iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ မူရင္းေဆာင္းပါးမွာ ခ်စ္သူ မိန္းကေလးတေယာက္ စိတ္ကစား၊ ေဖာက္ျပန္လိမ္လည္မႈပုံစံကို ေရးထားတာျဖစ္ေပမယ့္ ဖတ္ၾကည့္ေတာ့ အမ်ိဳးသားေတြမွာလည္း အဆိုပါ ပုံစံ လိမ္လည္မႈရွိႏိုင္လို႔ ဘယ္သူပဲ သစၥာေဖာက္သည္ျဖစ္ေစ သိသာႏိုင္မယ့္ အခ်က္ေတြအျဖစ္ပဲ ေျပာျပခ်င္ပါတယ္။

(၁) ဖုန္းထဲမွာပဲ အာ႐ုံရွိေနတတ္တယ္

သူ႔ရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားက ဖုန္းပဲသုံးေနတယ္။ အတူတူ ရွိေနခ်ိန္ေတြမွာေတာင္ ဖုန္းကိုပဲ အာ႐ုံစိုက္ေနမယ္။ အထူးသျဖင့္ ဂိမ္းကစားေနတာမ်ိဳးထက္ စာေတြ ႐ိုက္ေနတာ၊ ပို႔ေနတာေတြ လုပ္ေနမယ္။ သင့္ကို မၾကည့္ဘူး၊ စကားေကာင္းေကာင္း မေျပာတာမ်ိဳးေတြ လုပ္ေဆာင္မယ္။

(၂) သူက ဖုန္းကို Silent ခ်ထားမယ္၊ တခ်ိဳ႕ဖုန္းေတြကို မကိုင္ဘူး

အတူတူ ရွိေနခ်ိန္မွာ သူ႔ဖုန္း Ring ကို အသံပိတ္ထားတာေတြ၊ သင့္ရဲ႕ေရွ႕မွာပဲ ဖုန္းတခုခု လာေပမယ့္မကိုင္ပဲ ပစ္ထားမယ္။ သင္ မျမင္ေအာင္ အျမန္ပိတ္လိုက္တာမ်ိဳးေတြ လုပ္ေဆာင္မယ္။

(၃) သူ႔ဖုန္းကို ေပးမသုံးဘူး

ဖုန္းလို႔ အလြယ္ေျပာေပမယ့္ ကြန္ပ်ဴတာလို သီးသန႔္သုံးတဲ့စက္ေတြလည္း ပါပါမယ္။ အထူးသျဖင့္ေတာ့ ဖုန္းကို ေပးမသုံးတာေတြ၊ Facebook ဝင္ၾကည့္ခြင့္ မေပးတာမ်ိဳးေတြ လုပ္ပါလိမ့္မယ္။ အလြယ္ဆုံး ေျပာရရင္ေတာ့ Password မေျပာသလို ၾကည့္ခြင့္လည္း မေပးဘဲ ေနပါလိမ့္မယ္။

(၄) အတူတူေနခ်ိန္ေတြမွာကိုပဲ ေသြးေအးေနမယ္

ႏွစ္ေယာက္တည္း ညစာ အတူတူ စားခ်ိန္ေတြ၊ ႐ုပ္ရွင္အတူတူ ၾကည့္ခ်ိန္ကေန ေနာက္ဆုံး လိင္ဆက္ဆံမႈလို ႏွစ္ဦးတည္း ရွိေနခ်ိန္ေတြမွာေတာင္ စိတ္မပါသလို ေနမယ္၊ ေသြးေအးေနမယ္၊ ခ်ိန္းဆိုမႈလည္း မရွိသလို ေတြ႕ဖို႔ ေရွာင္ေနတာမ်ိဳးေတြ၊ ေတြ႕ျဖစ္ရင္လည္း စိတ္မပါသလို ေနေနတာမ်ိဳးေတြ ေတြ႕ႏိုင္ပါတယ္။

