iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာသူ ကမၻာသားေတြမွာ ကမၻာဦးကတည္းက မ်ိဳးဆက္အလိုက္ သယ္ပိုးေဆာင္႐ြက္လာတဲ့ သမိုင္းေပးတာဝန္တစ္ခု ႐ွိပါတယ္။ အဲဒါကေတာ့ မ်ိဳးဆက္ပြားျခင္းပါပဲ။ လူသားမ်ိဳးဆက္ ဆက္လက္တည္တံ့ေနဖို႔အတြက္ သီးခ်ိန္တန္ရင္သီး၊ ပြင့္ခ်ိန္တန္ရင္ပြင့္ၾကရတာ ဓမၼတာပါပဲ။ ဒါတင္မကေသးပါဘူး။ က်န္းမာေရးရႈေထာင့္က ၾကည့္မယ္ဆိုရင္လည္း အိမ္ေထာင္သည္ေတြဟာ လူပ်ိဳ၊ အပ်ိဳေတြထက္စာရင္ က်န္းမာေရးပိုေကာင္းႏိုင္တဲ့ အခ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။

၁။ ဦးေႏွာက္နဲ႔ဆိုင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတယ္

ကမၻာ့အယ္လ္ဇိုင္းမား ေရာဂါကာကြယ္ေရး အဖြဲ႔ႀကီးရဲ႕ အဆိုအရ အယ္လ္ဇိုင္းမားေရာဂါ အႏၱရာယ္ကို ေလ်ာ့က်ေစႏိုင္တဲ့ ေန႔စဥ္အေလ့အထေလးေတြ အမ်ားႀကီး႐ွိပါတယ္။ ဒါေပမဲ့ အထိေရာက္ဆံုး နည္းလမ္းကေတာ့ အိမ္ေထာင္ျပဳလိုက္ၿပီး မိမိဦးေႏွာက္ကို ကာကြယ္တာပါပဲတဲ့။ သုေတသနတစ္ခုအရဆိုရင္ အိမ္ေထာင္႐ွင္ အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ အ႐ြယ္ရလာခ်ိန္မွာ ဦးေႏွာက္ထိခိုက္မႈ ဆိုင္ရာေရာဂါ ျဖစ္ႏိုင္ေျခ (၄၃) ရာခိုင္ႏႈန္း ပိုမိုေလ်ာ့က်ေစပါတယ္တဲ့။

အိမ္ေထာင္သည္ဘဝ ကေတာက္ကဆျဖစ္ေနရတာေလးေတြ၊ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ လုပ္ေနရတာေလးေတြကိုက ဦးေႏွာက္ကို တက္ၾကြေနေစလားေတာ့ မသိပါဘူး။

၂။ ေသြးဖိအား ေလ်ာ့က်ေစတယ္

ႏွလံုးေရာဂါဟာ တစ္ကမၻာလံုးကို ခ်ိန္းေျခာက္ေနတဲ့ ေသႏႈန္းျမင့္ေရာဂါတစ္မ်ိဳး ျဖစ္ေနဆဲပါပဲ။ ဒါေပမဲ့ အိမ္ေထာင္႐ွိမယ္ဆိုရင္ေတာ့ ႏွလံုးေရာဂါကို ျဖစ္ေစႏိုင္တဲ့ ေသြးဖိအား အလြန္အကြ်ံတက္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ Brigham Young တကၠသိုလ္မွာ ျပဳလုပ္တဲ့ သုေတသနတစ္ခုအရ ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္သည္ေတြမွာ ေသြးဖိအားေလ်ာ့နည္းၿပီး ႏွလံုးအႏၱရာယ္ကို ကာကြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

၃။ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစတယ္

စိတ္ဖိစီးမႈက ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါနဲ႔ ကင္ဆာေရာဂါ အစ႐ွိတဲ့ ေၾကာက္မက္ဖြယ္ က်န္းမာေရးျပႆနာေတြနဲ႔ ဆက္ႏြယ္ေနပါတယ္။ ဒါေပမဲ့ အိမ္ေထာင္သည္ေတြမွာေတာ့ စိတ္ဖိစီးမႈကို ပိုမိုေကာင္းမြန္စြာ ကိုင္တြယ္ႏိုင္ၿပီး စိတ္ဖိစီးမႈနဲ႔ဆိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း ကင္းေဝးတယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။ ဒါေပမဲ့ ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးတစ္ခု ျဖစ္ဖို႔ေတာ့လိုတာေပါ့။ မေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကေတာ့ စိတ္ဖိစီးမႈကို ပိုမိုဆိုး႐ြားေစမွာပါ။ ဘဝမွာအဆင္မေျပမႈေလးေတြ ႐ွိလာတဲ့အခါ ေဘးနားမွာအားေပးမဲ့ အေဖာ္မြန္ေလး ႐ွိေနတာက စိတ္ဖိစီးမႈကို တိုက္ဖ်က္ႏိုင္တဲ့ အေကာင္းဆံုးေဆးပါပဲ။

