အဝလြန္ေရာဂါက ကမၻာေပၚမွာ အျဖစ္မ်ားေနတဲ့ ေရာဂါတစ္ခုပါ။ ထိုင္ရာမထ လုပ္ရတဲ့ အလုပ္ေတြ ေပါမ်ားလာတာနဲ႔အမွ် အဝလြန္သူေတြ မ်ားျပားလာတာလည္း ဆန္းေတာ့မဆန္းလွပါဘူး။ တကယ္ေတာ့ အဝလြန္တယ္ဆိုတာ လူမႈေရးအရ၊ က်န္းမာေရးအရ မေကာင္းတဲ့အျပင္ ႏွလံုးေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါ၊ Type 2 ဆီးခ်ိဳေရာဂါတို႔နဲ႔လည္း ဆက္ႏြယ္ေနႏိုင္ပါတယ္။
အဝလြန္ေနလို႔ ဝိတ္ခ်ေတာ့မယ္ဆိုရင္ ေသခ်ာတာတစ္ခုကေတာ့ မိမိေန႔စဥ္ စားေသာက္ေနတဲ့ အစားအစာေတြကို ကယ္လိုရီတြက္ခ်က္ စားသံုးရပါေတာ့မယ္။ ကယ္လိုရီတြက္ခ်က္ရတာ အဆင္ေျပႏိုင္ေစဖို႔ ကယ္လိုရီ (၁၀၀) ေအာက္မွာ႐ွိတဲ့ အစားအစာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ လိေမၼာ္သီးေဖ်ာ္ရည္
လိေမၼာ္သီးေဖ်ာ္ရည္တစ္ခြက္မွာ (၄၇) ကယ္လိုရီပဲ ပါဝင္ပါတယ္။ လိေမၼာ္သီးေဖ်ာ္ရည္ထဲမွာ ဖိုလိတ္ဓာတ္၊ ပိုတက္စီယမ္၊ ဗိုက္တာမင္စီတို႔လည္း ၾကြယ္ဝစြာပါဝင္ပါေသးတယ္။ ကယ္လိုရီနည္းပါးမႈအျပင္ လိေမၼာ္သီးေဖ်ာ္ရည္ ေသာက္သင့္တဲ့ ေနာက္ထပ္အေၾကာင္းရင္း တစ္ခုကေတာ့ တစ္ေန႔တာလံုး တက္ၾကြလန္းဆန္းေစႏိုင္တဲ့ အာနိသင္ပါပဲ။
၂။ အနက္ေရာင္ေခ်ာကလက္
ေခ်ာကလက္ေတြဟာ ကယ္လိုရီမ်ားတဲ့ထဲမွာ ပါတယ္ဆိုေပမဲ့ ကိုကိုးမႈန္႔စစ္စစ္ကိုပဲ အသံုးျပဳၿပီး ျပဳလုပ္ထားတဲ့ အနက္ေရာင္ ေခ်ာကလက္ေတြကေတာ့ ကယ္လိုရီနည္းပါးပါတယ္။ အနက္ေရာင္ ေခ်ာကလက္ငယ္ (၃) တံုးမွာမွ (၉၅) ကယ္လိုရီပဲ ပါဝင္ပါတယ္။ ဒါ့အျပင္ အနက္ေရာင္ေခ်ာကလက္ဟာ စားခ်င္ေသာက္ခ်င္စိတ္ကို ထိန္းညွိေပးျခင္း၊ ေသြးတြင္းအခ်ိဳဓာတ္ ေလ်ာ့နည္းေအာင္ ေလွ်ာ့ခ်ေပးျခင္း၊ စိတ္ခံစားခ်က္ ေကာင္းမြန္ေစျခင္းတို႔ကို ရ႐ွိေစႏိုင္ပါတယ္။
၃။ ရက္စ္ဘယ္ရီသီး
ဘယ္ရီသီးႏြယ္ဝင္ တစ္မ်ိဳးျဖစ္တဲ့ ရက္စ္ဘယ္ရီသီးဟာ ကမၻာေပၚမွာ ကယ္လိုရီအနည္းပါးဆံုး သီးႏွံထဲမွာပါဝင္ပါတယ္။ ရက္စ္ဘယ္ရီသီး တစ္ခြက္မွာမွ (၆၅) ကယ္လိုရီပဲ ပါဝင္ၿပီး အမွ်င္ဓာတ္၊ အဆီဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္။ ေနာက္ၿပီး ရက္စ္ဘယ္ရီသီးဟာ အစာေခ်မႈကိုလည္း ပိုမိုေကာင္းမြန္ေအာင္ ကူညီေပးႏိုင္ပါတယ္။
၄။ အယ္လ္မြန္ေစ့
အယ္လ္မြန္ေစ့ဟာ ဗိုက္တာမင္အီး၊ အဆီဓာတ္၊ အမွ်င္ဓာတ္၊ မဂၢနီစီယမ္တို႔ ၾကြယ္ဝတဲ့ရင္းျမစ္ေတြ ျဖစ္ပါတယ္။ အယ္လ္မြန္ေစ့ (၁၃) ေစ့ပါတဲ့ အထုပ္တစ္ထုပ္ကို (၉၀) ကယ္လိုရီပဲ ပါဝင္ပါတယ္။ ၾကြပ္႐ြတဲ့ ဒီအေစ့အဆန္ေလးေတြဟာ ခႏၶာကိုယ္တြင္းက ကုိလက္စ္ထေရာလယ္ဗယ္နဲ႔ ေသြးတြင္းသၾကားဓာတ္လယ္ဗယ္ကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး ႏွလံုးနဲ႔ဆီးခ်ိဳေရာဂါ အႏၱရာယ္ကို ကာကြယ္ႏိုင္ပါတယ္။