(၅) စကားလုံး အသစ္ေတြ ေျပာလာမယ္၊ အေၾကာင္းအရာ အသစ္ေတြ ေျပာလာမယ္

ဆိုလိုတာကေတာ့ သင္နဲ႔ေတြ႕ေန၊ ေျပာေနက် အခ်ိန္ေတြမွာ သုံးေန၊ ေျပာေနက်စကားေတြ မေျပာလာေတာ့ဘူး။ အရင္ကလို ေနထိုင္သြားလာပုံေတြ မဟုတ္ေတာ့ဘဲ အေၾကာင္းျပခ်က္အသစ္ေတြ ေပးလာတာမ်ိဳးပါ။ ဥပမာ ဖုန္းဆက္ၿပီးတိုင္း ခ်စ္တယ္လို႔ သုံးႏႈန္း ေျပာဆိုေနက် အေနအထားကေန မေျပာလာေတာ့ဘူး၊ ခ်စ္တယ္ မေျပာေတာ့ဘူးလားလို႔ ေထာက္ေပးသည့္တိုင္ေအာင္ အလုပ္မ်ားေနလို႔ပါ။ စိတ္ေတြရႈပ္ေနလို႔ပါ ဆိုတာမ်ိဳး ဆင္ေျချပန္ေပးမယ္။ ၿပီးေတာ့ ေတြ႕ေနက် ေန႔ရက္၊ ေနရာမ်ိဳးမွာ မဆုံျဖစ္ခဲ့ရင္ အလုပ္ရွိလို႔ပါ၊ သြားစရာ ရွိလို႔ပါ ဆိုတာမ်ိဳး ေျပာဆို ျငင္းဆန္လာႏိုင္ပါတယ္။

(၆) ဖုန္းဆီက အေၾကာင္းအရာအတြက္ ေပ်ာ္ေနတတ္တယ္၊ ဒါေပမယ့္ ဘာေၾကာင့္ဆိုတာေတာ့ သင္ သိရမွာ မဟုတ္ဘူး

ဖုန္းမွာ အာ႐ုံမ်ားေနတယ္၊ အၿမဲသုံးေနတယ္၊ စာေတြ ပို႔ေန၊ ေျပာေနရာကေန ေနာက္ပိုင္း ဖုန္းေပၚက အေၾကာင္းအရာ၊ စာသားေတြအတြက္ သူ ရယ္ေနတာ၊ သေဘာက်ေနတာေတြ ေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ ပုံမွန္လို ဘယ္လိုအတြက္ ရယ္စရာ၊ သေဘာက်စရာ ေကာင္းတယ္ ဆိုတာကိုေတာ့ သင္ ေမးရင္ေတာင္ ေျပာျပမွာ မဟုတ္ပါဘူး။ သင့္ခ်စ္သူရဲ႕ ေနာက္တေယာက္က သတိရေၾကာင္း၊ ခ်စ္ေၾကာင္း စာေတြ ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

(၇) အေၾကာင္းရင္း မရွိဘဲ သူ အရမ္းေပ်ာ္သြားတတ္တယ္

သင့္ ခ်စ္သူ ေပ်ာ္ေနတာကိုပဲ သင္ ေတြ႕ခ်င္မွာပါ။ ဒါေပမယ့္ သူဘက္က ေဖာက္ျပန္ေနၿပီ ဆိုရင္ေတာ့ သင္နဲ႔ အတူ ရွိေနခ်ိန္ေတြမွာ အေျပာ၊အဆိုေတြ ေအးစက္ေနပါလိမ့္မယ္။ ဒီလို ေအးစက္ေနတဲ့ ပုံစံကေန သင္မသိတဲ့ အေၾကာင္းအရင္း တခုခုနဲ႔ သူ႔အလိုလို ေပ်ာ္သြားတာမ်ိဳး၊ ေက်နပ္သြားတာမ်ိဳးေတြ ေတြ႕လာရၿပီဆိုရင္ေတာ့ သူ႔မွာ ဖုံးကြယ္ထားမႈ၊ ေဖာက္ျပန္ေနမႈေတြ ရွိေနဖို႔ မ်ားေနပါၿပီ။

(၈) သင့္ရဲ႕ ေမးခြန္းေတြကို အေၾကာက္အကန္ ျပန္ေျပာမယ္

တကယ္ေတာ့ သင္က ႐ိုး႐ိုးသားသားနဲ႔ ဘယ္မွာေရာက္ေနၿပီလဲ။ ဘာေတြ လုပ္ေနသလဲဆိုတဲ့ ပုံမွန္ ေမးခြန္းမ်ိဳးကိုပဲ ေမးျမန္းလိုက္ေပမယ့္ သူ႔ဘက္က အေၾကာက္အကန္သေဘာနဲ႔ ဘာလို႔လဲ၊ မယုံလို႔လား ဆိုတဲ့ အေျဖထက္ ေမးခြန္းေတြ၊ အဆင္မေျပစရာ စကားေတြ ျပန္ေျပာလာႏိုင္ပါတယ္။