၄။ အဆုတ္လုပ္ေဆာင္မႈ ပိုမိုေကာင္းမြန္မယ္

အသက္႐ွဴလိုက္တိုင္းမွာ လတ္ဆတ္တဲ့ေလထုရဲ႕ အရသာကို အျပည့္အဝ ခံစားႏိုင္တဲ့ဖီးလ္ကို မလိုခ်င္တဲ့သူ ဘယ္သူ႐ွိမလဲ။ ဒါေပမဲ့ အသက္အ႐ြယ္ႀကီးရင့္လာတာနဲ႔အမွ် အဆုတ္က်န္းမာေရးရဲ႕ အေရးပါပံုကို ပိုမိုသိ႐ွိလာမွာပါ။ Health Psychology ဂ်ာနယ္မွာေဖာ္ျပထားတဲ့ ေလ့လာမႈတစ္ခုအရဆိုရင္ အိမ္ေထာင္သည္ေတြရဲ႕ အဆုတ္လုပ္ေဆာင္မႈက ပိုမိုေကာင္းမြန္ပါတယ္တဲ့။ အခ်စ္နဲ႔ လႊမ္းျခံဳထားတဲ့ ေလထုေလးက အဆုတ္က်န္းမာေရးကို ပိုမိုအားေကာင္းေစပံုပါပဲ။

၅။ အမ်ိဳးသားေတြ အသက္ပို႐ွည္ႏိုင္တယ္

အိမ္ေထာင္သည္အမ်ိဳးသားေတြဟာ လူပ်ိဳႀကီးေတြနဲ႔ ႏႈိင္းစာရင္ ပ်မ္းမွ်အသက္ (၁၀) ႏွစ္ခန္႔ အသက္႐ွည္႐ွည္ ပိုေနႏိုင္စြမ္း႐ွိပါတယ္။ ဒါဟာလည္း လူပ်ိဳႀကီးေတြမွာ ႐ွိတတ္တဲ့ စိတ္ပိုင္းဆိုင္ရာ အထီးက်န္မႈတို႔၊ စည္းလြတ္ဝါးလြတ္ ေသာက္စားေပ်ာ္႐ႊင္တတ္မႈတို႔ေၾကာင့္ က်န္းမာေရးေပၚမွာ​ ဆိုးက်ိဳးသက္ေရာက္မႈေတြဟာ အိမ္ေထာင္သည္ေတြေပၚကို သက္ေရာက္ႏိုင္စြမ္း မ႐ွိလို႔ပါပဲ။

၆။ အမ်ိဳးသမီးေတြ စိတ္က်န္းမာေရးပိုေကာင္းမယ္

အိမ္ေထာင္သည္ အမ်ိဳးသားေတြက အသက္႐ွည္႐ွည္ပိုေနရသလို အိမ္ေထာင္သည္အမ်ိဳးသမီးေတြကေတာ့ ေနရတဲ့ေန႔ရက္ေတြမွာ ပိုမိုေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ၾကပါတယ္။ ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးတစ္ခုမွာ ေနထိုင္တဲ့ အိမ္ေထာင္သည္အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈ၊ စိတ္ေသာကနဲ႔ တျခားစိတ္ပိုင္းဆိုင္ရာ ေရာဂါေတြကို ေလ်ာ့ပါးေစၿပီး ပိုမိုေပ်ာ္႐ႊင္ေစႏိုင္ပါတယ္တဲ့။

Source: Reader's Digest

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကမ္ဘာသူ ကမ္ဘာသားတွေမှာ ကမ္ဘာဦးကတည်းက မျိုးဆက်အလိုက် သယ်ပိုးဆောင်ရွက်လာတဲ့ သမိုင်းပေးတာဝန်တစ်ခု ရှိပါတယ်။ အဲဒါကတော့ မျိုးဆက်ပွားခြင်းပါပဲ။ လူသားမျိုးဆက် ဆက်လက်တည်တံ့နေဖို့အတွက် သီးချိန်တန်ရင်သီး၊ ပွင့်ချိန်တန်ရင်ပွင့်ကြရတာ ဓမ္မတာပါပဲ။ ဒါတင်မကသေးပါဘူး။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အိမ်ထောင်သည်တွေဟာ လူပျို၊ အပျိုတွေထက်စာရင် ကျန်းမာရေးပိုကောင်းနိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။

