iMyanmarHouse.com - Best Property Website for Myanmar
×

ပိုလန္ႏိုင္ငံ၊ ၀ါေဆာ႐ွိ Nencki အင္စတီက်ဴမွ သုေတသီေတြက အရက္စြဲျခင္းေနာက္ကြယ္က ျဖစ္စဥ္ အသစ္တစ္ခုကို ေတြ႕႐ွိခဲ့ၿပီး Biology Psychiatry မွာ ပံုႏွိပ္ေဖာ္ ျပခဲ့ပါတယ္။ လူေတြအရက္စြဲတာကို ကုသဖို႔အတြက္ ေဆးေတြစဥ္းစား တဲ့အခါ ပထမဆံုးစဥ္းစားတာက အရက္ေသာက္ရာမွ ျဖစ္ေပၚလာမယ့္ ဓာတုအခ်က္ျပမႈေတြကို ပိုၿပီးလံႈ႕ ေဆာ္ဖုိ႔ ဒါမွမဟုတ္ တားဆီးဖို႔ စ သျဖင့္ စဥ္းစားခဲ့ၾကပါတယ္။ ဒါေပ မယ့္ ယခုသုေတသနကေတာ့ အာ႐ံု ေၾကာဆဲလ္ေတြကို ၀န္းရံထားတဲ့ ပ႐ို တင္းကြန္ယက္ေတြကို ေျပာင္းလဲေစ ၿပီး ဦးေႏွာက္လံႈ႕ေဆာ္မႈကို ေျပာင္းလဲ ေစမယ့္ ျဖစ္စဥ္ကို အဓိကထား သုေတသနလုပ္ခဲ့ပါတယ္။ အာ႐ံု ေၾကာဆဲလ္ေတြကို ၀န္းရံထားတဲ့ ပ႐ို တင္းကြန္ယက္ကိုmatrix-metall oproteinase 9 (MMP-9) အင္ဇိုင္း က ထိန္းညိွေပးပါတယ္။

သုေတသန မွာ သာမန္ႀကြက္ေတြနဲ႔ MMP-9 အင္ဇိုင္းမပါ၀င္တဲ့ ၾကြက္ေတြကို အရက္စြဲတဲ့ အမူအက်င့္ ျဖစ္ေပၚေစဖို႔ အရက္ကိုအလို႐ွိတုိင္း ေသာက္ႏိုင္ ေအာင္ စီစဥ္ေပးထားခဲ့ပါတယ္။ ကာ လတစ္ခုၾကာၿပီး အရက္စြဲၿပီးသြားတဲ့ ေနာက္ အရက္ကိုကန္႔သတ္လုိက္ရာ MMP-9 KO အင္ဇုိင္းမပါတဲ့ ၾကြက္ေတြက အရက္ျပတ္တဲ့လကၡ ဏာေတြကို သာမန္ၾကြက္မ်ား ကဲ့သို႔ ခံစားရေပမယ့္ အရက္ရ႐ွိဖို႔ သိပ္ၿပီး စိတ္အားထက္သန္မႈ မ႐ွိတာ ကို ေတြ႕ရပါတယ္။ ယင္းေနာက္ သု ေတသီ ေတြက စိတ္အားထက္သန္မႈ ကို စမ္းသပ္ဖုိ႔အတြက္ ၾကြက္ေတြရဲ႕amygdala လို႔ေခၚတဲ့ ဦးေႏွာက္ထဲ က စိတ္ခံစားမႈကို ထိန္းခ်ဳပ္တဲ့ ဗဟိုမွာ MMP-9 အင္ဇိုင္းကို ျပန္ လည္ထည့္ေပးခဲ့ရာ အရက္စြဲတဲ့ခံစား ခ်က္လကၡဏာေတြ ျပန္လည္ေပၚ လြင္လာတာ ေတြ႕ခဲ့ရပါတယ္။

