ေကာ္ဖီထုတ္လုပ္ဖို႔ ေကာ္ဖီပင္ေတြကို ကမၻာ႔ႏိုင္ငံေပါင္း (၇၀) ေက်ာ္ေလာက္မွာ စိုက္ပ်ိဳးၾကပါတယ္။ မနက္ပိုင္း အိပ္ခ်င္မူးတူးျဖစ္ေနခ်ိန္ စိတ္ၾကည္လင္သြားေအာင္ေသာက္မလား။ ဒါမွမဟုတ္ ညဘက္အလုပ္ေတြပံုေနခ်ိန္ အိပ္ခ်င္စိတ္ကို ေျဖေဖ်ာက္ဖို႔နဲ႔ လန္းဆန္းေစဖို႔ေသာက္မလား။
ဘယ္လိုပဲဆိုဆို ကမၻာတဝွမ္းလံုးက သန္းေထာင္နဲ႔ခ်ီတဲ႔လူေတြဟာ အနက္ေရာင္အဆင္းနဲ႕ စြဲလမ္းဖြယ္ေကာင္းတဲ႔ ဒီအေဖ်ာ္ယမကာကို ႏွစ္ျခိဳက္စြာ ေသာက္သံုးေနၾကတာကိုေတာ႔ ျငင္းဆိုဖြယ္ရာမရွိပါဘူး။
ေကာ္ဖီေသာက္ျခင္းဟာ မနက္အေစာပိုင္းအခ်ိန္ေတြမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ႔ ခြန္အားကို ျဖည္႔ဆည္းေပးႏိုင္တယ္ ဆိုတာကိုေတာ့ ကြ်န္ေတာ္တို႔အမ်ားစု သိထားၾကပါတယ္။ ေကာ္ဖီရဲ႕စိတ္ကိုတက္ၾကြေစတဲ႔၊ အာရံုစူးစိုက္မႈကို ပိုမိုျမွင္႔တင္ေပးတဲ့၊ စိတ္ခံစားမႈကို ေကာင္းမြန္ေစတဲ႔ ဂုဏ္သတၱိေတြေၾကာင့္ လူအမ်ားစုက ေကာ္ဖီေသာက္သံုးဖို႔ကို ေ႐ြးခ်ယ္တတ္ၾကပါတယ္။ က်န္းမာေရး႐ႈေထာင့္ဘက္က ေကာ္ဖီတစ္ခြက္ကို ေန႔စဥ္ ေသာက္ေပးသင့္တဲ့ အေၾကာင္းျပခ်က္ေတြကေတာ့...
၁။ တက္ၾကြလန္းဆန္းေစတယ္
ေကာ္ဖီမွာပါဝင္တဲ႔ ေအာ္ဂဲနစ္ဓာတုပစၥည္းေတြဟာ စိတ္ကို ေလးလံထိုင္းမႈိင္းေစတဲ႔ adenosine လို႔ေခၚတဲ႔ ဓာတုပစၥည္းရဲ႕လုပ္ေဆာင္မႈေတြကို ပိတ္ပင္ေပးလို႕ကြ်န္ေတာ္တို႔ကို တက္ၾကြလန္းဆန္းေစပါတယ္။ ေနာက္ပိုင္း ေကာ္ဖီနံ႔ေမႊးေမႊးေလးက မနက္တစ္ခုကို စတင္ဖို႔အတြက္ တြန္းအားတစ္ခုဆိုတာကိုလည္း ဘယ္သူမွ ျငင္းဆိုႏိုင္မယ္မထင္ပါဘူး။
၂။ အာ႐ံုစူးစိုက္မႈ ေကာင္းမြန္ေစတယ္
ေကာ္ဖီဟာ ခႏၶာကိုယ္ထဲက ဒိုပါမင္း (dopamine) လို႔ေခၚတဲ႔ ေအာ္ဂဲနစ္ဓာတုပစၥည္း ထုတ္လုပ္မႈကို ပိုမုိျမန္ဆန္ေစလို႔ ကြ်န္ေတာ္တို႔ရဲ႕စိတ္ခံစားမႈကိုေကာင္းမြန္ေစျပီး အာရံုစူးစိုက္မႈကိုလည္း ျမွင္႔တင္ေပးပါတယ္။ ဒါေၾကာင့္လည္း ေန႔ခင္းေန႔လည္ အိပ္ခ်င္ေနရင္ ေကာ္ဖီေလးတစ္ခြက္နဲ႔ mood ျပန္တင္ၾကရတာပါ။
၃။ ၾကြက္သားလုပ္ေဆာင္မႈေတြကို ေကာင္းမြန္ေစတယ္
ေကာ္ဖီက ခႏၶာကိုယ္ထဲက acetylcholine လုိ႔ေခၚတဲ႔ သက္ရွိေတြရဲ႕ဇီဝလုပ္ေဆာင္မႈကို အေထာက္အကူေပးတဲ႔ ေအာ္ဂဲနစ္ဓာတုပစၥည္း ပမာဏကိုလည္း ျမင္႔တက္ေစလို႔ ၾကြက္သားလုပ္ေဆာင္မႈ
ေတြကိုလည္း တိုးတက္ေစပါတယ္။ Gym ေဆာ့ၿပီး ၾကြက္သားတင္ေနတဲ့သူေတြဆိုရင္ muscle memory လို႔ေခၚတဲ့ ၾကြက္သားမွတ္ဉာဏ္နဲ႔ ၾကြက္သားလုပ္ေဆာင္မႈေတြ တိုးတက္ေကာင္းမြန္ေစဖို႔ ေကာ္ဖီခါးခါးေလးကို ပံုမွန္ေသာက္ေပးသင့္ပါတယ္။
၄။ အဆီပိုေတြကို ေလာင္ကြ်မ္းေစတယ္