(၉) သင့္အေပၚ အျပစ္ျမင္မႈမ်ားလာမယ္

ခ်စ္လို႔စလိုက္၊ ေနာက္လိုက္တဲ့ အေၾကာင္းအရာအတြက္ပဲျဖစ္ျဖစ္ ပုံမွန္ လုပ္ေဆာင္ေနက် ကိစၥတခုခု အနည္းငယ္ ေပါ့ေလ်ာ့မႈအတြက္ပဲျဖစ္ျဖစ္ အတည္ယူၿပီး အျပစ္ေျပာမယ္။ အဆင္မေျပစရာေတြ လုပ္လာပါလိမ့္မယ္။ ဒါဟာ သူ႔ရဲ႕ အျပစ္ တခုခုအတြက္ ဖုံးကြယ္ဖိ့ုအတြက္ သင့္ကို အျပစ္ရွာျခင္း သေဘာပါ။ ဥပမာ ပုံမွန္ ဖုန္းဆက္ခ်ိန္ထက္ ေနာက္က်သြားတာမ်ိဳးအတြက္ အျပစ္ႀကီး တခုအျဖစ္ သတ္မွတ္ၿပီး စိတ္ေကာက္တာမ်ိဳးေတြ၊ လမ္းခြဲဖို႔ေလာက္ထိေအာင္ ေျပာလာတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

(၁၀) သူေျပာခဲ့ဖူးတဲ့ အေၾကာင္းအရာေတြကို ေမ့သြားတတ္တယ္

သူ ဘယ္လိုေနတတ္တယ္ဆိုတဲ့ အက်င့္ေတြကေန ဘယ္ေန႔ေတြ႕မယ္၊ ဘယ္ကိုသြားမယ္ ဆိုတဲ့ အေၾကာင္းအရာေတြထိေအာင္ သူ ေျပာခဲ့သမွ် အေၾကာင္းအရာေတြကို ေနာက္တႀကိမ္ ထပ္ေျပာလာမယ္။ ၿပီးေတာ့မွ သူ ေျပာၿပီးၿပီလား ဆိုတာေတြ ေျပာတတ္တယ္။ ဒါေတြဟာ အမွန္ စိတ္မ်ားေနသူ၊ ေဖာက္ျပန္ေနသူ တေယာက္ရဲ႕ ပုံစံ တခုပါ။ ဥပမာ လာမယ့္ ပိတ္ရက္မွာ သူ႔ အေနနဲ႔ မိသားစုနဲ႔အတူ ေဈးဝယ္လိုက္သြားရမယ္လို႔ မေန႔က ေျပာထားခဲ့ေပမယ့္ ဒီေန႔မွာလည္း အဆိုပါအေၾကာင္းကို ထပ္ေျပာလာမယ္။ ၿပီးေတာ့မွ မေန႔က ေျပာျဖစ္ေသးလား ဆိုတာမ်ိဳး ျပန္ေမးတာေတြ ရွိလာတာမ်ိဳး ျဖစ္ပါတယ္။

Credit : burma irrawaddy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တကယ်တော့ မူရင်းဆောင်းပါးမှာ ချစ်သူ မိန်းကလေးတယောက် စိတ်ကစား၊ ဖောက်ပြန်လိမ်လည်မှုပုံစံကို ရေးထားတာဖြစ်ပေမယ့် ဖတ်ကြည့်တော့ အမျိုးသားတွေမှာလည်း အဆိုပါ ပုံစံ လိမ်လည်မှုရှိနိုင်လို့ ဘယ်သူပဲ သစ္စာဖောက်သည်ဖြစ်စေ သိသာနိုင်မယ့် အချက်တွေအဖြစ်ပဲ ပြောပြချင်ပါတယ်။

(၁) ဖုန်းထဲမှာပဲ အာရုံရှိနေတတ်တယ်

သူ့ရဲ့ အချိန်တော်တော်များများက ဖုန်းပဲသုံးနေတယ်။ အတူတူ ရှိနေချိန်တွေမှာတောင် ဖုန်းကိုပဲ အာရုံစိုက်နေမယ်။ အထူးသဖြင့် ဂိမ်းကစားနေတာမျိုးထက် စာတွေ ရိုက်နေတာ၊ ပို့နေတာတွေ လုပ်နေမယ်။ သင့်ကို မကြည့်ဘူး၊ စကားကောင်းကောင်း မပြောတာမျိုးတွေ လုပ်ဆောင်မယ်။