 စိတ္ ၀င္စားဖို႔ေကာင္းတဲ့ ေတြ႕႐ွိခ်က္က ေတာ့ လူသားအရက္စြဲေနတဲ့ သူေတြ မွာ MMP-9 ဗီဇ႐ုပ္ေျပာင္းမ်ားစြာက MMP-9 အင္ဇိုင္းထုတ္လုပ္မႈကို ပိုမ်ားေစၿပီး အရက္ကိုစြဲလန္းတဲ့ ခံ စားခ်က္ကို ပိုျဖစ္ေစတာ ေတြ႕ရပါ တယ္။ သုေတသနမွာ အရက္စြဲေန တဲ့သူ ၁၆၇ ဦးနဲ႔ သာမန္အမ်ိဳးသား ၁၉၉ ဦး ပါ၀င္ခဲ့ပါတယ္။ ေဆးကုသ ရာမွာ သံုးတဲ့ အရက္စြဲမႈအေျခအေန သတ္မွတ္ခ်က္ကုိ အသံုးျပဳၿပီး အမူ အက်င့္ေတြကို ဆံုးျဖတ္ခဲ့ရာ အရက္ စြဲေနတဲ့သူေတြထဲက MMP-9 ဗီဇရဲ႕ T ပံုေျပာင္းပါ၀င္တဲ့ သူေတြက C ပံု ေျပာင္းပါ၀င္တဲ့ သူေတြထက္ အ ရက္ ကိုပိုေသာက္တာ ေတြ႕ရပါတယ္။ ယင္း ေတြ႕႐ွိခ်က္က MMP-9 ရဲ႕ အရက္ အေပၚ စြဲလန္းမႈအခန္းက႑ကို ပိုၿပီးေပၚလြင္ေစခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သုေတသနေတြမွာေတာ့ MMP-9 က အစားစားလိုစိတ္နဲ႔ ပတ္သက္တဲ့ မွတ္ဥာဏ္ကို လံႈ႕ေဆာ္ ေပးတယ္လို႔ ေတြ႕ခဲ့ရပါတယ္။ ရလဒ္ေတြအရ ႀကြက္ေတြမွာ MMP-9 အင္ဇိုင္း မပါျခင္းက အရက္ေၾကာင့္ amygdala ေပၚမွာ ေျပာင္းလဲမႈေတြကို ေလ်ာ့နည္း ေစတာေၾကာင့္ ျဖစ္ပါ တယ္။ ယင္းေတြ႕႐ွိမႈက MMP-9 ကို အရက္စြဲတာကို ကုသရာမွာသံုးတဲ့ ေဆးအျဖစ္ ထုတ္လုပ္ရာမွာ ကူညီီ ႏိုင္မယ္လို႔ ဆိုခဲ့ပါတယ္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပိုလန်နိုင်ငံ၊ ဝါဆောရှိ Nencki အင်စတီကျူမှ သုတေသီတွေက အရက်စွဲခြင်းနောက်ကွယ်က ဖြစ်စဉ် အသစ်တစ်ခုကို တွေ့ရှိခဲ့ပြီး Biology Psychiatry မှာ ပုံနှိပ်ဖော် ပြခဲ့ပါတယ်။ လူတွေအရက်စွဲတာကို ကုသဖို့အတွက် ဆေးတွေစဉ်းစား တဲ့အခါ ပထမဆုံးစဉ်းစားတာက အရက်သောက်ရာမှ ဖြစ်ပေါ်လာမယ့် ဓာတုအချက်ပြမှုတွေကို ပိုပြီးလှုံ့ ဆော်ဖို့ ဒါမှမဟုတ် တားဆီးဖို့ စ သဖြင့် စဉ်းစားခဲ့ကြပါတယ်။ ဒါပေ မယ့် ယခုသုတေသနကတော့ အာရုံ ကြောဆဲလ်တွေကို ဝန်းရံထားတဲ့ ပရို တင်းကွန်ယက်တွေကို ပြောင်းလဲစေ ပြီး ဦးနှောက်လှုံ့ဆော်မှုကို ပြောင်းလဲ စေမယ့် ဖြစ်စဉ်ကို အဓိကထား သုတေသနလုပ်ခဲ့ပါတယ်။ အာရုံ ကြောဆဲလ်တွေကို ဝန်းရံထားတဲ့ ပရို တင်းကွန်ယက်ကိုmatrix-metall oproteinase 9 (MMP-9) အင်ဇိုင်း က ထိန်းညှိပေးပါတယ်။

