သင္ဟာ ၁၉၉၃ ခုႏွစ္မွာ ေမြးသူတစ္ဦးဆိုရင္ ဒီႏွစ္ထဲမွာ ၂၅ ႏွစ္ျပည္႔မွာျဖစ္ၿပီး ၉၃ ေအာက္ေမြးသူေတြကေတာ႔ ၂၅ ေက်ာ္သြားပါၿပီ။
ဒီအရြယ္ဟာ လူငယ္လည္းမဟုတ္ေတာ႔သလို၊ လူႀကီးလည္းမဟုတ္ေပမယ္႔ လူလတ္ပိုင္းအရြယ္အစ ျဖစ္တာမို႔ ေနထိုင္မႈပံုစံမွာ ျပဳျပင္ေျပာင္းလဲမႈေလး အနညး္ငယ္ လိုအပ္လာပါၿပီ။
၁ – ေစ်းေပါေပါအကၤ်ီေတြမ၀ယ္နဲ႔ေတာ႔။
ဒီအရြယ္မွာ အမ်ားအားျဖင္႔ ၀င္ေငြရွာႏုိင္တဲ႔ အရြယ္အပိုင္းအျခား ျဖစ္ေနၿပီျဖစ္သလို ငယ္ငယ္တုန္းကလို ေစ်းနည္းနည္းနဲ႔ အထည္မ်ားမ်ား ၀ယ္တာမ်ိဳး မလုပ္သင္႔ေတာ႔ပါဘူး။
သင္႔ရဲ႕အလုပ္အကိုင္၊ အသက္အရြယ္၊ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ လိုက္ဖက္ညီတဲ႔ အ၀တ္အစားမ်ိဳးကို ေရြးခ်ယ္၀တ္ဆင္သင္႔သလို ခပ္ေပါေပါ အ၀တ္အစားမ်ိဳးထက္ ေစ်းႏႈန္းသင္႔တင္႔ၿပီး ၀တ္လိုက္တာနဲ႔ အဆင္႔အတန္းတစ္ခုရွိတဲ႔ ပံုစံမ်ိဳးကို ၀တ္ဆင္သင္႔ပါတယ္။
၂ – ရည္းစားမ႐ႈပ္နဲ႔ေတာ႔။
ဘ၀အတြက္ အတည္တက် ေရြးခ်ယ္သင္႔တဲ႔ အရြယ္တစ္ခု ေရာက္ေနၿပီမို႔ ငယ္ငယ္တုန္းကလို အေပ်ာ္ရည္းစားထားတာမ်ိဳးကို ဒီအခ်ိန္မွာ ေရွာင္ရွားသင္႔ပါၿပီ။
သင္နဲ႔ အမူအက်င္႔ျခင္း လိုက္ဖက္ညီမယ္႔၊ သင္ကိုခ်စ္တဲ႔၊ သင္ကလည္းခ်စ္တဲ႔ ဘ၀လက္တြဲေဖာ္တစ္ဦးကို ႏွလံုးသားနဲ႔ ဦးေႏွာက္တို႔ ပူးေပါင္းၿပီး ေရြးခ်ယ္သင္႔တဲ႔အခ်ိန္ပါ။
၃ – သူမ်ားေတြရဲ႕ထင္ျမင္ခ်က္ေတြကို ဂရုမစိုက္နဲ႔ေတာ႔။
ငယ္ငယ္တုန္းကေတာ႔ မိဘကခြင္႔မျပဳလို႔ မလုပ္ရဘူး။ ပတ္၀န္းက်င္က ဒီလိုျမင္မွာဆိုးလို႔ မလုပ္ျဖစ္ဘူး။ ဟိုလူေတြက ဟိုလိုမ်ားေျပာမလား၊ ဒီလိုမ်ားေျပာမလားဆိုၿပီး သူမ်ားရဲ႕ ေ၀ဖန္မႈေတြကို ဂရုမစိုက္ပါနဲ႔ေတာ႔။
သင္႔မွာလည္း ထိုက္သင္႔တဲ႔ အသိဉာဏ္၊ အေတြးအေခၚရွိေနၿပီမို႔ သင္႔ရဲ႕လုပ္ကိုင္ပံု ေကာင္းျခငး္၊ ဆိုးျခငး္ကို သင္ကိုယ္တိုင္ အမွားအမွန္ခြဲျခားေနႏိုင္ပါၿပီ။
၄ – မိဘေတြကို အျပစ္မတင္နဲ႔ေတာ႔။
ဟုတ္ပါတယ္။ ဘယ္သူမွေတာ႔ အရာရာၿပီးျပည္႔စံုတယ္ရယ္လို႔ မရွိပါဘူး။ ဆင္းဆင္းရဲရဲေမြးလာရတဲ႔ သင္႔အျပစ္မဟုတ္ပါဘူး။ ဆင္းဆင္းရဲရဲေသသြားရရင္သာ သင္႔အျပစ္ပါ။
သင္မိဘေတြက သင္႔အေပၚ မျဖည္႔ဆည္းေပးႏုိင္ခဲ႔တဲ႔ အခ်ိဳ႕ေသာ ကိစၥရပ္ေတြအတြက္ သူတို႔ကို ေဗြမယူပါနဲ႔။ သင္႔သားသမီးေတြလက္ထက္မွာ သင္ျဖည္႔ဆညး္ေပးႏိုင္ေအာင္ ႀကိဳးစားပါ။
၅ – ေငြေတြမျဖဳန္းနဲ႔ေတာ႔။
လူငယ္ဘ၀မွာေတာ႔ ေငြတန္ဖိုးမသိေသးလို႔ မလိုအပ္တဲ႔ အပိုေတြကို သံုးျဖဳန္းပစ္မိခဲ႔ေပမယ္႔ ၂၄ ဆိုတဲ႔ ဒီအရြယ္ေနာက္ပိုင္းမွာေတာ႔ ေငြစုခ်ိန္ေရာက္ၿပီ ျဖစ္ပါတယ္။
သင္႔ဘ၀တိုးတက္ေရးအတြက္ ေငြကို မလိုအပ္ပဲ မျဖဳန္းပစ္သင္႔သလို စုေနယံုနဲ႔လည္း မၿပီးပဲ တိုးပြားေအာင္ ႀကံေဆာင္ႏိုင္ရမယ္႔ အရြယ္ပါ။ ပညာကိုရွာၿပီးခ်ိန္မို႔ အခ်ိန္ေတြကို ဥစၥာအတြက္ ရင္းႏွီးျမွဳပ္ႏွံပါ။
၆ – အင္တာနက္မွာပဲ အခ်ိန္ေတြအၾကာႀကီး မျဖဳန္းနဲ႔ေတာ႔။
ယေန႔ေခတ္မွာ လူငယ္ေတြဟာ အင္တာနက္ လူမႈကြန္ယက္ေတြကို ပိုမိုစြဲလမ္းလာၾကၿပီး အဲ႔ဒီအေပၚမွာပဲ အလကားအခ်ိန္ေတြ ကုန္ေနတတ္ၾကပါတယ္။
၂၄ ႏွစ္ေနာက္ပိုင္းမွာေတာ႔ ဒီအျပဳအမူေတြကို အတတ္ႏိုင္ဆံုး ေလွ်ာ႔ခ်ထားလိုက္ပါ။ အင္တာနက္သံုးတယ္ဆိုရင္လည္း Facebook တစ္ခုထဲသာ အဓိကမထားပဲ သင္႔ရဲ႕ လူမႈေရး၊ အလုပ္အကိုင္၊ ပညာေရးဆိုင္ရာေတြအတြက္ အခ်ိန္အနည္းငယ္ေတာ႔ အသံုးခ်ထားသင္႔ပါတယ္။