ဝိတ္ခ်ေနသူေတြအတြက္လည္း သတင္းေကာင္းပါပဲ။ ေကာ္ဖီေသာက္ျခင္းဟာ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကိုလည္း ျမန္ဆန္ေစပါတယ္။ အက်ိဳးဆက္အားျဖင္႔ အဆီေတြကို ပိုမိုျမန္ဆန္စြာေလာင္ကြ်မ္းေစပါတယ္။ (တနည္းအားျဖင္႔ဆိုရရင္ ဝိတ္က်ေစပါတယ္။)
၅။ ခြန္အားတိုးေစတယ္
ေကာ္ဖီထဲမွာပါဝင္တဲ႔ ဓာတုပစၥည္းေတြဟာ ရုပ္ပိုင္းဆိုင္ရာလုပ္ေဆာင္မႈေတြကို သိသိသာသာ ျမွင္႔တင္ေပးႏိုင္ရံုသာမက ခြန္အားကိုလည္း တိုးတက္ေစပါတယ္။ ညဘက္အလုပ္လုပ္ရတဲ့သူေတြ အားျဖည့္အခ်ိဳရည္ ေသာက္မယ့္အစား ေကာ္ဖီပူပူေလး ေသာက္ေပးျခင္းျဖင့္ အိပ္ခ်င္ေျပေစ႐ံုသာမက အလုပ္လုပ္ဖို႔ ခြန္အားကိုလည္း တိုးေစႏိုင္ပါတယ္။
၆။ Antioxidant ၾကြယ္ဝတယ္
ဒါတင္မကေသးပါဘူး။ ေကာ္ဖီဟာကမၻာေပၚမွာ antioxidant (ေရာဂါျဖစ္ပြားမႈေတြကို တိုက္ဖ်က္ေပးတဲ႔ ဓာတုျဒပ္ေပါင္းေတြ) ကိုထုတ္လုပ္ေပးႏိုင္တဲ႔ တစ္ခုတည္းေသာ အၾကီးမားဆံုး ပင္မရင္းျမစ္တစ္ခုလည္း ျဖစ္ပါတယ္။ ကင္ဆာနဲ႔ တျခားဆဲလ္ပ်က္ဆီးျခင္းကို ျဖစ္ေစတဲ့ Free radical ေတြဟာ ေကာ္ဖီပံုမွန္ေသာက္သူေတြနား ကပ္ေတာင္ကပ္ႏိုင္မွာ မဟုတ္ပါဘူး။
၇။ ဗိုက္တာမင္ ၾကြယ္ဝေစတယ္
ေကာ္ဖီတစ္ခြက္မွာဆိုရင္ လူတစ္ေယာက္ေန႕စဥ္ စားသံုးသင္႔တဲ႔ ဗိုက္တာမင္ပမာဏေတြျဖစ္တဲ႔ ဗိုက္တာမင္ဘီတူး (၁၁%)၊ ဗိုက္တာမင္ဘီသရီး (၂%) နဲ႕ ဗိုက္တာမင္ဘီဖိုက္ (၆%) ပါဝင္ေနပါတယ္။ ဗိုက္တာမင္ ၾကြယ္ဝတဲ့အတြက္ အာဟာရခ်ိဳ႕တဲ့တဲ့ ေရာဂါကိုလည္း ကာကြယ္ၿပီးသား ျဖစ္တာေပါ့။
၈။ အသည္းကိုအားေကာင္းေစတယ္
အသည္းဟာ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို စစ္ထုတ္႐ွင္းလင္းေပးဖို႔အတြက္ တာဝန္႐ွိတဲ့ ကိုယ္တြင္းကလီစာတစ္မ်ိဳးပါ။ ေကာ္ဖီမွာပါဝင္တဲ႔ ဓာတုပစၥည္းနဲ႔ ဂုဏ္သတၱိေတြဟာ အသည္းရဲ႕ လုပ္ေဆာင္မႈေတြကိုလည္း ေကာင္းမြန္ေစပါတယ္။ တစ္နည္းအားျဖင့္ အသည္းအားေကာင္းေစဖို႔အတြက္ ေကာ္ဖီေသာက္ေပးသင့္ပါတယ္။
၉။ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစတယ္
ေကာ္ဖီက ေသြးေၾကာေတြရဲ႕ ေသြးလည္ပတ္စီးဆင္းႏႈန္းကိုလည္း ေကာင္းမြန္ေအာင္အေထာက္အကူေပးႏိုင္ပါတယ္။ သံဓာတ္အားနည္းတတ္သူေတြနဲ႔ ေသြးအားနည္းေရာဂါ႐ွိသူေတြ ေကာ္ဖီပံုမွန္ေသာက္ျခင္းျဖင့္ ေသြးအားေကာင္းေအာင္ ျပန္လည္ျမွင့္တင္ႏိုင္ပါတယ္။
Source: Espressoshots