၁။ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်

ကမ္ဘာ့အယ်လ်ဇိုင်းမား ရောဂါကာကွယ်ရေး အဖွဲ့ကြီးရဲ့ အဆိုအရ အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ကို လျော့ကျစေနိုင်တဲ့ နေ့စဉ်အလေ့အထလေးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ အိမ်ထောင်ပြုလိုက်ပြီး မိမိဦးနှောက်ကို ကာကွယ်တာပါပဲတဲ့။ သုတေသနတစ်ခုအရဆိုရင် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီးတွေဟာ အရွယ်ရလာချိန်မှာ ဦးနှောက်ထိခိုက်မှု ဆိုင်ရာရောဂါ ဖြစ်နိုင်ခြေ (၄၃) ရာခိုင်နှုန်း ပိုမိုလျော့ကျစေပါတယ်တဲ့။

အိမ်ထောင်သည်ဘဝ ကတောက်ကဆဖြစ်နေရတာလေးတွေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေရတာလေးတွေကိုက ဦးနှောက်ကို တက်ကြွနေစေလားတော့ မသိပါဘူး။

၂။ သွေးဖိအား လျော့ကျစေတယ်

နှလုံးရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ သေနှုန်းမြင့်ရောဂါတစ်မျိုး ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရှိမယ်ဆိုရင်တော့ နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ သွေးဖိအား အလွန်အကျွံတက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ Brigham Young တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုအရ ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေမှာ သွေးဖိအားလျော့နည်းပြီး နှလုံးအန္တရာယ်ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

၃။ စိတ်ဖိစီးမှုကို လျော့နည်းစေတယ်

စိတ်ဖိစီးမှုက ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အစရှိတဲ့ ကြောက်မက်ဖွယ် ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်တွေမှာတော့ စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ကင်းဝေးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒါပေမဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်ဖို့တော့လိုတာပေါ့။ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးကတော့ စိတ်ဖိစီးမှုကို ပိုမိုဆိုးရွားစေမှာပါ။ ဘဝမှာအဆင်မပြေမှုလေးတွေ ရှိလာတဲ့အခါ ဘေးနားမှာအားပေးမဲ့ အဖော်မွန်လေး ရှိနေတာက စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးဆေးပါပဲ။

၄။ အဆုတ်လုပ်ဆောင်မှု ပိုမိုကောင်းမွန်မယ်

အသက်ရှူလိုက်တိုင်းမှာ လတ်ဆတ်တဲ့လေထုရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်တဲ့ဖီးလ်ကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အဆုတ်ကျန်းမာရေးရဲ့ အရေးပါပုံကို ပိုမိုသိရှိလာမှာပါ။ Health Psychology ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင် အိမ်ထောင်သည်တွေရဲ့ အဆုတ်လုပ်ဆောင်မှုက ပိုမိုကောင်းမွန်ပါတယ်တဲ့။ အချစ်နဲ့ လွှမ်းခြုံထားတဲ့ လေထုလေးက အဆုတ်ကျန်းမာရေးကို ပိုမိုအားကောင်းစေပုံပါပဲ။

၅။ အမျိုးသားတွေ အသက်ပိုရှည်နိုင်တယ်

အိမ်ထောင်သည်အမျိုးသားတွေဟာ လူပျိုကြီးတွေနဲ့ နှိုင်းစာရင် ပျမ်းမျှအသက် (၁၀) နှစ်ခန့် အသက်ရှည်ရှည် ပိုနေနိုင်စွမ်းရှိပါတယ်။ ဒါဟာလည်း လူပျိုကြီးတွေမှာ ရှိတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုတို့၊ စည်းလွတ်ဝါးလွတ် သောက်စားပျော်ရွှင်တတ်မှုတို့ကြောင့် ကျန်းမာရေးပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေဟာ အိမ်ထောင်သည်တွေပေါ်ကို သက်ရောက်နိုင်စွမ်း မရှိလို့ပါပဲ။

၆။ အမျိုးသမီးတွေ စိတ်ကျန်းမာရေးပိုကောင်းမယ်

အိမ်ထောင်သည် အမျိုးသားတွေက အသက်ရှည်ရှည်ပိုနေရသလို အိမ်ထောင်သည်အမျိုးသမီးတွေကတော့ နေရတဲ့နေ့ရက်တွေမှာ ပိုမိုပျော်ရွှင်စွာ နေထိုင်နိုင်ကြပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ နေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု၊ စိတ်သောကနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို လျော့ပါးစေပြီး ပိုမိုပျော်ရွှင်စေနိုင်ပါတယ်တဲ့။

Source: Reader's Digest

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top