iMyanmarHouse.com - Best Property Website for Myanmar
×

ရုပ္ရည္အသြင္အျပင္နဲ႕ အ၀တ္အစားဆင္ယင္မႈေတြဟာ အသက္အရြယ္ေပၚမူတည္ၿပီး ေျပာင္းလဲသြားႏုိင္ေပမယ့္လည္း ဆြဲေဆာင္မႈရဲ႕အရည္အေသြးကေတာ့ အၿမဲတမ္းပဲ တသမတ္တည္း စြဲၿမဲက်န္ရစ္ေနမွာျဖစ္ပါတယ္။ အလွအပဟာ ႀကည့္ရႈသူရဲ႕မ်က္လံုးထဲမွာရွိတာျဖစ္ေပမယ့္လည္း အခ်ိန္ေျပာင္းလဲသြားသည္ႏွင့္အမွ် လန္းတယ္၊ မလန္းဘူးဆိုတာနဲ႕ ပတ္သက္ၿပီး အျမင္ကေျပာင္းလဲသြားႏုိင္ပါတယ္။ ဒါေပမယ့္လည္း ပတ္၀န္းက်င္ကဘယ္ပံုဘယ္နည္းနဲ႕ ပ်က္စီးေစေအာင္ လုပ္ေဆာင္ေစကာမူ အခ်ိဳ႕သူမ်ားကေတာ့ မတုန္မလႈပ္ဘဲ ဆြဲေဆာင္မႈရွိလ်က္ရွိေနဆဲပါ။

ဒါေႀကာင့္ စာဖတ္သူတို႕လည္း မည္သို႕အသြင္ရွိၿပီး မည္သည့္အရာေတြကို ၀တ္စားေနေစကာမူ လူတစ္ဖက္သားရဲ႕အျမင္မွာ ဆြဲေဆာင္မႈရွိေနဖုိ႕ ဘယ္လိုေျပာင္းလဲႏုိင္ေစမလဲ သိရေအာင္ မွ်ေ၀ေပးလိုက္ရပါတယ္။

၁။ တစ္ဖက္လူရဲ႕ ေျပာစကားကို ေသခ်ာနားစိုက္ေထာင္ျခင္း

လူတစ္ေယာက္က သူ႕ရဲ႕ျပႆနာေတြကို ေျပာျပတယ္ဆိုတာက ေျဖရွင္းႏုိင္ဖို႕အတြက္မဟုတ္ဘဲ နားေထာင္ေပးမယ့္လူတစ္ေယာက္လိုအပ္လို႕ပါ။ တစ္ဖက္လူေျပာျပတာကို ေသခ်ာနားေထာင္ေပးျခင္းျဖင့္ ခုိင္ခံ့တဲ့ရင္းႏွီးမႈေတြကို ျဖစ္ေပၚေစကာ ထုိသူတို႕ကိုလည္း တန္ဖိုးရွိသည့္၊ အေရးႀကီးသည္ဟူေသာ ခံစားခ်က္ကိုေပးစြမ္းႏုိင္ပါတယ္။ ဒါေႀကာင့္ ခင္မင္ရင္းႏွီးမႈတစ္ခုကိုဖန္တီးသည့္အခါမွာ စကားအမ်ားဆံုးေျပာတဲ့သူျဖစ္ဖို႕မဟုတ္ဘဲ စကားနည္းနည္းႏွင့္နားေထာင္ေပးသူတစ္ဦးျဖစ္ဖုိ႕က အေရးႀကီးဆံုးပါပဲ။

၂။ ႀကင္နာသနားတတ္ျခင္း

ခရစ္ယာန္က်မ္းစာတြင္ေဖာ္ျပထားသည့္အတိုင္း ဘ၀တစ္ေလွ်ာက္ ေတြ႕ႀကံဳရမည့္သူအားလံုးအေပၚ ႀကင္နာသနားတတ္ပါ။ အခ်ိဳ႕ေသာေျပာစကားမ်ားအရ လူအမ်ားစုသည္ သူတပါးအေပၚ ႀကင္နာသနားတတ္ၿပီး အေကာင္းျမင္တတ္ေသာသူမ်ားထံသာ သြားေရာက္တတ္ႀကပါတယ္။ သည့္အျပင္ ကိုယ္က်ိဳးထက္ အမ်ားအက်ိဳးကို ဦးစားေပးတတ္ျခင္းသည္ မိမိကုိယ္ႏွင့္ပတ္သက္ၿပီး စိတ္သန္႕ကိုယ္သန္႕ရွိေစမွာျဖစ္ပါတယ္။