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကော်ဖီထုတ်လုပ်ဖို့ ကော်ဖီပင်တွေကို ကမ္ဘာ့နိုင်ငံပေါင်း (၇၀) ကျော်လောက်မှာ စိုက်ပျိုးကြပါတယ်။ မနက်ပိုင်း အိပ်ချင်မူးတူးဖြစ်နေချိန် စိတ်ကြည်လင်သွားအောင်သောက်မလား။ ဒါမှမဟုတ် ညဘက်အလုပ်တွေပုံနေချိန် အိပ်ချင်စိတ်ကို ဖြေဖျောက်ဖို့နဲ့ လန်းဆန်းစေဖို့သောက်မလား။
ဘယ်လိုပဲဆိုဆို ကမ္ဘာတဝှမ်းလုံးက သန်းထောင်နဲ့ချီတဲ့လူတွေဟာ အနက်ရောင်အဆင်းနဲ့ စွဲလမ်းဖွယ်ကောင်းတဲ့ ဒီအဖျော်ယမကာကို နှစ်ခြိုက်စွာ သောက်သုံးနေကြတာကိုတော့ ငြင်းဆိုဖွယ်ရာမရှိပါဘူး။
ကော်ဖီသောက်ခြင်းဟာ မနက်အစောပိုင်းအချိန်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုတာကိုတော့ ကျွန်တော်တို့အများစု သိထားကြပါတယ်။ ကော်ဖီရဲ့စိတ်ကိုတက်ကြွစေတဲ့၊ အာရုံစူးစိုက်မှုကို ပိုမိုမြှင့်တင်ပေးတဲ့၊ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေကြောင့် လူအများစုက ကော်ဖီသောက်သုံးဖို့ကို ရွေးချယ်တတ်ကြပါတယ်။ ကျန်းမာရေးရှုထောင့်ဘက်က ကော်ဖီတစ်ခွက်ကို နေ့စဉ် သောက်ပေးသင့်တဲ့ အကြောင်းပြချက်တွေကတော့...
၁။ တက်ကြွလန်းဆန်းစေတယ်
ကော်ဖီမှာပါဝင်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတွေဟာ စိတ်ကို လေးလံထိုင်းမှိုင်းစေတဲ့ adenosine လို့ခေါ်တဲ့ ဓာတုပစ္စည်းရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ပေးလို့ကျွန်တော်တို့ကို တက်ကြွလန်းဆန်းစေပါတယ်။ နောက်ပိုင်း ကော်ဖီနံ့မွှေးမွှေးလေးက မနက်တစ်ခုကို စတင်ဖို့အတွက် တွန်းအားတစ်ခုဆိုတာကိုလည်း ဘယ်သူမှ ငြင်းဆိုနိုင်မယ်မထင်ပါဘူး။
၂။ အာရုံစူးစိုက်မှု ကောင်းမွန်စေတယ်
ကော်ဖီဟာ ခန္ဓာကိုယ်ထဲက ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်း ထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါကြောင့်လည်း နေ့ခင်းနေ့လည် အိပ်ချင်နေရင် ကော်ဖီလေးတစ်ခွက်နဲ့ mood ပြန်တင်ကြရတာပါ။
၃။ ကြွက်သားလုပ်ဆောင်မှုတွေကို ကောင်းမွန်စေတယ်
ကော်ဖီက ခန္ဓာကိုယ်ထဲက acetylcholine လို့ခေါ်တဲ့ သက်ရှိတွေရဲ့ဇီဝလုပ်ဆောင်မှုကို အထောက်အကူပေးတဲ့ အော်ဂဲနစ်ဓာတုပစ္စည်း ပမာဏကိုလည်း မြင့်တက်စေလို့ ကြွက်သားလုပ်ဆောင်မှု
တွေကိုလည်း တိုးတက်စေပါတယ်။ Gym ဆော့ပြီး ကြွက်သားတင်နေတဲ့သူတွေဆိုရင် muscle memory လို့ခေါ်တဲ့ ကြွက်သားမှတ်ဉာဏ်နဲ့ ကြွက်သားလုပ်ဆောင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ ကော်ဖီခါးခါးလေးကို ပုံမှန်သောက်ပေးသင့်ပါတယ်။
၄။ အဆီပိုတွေကို လောင်ကျွမ်းစေတယ်
