iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမဆို စိတ္ဓာတ္က်လာလၽွင္ ေမၽွာ္လင့္ခ်က္မဲ့ျခင္း၊ အကူအညီမဲ့ျခင္းတို႔ကို မလြဲမေသြခံစားလာရပါတယ္။ ဒါေၾကာင့္ လူအမ်ားစုဟာ နည္းလမ္းေပါင္းစံုႏွင့္ စိတ္ က်ျခင္းကို ကုစားလာၾကပါတယ္။ ဘယ္နည္းလမ္းကိုပဲ အသံုျပဳပါေစ ထိေရာက္မႈရွိဖို႔နဲ႔ စိတ္ခ်မ္းသာဖို႔က အဓိကက်ပါတယ္။

ဒီအေၾကာင္းအရာ၊ သေဘာတရားေလးေတြကို မွတ္သားနာလည္ႏိုင္ၿပီး လက္ေတြ႕မွာျပန္လည္ အသံုးခ်ႏိုင္ပါတယ္။

တစ္ေန႔တာကို အစီအစဥ္စဆြဲပါ

မိမိရဲ႕တစ္ေန႔တာကို ဘာမွမလုပ္လိုက္ရပဲ မကုန္ဆုန္းေစပါနဲ႔။ ဒီေန႔တစ္ေန႔တာအတြက္ အစီအစဥ္ေလးေတြကို ေရးဆြဲထားျခင္းဟာ အခ်ိန္ကုန္သက္သာေစၿပီး တစ္ေန႔တာၿပီးဆံုးသြားတဲ့ အခါမွာလည္း ၿပီးေျမာက္သြားတဲ့ အလုပ္ေလးေတြကို ျပန္ၾကည့္ရင္း သင္ဟာ စိတ္ေက်နပ္မႈရေနမွာပါ။

တက္ႂကြေနပါေစ

အိပ္ရာထဲမွာပဲ တစ္ေနကုန္လွဲမေနပါႏွင့္။ ပ်င္းရိျခင္းဟာ စိတ္ကိုပိုမိုထိုင္းမႈိင္းေစပါတယ္။ အခုပဲထၿပီး ကိုယ္လက္လႈပ္ရွားမႈစလုပ္ ၾကည့္ပါ။ ကိုယ္လက္လႈပ္ရွားမႉဟာ စိတ္ ဓာတ္က်ျခင္းကို အကုစားႏိုင္ဆံုးပါပဲ။ ေလ့က်င့္ေရးခန္းမေတြ၊ ေျပးစက္ေတြေပၚတက္ေျပးေနစရာမလိုပဲ သူငယ္ခ်င္းေတြႏွင့္ ေဆာ့ကစားရံု ၊ အိပ္အလုပ္ေတြကူလုပ္ရံုႏွင့္တင္ သင့္စိတ္ေတြလန္းဆန္းလာႏိုင္ပါတယ္။

က်န္းမာေစေသာ အစာမ်ားကို စားသံုးေပးျခင္း

က်န္းမာေစေသာ အစားအစာမ်ားဟာ သင္စိတ္ေပ်ာ္ေစဖို႔အတြက္မ်ားစြာ အေထာက္အကူျပဳပါတယ္။ စိတ္က်ေရာဂါရွိသူမ်ားဟာ ေကာ္ဖီ၊ အရက္၊ အဆီအစိမ့္မ်ား၊ ေရရွည္ခံေဆးသံုးထားေသာ အစာမ်ားအားေရွာင္ရွားသင့္ပါတယ္။ က်န္းမာေရးႏွင့္ ညီညႊတ္ေသာအဆီမပါအသား၊ ငါး၊ ဟင္းသီးဟင္းရြက္ႏွင့္ သီးႏွံမ်ားကို ပိုမိုစားသံုးသင့္ပါသည္။

ကစီ ဓာတ္ႏွင့္သၾကားအလြန္အမင္းစားသံုးျခင္းကိုလည္း ေရွာင္ရွားသင့္ပါသည္။

ေကာင္းမြန္စြာ အိပ္စက္အနားယူျခင္း

စိတ္က်ေရာဂါခံစားရသူမ်ားဟာ ညဘက္ေကာင္းေကာင္း အိပ္ေပ်ာ္ေလ့မရွိၾကပါဘူး။ အိပ္ေရးပ်က္ျခင္းဟာလည္း စိတ္က်ေရာဂါကို ပိုဆိုးေစတဲ့အခ်က္တစ္ခ်က္ပါပဲ။ ဒါေၾကာင့္ အိပ္ခ်ိန္မွန္ေအာင္ေလ့က်င့္ယူသင့္ပါတယ္။ အိပ္စက္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစမည့္ ကြန္ပ်ဴတာ၊ လက္ေတာ့၊ စမတ္ဖုန္းမ်ားကို ကုတင္ေပၚက ဖယ္ရွားထားဖို႔လည္း လိုအပ္ပါတယ္။

