iMyanmarHouse.com - Best Property Website for Myanmar
×

သံဓာတ္ဟာ ခႏၶာကိုယ္အတြက္ အေရးအႀကီးဆံုး အာဟာရဓာတ္ေတြထဲမွာ ပါဝင္ပါတယ္။ သံဓာတ္ဟာ ဟီမိုဂလိုဘင္လို႔ေခၚတဲ့ ေသြးတြင္းဆဲလ္တစ္မ်ိဳးရဲ႕ အဓိကပါဝင္ပစၥည္းျဖစ္သလို ခႏၶာကိုယ္တြင္းမွာ ေအာက္ဆီဂ်င္ သယ္ယူပို႔ေဆာင္ေရးအတြက္လည္း အလြန္အေရးပါပါတယ္။ သံဓာတ္အားနည္းရင္ အသက္ေသဆံုးသည္အထိ ျဖစ္သြားႏိုင္တဲ့ ေရာဂါလကၡဏာေတြ ေပၚေပါက္လာ ႏိုင္ပါတယ္။ သံဓာတ္အားေကာင္းေစဖို႔ စားေပးသင့္တဲ့ အစားအေသာက္ေတြကေတာ့...

၁။ ခံုးေကာင္

ခံုးေကာင္ေတြရဲ႕ အသားထဲမွာ တိရစၦာန္အသားေတြထဲမွာ သံဓာတ္အၾကြယ္ဝဆံုး ပါဝင္ပါတယ္။ ခံုးေကာင္ (၃) ေအာင္စမွာ သံဓာတ္ (၂၄) မီလီဂရမ္နဲ႔ (၁၂၆) ကယ္လိုရီ ပါဝင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ခံုးေကာင္ဟာ ပိုတက္စီယမ္နဲ႔ ဗိုက္တာမင္ ဘီတြဲလည္း ၾကြယ္ဝစြာပါဝင္ပါေသးတယ္။

၂။ ကမာေကာင္

ကမာေကာင္ (၃) ေအာင္စမွာေတာ့ သံဓာတ္ (၁၀.၅) မီလီဂရမ္နဲ႔ (၁၁၇) ကယ္လိုရီ ပါဝင္ပါတယ္။ ဒီ superfood ေလးဟာ ဗိုက္တာမင္ ဘီတြဲ ၾကြယ္ဝစြာပါဝင္တဲ့ ရင္းျမစ္ေလးလည္း ျဖစ္ပါေသးတယ္။ ကမာေကာင္ေတြကို ခ်က္စားမယ္ဆိုရင္ေတာ့ အခြံတစ္ဝက္ဟၿပီးမွ ခ်က္စားတာ အေကာင္းဆံုးပါပဲ။ ၏

၃။ ပဲမ်ိဳးစံု

ပဲေတြဟာလည္း သံဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ ပဲေရလံုျပဳတ္ ဘူးဝက္ခန္႔မွာ ေန႔စဥ္လိုအပ္တဲ့ သံဓာတ္ပမာဏရဲ႕ (၁၀) ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ပဲနီေလး၊ ကုလားပဲ၊ မတ္ပဲတို႔မွာ သံဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ ေန႔စဥ္အစားအစာထဲမွာ ထည့္သြင္းစားသံုးသင့္ပါတယ္။ ပဲမ်ိဳးစံုမွာ သံဓာတ္တင္မက သံဓာတ္အသံုးျပဳျခင္းနဲ႔ အင္ဇိုင္းလုပ္ေဆာင္မႈအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။

၄။ ႏွံစားေျပာင္းမ်ိဳးစံု

မုေယာစပါး၊ ဂ်ံဳၾကမ္း၊ လူး၊ ဆပ္၊ ေျပာင္း အစ႐ွိတဲ့ ႏွံစားေျပာင္းမ်ိဳးစံုဟာ ဘဘာဝအေလ်ာက္ သံဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ အဆိုပါ ႏွံစားေျပာင္းေတြမွာ အမွ်င္ဓာတ္အထူးၾကြယ္ဝၿပီး သံဓာတ္ (၃.၂) မီလီဂရမ္ ဝန္းက်င္ ပါဝင္ၾကပါတယ္။ အဆိုပါႏွံစားေျပာင္းေတြကို ဗိုက္တာမင္စီ ၾကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြျဖစ္တဲ့ ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီး၊ အာလူးတို႔နဲ႔ တြဲဖက္စားသံုးေပးရင္ သံဓာတ္အားျဖည့္ဖို႔အတြက္ အေကာင္းဆံုးပါပဲ။

