iMyanmarHouse.com - Best Property Website for Myanmar
×

အလြန္အကၽြံ ျဖစ္လာရင္ ဘာမွမေကာင္းဘူးဆုိတာ သိထားၾကၿပီးသားပါ။ အဲ့ဒီ အလြန္အကၽြံထဲမွာ ေရေသာက္ျခင္းလည္း ပါဝင္ေနပါတယ္။ ေရဟာ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္ေပးႏိုင္ေပမဲ့ လိုတာထက္ အမ်ားအျပားကို ေသာက္ေနမိရင္ေတာ့ က်န္းမာေရးကိုေတာင္ ထိခိုက္ေစလာႏိုင္ပါတယ္။ ေရကို အလြန္အကၽြံေသာက္လို႔ က်န္းမာေရးခ်ိဳ႕ယြင္းလာမႈကို water intoxication လို႔ ေခၚပါတယ္။

၁။ ေသြးထဲမွာဆိုဒီယံဓာတ္က်ဆင္းလာ

ေသြးထဲမွာ ဆိုဒီယံဓာတ္နည္းလာႏုိင္ပါတယ္။ ဆိုဒီယံဟာ electrolytes ေတြအတြက္ လုပ္ေဆာင္ေပးတဲ့အရာျဖစ္ၿပီး electrolytes ေတြဟာ ခႏၶာကိုယ္ရဲ႕ မ်ားျပားတဲ့လုပ္ေဆာင္မႈေတြကို ထိန္းခ်ဳပ္တဲ့ ဆဲလ္ေတြကို အခ်က္ျပၾကပါတယ္။ ေရကို အလြန္အကၽြံေသာက္တဲ့အခါ ေသြးထဲက ဆိုဒီယံဓာတ္ နည္းလာၿပီး မူးေဝေအာ့အန္တာ၊ ပ်ိဳ႕အန္တာ၊ ႏုံးခ်ိေမာပန္းတာနဲ႔ ဆီးအရမ္းသြားတာေတြ ျဖစ္လာႏုိင္ပါတယ္။

၂။ ႏွလံုးကိုဝန္ပိေစ

ႏွလံုးဟာ ခႏၶာကိုယ္တစ္ခုလံုးကို ေသြးေတြ မႈတ္ထုတ္ေပးတဲ့အလုပ္ လုပ္ပါတယ္။ ဒီအလုပ္ေၾကာင့္ပဲ အသက္႐ွင္ေနတာပါ။ ေရအရမ္းေသာက္လြန္းရင္ ခႏၶာကိုယ္တြင္းက ေသြးထုထည္ ပိုမ်ားလာၿပီး ႏွလံုးေသြးေၾကာေတြနဲ႔ ႏွလံုးကို မလိုအပ္တဲ့ဖိအားေတြ ျဖစ္လာေစတယ္။

၃။ Glomeruli ပ်က္စီးႏိုင္

Glomeruli ဆိုတာကေတာ့ ေက်ာက္ကပ္ေတြထဲက ဆံျခည္မွ်င္အရြယ္အစုအေဝးေလးျဖစ္ပါတယ္။ ကိုယ္တြင္းက ပိုေနတဲ့ေရေတြကို စြန္႔ထုတ္ဖုိ႔ စစ္ထုတ္တဲ့အလုပ္ကို လုပ္တယ္။ ေရကို လိုတာထက္ပိုေသာက္တဲ့အခါ ဒီစနစ္ကို ပ်က္စီးေစပါတယ္။

၄။ ဆဲလ္ေတြေရာင္ရမ္းလာ

ေသြးေတြဟာ ေရေၾကာင့္ ပိုက်ဲလာရၿပီး ေသြးထဲက electrolytes စုစည္းမႈဟာ ဆဲလ္ေတြထဲမွာထက္ ပိုမိုက်ဆင္းလာပါတယ္။ ဒီႏွစ္ခု မွ်တေနဖုိ႔ အေရးႀကီးပါတယ္။ ေရကို အရမ္းေသာက္လြန္းေတာ့ ဟန္ခ်က္မညီေတာ့ဘဲ ဆဲလ္ေတြေရာင္ရမ္းလာပါေတာ့တယ္။ ဦးေႏွာက္ဆဲလ္ေတြ ေရာင္ရမ္းလာတဲ့အခါ အသက္ရႈရပ္တာ၊ coma ရတာနဲ႔ အျခားဦးေႏွာက္ဆုိင္ရာ ျပႆနာေတြ ၾကံဳလာရႏိုင္တာကို သတိျပဳသင့္ပါတယ္။

၅။ ပိုတက္ဆီယံက်ဆင္းလာႏိုင္

ပိုတက္ဆီယံဆုိတာလည္း ခႏၶာကိုယ္မွာ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္တစ္မ်ိဳးျဖစ္ၿပီး ရွိသင့္တဲ့ပမာဏ ရွိေနေအာင္ ထိန္းထားမွ က်န္းမာမွာပါ။ ေရကို အမ်ားႀကီးေသာက္ေတာ့ ပိုတက္ဆီယံဓာတ္ က်ဆင္းလာကာ ယားယံျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ ေျခေထာက္ကိုက္ျခင္းေတြကို ခံစားရေလ့ရွိပါတယ္။

