iMyanmarHouse.com - Best Property Website for Myanmar
×

အေကာင္းျမင္တတ္ဖို႔က ခက္ခဲလွပါတယ္။ သင္က်န္းမာေနစဥ္မွာ စီးပြားေရး၊ လူမႈေရး၊ မိသာစုအေရး ကိစၥမ်ားတြင္ စိတ္ဖိစီးမႈမ်ားစြာၾကံဳေတြ႔ရမွာ ျဖစ္ျပီး ထိုအေၾကာင္းမ်ားေၾကာင့္ပဲ အရာအားလံုးကို အေကာင္းဖက္က ၾကည့္ေပးဖို႔ ခက္ခဲေနမွာျဖစ္ပါတယ္။

သင့္မွာ အဆုတ္ကင္ဆာျဖစ္ေနခ်ိန္မွာေတာ့ အေကာင္းျမင္ၾကည့္ဖို႔ဆုိတာ ပို၍ပင္မျဖစ္ႏိုင္ေတာ့ေပ။ အဲဒီလုိ ခက္ခဲေနမယ့္ သင့္ရဲ ႔အျမင္ေတြကို ေျပာင္းလဲေပးဖို႔ နည္းလမ္းအခ်ိဳ ႔ကို ယခု ေဆာင္းပါးတြင္ ေဖာ္ျပေပးလုိက္ပါတယ္။
အေကာင္းျမင္စိတ္ႏွင့္ အဆုိးျမင္စိတ္ ႏွစ္ခုလံုးသည္ ကူးစက္တတ္ပါတယ္။

အေကာင္းျမင္တတ္ျခင္း ေရာ အဆုိးျမင္တတ္္ျခင္းပါ ႏွစ္ခုစလံုးသည္ ကူးစက္တတ္သည္။ ထို႔ေၾကာင့္လည္း ကၽြႏ္ုပ္တုိ႔သည္ သဘာ၀အားျဖင့္ အေကာင္းျမင္စိတ္ရွိသူအနားတြင္ ေနခ်င္ၾကကာ ကၽြန္ုပ္တုိ႔ကို ကၽြႏ္ုပ္တုိ႔ အေကာင္းျမင္တတ္သူမ်ားအနီးေရာက္ဖို႔ ၾကိဳးစားမိေနတာကို သတိထားမိမွာပါ။

အေကာင္းျမင္တတ္သူႏွင့္ အဆုိးျမင္တတ္သူကို ဘယ္လိုခြဲျခားသတ္မွတ္လည္းဆိုတာကို ေမးၾကေသာ အခါတြင္ အားလံုး တစ္ခဲနက္ သေဘာတူၾကတာကေတာ့ လူတစ္ဦး၏ အျပဳအမူ၊ ေျပာစကားနဲ႔ စိတ္ခံစားမႈအားလံုးသည္ ေကာင္းေသာဖက္ကို ဦးတည္ေနေသာ အခ်က္ပင္ျဖစ္သည္။ လူတစ္ဦး အေကာင္းျမင္တတ္လား၊ အဆုိးျမင္တတ္လားဆုိတာကို သူ၏ မသိစိတ္ျပဳမႈပံုအေပၚ အေျခခံျပီးဆံုးျဖတ္ပါသည္။

အုပ္စုဖြဲ႔ျပီး ေျပာဆုိေဆြးေႏြးျခင္းသည္ အေကာင္းျမင္စိတ္၏ ကူးစက္တတ္ေသာ အေပၚတြင္  အေျခခံထားပါသည္။ အုပ္စုအဖြဲ႔ အကူအညီ၏ အဓိကရည္ရြယ္ခ်က္သည္ လူနာေတြဆီကို အေကာင္းျမင္စိတ္ေတြ သယ္ေဆာင္လာေပးဖို႔ပဲ ျဖစ္ပါတယ္။ သင္သည္ အျခားသူမ်ား၏ ဘ၀အေၾကာင္းကို ၾကားရေသာအခါတြင္ ပုိျပီး စိတ္သက္သာေကာင္း သက္သာလာႏိုင္ပါတယ္။