အဆိုးျမင္ဝါဒီမ်ားကို ဖယ္ရွားလိုက္ပါ

စိတ္က်ေရာဂါဟာသင့္ကိုသင္၊ သင့္ပတ္ဝန္းက်င္၊ သင့္အေျခအေန၊ သင္ေတြ႕ဆံုေနရတာေတြ၊ သင္ရည္မွန္းခ်က္ေတြကို အဆိုးျမင္ေစႏိုင္ပါတယ္။ ဒါေတြကိုမေရွာင္ေျပးပဲ ရဲရဲဝံ့ဝံ့ရင္ဆိုင္လိုက္ပါ။ မိမိအားေပ်ာ္ရႊင္ေစေသာအရာမ်ားကို ပိုမိုလုပ္ေဆာင္ရင္း ေကာင္းေသာ အျမင္ျဖစ္ေအာင္ႀကိဳးစားေျပာင္းလဲၾကည့္ပါ။ ထိုသို႔ေျပာင္းလဲေပးေသာ သင္တန္းမ်ားရွိရင္လည္း တက္ေရာက္သင့္ပါတယ္။

သင့္ကို စိတ္ေက်နပ္မႈေပးႏိုင္မယ့္ အရာမ်ားကို လုပ္ေဆာင္ၾကည့္ပါ

က်န္းမာတက္ႂကြၿပီး ၿပီးျပည့္စံုတဲ့ဘဝတစ္ခုကိုႀကိဳးစားေလၽွာက္လွမ္းျခင္းျဖင့္ စိတ္က်ေရာဂါကို အႏိုင္ယူပါ။

စိတ္ဖိအားေတြေလ်ာ့ပါးသြားေအာင္ အနားယူျခင္း၊ အားေမြးျခင္းမ်ားကိုလည္းသင္ယူပါ။

အားေပးႏွစ္သိမ့္ေဆြးေႏြးတိုင္ပင္ပါ

မိမိႏွင့္အတူေရာဂါခံစားေနရသူမ်ားႏွင့္ အားေပးတိုင္ပင္ပါ။ မိသားစု သူငယ္ခ်င္းမ်ားႏွင့္ရင္းရင္းႏွီးႏွီးေနပါ။ သူငယ္ခ်င္းသစ္မ်ားလည္းဖြဲ႕ပါ။ ဒါေတြဟာ သင့္အတြက္ အလိုအပ္ဆံုးေဆးဝါးေတြပဲျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ့ စိတ္က်ေရာဂါရဲ႕ဖိအားမွလြတ္ေျမာက္ေအာင္ ေန႔စဥ္ေကာင္းမြန္ေသာ အေလ့အက်င့္မ်ားကိုျပဳမူေဆာင္ရြက္ပါ။ အရာရာေပၚမွာ ေကာင္းမြန္ေသာ အေတြးမ်ိဳးထားႏိုင္ေအာင္ႀကိဳးစားပါ။ မိသားစုခ်စ္ခင္ရင္းႏွီးသူမ်ားထံမွ ႏွစ္သိမ့္မႈရယူပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘယ်သူမဆို စိတ်ဓာတ်ကျလာလျှင် မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်းတို့ကို မလွဲမသွေခံစားလာရပါတယ်။ ဒါကြောင့် လူအများစုဟာ နည်းလမ်းပေါင်းစုံနှင့် စိတ် ကျခြင်းကို ကုစားလာကြပါတယ်။ ဘယ်နည်းလမ်းကိုပဲ အသုံပြုပါစေ ထိရောက်မှုရှိဖို့နဲ့ စိတ်ချမ်းသာဖို့က အဓိကကျပါတယ်။

ဒီအကြောင်းအရာ၊ သဘောတရားလေးတွေကို မှတ်သားနာလည်နိုင်ပြီး လက်တွေ့မှာပြန်လည် အသုံးချနိုင်ပါတယ်။