သုတေသန မှာ သာမန်ကြွက်တွေနဲ့ MMP-9 အင်ဇိုင်းမပါဝင်တဲ့ ကြွက်တွေကို အရက်စွဲတဲ့ အမူအကျင့် ဖြစ်ပေါ်စေဖို့ အရက်ကိုအလိုရှိတိုင်း သောက်နိုင် အောင် စီစဉ်ပေးထားခဲ့ပါတယ်။ ကာ လတစ်ခုကြာပြီး အရက်စွဲပြီးသွားတဲ့ နောက် အရက်ကိုကန့်သတ်လိုက်ရာ MMP-9 KO အင်ဇိုင်းမပါတဲ့ ကြွက်တွေက အရက်ပြတ်တဲ့လက္ခ ဏာတွေကို သာမန်ကြွက်များ ကဲ့သို့ ခံစားရပေမယ့် အရက်ရရှိဖို့ သိပ်ပြီး စိတ်အားထက်သန်မှု မရှိတာ ကို တွေ့ရပါတယ်။ ယင်းနောက် သု တေသီ တွေက စိတ်အားထက်သန်မှု ကို စမ်းသပ်ဖို့အတွက် ကြွက်တွေရဲ့amygdala လို့ခေါ်တဲ့ ဦးနှောက်ထဲ က စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ ဗဟိုမှာ MMP-9 အင်ဇိုင်းကို ပြန် လည်ထည့်ပေးခဲ့ရာ အရက်စွဲတဲ့ခံစား ချက်လက္ခဏာတွေ ပြန်လည်ပေါ် လွင်လာတာ တွေ့ခဲ့ရပါတယ်။

 စိတ် ဝင်စားဖို့ကောင်းတဲ့ တွေ့ရှိချက်က တော့ လူသားအရက်စွဲနေတဲ့ သူတွေ မှာ MMP-9 ဗီဇရုပ်ပြောင်းများစွာက MMP-9 အင်ဇိုင်းထုတ်လုပ်မှုကို ပိုများစေပြီး အရက်ကိုစွဲလန်းတဲ့ ခံ စားချက်ကို ပိုဖြစ်စေတာ တွေ့ရပါ တယ်။ သုတေသနမှာ အရက်စွဲနေ တဲ့သူ ၁၆၇ ဦးနဲ့ သာမန်အမျိုးသား ၁၉၉ ဦး ပါဝင်ခဲ့ပါတယ်။ ဆေးကုသ ရာမှာ သုံးတဲ့ အရက်စွဲမှုအခြေအနေ သတ်မှတ်ချက်ကို အသုံးပြုပြီး အမူ အကျင့်တွေကို ဆုံးဖြတ်ခဲ့ရာ အရက် စွဲနေတဲ့သူတွေထဲက MMP-9 ဗီဇရဲ့ T ပုံပြောင်းပါဝင်တဲ့ သူတွေက C ပုံ ပြောင်းပါဝင်တဲ့ သူတွေထက် အ ရက် ကိုပိုသောက်တာ တွေ့ရပါတယ်။ ယင်း တွေ့ရှိချက်က MMP-9 ရဲ့ အရက် အပေါ် စွဲလန်းမှုအခန်းကဏ္ဍကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုတေသနတွေမှာတော့ MMP-9 က အစားစားလိုစိတ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ကို လှုံ့ဆော် ပေးတယ်လို့ တွေ့ခဲ့ရပါတယ်။ ရလဒ်တွေအရ ကြွက်တွေမှာ MMP-9 အင်ဇိုင်း မပါခြင်းက အရက်ကြောင့် amygdala ပေါ်မှာ ပြောင်းလဲမှုတွေကို လျော့နည်း စေတာကြောင့် ဖြစ်ပါ တယ်။ ယင်းတွေ့ရှိမှုက MMP-9 ကို အရက်စွဲတာကို ကုသရာမှာသုံးတဲ့ ဆေးအဖြစ် ထုတ်လုပ်ရာမှာ ကူညီ နိုင်မယ်လို့ ဆိုခဲ့ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top