၅။ ၾကက္ဥျပဳတ္
ၾကက္ဥျပဳတ္တစ္လံုးကို ေန႔စဥ္စားေပးျခင္းက အာဟာရျပည့္ဝေစသလိုလည္း ကယ္လိုရီလည္း က်ေစတယ္ဆိုတာက မမွားပါဘူး။ ၾကက္ဥျပဳတ္ တစ္လံုးမွာ (၇၀) ကယ္လိုရီခန္႔ပဲပါဝင္ၿပီး ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ပ႐ုိတိန္းဓာတ္ကိုလည္း ျဖည့္စြမ္းေပးႏိုင္ပါတယ္။
၆။ ပန္းသီး
အလတ္စားပန္းသီးတစ္လံုးမွာ ေရဓာတ္ (၈၅) ရာခိုင္ႏႈန္းပါဝင္ၿပီး အမွ်င္ဓာတ္အထူးၾကြယ္ဝပါတယ္။ ေနာက္ၿပီး (၇၀) ကယ္လိုရီခန္႔ပဲ ပါဝင္တဲ့အတြက္ ဝိတ္ေလွ်ာ့ျခင္းမွာ ႀကီးမားစြာ အေထာက္အကူေပးႏိုင္ပါတယ္။
၇။ ငွက္ေပ်ာသီး
ငွက္ေပ်ာသီးတစ္လံုးမွာ (၈၉) ကယ္လိုရီပါဝင္တဲ့အတြက္ တျခားသစ္သီးေတြနဲ႔စာရင္ ကယ္လိုရီနည္းနည္းေလး ပိုမ်ားတယ္လို႔ေတာ့ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ တစ္ေန႔ကို ငွက္ေပ်ာသီးတစ္လံုး စားေပးဖို႔ေတာ့ မေမ့ပါနဲ႔။ ဘာျဖစ္လို႔လဲဆိုေတာ့ ငွက္ေပ်ာသီးဟာ ကယ္လိုရီနည္းပါး႐ံုသာမက ခႏၶာကိုယ္ကိုလည္း ခြန္အားတိုးေစႏိုင္လို႔ပါပဲ။
Source: Youngisrthan
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဝလွန်ရောဂါက ကမ္ဘာပေါ်မှာ အဖြစ်များနေတဲ့ ရောဂါတစ်ခုပါ။ ထိုင်ရာမထ လုပ်ရတဲ့ အလုပ်တွေ ပေါများလာတာနဲ့အမျှ အဝလွန်သူတွေ များပြားလာတာလည်း ဆန်းတော့မဆန်းလှပါဘူး။ တကယ်တော့ အဝလွန်တယ်ဆိုတာ လူမှုရေးအရ၊ ကျန်းမာရေးအရ မကောင်းတဲ့အပြင် နှလုံးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ Type 2 ဆီးချိုရောဂါတို့နဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။
အဝလွန်နေလို့ ဝိတ်ချတော့မယ်ဆိုရင် သေချာတာတစ်ခုကတော့ မိမိနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကို ကယ်လိုရီတွက်ချက် စားသုံးရပါတော့မယ်။ ကယ်လိုရီတွက်ချက်ရတာ အဆင်ပြေနိုင်စေဖို့ ကယ်လိုရီ (၁၀၀) အောက်မှာရှိတဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လိမ္မော်သီးဖျော်ရည်
လိမ္မော်သီးဖျော်ရည်တစ်ခွက်မှာ (၄၇) ကယ်လိုရီပဲ ပါဝင်ပါတယ်။ လိမ္မော်သီးဖျော်ရည်ထဲမှာ ဖိုလိတ်ဓာတ်၊ ပိုတက်စီယမ်၊ ဗိုက်တာမင်စီတို့လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ကယ်လိုရီနည်းပါးမှုအပြင် လိမ္မော်သီးဖျော်ရည် သောက်သင့်တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ပါပဲ။
၂။ အနက်ရောင်ချောကလက်