၃။ ၿပံဳးရႊင္ျခင္း

အမူအက်င့္ႏွင့္ပတ္သက္လာလွ်င္ အေျခခံတစ္ခုျဖစ္သည့္ ၿပံဳးရယ္ျခင္းကို မေမ့မေလ်ာ့ဘဲ ျပဳလုပ္ေပးမယ္ဆိုရင္ သင္ခံစားေနရတဲ့ စိတ္ရႈပ္ေထြးမႈမ်ားေပ်ာက္ကင္းၿပီး စိတ္ၿငိမ္းခ်မ္းမႈရေစရံုသာမက အနီးအနားရွိလူမ်ားကိုလည္း အေပ်ာ္ကူးစက္သြားေစႏုိင္မွာပါ။

၄။ ရယ္ေမာျခင္း

အၿပံဳးႏွင့္ပူးတြဲျဖစ္ေပၚလာသည့္ ရယ္ေမာျခင္းသည္ ကိုယ္ခံအားစနစ္၊ အစာေျခဖ်က္မႈတို႕ကို တိုးတက္ေစတဲ့ ကုထံုးတစ္ခုအေနနဲ႕ လူသိမ်ားၿပီး ပိုမိုေကာင္းမြန္စြာအိပ္စက္ေစ၍ နာက်င္မႈကိုေျဖေဖ်ာက္ရာမွာလည္း အလြန္အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဤမွ်သာမက ရယ္ေမာျခင္းသည္ မိမိပီသသည့္အသြင္အား တစ္ဖက္လူကိုျပသရန္လြယ္ကူတာေႀကာင့္ ပိုမိုဆြဲေဆာင္မႈရွိေစတာျဖစ္ပါတယ္။

၅။ မိမိကုိယ္ကိုယံုႀကည္မႈရွိျခင္း

မိမိကိုယ္ကိုယံုႀကည္မႈရွိျခင္းျဖင့္ အျခားသူမ်ားအား မိမိကိုယ္မိမိေက်နပ္ႏွစ္သက္အားရတာကို ျပသတာျဖစ္တဲ့အတြက္ လူမ်ားကိုလည္း မိမိကိုသေဘာက်ေစႏုိင္မည့္ နည္းလမ္းတစ္ခုကိုဖန္တီးႏိုင္မွာျဖစ္ပါတယ္။

၆။ အရိပ္အျခည္နားလည္ျခင္း

စကားႏွင့္ေျပာဆိုတာကိုသာ နားလည္ရံုႏွင့္မလံုေလာက္ပါဘူး။ အရိပ္အကဲကို ႀကည့္တတ္ဖို႕လည္း လိုအပ္ပါတယ္။ အရိပ္အျခည္နားလည္တယ္ဆိုတာက တဖက္လူကလိုအပ္တဲ့အရာကို မေျပာခင္ကတည္းက သိေနတာကိုေျပာတာပါ။ ထုိမွတဆင့္ ေရရွည္ခိုင္ၿမဲတဲ့ ခင္မင္ရင္းႏွီးမႈသာမက အျပဳသေဘာေဆာင္တဲ့တံု႕ျပန္မႈေတြကိုပါ ေပၚေပါက္လာေစႏိုင္ပါတယ္။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရုပ်ရည်အသွင်အပြင်နဲ့ အဝတ်အစားဆင်ယင်မှုတွေဟာ အသက်အရွယ်ပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်ပေမယ့်လည်း ဆွဲဆောင်မှုရဲ့အရည်အသွေးကတော့ အမြဲတမ်းပဲ တသမတ်တည်း စွဲမြဲကျန်ရစ်နေမှာဖြစ်ပါတယ်။ အလှအပဟာ ကြည့်ရှုသူရဲ့မျက်လုံးထဲမှာရှိတာဖြစ်ပေမယ့်လည်း အချိန်ပြောင်းလဲသွားသည်နှင့်အမျှ လန်းတယ်၊ မလန်းဘူးဆိုတာနဲ့ ပတ်သက်ပြီး အမြင်ကပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ကဘယ်ပုံဘယ်နည်းနဲ့ ပျက်စီးစေအောင် လုပ်ဆောင်စေကာမူ အချို့သူများကတော့ မတုန်မလှုပ်ဘဲ ဆွဲဆောင်မှုရှိလျက်ရှိနေဆဲပါ။

ဒါကြောင့် စာဖတ်သူတို့လည်း မည်သို့အသွင်ရှိပြီး မည်သည့်အရာတွေကို ဝတ်စားနေစေကာမူ လူတစ်ဖက်သားရဲ့အမြင်မှာ ဆွဲဆောင်မှုရှိနေဖို့ ဘယ်လိုပြောင်းလဲနိုင်စေမလဲ သိရအောင် မျှဝေပေးလိုက်ရပါတယ်။