၆။ ကလိုရင္းေတြပိုေသာက္မိႏိုင္

ေရသန္႔အမ်ားစုဟာ သန္႔စင္ေရးအဆင့္ေတြမွာ ကလိုရင္းကို အသံုးျပဳၾကပါတယ္။ ကလိုရင္းေတြ ခႏၶာကိုယ္ထဲကို မ်ားမ်ားဝင္ေရာက္လာတဲ့အခါ ကိုယ္တြင္းအဂၤါေတြ လုပ္ေဆာင္မႈ က်ဆင္းလာျခင္းနဲ႔ ကင္ဆာေရာဂါ အႏၱရာယ္တုိ႔ ႐ွိလာႏိုင္ပါတယ္။

Source : Style Craze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလွန်အကျွံ ဖြစ်လာရင် ဘာမှမကောင်းဘူးဆိုတာ သိထားကြပြီးသားပါ။ အဲ့ဒီ အလွန်အကျွံထဲမှာ ရေသောက်ခြင်းလည်း ပါဝင်နေပါတယ်။ ရေဟာ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပေမဲ့ လိုတာထက် အများအပြားကို သောက်နေမိရင်တော့ ကျန်းမာရေးကိုတောင် ထိခိုက်စေလာနိုင်ပါတယ်။ ရေကို အလွန်အကျွံသောက်လို့ ကျန်းမာရေးချို့ယွင်းလာမှုကို water intoxication လို့ ခေါ်ပါတယ်။

၁။ သွေးထဲမှာဆိုဒီယံဓာတ်ကျဆင်းလာ

သွေးထဲမှာ ဆိုဒီယံဓာတ်နည်းလာနိုင်ပါတယ်။ ဆိုဒီယံဟာ electrolytes တွေအတွက် လုပ်ဆောင်ပေးတဲ့အရာဖြစ်ပြီး electrolytes တွေဟာ ခန္ဓာကိုယ်ရဲ့ များပြားတဲ့လုပ်ဆောင်မှုတွေကို ထိန်းချုပ်တဲ့ ဆဲလ်တွေကို အချက်ပြကြပါတယ်။ ရေကို အလွန်အကျွံသောက်တဲ့အခါ သွေးထဲက ဆိုဒီယံဓာတ် နည်းလာပြီး မူးဝေအော့အန်တာ၊ ပျို့အန်တာ၊ နုံးချိမောပန်းတာနဲ့ ဆီးအရမ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ နှလုံးကိုဝန်ပိစေ

နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ မှုတ်ထုတ်ပေးတဲ့အလုပ် လုပ်ပါတယ်။ ဒီအလုပ်ကြောင့်ပဲ အသက်ရှင်နေတာပါ။ ရေအရမ်းသောက်လွန်းရင် ခန္ဓာကိုယ်တွင်းက သွေးထုထည် ပိုများလာပြီး နှလုံးသွေးကြောတွေနဲ့ နှလုံးကို မလိုအပ်တဲ့ဖိအားတွေ ဖြစ်လာစေတယ်။

၃။ Glomeruli ပျက်စီးနိုင်

Glomeruli ဆိုတာကတော့ ကျောက်ကပ်တွေထဲက ဆံခြည်မျှင်အရွယ်အစုအဝေးလေးဖြစ်ပါတယ်။ ကိုယ်တွင်းက ပိုနေတဲ့ရေတွေကို စွန့်ထုတ်ဖို့ စစ်ထုတ်တဲ့အလုပ်ကို လုပ်တယ်။ ရေကို လိုတာထက်ပိုသောက်တဲ့အခါ ဒီစနစ်ကို ပျက်စီးစေပါတယ်။

၄။ ဆဲလ်တွေရောင်ရမ်းလာ

သွေးတွေဟာ ရေကြောင့် ပိုကျဲလာရပြီး သွေးထဲက electrolytes စုစည်းမှုဟာ ဆဲလ်တွေထဲမှာထက် ပိုမိုကျဆင်းလာပါတယ်။ ဒီနှစ်ခု မျှတနေဖို့ အရေးကြီးပါတယ်။ ရေကို အရမ်းသောက်လွန်းတော့ ဟန်ချက်မညီတော့ဘဲ ဆဲလ်တွေရောင်ရမ်းလာပါတော့တယ်။ ဦးနှောက်ဆဲလ်တွေ ရောင်ရမ်းလာတဲ့အခါ အသက်ရှုရပ်တာ၊ coma ရတာနဲ့ အခြားဦးနှောက်ဆိုင်ရာ ပြဿနာတွေ ကြုံလာရနိုင်တာကို သတိပြုသင့်ပါတယ်။

၅။ ပိုတက်ဆီယံကျဆင်းလာနိုင်

ပိုတက်ဆီယံဆိုတာလည်း ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ရှိသင့်တဲ့ပမာဏ ရှိနေအောင် ထိန်းထားမှ ကျန်းမာမှာပါ။ ရေကို အများကြီးသောက်တော့ ပိုတက်ဆီယံဓာတ် ကျဆင်းလာကာ ယားယံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက်ကိုက်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။

၆။ ကလိုရင်းတွေပိုသောက်မိနိုင်

ရေသန့်အများစုဟာ သန့်စင်ရေးအဆင့်တွေမှာ ကလိုရင်းကို အသုံးပြုကြပါတယ်။ ကလိုရင်းတွေ ခန္ဓာကိုယ်ထဲကို များများဝင်ရောက်လာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ လုပ်ဆောင်မှု ကျဆင်းလာခြင်းနဲ့ ကင်ဆာရောဂါ အန္တရာယ်တို့ ရှိလာနိုင်ပါတယ်။

Source : Style Craze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top