iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ဆံပင္ကို ပံုသြင္းဖို႔ ထုတ္ကုန္ပစၥည္းအမ်ိဳးမ်ိဳးကို အသံုးျပဳေနပါလိမ့္မယ္။ သင့္ဆံပင္ဟာ တစ္ေနကုန္ ပံုမက် ပန္းမက်ျဖစ္ေနတာဟာ အံ့ၾသစရာေတာ့ မရွိပါဘူး။ ဆံပင္ဟာ ပ်က္စီးႏိုင္ၿပီးေတာ့ ႏွစ္ခြေတြျဖစ္ၿပီး ထိ္န္းမရႏိုင္ေအာင္ ရႈပ္ေထြးလာပါလိမ့္မယ္။

အသက္ႀကီးလာတာနဲ႔ အမွ် ဆံပင္ပါးလာၿပီး အေရာင္မြဲလာပါလိမ့္မယ္။ဒါေပမယ့္လည္း ဆံပင္ပ်က္စီးမႈကို ျပန္ေကာင္းေအာင္ လုပ္လို႔ရပါတယ္။

ေအာက္ေဖၚျပပါ အမွားေတြ က်ဴးလြန္မိျခင္းကေန ေရွာင္ၾကဥ္သင့္ၿပီး ဆံပင္ပညာရွင္ေတြ အၾကံေပးထားတဲ့ အခ်က္ေတြကိုလိုက္နာျခင္းဟာ ဆံပင္ကို ျပန္ေကာင္းလာေစမွာပါ။
၁။ ေန႔တိုင္းလိုလို ေခါင္းေလွ်ာ္ျခင္း

ပံုမွန္အားျဖင့္ ေခါင္းကို လိုအပ္တဲ့အခါမွ ေလွ်ာ္သင့္ပါတယ္။ ဆံပင္ပညာရွင္ေတြကေတာ့ လိုအပ္မွဆိုတာ ႏွစ္ရက္သံုးရက္တစ္ခါ ဆိုလိုပါတယ္။ ဆံပင္ကို က်န္းမာသန္စြမ္းၿပီးေတာက္ပေစတဲ့ အဆီေတြ ဆံုးရႈံးမႈ ျဖစ္ႏိုင္ပါတယ္။ ဒါဟာ ဆံပင္ဆိုးထားတဲ့သူေတြအတြက္ မွန္ကန္ေပမယ့္ ေန႔တုိင္းေခါင္းေလွ်ာ္ျခင္းဟာ ဆံပင္ရဲ႕ အေရာင္ကို ထိုင္းမႈိင္းေစပါတယ္။
အျခားအခ်က္ေတြလည္း ပါဝင္ပါေသးတယ္။ တကယ္လို႔ တစ္ေနကုန္ ေလ့က်င့္ခန္းလုပ္ၿပီး ေခြ်းအမ်ားႀကီးထြက္တယ္ဆိုရင္ ေနာက္သံုးရက္ေလာက္ေစာင့္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒီလို အခ်ိ္န္ဆိုရင္ ေခါင္းအေျခာက္ေလွ်ာ္ႏိုင္ၿပီး အဖ်ားေတြကို ေပ်ာ့ေဆးသံုးေပးႏိုင္ပါတယ္။
၂။ လိုအပ္တာထက္ပိုၿပီး ေပ်ာ့ေဆးအမ်ားႀကီးသံုးျခင္း

အဆီထြက္တဲ့ ဆံပင္ေတြကို ကာကြယ္ဖို႔ အဖ်ားေတြကို ေပ်ာ့ေဆးသံုးေပးသင့္ပါတယ္။ ဒါေပမယ့္ ဦးေရျပားေတာ့ မပါပါဘူး။ အန္စာတံုး အရြယ္အစားရွိတဲ့ ပမာဏေလာက္နဲ႔ စတင္ၿပီး ဆံပင္အႏွံ႔ကို ညီမွ်စြာ သံုးပါ။ တကယ္လို႔ လိုအပ္မယ္ဆိုရင္ ထပ္ထည့္ပါ။ ဒါေပမယ့္ ၂၅ ဆင့္ အေႂကြ အရြယ္အစားထက္ေတာ့ မပိုသင့္ပါဘူး။

