆောင်ထားပါ။ မိတ်ကပ်လိမ်းထားတဲ့အခါ အဆီပြန်တာကြောင့် မိတ်ကပ်အလွယ်တကူ ပျက်မသွားစေဖို့ အဆီစုပ်စက္ကူနဲ့ ခပ်ဖွဖွသုပ်ပေးသင့်ပါတယ်။

ပျားရည်

အဆီပြန်တဲ့အသားအရေအတွက် ပျားရည်က အကောင်းဆုံးပါပဲ။ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ကြည်လင်စေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ၅ မိနစ် ၁၀ မိနစ်လောက် ခပ်ဖွဖွလေး နှိပ်ပေးလိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးပါ။

ပျားရည်နဲ့ ကွေကာအုတ်

ကွေကာအုတ်လုပ်တဲ့ အမှုန့်ကြမ်း အုတ်ဂျုံကို ပျားရည်နဲ့ရောပြီး အဆီပြန်တဲ့အသားအရေအတွက် သုံးပေးနိုင်ပါတယ်။ မျက်နှာပေါ်က အဆီတွေကိုဖယ်ရှားပေးပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကွေကာအုတ် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top