(၂) သူက ဖုန်းကို Silent ချထားမယ်၊ တချို့ဖုန်းတွေကို မကိုင်ဘူး

အတူတူ ရှိနေချိန်မှာ သူ့ဖုန်း Ring ကို အသံပိတ်ထားတာတွေ၊ သင့်ရဲ့ရှေ့မှာပဲ ဖုန်းတခုခု လာပေမယ့်မကိုင်ပဲ ပစ်ထားမယ်။ သင် မမြင်အောင် အမြန်ပိတ်လိုက်တာမျိုးတွေ လုပ်ဆောင်မယ်။

(၃) သူ့ဖုန်းကို ပေးမသုံးဘူး

ဖုန်းလို့ အလွယ်ပြောပေမယ့် ကွန်ပျူတာလို သီးသန့်သုံးတဲ့စက်တွေလည်း ပါပါမယ်။ အထူးသဖြင့်တော့ ဖုန်းကို ပေးမသုံးတာတွေ၊ Facebook ဝင်ကြည့်ခွင့် မပေးတာမျိုးတွေ လုပ်ပါလိမ့်မယ်။ အလွယ်ဆုံး ပြောရရင်တော့ Password မပြောသလို ကြည့်ခွင့်လည်း မပေးဘဲ နေပါလိမ့်မယ်။

(၄) အတူတူနေချိန်တွေမှာကိုပဲ သွေးအေးနေမယ်

နှစ်ယောက်တည်း ညစာ အတူတူ စားချိန်တွေ၊ ရုပ်ရှင်အတူတူ ကြည့်ချိန်ကနေ နောက်ဆုံး လိင်ဆက်ဆံမှုလို နှစ်ဦးတည်း ရှိနေချိန်တွေမှာတောင် စိတ်မပါသလို နေမယ်၊ သွေးအေးနေမယ်၊ ချိန်းဆိုမှုလည်း မရှိသလို တွေ့ဖို့ ရှောင်နေတာမျိုးတွေ၊ တွေ့ဖြစ်ရင်လည်း စိတ်မပါသလို နေနေတာမျိုးတွေ တွေ့နိုင်ပါတယ်။

(၅) စကားလုံး အသစ်တွေ ပြောလာမယ်၊ အကြောင်းအရာ အသစ်တွေ ပြောလာမယ်

ဆိုလိုတာကတော့ သင်နဲ့တွေ့နေ၊ ပြောနေကျ အချိန်တွေမှာ သုံးနေ၊ ပြောနေကျစကားတွေ မပြောလာတော့ဘူး။ အရင်ကလို နေထိုင်သွားလာပုံတွေ မဟုတ်တော့ဘဲ အကြောင်းပြချက်အသစ်တွေ ပေးလာတာမျိုးပါ။ ဥပမာ ဖုန်းဆက်ပြီးတိုင်း ချစ်တယ်လို့ သုံးနှုန်း ပြောဆိုနေကျ အနေအထားကနေ မပြောလာတော့ဘူး၊ ချစ်တယ် မပြောတော့ဘူးလားလို့ ထောက်ပေးသည့်တိုင်အောင် အလုပ်များနေလို့ပါ။ စိတ်တွေရှုပ်နေလို့ပါ ဆိုတာမျိုး ဆင်ခြေပြန်ပေးမယ်။ ပြီးတော့ တွေ့နေကျ နေ့ရက်၊ နေရာမျိုးမှာ မဆုံဖြစ်ခဲ့ရင် အလုပ်ရှိလို့ပါ၊ သွားစရာ ရှိလို့ပါ ဆိုတာမျိုး ပြောဆို ငြင်းဆန်လာနိုင်ပါတယ်။

(၆) ဖုန်းဆီက အကြောင်းအရာအတွက် ပျော်နေတတ်တယ်၊ ဒါပေမယ့် ဘာကြောင့်ဆိုတာတော့ သင် သိရမှာ မဟုတ်ဘူး

ဖုန်းမှာ အာရုံများနေတယ်၊ အမြဲသုံးနေတယ်၊ စာတွေ ပို့နေ၊ ပြောနေရာကနေ နောက်ပိုင်း ဖုန်းပေါ်က အကြောင်းအရာ၊ စာသားတွေအတွက် သူ ရယ်နေတာ၊ သဘောကျနေတာတွေ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန်လို ဘယ်လိုအတွက် ရယ်စရာ၊ သဘောကျစရာ ကောင်းတယ် ဆိုတာကိုတော့ သင် မေးရင်တောင် ပြောပြမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ နောက်တယောက်က သတိရကြောင်း၊ ချစ်ကြောင်း စာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၇) အကြောင်းရင်း မရှိဘဲ သူ အရမ်းပျော်သွားတတ်တယ်

