ကလပ္မွာ ထုိးႀကိတ္ခံရလုိ႔ ေဆး႐ုံသြားျပတဲ့ အမ်ဳိးသမီးဟာ သူ႔ကုိ ကလပ္မွာ ႐ုိက္ႏွက္ခဲ့တဲ့ ဆရာ၀န္နဲ႔ ျပန္ေတြ႕ၿပီး ေနာက္တစ္ခါ ထပ္႐ုိက္ခံရလုိ႔ မိေအး ႏွစ္ခါနာ ျဖစ္ခဲ့ရပါတယ္။ ႐ုရွားႏုိင္ငံအေရွ႕ပုိင္းက နီရြန္ဂရီၿမိဳ႕မွာ အခုလုိ ျဖစ္ပြားခဲ့တာပါ။ ဒီမစ္ထရီဗာဆုိတဲ့ အမ်ဳိးသမီးငယ္ဟာ အရင္ေန႔ညက ညကလပ္မွာ ထုိးႀကိတ္ခံရတဲ့ ဒဏ္ရာေတြကုိ ကုသဖုိ႔နဲ႔ ရဲတပ္ဖြဲ႕ထံ တုိင္ၾကားဖုိ႔ ေဆး႐ုံသြားျပခဲ့ပါတယ္။
ေဆး႐ုံေရာက္ခ်ိန္မွာ သူ႔ကုိ ထုိးႀကိတ္ခဲ့တဲ့သူနဲ႔ ျပန္ေတြ႕ခဲ့ၿပီး အဲဒီသူက ဒီေဆး႐ုံရဲ႕ ဆရာဝန္ျဖစ္ေနမွန္း သိခဲ့ရပါတယ္။ ထြက္ေပၚလာတဲ့ ႐ုပ္သံမွတ္တမ္းေတြမွာ ဆရာဝန္က ” ငါ့ကုိ နင္ အရင္ ႐ုိက္တာ ျမင္တဲ့သူ အမ်ားႀကီးပဲ”လုိ႔ ေျပာခဲ့ၿပီး အမ်ဳိးသမီးငယ္ကုိ ထပ္႐ုိက္ခဲ့ပါတယ္။ ၿပီးေတာ့ နင္ ငါ့ကုိ သြားတုိင္ရင္ နင့္ကုိ ေထာင္ထဲထည့္ပစ္မယ္လုိ႔လည္း ေျပာခဲ့ပါတယ္။ ဆရာဝန္ျဖစ္သူ ႏ်ဴေမာ့ကေတာ့ ကလပ္မွာ သူနာျပဳဆရာမတစ္ဦးကုိ အမ်ဳိးသမီးတစ္စုက တုိက္ခုိက္ေနတာေတြ႕လုိ႔ ဝင္ၿပီးတားဆီးခဲ့တာလုိ႔ ဆုိပါတယ္။ဒါေပမဲ့ ႏ်ဴေမာ့ရဲ႕ ေလွ်ာက္လဲခ်က္ကုိ ေဆး႐ုံအုပ္ႀကီးက လက္မခံခဲ့ဘဲ သူ႔ကုိ အလုပ္ထုတ္ခဲ့ပါတယ္။
Credit : PTH
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကလပ်မှာ ထိုးကြိတ်ခံရလို့ ဆေးရုံသွားပြတဲ့ အမျိုးသမီးဟာ သူ့ကို ကလပ်မှာ ရိုက်နှက်ခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တွေ့ပြီး နောက်တစ်ခါ ထပ်ရိုက်ခံရလို့ မိအေး နှစ်ခါနာ ဖြစ်ခဲ့ရပါတယ်။ ရုရှားနိုင်ငံအရှေ့ပိုင်းက နီရွန်ဂရီမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ဒီမစ်ထရီဗာဆိုတဲ့ အမျိုးသမီးငယ်ဟာ အရင်နေ့ညက ညကလပ်မှာ ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေကို ကုသဖို့နဲ့ ရဲတပ်ဖွဲ့ထံ တိုင်ကြားဖို့ ဆေးရုံသွားပြခဲ့ပါတယ်။
ဆေးရုံရောက်ချိန်မှာ သူ့ကို ထိုးကြိတ်ခဲ့တဲ့သူနဲ့ ပြန်တွေ့ခဲ့ပြီး အဲဒီသူက ဒီဆေးရုံရဲ့ ဆရာဝန်ဖြစ်နေမှန်း သိခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ဆရာဝန်က ” ငါ့ကို နင် အရင် ရိုက်တာ မြင်တဲ့သူ အများကြီးပဲ”လို့ ပြောခဲ့ပြီး အမျိုးသမီးငယ်ကို ထပ်ရိုက်ခဲ့ပါတယ်။ ပြီးတော့ နင် ငါ့ကို သွားတိုင်ရင် နင့်ကို ထောင်ထဲထည့်ပစ်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဆရာဝန်ဖြစ်သူ နျူမော့ကတော့ ကလပ်မှာ သူနာပြုဆရာမတစ်ဦးကို အမျိုးသမီးတစ်စုက တိုက်ခိုက်နေတာတွေ့လို့ ဝင်ပြီးတားဆီးခဲ့တာလို့ ဆိုပါတယ်။ဒါပေမဲ့ နျူမော့ရဲ့ လျှောက်လဲချက်ကို ဆေးရုံအုပ်ကြီးက လက်မခံခဲ့ဘဲ သူ့ကို အလုပ်ထုတ်ခဲ့ပါတယ်။
Credit : PTH
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...