ကၽြႏ္ုပ္တုိ႔၏ ပတ္၀န္းက်င္တြင္ အေကာင္းျမင္တတ္ေသာ လူမ်ား၀န္းရံေနေသာအခါတြင္ ကၽြႏု္ပ္တို႔သည္ မသိစိတ္ကေန ထုိသူမ်ားကဲ့သို႔ ျဖစ္ေအာင္လုိက္လံ ၾကိဳးစားလ်က္ရွိသည္။ အေကာင္းျမင္စိတ္ရွိေသာသူသည္ အျခားလူမ်ား စိတ္တက္ၾကြလာေစဖုိ႔အတြက္လည္း စံျပပုဂၢိဳလ္ ျဖစ္လာပါတယ္။ ထို႔သုိ႔ဆုိလွ်င္ ဘာေၾကာင့္ ကၽြနု္ပ္တုိ႔ ပတ္၀န္းက်င္ကလူေတြကို အေကာင္းျမင္အေတြးေတြနဲ႔ လႊမ္းျခံဳဖုိ႔ မၾကိဳးစားၾကည့္တာလဲ။

အေကာင္းျမင္တတ္ေသာ  စိတ္ထားသည္ ကၽြနု္ပ္တုိ႔ကို ေပ်ာ္ရႊင္၊ ၾကည္ႏူးေစပါတယ္။ ၎သည္ ကၽြႏု္ပ္တုိ႔ဆီကို ေတာက္ပမႈ၊ ခြန္အား၊ ေအာင္ျမင္မႈ နဲ ႔ ၀မ္္းေျမာက္ေပ်ာ္ရႊင္မႈေတြကို ယူေဆာင္လာေပးပါတယ္။ ထို႔ျပင္ ကၽြႏု္ပ္တုိ႔၏ က်န္းမာေရးအတြက္ေတာင္ ေကာင္းက်ိဳးမ်ား ျဖစ္ထြန္းေစပါတယ္။
ေပ်ာ္ရႊင္ေသာလူသားမ်ားသည္ ဘ၀တြင္ အေကာင္းမ်ားကို ေတြ႔ရွိၾကသည္။

အေကာင္းျမင္သမားနဲ႔ အဆုိးျမင္သမားမ်ားသည္ ဘ၀ကို လက္ခံပံုျခင္း ကြဲျပားၾကသည္။ ျပႆနာတစ္ခုကို ခ်ဥ္းကပ္ရာတြင္ အေကာင္းျမင္သမားသည္ ၎ကို သင္ယူစရာ အခြင့္အေရးတစ္ခု အျဖစ္ မွတ္ယူျပီး အေကာင္းဆံုး ေက်ာ္လႊားဖုိ႔ ၾကိဳးစားသည္။ သင္သည္ အဆုတ္ကင္ဆာျဖစ္ေနလွ်င္ေတာင္ပင္ ပုံမွန္အားျဖင့္ ၀မ္းနည္း ေၾကာက္လန္႔ရမည္ျဖစ္ေသာ္လည္း သင္သည္ ျပန္လည္ထဖုိ႔ ၾကိဳးစားရမည္။

သင့္ဘ၀တြင္ ယခုအခ်ိန္ထိ ဘာေတြျပီးေျမာက္ျပီးျပီလဲဆုိတာကို ျပန္လည္ေတြးရမည္။ အဆုတ္ကင္ဆာမွ ရွင္သန္က်န္ရစ္သူအမ်ားစုသည္ သူတို႔၏ မိသားစုႏွင့္ သူငယ္ခ်င္းမ်ားကို ေက်းဇူးတင္ၾကေလသည္။ ထုိေက်းဇူးတင္စိတ္ကပင္ သူတို႔ကို အသက္ရွင္ေနႏိုင္ေအာင္ လုပ္ေပးေနသည္ဟု သူတို႔ ေတြးမွတ္ၾကေလသည္။ သင္လည္း ထိုနည္းတူေတြးၾကည့္ပါ။