တစ္ကယ္လုိ႔ ေဒၚလာဝက္ ပမာဏေလာက္သံုမိၿပီဆိုရင္ေတာ့ ဆံပင္ကို ဘာမွမထူးေစပဲ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆးအတြက္ ပိုက္ဆံအမ်ားႀကီး သံုးမိေနတာ ေသခ်ာပါတယ္။
၃။ မွားယြင္းတဲ့ ေခါင္းေလွ်ာ္ရည္ အသံုးျပဳျခင္း

ျပင္းထန္တဲ့ က်န္းမာေရး လကၡဏာေတြ မျပေပမယ့္ ပါဝင္တဲ့ ဓါတုပစၥည္းေတြဟာ ဆံပင္၊ အေရျပား၊ ဦးေရျပားတို႔ကို ေျခာက္ေသြ႔ေစၿပီး အေရာင္ ကြ်တ္ေစပါတယ္။ ဆံပင္ေတြ ရႈပ္ေနၿပီး ႏွစ္ခြ ျဖစ္ေနတယ္ဆိုရင္ sulfate မပါတဲ့ ေခါင္းေလွ်ာ္ရည္ကို အသံုးျပဳပါ။ သူတုိ႔ဟာ ဆံပင္ကို ေခ်ာေမြ႔ေစႏိုင္ပါတယ္။ ဒါေပမယ့္ ပံုမွန္ ေခါင္းေလွ်ာ္ရည္ေတြမ်ိဳးေတာ့ အျမႈပ္ထမွာ မဟုတ္ပါဘူး။
၄။ ျပင္းတဲ့ ေပ်ာ့ေဆးေတြကို ဘယ္ေတာ့မွ မသံုးျခင္း

ဒါဟာ ေရြးခ်ယ္လို႔ ရတဲ့အဆင့္လို႔ေတာ့ ထင္စရာရွိေပမယ့္ ပညာရွင္ေတြက တကယ္လို႔ သင့္ဆံပင္ဟာ ေျခာက္ေသြ႔ ပ်က္စီးၿပီး ႏွစ္ခြျဖစ္ေနမယ္ဆိုရင္ ဆံသားအတြင္းထဲထိ အာနိသင္သက္ေရာက္တဲ့ ေပါင္းေဆး (deep conditioner) ေတြကို အသံုးျပဳသင့္တယ္လို႔ ဆိုပါတယ္။

ဆံပင္ကို ဂရုစိုက္ပါ။ ဆံပင္ေပါင္းတင္ mask ကို အနည္းဆံုး တစ္ပတ္တစ္ႀကိမ္ အသံုးျပဳပါ။ ဆံပင္ကို ဂရုစိုက္မယ္ဆိုရင္ တိုးတက္မႈကို ျမင္ရပါလိမ့္မယ္။
၅။ အထက္တန္းေက်ာင္းတက္တံုးက အသံုးျပဳခဲ့တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ဆံပင္ေပ်ာ့ေဆးကို အသံုျပဳေနတံုးပဲ

သင့္ဆံပင္ဟာ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆးေတြကို သံုးေနက်ျဖစ္သြားၿပီး ေနာက္ပိုင္းမွာ အကပ္အသပ္ေတြ က်န္ေနတတ္ပါတယ္။
တကယ္လို႔ တစ္ခုခုကို သံုးမွျဖစ္မယ္ဆိုတဲ့ စိတ္မ်ိဳးမရွိဘူးဆိုရင္ ေခါင္းေလွ်ာ္ေနစဥ္မွာ ဘယ္လိုခံစားရလဲ ဆိုတာေပၚမူတည္ၿပီး ေခါင္းေလွ်ာ္ရည္ပံုစံအမ်ိဳးမ်ိဳးကို စမ္းသပ္ ၾကည့္ႏိုင္ပါတယ္။

