မင်္ဂလာပါပျိုမေတို့ရေ။ ဒီတခါမှာတော့ အသားအရေလေး ကျန်းမာ စိုပြေစေဖို့အတွက် မိမိအိမ်မှာပဲအလွယ်ကူ ပြုလုပ်လို့ရတဲ့ နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းဖြစ်ပြီး သဘာဝနည်းလမ်းမို့ စာဖတ်သတို့ သဘောကျမှာပါနော်။
၁။ ဂျေးချွတ်မယ် (တစ်ပတ်ကို ၁ ကြိမ် (သို့) ၁ လကို ၃ ကြိမ်)
အရင်ဆုံး သင့်မျက်နှာ အသားအရေ Scrub (ဂျေးချွတ်) မှာဖြစ်ပါတယ်။ သံပယိုသီးတစ်ခြမ်း ကိုအရည်ညှစ်လိုက်ပြီး သကြားနည်းနည်း ပျားရည် နည်းနည်းရောထည့်ကာ သေချာမွေလိုက်ပါ။ သကြားအရည်ပျော်ခွင် မျက်နှာပေါ်မှာလိမ်းပေးပြီး သေချာပွတ်ပေးလိုက်ပါ။ လိုအပ်ရင် လိုအပ်သလို ထပ်ဖြည့်ပြီးလုပ်လို့ရပါတယ်။ သေချာပွတ်လိမ်းပေးပြီးသွားရင် ၅ မိနစ်ကနေ ၇ မိနစ်ထိထားပြီး ရေဆေးချလိုက်ပါ။
၂။ ဆားဝက်ခြံတွေ သက်သာစေဖို့ (တစ်ပတ်ကို ၁ ကြိမ် (သို့) ၁ လကို ၃ ကြိမ်)
ဆားဝက်ခြံတွေ သက်သာစေဖို့အတွက် သွားပွတ်တံ၊ သွားတိုက်ဆေးနည်းနည်းနဲ့ ဆိုဒါမှုန့်အနည်းငယ်ကို ယူပါ။ ပြီးသွားရင် သွားတိုက်ဆေးနဲ့ ဆိုဒါမှုန့်ကို ရောပေးလိုက်ပြီး သွားတိုက်တံပေါ် တင်ပေးကာ ဆားဝက်ခြံရှိတဲ့နားကို လိမ်းပေးလိုက်ပါ။ သေချာလေး ပွတ်ပေးလိုက်ပါ။ အဲဒီနောက် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
၃။ သဘာဝတိုနာ (နေ့စဉ် မျက်နှာသစ်ပြီး)
ဘူးအသေးတစ်ဘူး ယူပါ။ အဲဒီထဲမှာ ရေနဲ့ ပန်းသီးရှလကာရည်ကို ဆတူ ရောထည့်လိုက်ပါ။ ပြီးရင် ဘူးကိုသေချာလေး လှုပ်ပေးလိုက်ပြီး သုံးလို့ရပါပြီနော်။ ဝါဂွမ်းပေါ်မှာ နည်းနည်းလေးတင်ပြီး မျက်နှာကို သုတ်လိမ်း ပေးရမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းမို့ စိတ်ချရပါတယ်။
Credit : Mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Mystylemyanmar