သင့္မွာ အဆုတ္ကင္ဆာျဖစ္ျပီး အေျခအေနမေကာင္းဘူးဆုိလ်ွင္ေတာင္ ဘာမွထပ္မံဆံုးရႈံးစရာမရွိေတာ့ေသာ သင့္အတြက္ အသစ္အဆန္းတစ္ခုကို ဘာေၾကာင့္ မၾကိဳးစားၾကည့္ဘဲေနမွာလဲ။ သင့္ဘ၀မွာ ျဖစ္ခ်င္ေသာ အရာေတြကို ေတြးၾကည့္ျပီး စာရင္းျပဳစုၾကည့္ပါ။ သင္မိတ္ကပ္နဲ႔ ပတ္သက္ျပီး အျမဲ စိတ္၀င္စားခဲ့ပါသလား။

သင့္မ်က္ႏွာကို ဘယ္လုိလွပေအာင္ျခယ္သမလဲ ေလ့လာျပီး မိတ္ကပ္ဂုရုၾကီး ျဖစ္ေအာင္ သင္ယူၾကည့္ပါလား။ သင့္သူငယ္ခ်င္းေတြနဲ႔ေတြ႔ဆုံျပီး ေသာက္စားေပ်ာ္ပါးခ်င္ပါသလား။ သင့္စိတ္ကုိ အလိုလုိက္ဖို႔ အခ်ိန္ေပးလုိက္ပါ။ ဟင္းခ်က္နည္းသစ္ေတြ စမ္းသပ္လုိပါသလား။ သင္လုပ္ခ်င္တာကိုသာ လုိက္လုပ္ၾကည့္လိုက္ပါ။

ဒီေနရာမွာ အဓိက ေသာ့ခ်က္က သင္ဘာလုပ္ခ်င္လဲ၊ ထိုအရာကို ျပဳလုပ္ဖုိ႔ သင့္အခ်ိန္အမ်ားစုကို ဘယ္လုိအသံုးခ်မလဲဆုိတာကို သင္စဥ္းစားေနဖို႔ျဖစ္ပါတယ္။ သင့္စိတ္ကို ေပ်ာ္ရႊင္ေသာ အေတြးမ်ားနဲ႔ ျပည့္ႏွက္ေနပါေစ။ သို႔မွသာ သင့္ ဦးေႏွာက္ေရာ ခႏၶာကိုယ္ကပါ လန္းဆန္းတက္ၾကြလာမွာ ျဖစ္ပါတယ္။

သင့္ကို ေပ်ာ္ရႊင္ေစေသာ အရာမ်ားကို ေတြးျခင္းသည္ စိတ္ခံစားမႈေကာင္းေစသည့္ ေဟာ္မုန္းတစ္မ်ိဳး ျဖစ္သည့္ endorphin ေဟာ္မုန္းထြက္ေအာင္ သင့္ဦးေႏွာက္ကို လႈံ႔ေဆာ္ေပးပါတယ္။ ရလာဒ္အေနနဲ႔ သင္သည္ အေကာင္းျမင္အေတြး၊ စိတ္ထားေတြ ရရွိလာမွာျဖစ္ပါတယ္။

ရယ္ေမာေပ်ာ္ရႊင္ျခင္းသည္ အေကာင္းဆံုး ေဆးတစ္ခြက္ျဖစ္တယ္လို႔ အမ်ားက ေျပာၾကပါတယ္။ ၎သည္ မွန္ပါတယ္။ အေကာင္းျမင္ျခင္းသည္ သင့္အဆုတ္ကင္ဆာကုသမႈကို ခ်ဥ္းကပ္ပံုကို ေျပာင္းလဲေစျပီး ကုသမႈအတြက္ အေကာင္းဆံုးေတြကုိ ယူေဆာင္ေပးပါတယ္။

သို႔ေသာ္ သင့္ကိုယ္သင္ အလြန္အမင္း စိတ္လႈပ္ရွားေအာင္၊ ပင္ပန္းေအာင္လုပ္ျခင္းမ်ိဳးကိုေတာ့ ေရွာင္ပါ။ သင္သည္ ေရာဂါ လကၡဏာမ်ား နဲ႔ ေနာက္ဆက္တြဲဆုိးက်ိဳးမ်ားကို သတိထားမိဖို႔ သင္ယူေလ့လာသင့္ျပီး အကယ္၍ တစ္စံုတစ္ရာျဖစ္ေပၚလာလွ်င္ ဆရာ၀န္နဲ႔ ဆက္သြယ္သင့္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။

သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။
အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။

အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။

အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် ကောင်းသောဖက်ကို ဦးတည်နေသော အချက်ပင်ဖြစ်သည်။ လူတစ်ဦး အကောင်းမြင်တတ်လား၊ အဆိုးမြင်တတ်လားဆိုတာကို သူ၏ မသိစိတ်ပြုမှုပုံအပေါ် အခြေခံပြီးဆုံးဖြတ်ပါသည်။

အုပ်စုဖွဲ့ပြီး ပြောဆိုဆွေးနွေးခြင်းသည် အကောင်းမြင်စိတ်၏ ကူးစက်တတ်သော အပေါ်တွင်  အခြေခံထားပါသည်။ အုပ်စုအဖွဲ့ အကူအညီ၏ အဓိကရည်ရွယ်ချက်သည် လူနာတွေဆီကို အကောင်းမြင်စိတ်တွေ သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်။ သင်သည် အခြားသူများ၏ ဘဝအကြောင်းကို ကြားရသောအခါတွင် ပိုပြီး စိတ်သက်သာကောင်း သက်သာလာနိုင်ပါတယ်။

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် အကောင်းမြင်တတ်သော လူများဝန်းရံနေသောအခါတွင် ကျွနု်ပ်တို့သည် မသိစိတ်ကနေ ထိုသူများကဲ့သို့ ဖြစ်အောင်လိုက်လံ ကြိုးစားလျက်ရှိသည်။ အကောင်းမြင်စိတ်ရှိသောသူသည် အခြားလူများ စိတ်တက်ကြွလာစေဖို့အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ထို့သို့ဆိုလျှင် ဘာကြောင့် ကျွနု်ပ်တို့ ပတ်ဝန်းကျင်ကလူတွေကို အကောင်းမြင်အတွေးတွေနဲ့ လွှမ်းခြုံဖို့ မကြိုးစားကြည့်တာလဲ။

အကောင်းမြင်တတ်သော  စိတ်ထားသည် ကျွနု်ပ်တို့ကို ပျော်ရွှင်၊ ကြည်နူးစေပါတယ်။ ၎င်းသည် ကျွနု်ပ်တို့ဆီကို တောက်ပမှု၊ ခွန်အား၊ အောင်မြင်မှု နဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးပါတယ်။ ထို့ပြင် ကျွနု်ပ်တို့၏ ကျန်းမာရေးအတွက်တောင် ကောင်းကျိုးများ ဖြစ်ထွန်းစေပါတယ်။
ပျော်ရွှင်သောလူသားများသည် ဘဝတွင် အကောင်းများကို တွေ့ရှိကြသည်။

အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားများသည် ဘဝကို လက်ခံပုံခြင်း ကွဲပြားကြသည်။ ပြဿနာတစ်ခုကို ချဉ်းကပ်ရာတွင် အကောင်းမြင်သမားသည် ၎င်းကို သင်ယူစရာ အခွင့်အရေးတစ်ခု အဖြစ် မှတ်ယူပြီး အကောင်းဆုံး ကျော်လွှားဖို့ ကြိုးစားသည်။ သင်သည် အဆုတ်ကင်ဆာဖြစ်နေလျှင်တောင်ပင် ပုံမှန်အားဖြင့် ဝမ်းနည်း ကြောက်လန့်ရမည်ဖြစ်သော်လည်း သင်သည် ပြန်လည်ထဖို့ ကြိုးစားရမည်။

သင့်ဘဝတွင် ယခုအချိန်ထိ ဘာတွေပြီးမြောက်ပြီးပြီလဲဆိုတာကို ပြန်လည်တွေးရမည်။ အဆုတ်ကင်ဆာမှ ရှင်သန်ကျန်ရစ်သူအများစုသည် သူတို့၏ မိသားစုနှင့် သူငယ်ချင်းများကို ကျေးဇူးတင်ကြလေသည်။ ထိုကျေးဇူးတင်စိတ်ကပင် သူတို့ကို အသက်ရှင်နေနိုင်အောင် လုပ်ပေးနေသည်ဟု သူတို့ တွေးမှတ်ကြလေသည်။ သင်လည်း ထိုနည်းတူတွေးကြည့်ပါ။

သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။

သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။

ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓာကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။

သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။

ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။

သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။ သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top