ေျခာက္ေသြ႔ေနပါသလား။ deep conditioner ေတြကို အသံုးျပဳပါ။ တကယ္လို႔ ဆပင္အားနည္းေနတယ္ဆိုရင္ေတာ့ ေပ်ာ့တဲ့ ဆံပင္ေပ်ာ့ေဆးေတြကို အသံုးျပဳပါ။ ဆံပင္ရႈပ္ေနတယ္ဆိုရင္ေတာ့ အစိုဓါတ္ထိန္းေပ်ာ့ေဆးကို အသံုးျပဳပါ။ သင့္ဆံပင္ကို ၾကည့္ၿပီးေတာ့ သူဘာလိုလဲဆိုတာ နားေထာင္တတ္ပါေစ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်ဟာ ဆံပင်ကို ပုံသွင်းဖို့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို အသုံးပြုနေပါလိမ့်မယ်။ သင့်ဆံပင်ဟာ တစ်နေကုန် ပုံမကျ ပန်းမကျဖြစ်နေတာဟာ အံ့သြစရာတော့ မရှိပါဘူး။ ဆံပင်ဟာ ပျက်စီးနိုင်ပြီးတော့ နှစ်ခွတွေဖြစ်ပြီး ထိန်းမရနိုင်အောင် ရှုပ်ထွေးလာပါလိမ့်မယ်။

အသက်ကြီးလာတာနဲ့ အမျှ ဆံပင်ပါးလာပြီး အရောင်မွဲလာပါလိမ့်မယ်။ဒါပေမယ့်လည်း ဆံပင်ပျက်စီးမှုကို ပြန်ကောင်းအောင် လုပ်လို့ရပါတယ်။

အောက်ဖေါ်ပြပါ အမှားတွေ ကျူးလွန်မိခြင်းကနေ ရှောင်ကြဉ်သင့်ပြီး ဆံပင်ပညာရှင်တွေ အကြံပေးထားတဲ့ အချက်တွေကိုလိုက်နာခြင်းဟာ ဆံပင်ကို ပြန်ကောင်းလာစေမှာပါ။
၁။ နေ့တိုင်းလိုလို ခေါင်းလျှော်ခြင်း

ပုံမှန်အားဖြင့် ခေါင်းကို လိုအပ်တဲ့အခါမှ လျှော်သင့်ပါတယ်။ ဆံပင်ပညာရှင်တွေကတော့ လိုအပ်မှဆိုတာ နှစ်ရက်သုံးရက်တစ်ခါ ဆိုလိုပါတယ်။ ဆံပင်ကို ကျန်းမာသန်စွမ်းပြီးတောက်ပစေတဲ့ အဆီတွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံပင်ဆိုးထားတဲ့သူတွေအတွက် မှန်ကန်ပေမယ့် နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ရဲ့ အရောင်ကို ထိုင်းမှိုင်းစေပါတယ်။
အခြားအချက်တွေလည်း ပါဝင်ပါသေးတယ်။ တကယ်လို့ တစ်နေကုန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးအများကြီးထွက်တယ်ဆိုရင် နောက်သုံးရက်လောက်စောင့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလို အချိန်ဆိုရင် ခေါင်းအခြောက်လျှော်နိုင်ပြီး အဖျားတွေကို ပျော့ဆေးသုံးပေးနိုင်ပါတယ်။
၂။ လိုအပ်တာထက်ပိုပြီး ပျော့ဆေးအများကြီးသုံးခြင်း

