အာ႐ွတိုက္မွာေတာ့ လက္ဖက္ပင္ကရတဲ့ လက္ဖက္႐ြက္ကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ စီမံသံုးေဆာင္လာၾကတာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။ တ႐ုတ္လူမ်ိဳးေတြရဲ႕ လက္ဖက္ရည္ၾကမ္း ယဥ္ေက်းမႈ၊ အိႏၵိယလူမ်ိဳးေတြရဲ႕ လက္ဖက္ရည္ခ်ိဳ ယဥ္ေက်းမႈ၊ ဂ်ပန္လူမ်ိဳးေတြရဲ႕ လက္ဖက္ရည္ေသာက္ပြဲေတာ္၊ ျမန္မာလူမ်ိဳး ႐ွင္ဘုရင္ေတြ အခမ္းအနားနဲ႔ စားသံုးၾကတဲ့ လက္ဖက္အုပ္ စတဲ့ယဥ္ေက်းမႈေတြက အာ႐ွတိုက္ရဲ႕ လက္ဖက္ယဥ္ေက်းမႈကို ေဖာ္ျပေနပါတယ္။
လက္ဖက္စိမ္းဟာ ပံုမွန္လက္ဖက္ေျခာက္ေတြနဲ႔ oxidizing process လို႔ေခၚတဲ့ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းျဖစ္စဥ္ ကြဲျပားၿပီး အရသာနဲ႔ အာနိသင္ပိုင္းမွာလည္း ကြာျခားမႈေတြ ႐ွိပါတယ္။ လက္ဖက္စိမ္းမွရတဲ့ လက္ဖက္စိမ္းေရေႏြးၾကမ္းကို က်န္းမာေရးအတြက္ေကာ၊ အရသာခံဖို႔အတြက္ပါ ေသာက္သံုးၾကပါတယ္။ က်န္းမာေရးအာနိသင္ အမ်ိဳးမ်ိဳးကို ေပးစြမ္းႏိုင္တဲ့ လက္ဖက္စိမ္းေရေႏြးၾကမ္း မ်ိဳးကြဲေလးေတြကေတာ့...
၁။ ပူ႐ွိမ္းအရသာ လက္ဖက္စိမ္းေရေႏြးၾကမ္း (Mint Green Tea)
Mint Green Tea (ပူ႐ွိမ္းအရသာ လက္ဖက္စိမ္းေရေႏြးၾကမ္း) ကေတာ့ တစ္ေန႔တာလံုး စိတ္နဲ႔ခႏၶာကို လန္းဆန္းေစမယ့္ အာနိသင္ေတြ ပါ႐ွိတာမို႔ မနက္ခင္းတိုင္း ေသာက္ေပးသင့္တဲ့ လက္ဖက္ရည္ၾကမ္း အမ်ိဳးအစာေလးပါ။ Antioxidant ၾကြယ္ဝမႈ၊ စိတ္ကိုၾကည္လင္ လန္းဆန္းေစႏိုင္စြမ္းတို႔က က်ဆင္းေစတဲ့ ခြန္အားေတြကို ျပန္လည္တိုးတက္ေစျခင္း၊ စိတ္ခံစားခ်က္ကို ေကာင္းမြန္ေစျခင္းနဲ႔ အစာေခ်ႏႈန္းကို ေကာင္းမြန္ေစျခင္းတို႔ကိုလည္း ျဖည့္စြမ္းေပးႏိုင္တာမို႔ ေန႔လည္ေန႔ခင္းဘက္ေတြမွာလည္း ေသာက္သံုးေပးသင့္တဲ့ လက္ဖက္ရည္ၾကမ္း အမ်ိဳးအစားေလးပါ။
၂။ ပင္စိမ္း လက္ဖက္စိမ္းေရေႏြးၾကမ္း (Tulsi Green Tea)
ပင္စိမ္းပင္ကေတာ့ အိႏိၵယ႐ိုးရာ ေဆးၿမီးတိုနဲ႔ သစ္ဥသစ္ဖု ေဆးနည္းေလာကမွာေတာ့ အဓိကပါဝင္ပစၥည္းတစ္မ်ိဳးအျဖစ္ ပါဝင္ပါတယ္။ အဲဒီလို က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္တဲ့ ပင္စိမ္းပင္ကိုမွ လက္ဖက္စိမ္းေရေႏြးၾကမ္းနဲ႔ ေရာလိုက္မယ္ဆိုရင္ေကာ။ စြဲမက္ဖြယ္အရသာနဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္မွာေပါ့။
