iMyanmarHouse.com - Best Property Website for Myanmar
×


လေရာင္ျဖာတဲ့ အင္းေလးမွာ ရုပ္ရွင္ဇာတ္ကားအထူးျပသပြဲကုိ ဒီဇင္ဘာလ ၃၀ ရက္ေန႔ မနက္ပုိင္းက သမၼတရုပ္ရွင္ရုံမွာ က်င္းပျပဳလုပ္ခဲ့ပါ တယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္ထားၾကတဲ့ သရုပ္ေဆာင္ေတြကလည္း အမွတ္တရစကားသံေတြ ေျပာျပခဲ့ပါတယ္။

ညႊန္႔ျမန္မာညီညီေအာင္ (ဒါရုိက္တာ)

________________________________

ကၽြန္ေတာ္တုိ႔တုိင္းျပည္မွာသဘာဝကေပးထားတဲ့ အလွတရားေတြ အမ်ားႀကီးရွိပါတယ္။ ကၽြန္ရုပ္ရွင္ဇာတ္ကားထဲမွာလည္း ျပခဲ့ၿပီးပါၿပီ အခု အင္းေလးမွာလည္း ေဖာ္ထုတ္ခြင့္ရတဲ့ ဇာတ္ကားတစ္ကားေပါ့။ ကၽြန္ေတာ္ျဖစ္ခ်င္တဲ့ အေၾကာင္းအရာ၊ ရုိက္ခ်င္တဲ့ပုံစံကုိ မာမီ့ကုိ ေျပာျပေတာ့ မာမီက ရုိက္ပါ ဆုိတာနဲ႔ ရုိက္ကူးဖန္တီးျဖစ္တယ္။

ေနတုိး
________

ကၽြန္ေတာ္တုိ႔ ဇာတ္ကားမရုိက္ခင္ကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ လုပ္ခဲ့တာဆုိေတာ့ ကၽြန္ေတာ္တုိ႔ လုပ္လုိ႔ရတဲ့ အေနအထားေပၚမွာ အေကာင္းဆုံး ဖန္တီးတဲ့သူေတြ ႀကိဳးစားထားၾကတဲ့ ဇာတ္ကားတစ္ကား လုိ႔ေျပာလုိ႔ရပါတယ္။

ဝါဇင္

_______

အဓိက ကေတာ့ ကၽြန္ေတာ္ တစ္ခါမွမလုပ္ဖူးတဲ့ စက္ေလွနဲ႔အေရွ႕က ဆြဲသြားတဲ့ ဇာတ္ဝင္ခန္းေပါ့။ အဲ့ဒီဟာကလည္း ဇာတ္ကား စစခ်င္းမွာ ရုိက္တဲ့အခန္းပါ ေတာ္ေတာ္ႀကိဳးစားၿပီးေတာ့ လုပ္ခဲ့ပါတယ္။ အႏၱရာယ္လည္း မ်ားခဲ့ပါတယ္။

ဝတ္မႈံေရႊရည္

_______________

ဇာတ္ကား တစ္ကားလုံးျခဳံၾကည့္ရင္ေတာ့ သေဘာက်ပါတယ္။ ေတာ္ေတာ္ေလးကုိ အမွတ္တရလည္း ျဖစ္တယ္။ ကစ္ ရုိက္ခဲ့တဲ့ အင္းေလး ၂ ကားကလည္း ေတာ္ေတာ္ကုိ ကြဲထြက္တယ္ေပါ့ ဒီဇာတ္ကားထဲက ကာရုိက္တာနဲ႔လည္း မတူဘူး။ဇာတ္ကား တစ္ကားလုံး ၾကည့္မယ္ဆုိရင္ေတာ့ အရမ္းကုိ ႀကိဳက္ပါတယ္။