၅။ အေစ့အဆန္မ်ား

သီဟို႒္ေစ့၊ ထင္း႐ွဴးေစ့၊ ေဟဇယ္ေစ့၊ အယ္လ္မြန္ေစ့နဲ႔ ဝက္သစ္ခ်ေစ့တို႔လို အေစ့အဆန္ေတြမွာလည္း ေန႔စဥ္သံဓာတ္လိုအပ္ခ်က္ရဲ႕ (၁၀) ရာခိုင္ႏႈန္းကို ျဖည့္စြမ္းေပးႏိုင္ပါတယ္။ ႏွမ္းေစ့နဲ႔ ထင္း႐ွဴးေစ့ကေတာ့ အေစ့အဆန္အုပ္စုထဲမွာ သံဓာတ္အၾကြယ္ဝဆံုးလို႔ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ အေစ့အဆန္ေတြကို ေန႔စဥ္အစားအစာထဲ ထည့္စားေပးတာ မွားယြင္းတဲ့ အၾကံဉာဏ္ေတာ့ မဟုတ္ပါဘူး။

၆။ ငါး

ဆယ္လ္လြန္ငါးတို႔၊ ဆာဒင္းငါးတို႔လို ငါးေတြဟာ သံဓာတ္အထူးၾကြယ္ဝတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ super-food လို႔ လူသိမ်ားတဲ့ ဆယ္လ္မြန္ငါးမွာ အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝၿပီး ေသြးေၾကာထံုးျခင္းနဲ႔ ေလျဖတ္ေရာဂါကို ကာကြယ္ႏိုင္တဲ့ အစြမ္းသတၱိေတြ ပါဝင္ပါတယ္။ ေနာက္ၿပီး သံဓာတ္ၾကြယ္ဝမႈေၾကာင့္ ေသြးအားကိုလည္း ေကာင္းမြန္ေစပါတယ္။

၇။ ၾကက္ဥ

သံဓာတ္အားနည္းသူေတြအတြက္ေတာ့ ၾကက္ဥကို မနက္စာတိုင္းမွာ ထည့္သြင္းျခင္းဟာ အသက္ကယ္ေဆးတစ္မ်ိဳးပါပဲ။ တစ္ေန႔ကို ၾကက္ဥ (၂) လံုး စားေပးျခင္းဟာ ခႏၶာကိုယ္မွာ ေန႔စဥ္လိုအပ္တဲ့ သံဓာတ္ (၈) ရာခိုင္ႏႈန္းကို ေထာက္ပံ့ေပးျခင္းနဲ႔ အလားသ႑ာန္ တူညီပါသတဲ့။ ၾကက္ဥကို သံဓာတ္ၾကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြျဖစ္တဲ့ ဟင္းႏုႏြယ္႐ြက္၊ ပန္းေဂၚဖီစိမ္း၊ ခရမ္းခ်ဥ္သီးတို႔နဲ႔ ေရာေႏွာစားသံုးေပးျခင္းကည အက်ိဳးေက်းဇူးကို ဒတ္ထိရေစႏိုင္ပါတယ္။

Source: stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး အာဟာရဓာတ်တွေထဲမှာ ပါဝင်ပါတယ်။ သံဓာတ်ဟာ ဟီမိုဂလိုဘင်လို့ခေါ်တဲ့ သွေးတွင်းဆဲလ်တစ်မျိုးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်သလို ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးအတွက်လည်း အလွန်အရေးပါပါတယ်။ သံဓာတ်အားနည်းရင် အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်တဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။ သံဓာတ်အားကောင်းစေဖို့ စားပေးသင့်တဲ့ အစားအသောက်တွေကတော့...