တစ်နေ့တာကို အစီအစဉ်စဆွဲပါ

မိမိရဲ့တစ်နေ့တာကို ဘာမှမလုပ်လိုက်ရပဲ မကုန်ဆုန်းစေပါနဲ့။ ဒီနေ့တစ်နေ့တာအတွက် အစီအစဉ်လေးတွေကို ရေးဆွဲထားခြင်းဟာ အချိန်ကုန်သက်သာစေပြီး တစ်နေ့တာပြီးဆုံးသွားတဲ့ အခါမှာလည်း ပြီးမြောက်သွားတဲ့ အလုပ်လေးတွေကို ပြန်ကြည့်ရင်း သင်ဟာ စိတ်ကျေနပ်မှုရနေမှာပါ။

တက်ကြွနေပါစေ

အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲမနေပါနှင့်။ ပျင်းရိခြင်းဟာ စိတ်ကိုပိုမိုထိုင်းမှိုင်းစေပါတယ်။ အခုပဲထပြီး ကိုယ်လက်လှုပ်ရှားမှုစလုပ် ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓာတ်ကျခြင်းကို အကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယ်ချင်းတွေနှင့် ဆော့ကစားရုံ ၊ အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။

ကျန်းမာစေသော အစာများကို စားသုံးပေးခြင်း

ကျန်းမာစေသော အစားအစာများဟာ သင်စိတ်ပျော်စေဖို့အတွက်များစွာ အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊ အရက်၊ အဆီအစိမ့်များ၊ ရေရှည်ခံဆေးသုံးထားသော အစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သောအဆီမပါအသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ပိုမိုစားသုံးသင့်ပါသည်။

ကစီ ဓာတ်နှင့်သကြားအလွန်အမင်းစားသုံးခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း

စိတ်ကျရောဂါခံစားရသူများဟာ ညဘက်ကောင်းကောင်း အိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကို ပိုဆိုးစေတဲ့အချက်တစ်ချက်ပါပဲ။ ဒါကြောင့် အိပ်ချိန်မှန်အောင်လေ့ကျင့်ယူသင့်ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမည့် ကွန်ပျူတာ၊ လက်တော့၊ စမတ်ဖုန်းများကို ကုတင်ပေါ်က ဖယ်ရှားထားဖို့လည်း လိုအပ်ပါတယ်။

အဆိုးမြင်ဝါဒီများကို ဖယ်ရှားလိုက်ပါ

စိတ်ကျရောဂါဟာသင့်ကိုသင်၊ သင့်ပတ်ဝန်းကျင်၊ သင့်အခြေအနေ၊ သင်တွေ့ဆုံနေရတာတွေ၊ သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကို ပိုမိုလုပ်ဆောင်ရင်း ကောင်းသော အမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။ ထိုသို့ပြောင်းလဲပေးသော သင်တန်းများရှိရင်လည်း တက်ရောက်သင့်ပါတယ်။

သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မယ့် အရာများကို လုပ်ဆောင်ကြည့်ပါ

ကျန်းမာတက်ကြွပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုကြိုးစားလျှောက်လှမ်းခြင်းဖြင့် စိတ်ကျရောဂါကို အနိုင်ယူပါ။

စိတ်ဖိအားတွေလျော့ပါးသွားအောင် အနားယူခြင်း၊ အားမွေးခြင်းများကိုလည်းသင်ယူပါ။

အားပေးနှစ်သိမ့်ဆွေးနွေးတိုင်ပင်ပါ

မိမိနှင့်အတူရောဂါခံစားနေရသူများနှင့် အားပေးတိုင်ပင်ပါ။ မိသားစု သူငယ်ချင်းများနှင့်ရင်းရင်းနှီးနှီးနေပါ။ သူငယ်ချင်းသစ်များလည်းဖွဲ့ပါ။ ဒါတွေဟာ သင့်အတွက် အလိုအပ်ဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ စိတ်ကျရောဂါရဲ့ဖိအားမှလွတ်မြောက်အောင် နေ့စဉ်ကောင်းမွန်သော အလေ့အကျင့်များကိုပြုမူဆောင်ရွက်ပါ။ အရာရာပေါ်မှာ ကောင်းမွန်သော အတွေးမျိုးထားနိုင်အောင်ကြိုးစားပါ။ မိသားစုချစ်ခင်ရင်းနှီးသူများထံမှ နှစ်သိမ့်မှုရယူပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top