ချောကလက်တွေဟာ ကယ်လိုရီများတဲ့ထဲမှာ ပါတယ်ဆိုပေမဲ့ ကိုကိုးမှုန့်စစ်စစ်ကိုပဲ အသုံးပြုပြီး ပြုလုပ်ထားတဲ့ အနက်ရောင် ချောကလက်တွေကတော့ ကယ်လိုရီနည်းပါးပါတယ်။ အနက်ရောင် ချောကလက်ငယ် (၃) တုံးမှာမှ (၉၅) ကယ်လိုရီပဲ ပါဝင်ပါတယ်။ ဒါ့အပြင် အနက်ရောင်ချောကလက်ဟာ စားချင်သောက်ချင်စိတ်ကို ထိန်းညှိပေးခြင်း၊ သွေးတွင်းအချိုဓာတ် လျော့နည်းအောင် လျှော့ချပေးခြင်း၊ စိတ်ခံစားချက် ကောင်းမွန်စေခြင်းတို့ကို ရရှိစေနိုင်ပါတယ်။
၃။ ရက်စ်ဘယ်ရီသီး
ဘယ်ရီသီးနွယ်ဝင် တစ်မျိုးဖြစ်တဲ့ ရက်စ်ဘယ်ရီသီးဟာ ကမ္ဘာပေါ်မှာ ကယ်လိုရီအနည်းပါးဆုံး သီးနှံထဲမှာပါဝင်ပါတယ်။ ရက်စ်ဘယ်ရီသီး တစ်ခွက်မှာမှ (၆၅) ကယ်လိုရီပဲ ပါဝင်ပြီး အမျှင်ဓာတ်၊ အဆီဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး ရက်စ်ဘယ်ရီသီးဟာ အစာချေမှုကိုလည်း ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။
၄။ အယ်လ်မွန်စေ့
အယ်လ်မွန်စေ့ဟာ ဗိုက်တာမင်အီး၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်တို့ ကြွယ်ဝတဲ့ရင်းမြစ်တွေ ဖြစ်ပါတယ်။ အယ်လ်မွန်စေ့ (၁၃) စေ့ပါတဲ့ အထုပ်တစ်ထုပ်ကို (၉၀) ကယ်လိုရီပဲ ပါဝင်ပါတယ်။ ကြွပ်ရွတဲ့ ဒီအစေ့အဆန်လေးတွေဟာ ခန္ဓာကိုယ်တွင်းက ကိုလက်စ်ထရောလယ်ဗယ်နဲ့ သွေးတွင်းသကြားဓာတ်လယ်ဗယ်ကို လျှော့ချပေးနိုင်ပြီး နှလုံးနဲ့ဆီးချိုရောဂါ အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။
၅။ ကြက်ဥပြုတ်
ကြက်ဥပြုတ်တစ်လုံးကို နေ့စဉ်စားပေးခြင်းက အာဟာရပြည့်ဝစေသလိုလည်း ကယ်လိုရီလည်း ကျစေတယ်ဆိုတာက မမှားပါဘူး။ ကြက်ဥပြုတ် တစ်လုံးမှာ (၇၀) ကယ်လိုရီခန့်ပဲပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပရိုတိန်းဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။
၆။ ပန်းသီး
အလတ်စားပန်းသီးတစ်လုံးမှာ ရေဓာတ် (၈၅) ရာခိုင်နှုန်းပါဝင်ပြီး အမျှင်ဓာတ်အထူးကြွယ်ဝပါတယ်။ နောက်ပြီး (၇၀) ကယ်လိုရီခန့်ပဲ ပါဝင်တဲ့အတွက် ဝိတ်လျှော့ခြင်းမှာ ကြီးမားစွာ အထောက်အကူပေးနိုင်ပါတယ်။
၇။ ငှက်ပျောသီး
ငှက်ပျောသီးတစ်လုံးမှာ (၈၉) ကယ်လိုရီပါဝင်တဲ့အတွက် တခြားသစ်သီးတွေနဲ့စာရင် ကယ်လိုရီနည်းနည်းလေး ပိုများတယ်လို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ငှက်ပျောသီးတစ်လုံး စားပေးဖို့တော့ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီးဟာ ကယ်လိုရီနည်းပါးရုံသာမက ခန္ဓာကိုယ်ကိုလည်း ခွန်အားတိုးစေနိုင်လို့ပါပဲ။
Source: Youngisrthan
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» ကယ္လိုရီပါဝင္မႈ (၁၀၀) ေအာက္မွာ႐ွိတဲ့ အစားအေသာက္ (၇) မ်ိဳး
ကယ္လိုရီပါဝင္မႈ (၁၀၀) ေအာက္မွာ႐ွိတဲ့ အစားအေသာက္ (၇) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။