၁။ တစ်ဖက်လူရဲ့ ပြောစကားကို သေချာနားစိုက်ထောင်ခြင်း

လူတစ်ယောက်က သူ့ရဲ့ပြဿနာတွေကို ပြောပြတယ်ဆိုတာက ဖြေရှင်းနိုင်ဖို့အတွက်မဟုတ်ဘဲ နားထောင်ပေးမယ့်လူတစ်ယောက်လိုအပ်လို့ပါ။ တစ်ဖက်လူပြောပြတာကို သေချာနားထောင်ပေးခြင်းဖြင့် ခိုင်ခံ့တဲ့ရင်းနှီးမှုတွေကို ဖြစ်ပေါ်စေကာ ထိုသူတို့ကိုလည်း တန်ဖိုးရှိသည့်၊ အရေးကြီးသည်ဟူသော ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ခင်မင်ရင်းနှီးမှုတစ်ခုကိုဖန်တီးသည့်အခါမှာ စကားအများဆုံးပြောတဲ့သူဖြစ်ဖို့မဟုတ်ဘဲ စကားနည်းနည်းနှင့်နားထောင်ပေးသူတစ်ဦးဖြစ်ဖို့က အရေးကြီးဆုံးပါပဲ။

၂။ ကြင်နာသနားတတ်ခြင်း

ခရစ်ယာန်ကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း ဘဝတစ်လျှောက် တွေ့ကြုံရမည့်သူအားလုံးအပေါ် ကြင်နာသနားတတ်ပါ။ အချို့သောပြောစကားများအရ လူအများစုသည် သူတပါးအပေါ် ကြင်နာသနားတတ်ပြီး အကောင်းမြင်တတ်သောသူများထံသာ သွားရောက်တတ်ကြပါတယ်။ သည့်အပြင် ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးတတ်ခြင်းသည် မိမိကိုယ်နှင့်ပတ်သက်ပြီး စိတ်သန့်ကိုယ်သန့်ရှိစေမှာဖြစ်ပါတယ်။

၃။ ပြုံးရွှင်ခြင်း

အမူအကျင့်နှင့်ပတ်သက်လာလျှင် အခြေခံတစ်ခုဖြစ်သည့် ပြုံးရယ်ခြင်းကို မမေ့မလျော့ဘဲ ပြုလုပ်ပေးမယ်ဆိုရင် သင်ခံစားနေရတဲ့ စိတ်ရှုပ်ထွေးမှုများပျောက်ကင်းပြီး စိတ်ငြိမ်းချမ်းမှုရစေရုံသာမက အနီးအနားရှိလူများကိုလည်း အပျော်ကူးစက်သွားစေနိုင်မှာပါ။

၄။ ရယ်မောခြင်း

အပြုံးနှင့်ပူးတွဲဖြစ်ပေါ်လာသည့် ရယ်မောခြင်းသည် ကိုယ်ခံအားစနစ်၊ အစာခြေဖျက်မှုတို့ကို တိုးတက်စေတဲ့ ကုထုံးတစ်ခုအနေနဲ့ လူသိများပြီး ပိုမိုကောင်းမွန်စွာအိပ်စက်စေ၍ နာကျင်မှုကိုဖြေဖျောက်ရာမှာလည်း အလွန်အကျိုးသက်ရောက်မှုရှိပါတယ်။ ဤမျှသာမက ရယ်မောခြင်းသည် မိမိပီသသည့်အသွင်အား တစ်ဖက်လူကိုပြသရန်လွယ်ကူတာကြောင့် ပိုမိုဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။

၅။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း

မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဖြင့် အခြားသူများအား မိမိကိုယ်မိမိကျေနပ်နှစ်သက်အားရတာကို ပြသတာဖြစ်တဲ့အတွက် လူများကိုလည်း မိမိကိုသဘောကျစေနိုင်မည့် နည်းလမ်းတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။

၆။ အရိပ်အခြည်နားလည်ခြင်း

စကားနှင့်ပြောဆိုတာကိုသာ နားလည်ရုံနှင့်မလုံလောက်ပါဘူး။ အရိပ်အကဲကို ကြည့်တတ်ဖို့လည်း လိုအပ်ပါတယ်။ အရိပ်အခြည်နားလည်တယ်ဆိုတာက တဖက်လူကလိုအပ်တဲ့အရာကို မပြောခင်ကတည်းက သိနေတာကိုပြောတာပါ။ ထိုမှတဆင့် ရေရှည်ခိုင်မြဲတဲ့ ခင်မင်ရင်းနှီးမှုသာမက အပြုသဘောဆောင်တဲ့တုံ့ပြန်မှုတွေကိုပါ ပေါ်ပေါက်လာစေနိုင်ပါတယ်။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top