ဝိတ်ချနေသူတွေအတွက်လည်း သတင်းကောင်းပါပဲ။ ကော်ဖီသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း မြန်ဆန်စေပါတယ်။ အကျိုးဆက်အားဖြင့် အဆီတွေကို ပိုမိုမြန်ဆန်စွာလောင်ကျွမ်းစေပါတယ်။ (တနည်းအားဖြင့်ဆိုရရင် ဝိတ်ကျစေပါတယ်။)
၅။ ခွန်အားတိုးစေတယ်
ကော်ဖီထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်ရုံသာမက ခွန်အားကိုလည်း တိုးတက်စေပါတယ်။ ညဘက်အလုပ်လုပ်ရတဲ့သူတွေ အားဖြည့်အချိုရည် သောက်မယ့်အစား ကော်ဖီပူပူလေး သောက်ပေးခြင်းဖြင့် အိပ်ချင်ပြေစေရုံသာမက အလုပ်လုပ်ဖို့ ခွန်အားကိုလည်း တိုးစေနိုင်ပါတယ်။
၆။ Antioxidant ကြွယ်ဝတယ်
ဒါတင်မကသေးပါဘူး။ ကော်ဖီဟာကမ္ဘာပေါ်မှာ antioxidant (ရောဂါဖြစ်ပွားမှုတွေကို တိုက်ဖျက်ပေးတဲ့ ဓာတုဒြပ်ပေါင်းတွေ) ကိုထုတ်လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အကြီးမားဆုံး ပင်မရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ကင်ဆာနဲ့ တခြားဆဲလ်ပျက်ဆီးခြင်းကို ဖြစ်စေတဲ့ Free radical တွေဟာ ကော်ဖီပုံမှန်သောက်သူတွေနား ကပ်တောင်ကပ်နိုင်မှာ မဟုတ်ပါဘူး။
၇။ ဗိုက်တာမင် ကြွယ်ဝစေတယ်
ကော်ဖီတစ်ခွက်မှာဆိုရင် လူတစ်ယောက်နေ့စဉ် စားသုံးသင့်တဲ့ ဗိုက်တာမင်ပမာဏတွေဖြစ်တဲ့ ဗိုက်တာမင်ဘီတူး (၁၁%)၊ ဗိုက်တာမင်ဘီသရီး (၂%) နဲ့ ဗိုက်တာမင်ဘီဖိုက် (၆%) ပါဝင်နေပါတယ်။ ဗိုက်တာမင် ကြွယ်ဝတဲ့အတွက် အာဟာရချို့တဲ့တဲ့ ရောဂါကိုလည်း ကာကွယ်ပြီးသား ဖြစ်တာပေါ့။
၈။ အသည်းကိုအားကောင်းစေတယ်
အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ရှင်းလင်းပေးဖို့အတွက် တာဝန်ရှိတဲ့ ကိုယ်တွင်းကလီစာတစ်မျိုးပါ။ ကော်ဖီမှာပါဝင်တဲ့ ဓာတုပစ္စည်းနဲ့ ဂုဏ်သတ္တိတွေဟာ အသည်းရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။ တစ်နည်းအားဖြင့် အသည်းအားကောင်းစေဖို့အတွက် ကော်ဖီသောက်ပေးသင့်ပါတယ်။
၉။ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်
ကော်ဖီက သွေးကြောတွေရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်အောင်အထောက်အကူပေးနိုင်ပါတယ်။ သံဓာတ်အားနည်းတတ်သူတွေနဲ့ သွေးအားနည်းရောဂါရှိသူတွေ ကော်ဖီပုံမှန်သောက်ခြင်းဖြင့် သွေးအားကောင်းအောင် ပြန်လည်မြှင့်တင်နိုင်ပါတယ်။
Source: Espressoshots
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» က်န္းမာေရး႐ႈေထာင့္အရ ေကာ္ဖီေသာက္သင့္တဲ့ အေၾကာင္းရင္း (၉) မ်ိဳး
က်န္းမာေရး႐ႈေထာင့္အရ ေကာ္ဖီေသာက္သင့္တဲ့ အေၾကာင္းရင္း (၉) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။