အဆီထွက်တဲ့ ဆံပင်တွေကို ကာကွယ်ဖို့ အဖျားတွေကို ပျော့ဆေးသုံးပေးသင့်ပါတယ်။ ဒါပေမယ့် ဦးရေပြားတော့ မပါပါဘူး။ အန်စာတုံး အရွယ်အစားရှိတဲ့ ပမာဏလောက်နဲ့ စတင်ပြီး ဆံပင်အနှံ့ကို ညီမျှစွာ သုံးပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင် ထပ်ထည့်ပါ။ ဒါပေမယ့် ၂၅ ဆင့် အကြွေ အရွယ်အစားထက်တော့ မပိုသင့်ပါဘူး။

တစ်ကယ်လို့ ဒေါ်လာဝက် ပမာဏလောက်သုံမိပြီဆိုရင်တော့ ဆံပင်ကို ဘာမှမထူးစေပဲ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးအတွက် ပိုက်ဆံအများကြီး သုံးမိနေတာ သေချာပါတယ်။
၃။ မှားယွင်းတဲ့ ခေါင်းလျှော်ရည် အသုံးပြုခြင်း

ပြင်းထန်တဲ့ ကျန်းမာရေး လက္ခဏာတွေ မပြပေမယ့် ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ ဆံပင်၊ အရေပြား၊ ဦးရေပြားတို့ကို ခြောက်သွေ့စေပြီး အရောင် ကျွတ်စေပါတယ်။ ဆံပင်တွေ ရှုပ်နေပြီး နှစ်ခွ ဖြစ်နေတယ်ဆိုရင် sulfate မပါတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ သူတို့ဟာ ဆံပင်ကို ချောမွေ့စေနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် ခေါင်းလျှော်ရည်တွေမျိုးတော့ အမြှုပ်ထမှာ မဟုတ်ပါဘူး။
၄။ ပြင်းတဲ့ ပျော့ဆေးတွေကို ဘယ်တော့မှ မသုံးခြင်း

ဒါဟာ ရွေးချယ်လို့ ရတဲ့အဆင့်လို့တော့ ထင်စရာရှိပေမယ့် ပညာရှင်တွေက တကယ်လို့ သင့်ဆံပင်ဟာ ခြောက်သွေ့ ပျက်စီးပြီး နှစ်ခွဖြစ်နေမယ်ဆိုရင် ဆံသားအတွင်းထဲထိ အာနိသင်သက်ရောက်တဲ့ ပေါင်းဆေး (deep conditioner) တွေကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

ဆံပင်ကို ဂရုစိုက်ပါ။ ဆံပင်ပေါင်းတင် mask ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။ ဆံပင်ကို ဂရုစိုက်မယ်ဆိုရင် တိုးတက်မှုကို မြင်ရပါလိမ့်မယ်။
၅။ အထက်တန်းကျောင်းတက်တုံးက အသုံးပြုခဲ့တဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးကို အသုံပြုနေတုံးပဲ

သင့်ဆံပင်ဟာ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေကို သုံးနေကျဖြစ်သွားပြီး နောက်ပိုင်းမှာ အကပ်အသပ်တွေ ကျန်နေတတ်ပါတယ်။
တကယ်လို့ တစ်ခုခုကို သုံးမှဖြစ်မယ်ဆိုတဲ့ စိတ်မျိုးမရှိဘူးဆိုရင် ခေါင်းလျှော်နေစဉ်မှာ ဘယ်လိုခံစားရလဲ ဆိုတာပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ပုံစံအမျိုးမျိုးကို စမ်းသပ် ကြည့်နိုင်ပါတယ်။

ခြောက်သွေ့နေပါသလား။ deep conditioner တွေကို အသုံးပြုပါ။ တကယ်လို့ ဆပင်အားနည်းနေတယ်ဆိုရင်တော့ ပျော့တဲ့ ဆံပင်ပျော့ဆေးတွေကို အသုံးပြုပါ။ ဆံပင်ရှုပ်နေတယ်ဆိုရင်တော့ အစိုဓါတ်ထိန်းပျော့ဆေးကို အသုံးပြုပါ။ သင့်ဆံပင်ကို ကြည့်ပြီးတော့ သူဘာလိုလဲဆိုတာ နားထောင်တတ်ပါစေ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top