၁။ ခုံးကောင်

ခုံးကောင်တွေရဲ့ အသားထဲမှာ တိရစ္ဆာန်အသားတွေထဲမှာ သံဓာတ်အကြွယ်ဝဆုံး ပါဝင်ပါတယ်။ ခုံးကောင် (၃) အောင်စမှာ သံဓာတ် (၂၄) မီလီဂရမ်နဲ့ (၁၂၆) ကယ်လိုရီ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခုံးကောင်ဟာ ပိုတက်စီယမ်နဲ့ ဗိုက်တာမင် ဘီတွဲလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

၂။ ကမာကောင်

ကမာကောင် (၃) အောင်စမှာတော့ သံဓာတ် (၁၀.၅) မီလီဂရမ်နဲ့ (၁၁၇) ကယ်လိုရီ ပါဝင်ပါတယ်။ ဒီ superfood လေးဟာ ဗိုက်တာမင် ဘီတွဲ ကြွယ်ဝစွာပါဝင်တဲ့ ရင်းမြစ်လေးလည်း ဖြစ်ပါသေးတယ်။ ကမာကောင်တွေကို ချက်စားမယ်ဆိုရင်တော့ အခွံတစ်ဝက်ဟပြီးမှ ချက်စားတာ အကောင်းဆုံးပါပဲ။ ၏

၃။ ပဲမျိုးစုံ

ပဲတွေဟာလည်း သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ပဲရေလုံပြုတ် ဘူးဝက်ခန့်မှာ နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ (၁၀) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပဲနီလေး၊ ကုလားပဲ၊ မတ်ပဲတို့မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးသင့်ပါတယ်။ ပဲမျိုးစုံမှာ သံဓာတ်တင်မက သံဓာတ်အသုံးပြုခြင်းနဲ့ အင်ဇိုင်းလုပ်ဆောင်မှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

၄။ နှံစားပြောင်းမျိုးစုံ

မုယောစပါး၊ ဂျုံကြမ်း၊ လူး၊ ဆပ်၊ ပြောင်း အစရှိတဲ့ နှံစားပြောင်းမျိုးစုံဟာ ဘဘာဝအလျောက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ နှံစားပြောင်းတွေမှာ အမျှင်ဓာတ်အထူးကြွယ်ဝပြီး သံဓာတ် (၃.၂) မီလီဂရမ် ဝန်းကျင် ပါဝင်ကြပါတယ်။ အဆိုပါနှံစားပြောင်းတွေကို ဗိုက်တာမင်စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ အာလူးတို့နဲ့ တွဲဖက်စားသုံးပေးရင် သံဓာတ်အားဖြည့်ဖို့အတွက် အကောင်းဆုံးပါပဲ။

၅။ အစေ့အဆန်များ

သီဟိုဋ္ဌ်စေ့၊ ထင်းရှူးစေ့၊ ဟေဇယ်စေ့၊ အယ်လ်မွန်စေ့နဲ့ ဝက်သစ်ချစေ့တို့လို အစေ့အဆန်တွေမှာလည်း နေ့စဉ်သံဓာတ်လိုအပ်ချက်ရဲ့ (၁၀) ရာခိုင်နှုန်းကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ နှမ်းစေ့နဲ့ ထင်းရှူးစေ့ကတော့ အစေ့အဆန်အုပ်စုထဲမှာ သံဓာတ်အကြွယ်ဝဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အစေ့အဆန်တွေကို နေ့စဉ်အစားအစာထဲ ထည့်စားပေးတာ မှားယွင်းတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူး။

၆။ ငါး

ဆယ်လ်လွန်ငါးတို့၊ ဆာဒင်းငါးတို့လို ငါးတွေဟာ သံဓာတ်အထူးကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် super-food လို့ လူသိများတဲ့ ဆယ်လ်မွန်ငါးမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝပြီး သွေးကြောထုံးခြင်းနဲ့ လေဖြတ်ရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ နောက်ပြီး သံဓာတ်ကြွယ်ဝမှုကြောင့် သွေးအားကိုလည်း ကောင်းမွန်စေပါတယ်။

၇။ ကြက်ဥ

သံဓာတ်အားနည်းသူတွေအတွက်တော့ ကြက်ဥကို မနက်စာတိုင်းမှာ ထည့်သွင်းခြင်းဟာ အသက်ကယ်ဆေးတစ်မျိုးပါပဲ။ တစ်နေ့ကို ကြက်ဥ (၂) လုံး စားပေးခြင်းဟာ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ သံဓာတ် (၈) ရာခိုင်နှုန်းကို ထောက်ပံ့ပေးခြင်းနဲ့ အလားသဏ္ဍာန် တူညီပါသတဲ့။ ကြက်ဥကို သံဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီးတို့နဲ့ ရောနှောစားသုံးပေးခြင်းကည အကျိုးကျေးဇူးကို ဒတ်ထိရစေနိုင်ပါတယ်။

Source: stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top