လေရာင္ျဖာတဲ့အင္းေလးမွာ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ဝါဝါဝင္းေရႊ ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါရုိက္တာ ညႊန္႔ျမန္မာညီညီ ေအာင္၊ တြဲဖက္ဒါရုိက္တာ ဝင္းထြဋ္ဝင္း နဲ႔ အႏုပညာအႀကံေပး ထပ္ဆင့္အကယ္ဒမီ ေဒၚဝါဝါဝင္းေရႊတုိ႔က ရိုက္ကူးဖန္တီးထားတာျဖစ္ပါတယ္။ သရုပ္ေဆာင္မ်ားအေနနဲ႔ ေနတုိး၊ ဝါဇင္၊ ဝတ္မႈံေရႊရည္၊ စုျမတ္ႏုိးဦး၊ ေမသဥၨာဦး တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ ဒီရုပ္ရွင္ ဇာတ္ကားႀကီးကိုေတာ့ ဇန္နဝါရီလ ၅ ရက္ေန႔မွာ ရုံတင္ျပသသြားမယ္လုိ႔ သိရပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
လရောင်ဖြာတဲ့ အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားအထူးပြသပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း အမှတ်တရစကားသံတွေ ပြောပြခဲ့ပါတယ်။

ညွှန့်မြန်မာညီညီအောင် (ဒါရိုက်တာ)

________________________________

ကျွန်တော်တို့တိုင်းပြည်မှာသဘာဝကပေးထားတဲ့ အလှတရားတွေ အများကြီးရှိပါတယ်။ ကျွန်ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပြခဲ့ပြီးပါပြီ အခု အင်းလေးမှာလည်း ဖော်ထုတ်ခွင့်ရတဲ့ ဇာတ်ကားတစ်ကားပေါ့။ ကျွန်တော်ဖြစ်ချင်တဲ့ အကြောင်းအရာ၊ ရိုက်ချင်တဲ့ပုံစံကို မာမီ့ကို ပြောပြတော့ မာမီက ရိုက်ပါ ဆိုတာနဲ့ ရိုက်ကူးဖန်တီးဖြစ်တယ်။

နေတိုး
________

ကျွန်တော်တို့ ဇာတ်ကားမရိုက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေနဲ့ လုပ်ခဲ့တာဆိုတော့ ကျွန်တော်တို့ လုပ်လို့ရတဲ့ အနေအထားပေါ်မှာ အကောင်းဆုံး ဖန်တီးတဲ့သူတွေ ကြိုးစားထားကြတဲ့ ဇာတ်ကားတစ်ကား လို့ပြောလို့ရပါတယ်။

ဝါဇင်

_______

အဓိက ကတော့ ကျွန်တော် တစ်ခါမှမလုပ်ဖူးတဲ့ စက်လှေနဲ့အရှေ့က ဆွဲသွားတဲ့ ဇာတ်ဝင်ခန်းပေါ့။ အဲ့ဒီဟာကလည်း ဇာတ်ကား စစချင်းမှာ ရိုက်တဲ့အခန်းပါ တော်တော်ကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်။ အန္တရာယ်လည်း များခဲ့ပါတယ်။

ဝတ်မှုံရွှေရည်

_______________

ဇာတ်ကား တစ်ကားလုံးခြုံကြည့်ရင်တော့ သဘောကျပါတယ်။ တော်တော်လေးကို အမှတ်တရလည်း ဖြစ်တယ်။ ကစ် ရိုက်ခဲ့တဲ့ အင်းလေး ၂ ကားကလည်း တော်တော်ကို ကွဲထွက်တယ်ပေါ့ ဒီဇာတ်ကားထဲက ကာရိုက်တာနဲ့လည်း မတူဘူး။ဇာတ်ကား တစ်ကားလုံး ကြည့်မယ်ဆိုရင်တော့ အရမ်းကို ကြိုက်ပါတယ်။

လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီ အောင်၊ တွဲဖက်ဒါရိုက်တာ ဝင်းထွဋ်ဝင်း နဲ့ အနုပညာအကြံပေး ထပ်ဆင့်အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေတို့က ရိုက်ကူးဖန်တီးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များအနေနဲ့ နေတိုး၊ ဝါဇင်၊ ဝတ်မှုံရွှေရည်၊ စုမြတ်နိုးဦး၊ မေသဉ္ဇာဦး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top