ပင္စိမ္းလက္ဖက္ရည္ၾကမ္းဟာ Free radical ေတြရဲ႕ တိုက္ခိုက္မႈဒဏ္ကေန ခႏၶာကိုယ္ကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ပင္စိမ္းလက္ဖက္ရည္ၾကမ္းဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစျခင္း၊ ကိုယ္ခံအားေကာင္းမြန္ေစျခင္း၊ သက္လံုေကာင္းေစျခင္း၊ အစာေခ်ႏႈန္းနဲ႔ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ျမန္ဆန္ေစျခင္းတို႔နဲ႔လည္း ဆက္ႏြယ္ေနပါေသးတယ္။
၃။ စံပယ္လက္ဖက္စိမ္းေရေႏြးၾကမ္း (Jasmine Green Tea)
လက္ဖက္စိမ္းအရသာထဲမွာ စံပယ္ပန္းနံ႔ေမႊးေမႊးေလး စြက္ေနတဲ့ ေရေႏြးၾကမ္းအရသာက သင့္ရဲ႕မနက္ခင္းကို ၿပီးျပည့္စံုေစမွာပါ။ ေမႊးႀကိဳင္တဲ့ ရနံ႔နဲ႔ ပြင့္ခ်ပ္ျဖဴတို႔နဲ႔ ေပ်ာ့ေျပာင္းတဲ့အရသာတို႔ေၾကာင့္ေတာ့ အထင္မမွားလိုက္ပါနဲ႔ဦး။ တကယ္ေတာ့ စံပယ္လက္ဖက္စိမ္း ေရေႏြးၾကမ္းထဲမွာ antioxidant ၾကြယ္ဝတဲ့အတြက္ free radical လုပ္ေဆာင္မႈေတြကေန ကာကြယ္ေပးႏိုင္ပါတယ္။ ေလ့လာမႈေတြအရဆိုရင္ စံပယ္လက္ဖက္ရည္ၾကမ္းဟာ အဆစ္ေရာင္ေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ စိတ္ဖိစီးမႈ မ်ားျပားျခင္းတို႔ကို ျပန္လည္ကုစားေပးႏိုင္ပါတယ္တဲ့။
၄။ လက္ဖက္စိမ္းမႈန္႔ (matcha)
လက္ဖက္စိမ္းမႈန္႔ (Matcha) ဟာ လက္ဖက္စိမ္းကို အမႈန္႔ႀကိတ္ထားတာျဖစ္ၿပီး အရိပ္ရတဲ့ေနရာေတြမွာ ေပါက္ေရာက္တတ္တဲ့ လက္ဖက္စိမ္း႐ြက္ကို အသံုးျပဳထားပါတယ္။ အဲဒီလို လက္ဖက္စိမ္း႐ြက္ကိုမွ ညက္ေနေအာင္ အမႈန္႔ႀကိတ္ထားၿပီး ရလာတဲ့အမႈန္႔ကို လက္ဖက္ရည္၊ ေကာ္ဖီ၊ ကိတ္မုန္႔ စတာေတြမွာ ထည့္သြင္းအသံုးခ်ၾကတာ ျဖစ္ပါတယ္။ Macha Tea ထဲမွာ catechin လိုမ်ိဳး antioxidant ေတြ ၾကြယ္ဝစြာပါဝင္ၿပီး အာ႐ံုစူးစိုက္မႈနဲ႔ မွတ္ဉာဏ္ကို ပိုမိုေကာင္းမြန္ေစပါတယ္။ ေနာက္ၿပီး ဝိတ္က်ေစဖို႔အတြက္လည္း အေထာက္အကူျပဳႏိုင္ပါတယ္။
၅။ ပ်ားရည္သံပရာ လက္ဖက္စိမ္းေရေႏြးၾကမ္း (Honey Lemon Green Tea)
သံပရာရည္နဲ႔ ပ်ားရည္အရသာ ခ်ိဳခ်ဥ္ေလးစြက္ေလးတဲ့ လက္ဖက္စိမ္းေရေႏြးၾကမ္းေလးကေတာ့ စိတ္ကိုၾကည္လင္ လန္းဆန္းေစၿပီး ခြန္အားကို တိုးတက္ေစတဲ့ အေဖ်ာ္ယမကာေလးပဲ ျဖစ္ပါတယ္။ Antioxidant ေတြ၊ အပင္ေတြမွာ ေတြ႕ရတတ္တဲ့ phytonutrient ေတြ ၾကြယ္ဝၿပီး က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အခ်က္ေတြကို တိုက္ထုတ္ေပးႏိုင္တဲ့ ေသာက္စရာတစ္မ်ိဳးလည္း ျဖစ္ပါတယ္။
Source: Food.ndtv