၇ – လူတိုင္းအေပၚ အရမ္းမေကာင္းနဲ႔ေတာ႔။
ေစတနာသည္ လူတိုင္းနဲ႔မတန္ဆိုတာ ဒီအရြယ္မွာ သေဘာေပါက္သင္႔သေလာက္ ေပါက္ၿပီးသား ျဖစ္မွာပါ။
လူတိုင္းအေပၚ အရမ္းမေကာငး္ပါနဲ႔။ ဒါဟာစိတ္ယုတ္ေမြးဖို႔ကို ဆိုလိုတာမဟုတ္ပဲ၊ လိႈက္လိႈက္လဲွလွဲ ပစ္ယံုလိုက္တာမိ်ဳးကို ေရွာင္ရွားတတ္ဖို႔ ဆိုလိုတာပါ။ အားနာလို႔ ခါးပါရတဲ႔ ကိစၥမ်ိဳးကို ပရိယာယ္နဲ႔ ေရွာင္ပါ။
Credit : မူရင္း
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာ ၁၉၉၃ ခုနှစ်မှာ မွေးသူတစ်ဦးဆိုရင် ဒီနှစ်ထဲမှာ ၂၅ နှစ်ပြည့်မှာဖြစ်ပြီး ၉၃ အောက်မွေးသူတွေကတော့ ၂၅ ကျော်သွားပါပြီ။
ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။
၁ – ဈေးပေါပေါအင်္ကျီတွေမဝယ်နဲ့တော့။
ဒီအရွယ်မှာ အများအားဖြင့် ဝင်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို ဈေးနည်းနည်းနဲ့ အထည်များများ ဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး။
သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို ခပ်ပေါပေါ အဝတ်အစားမျိုးထက် ဈေးနှုန်းသင့်တင့်ပြီး ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကို ဝတ်ဆင်သင့်ပါတယ်။
၂ – ရည်းစားမရှုပ်နဲ့တော့။
ဘဝအတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ။
သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့ ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့အချိန်ပါ။
၃ – သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့။
ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး။ ဟိုလူတွေက ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့တော့။
သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ။
၄ – မိဘတွေကို အပြစ်မတင်နဲ့တော့။
ဟုတ်ပါတယ်။ ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ်ပါ။
သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ။
၅ – ငွေတွေမဖြုန်းနဲ့တော့။
လူငယ်ဘဝမှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရောက်ပြီ ဖြစ်ပါတယ်။
သင့်ဘဝတိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာအတွက် ရင်းနှီးမြှုပ်နှံပါ။
၆ – အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။
ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်။
၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ။ အင်တာနက်သုံးတယ်ဆိုရင်လည်း Facebook တစ်ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်။
၇ – လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့။
စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ။
လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့။ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လဲှလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ။ အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါ။
Credit : မူရင်း
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသက္ ၂၄ ႏွစ္ေက်ာ္ရင္ မလုပ္ င္႔ေတာ႔တဲ႔အရာေတြ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။