သင့် ချစ်သူ ပျော်နေတာကိုပဲ သင် တွေ့ချင်မှာပါ။ ဒါပေမယ့် သူဘက်က ဖောက်ပြန်နေပြီ ဆိုရင်တော့ သင်နဲ့ အတူ ရှိနေချိန်တွေမှာ အပြော၊အဆိုတွေ အေးစက်နေပါလိမ့်မယ်။ ဒီလို အေးစက်နေတဲ့ ပုံစံကနေ သင်မသိတဲ့ အကြောင်းအရင်း တခုခုနဲ့ သူ့အလိုလို ပျော်သွားတာမျိုး၊ ကျေနပ်သွားတာမျိုးတွေ တွေ့လာရပြီဆိုရင်တော့ သူ့မှာ ဖုံးကွယ်ထားမှု၊ ဖောက်ပြန်နေမှုတွေ ရှိနေဖို့ များနေပါပြီ။

(၈) သင့်ရဲ့ မေးခွန်းတွေကို အကြောက်အကန် ပြန်ပြောမယ်

တကယ်တော့ သင်က ရိုးရိုးသားသားနဲ့ ဘယ်မှာရောက်နေပြီလဲ။ ဘာတွေ လုပ်နေသလဲဆိုတဲ့ ပုံမှန် မေးခွန်းမျိုးကိုပဲ မေးမြန်းလိုက်ပေမယ့် သူ့ဘက်က အကြောက်အကန်သဘောနဲ့ ဘာလို့လဲ၊ မယုံလို့လား ဆိုတဲ့ အဖြေထက် မေးခွန်းတွေ၊ အဆင်မပြေစရာ စကားတွေ ပြန်ပြောလာနိုင်ပါတယ်။

(၉) သင့်အပေါ် အပြစ်မြင်မှုများလာမယ်

ချစ်လို့စလိုက်၊ နောက်လိုက်တဲ့ အကြောင်းအရာအတွက်ပဲဖြစ်ဖြစ် ပုံမှန် လုပ်ဆောင်နေကျ ကိစ္စတခုခု အနည်းငယ် ပေါ့လျော့မှုအတွက်ပဲဖြစ်ဖြစ် အတည်ယူပြီး အပြစ်ပြောမယ်။ အဆင်မပြေစရာတွေ လုပ်လာပါလိမ့်မယ်။ ဒါဟာ သူ့ရဲ့ အပြစ် တခုခုအတွက် ဖုံးကွယ်ဖိ့ုအတွက် သင့်ကို အပြစ်ရှာခြင်း သဘောပါ။ ဥပမာ ပုံမှန် ဖုန်းဆက်ချိန်ထက် နောက်ကျသွားတာမျိုးအတွက် အပြစ်ကြီး တခုအဖြစ် သတ်မှတ်ပြီး စိတ်ကောက်တာမျိုးတွေ၊ လမ်းခွဲဖို့လောက်ထိအောင် ပြောလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၁၀) သူပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေကို မေ့သွားတတ်တယ်

သူ ဘယ်လိုနေတတ်တယ်ဆိုတဲ့ အကျင့်တွေကနေ ဘယ်နေ့တွေ့မယ်၊ ဘယ်ကိုသွားမယ် ဆိုတဲ့ အကြောင်းအရာတွေထိအောင် သူ ပြောခဲ့သမျှ အကြောင်းအရာတွေကို နောက်တကြိမ် ထပ်ပြောလာမယ်။ ပြီးတော့မှ သူ ပြောပြီးပြီလား ဆိုတာတွေ ပြောတတ်တယ်။ ဒါတွေဟာ အမှန် စိတ်များနေသူ၊ ဖောက်ပြန်နေသူ တယောက်ရဲ့ ပုံစံ တခုပါ။ ဥပမာ လာမယ့် ပိတ်ရက်မှာ သူ့ အနေနဲ့ မိသားစုနဲ့အတူ ဈေးဝယ်လိုက်သွားရမယ်လို့ မနေ့က ပြောထားခဲ့ပေမယ့် ဒီနေ့မှာလည်း အဆိုပါအကြောင်းကို ထပ်ပြောလာမယ်။ ပြီးတော့မှ မနေ့က ပြောဖြစ်သေးလား ဆိုတာမျိုး ပြန်မေးတာတွေ ရှိလာတာမျိုး ဖြစ်ပါတယ်။

Credit : burma irrawaddy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top