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အာရှတိုက်မှာတော့ လက်ဖက်ပင်ကရတဲ့ လက်ဖက်ရွက်ကို ပုံစံအမျိုးမျိုးနဲ့ စီမံသုံးဆောင်လာကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု၊ အိန္ဒိယလူမျိုးတွေရဲ့ လက်ဖက်ရည်ချို ယဉ်ကျေးမှု၊ ဂျပန်လူမျိုးတွေရဲ့ လက်ဖက်ရည်သောက်ပွဲတော်၊ မြန်မာလူမျိုး ရှင်ဘုရင်တွေ အခမ်းအနားနဲ့ စားသုံးကြတဲ့ လက်ဖက်အုပ် စတဲ့ယဉ်ကျေးမှုတွေက အာရှတိုက်ရဲ့ လက်ဖက်ယဉ်ကျေးမှုကို ဖော်ပြနေပါတယ်။
လက်ဖက်စိမ်းဟာ ပုံမှန်လက်ဖက်ခြောက်တွေနဲ့ oxidizing process လို့ခေါ်တဲ့ အောက်ဆီဂျင်ဓာတ်ပြုခြင်းဖြစ်စဉ် ကွဲပြားပြီး အရသာနဲ့ အာနိသင်ပိုင်းမှာလည်း ကွာခြားမှုတွေ ရှိပါတယ်။ လက်ဖက်စိမ်းမှရတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကို ကျန်းမာရေးအတွက်ကော၊ အရသာခံဖို့အတွက်ပါ သောက်သုံးကြပါတယ်။ ကျန်းမာရေးအာနိသင် အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ လက်ဖက်စိမ်းရေနွေးကြမ်း မျိုးကွဲလေးတွေကတော့...
၁။ ပူရှိမ်းအရသာ လက်ဖက်စိမ်းရေနွေးကြမ်း (Mint Green Tea)
Mint Green Tea (ပူရှိမ်းအရသာ လက်ဖက်စိမ်းရေနွေးကြမ်း) ကတော့ တစ်နေ့တာလုံး စိတ်နဲ့ခန္ဓာကို လန်းဆန်းစေမယ့် အာနိသင်တွေ ပါရှိတာမို့ မနက်ခင်းတိုင်း သောက်ပေးသင့်တဲ့ လက်ဖက်ရည်ကြမ်း အမျိုးအစာလေးပါ။ Antioxidant ကြွယ်ဝမှု၊ စိတ်ကိုကြည်လင် လန်းဆန်းစေနိုင်စွမ်းတို့က ကျဆင်းစေတဲ့ ခွန်အားတွေကို ပြန်လည်တိုးတက်စေခြင်း၊ စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်းနဲ့ အစာချေနှုန်းကို ကောင်းမွန်စေခြင်းတို့ကိုလည်း ဖြည့်စွမ်းပေးနိုင်တာမို့ နေ့လည်နေ့ခင်းဘက်တွေမှာလည်း သောက်သုံးပေးသင့်တဲ့ လက်ဖက်ရည်ကြမ်း အမျိုးအစားလေးပါ။
၂။ ပင်စိမ်း လက်ဖက်စိမ်းရေနွေးကြမ်း (Tulsi Green Tea)
ပင်စိမ်းပင်ကတော့ အိန္ဒိယရိုးရာ ဆေးမြီးတိုနဲ့ သစ်ဥသစ်ဖု ဆေးနည်းလောကမှာတော့ အဓိကပါဝင်ပစ္စည်းတစ်မျိုးအဖြစ် ပါဝင်ပါတယ်။ အဲဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့ ပင်စိမ်းပင်ကိုမှ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ရောလိုက်မယ်ဆိုရင်ကော။ စွဲမက်ဖွယ်အရသာနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပေါ့။
ပင်စိမ်းလက်ဖက်ရည်ကြမ်းဟာ Free radical တွေရဲ့ တိုက်ခိုက်မှုဒဏ်ကနေ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းလက်ဖက်ရည်ကြမ်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ သက်လုံကောင်းစေခြင်း၊ အစာချေနှုန်းနဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြန်ဆန်စေခြင်းတို့နဲ့လည်း ဆက်နွယ်နေပါသေးတယ်။
၃။ စံပယ်လက်ဖက်စိမ်းရေနွေးကြမ်း (Jasmine Green Tea)
လက်ဖက်စိမ်းအရသာထဲမှာ စံပယ်ပန်းနံ့မွှေးမွှေးလေး စွက်နေတဲ့ ရေနွေးကြမ်းအရသာက သင့်ရဲ့မနက်ခင်းကို ပြီးပြည့်စုံစေမှာပါ။ မွှေးကြိုင်တဲ့ ရနံ့နဲ့ ပွင့်ချပ်ဖြူတို့နဲ့ ပျော့ပြောင်းတဲ့အရသာတို့ကြောင့်တော့ အထင်မမှားလိုက်ပါနဲ့ဦး။ တကယ်တော့ စံပယ်လက်ဖက်စိမ်း ရေနွေးကြမ်းထဲမှာ antioxidant ကြွယ်ဝတဲ့အတွက် free radical လုပ်ဆောင်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် စံပယ်လက်ဖက်ရည်ကြမ်းဟာ အဆစ်ရောင်ရောဂါ၊ သွေးတိုးရောဂါနဲ့ စိတ်ဖိစီးမှု များပြားခြင်းတို့ကို ပြန်လည်ကုစားပေးနိုင်ပါတယ်တဲ့။
၄။ လက်ဖက်စိမ်းမှုန့် (matcha)
လက်ဖက်စိမ်းမှုန့် (Matcha) ဟာ လက်ဖက်စိမ်းကို အမှုန့်ကြိတ်ထားတာဖြစ်ပြီး အရိပ်ရတဲ့နေရာတွေမှာ ပေါက်ရောက်တတ်တဲ့ လက်ဖက်စိမ်းရွက်ကို အသုံးပြုထားပါတယ်။ အဲဒီလို လက်ဖက်စိမ်းရွက်ကိုမှ ညက်နေအောင် အမှုန့်ကြိတ်ထားပြီး ရလာတဲ့အမှုန့်ကို လက်ဖက်ရည်၊ ကော်ဖီ၊ ကိတ်မုန့် စတာတွေမှာ ထည့်သွင်းအသုံးချကြတာ ဖြစ်ပါတယ်။ Macha Tea ထဲမှာ catechin လိုမျိုး antioxidant တွေ ကြွယ်ဝစွာပါဝင်ပြီး အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေပါတယ်။ နောက်ပြီး ဝိတ်ကျစေဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။
၅။ ပျားရည်သံပရာ လက်ဖက်စိမ်းရေနွေးကြမ်း (Honey Lemon Green Tea)
သံပရာရည်နဲ့ ပျားရည်အရသာ ချိုချဉ်လေးစွက်လေးတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းလေးကတော့ စိတ်ကိုကြည်လင် လန်းဆန်းစေပြီး ခွန်အားကို တိုးတက်စေတဲ့ အဖျော်ယမကာလေးပဲ ဖြစ်ပါတယ်။ Antioxidant တွေ၊ အပင်တွေမှာ တွေ့ရတတ်တဲ့ phytonutrient တွေ ကြွယ်ဝပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ သောက်စရာတစ်မျိုးလည်း ဖြစ်ပါတယ်။
Source: Food.ndtv
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လက္ဖက္စိမ္းေရေႏြးၾကမ္း အမ်ိဳးအစား (၅) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။