ခ်ိဳၿမိန္ၿပီး ေရဓာတ္ၾကြယ္ဝတဲ့ အခြံခြာစားရတဲ့အသီးလို႔ ေျပာလိုက္ရင္ လိုင္ခ်ီးသီးကို ေျပးျမင္မိၾကမွာပါ။ အပူပိုင္းေဒသေတြမွာ ေပါက္ေရာက္တဲ့ လိုင္ခ်ီးသီးဟာ ရာသီေပၚသီးႏွံတစ္မ်ိဳးျဖစ္ၿပီး လံုးဝန္းတဲ့ ပံုသ႑ာန္႐ွိပါတယ္။ အနီေရာင္ (သို႔) ပန္းေရာင္အခြံေအာက္မွာ အျဖဴေရာင္အသား႐ွိၿပီး ခ်ိဳျမတဲ့ အရသာေၾကာင့္ နာမည္ႀကီးပါတယ္။ ဒါေပမဲ့ လိုင္ခ်ီးသီးမွာ အရသာေကာင္းမြန္မႈအျပင္ က်န္းမာေရးနဲ႔ ဆိုင္တဲ့ တျခားအက်ိဳးေက်းဇူးေတြလည္း ပါ႐ွိပါေသးတယ္။ အဲဒါေတြကေတာ့....
၁။ ကင္ဆာကာကြယ္ႏိုင္စြမ္း႐ွိတယ္
လိုင္ခ်ီးသီးရဲ႕ အေရးအပါဆံုး က်န္းမာေရး အက်ိဳးေက်းဇူးတစ္ခုကေတာ့ သူ႔မွာကင္ဆာ ကာကြယ္ႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈ ႐ွိတာပါပဲ။ လိုင္ခ်ီးသီးကို ေဖ်ာ္ေသာက္တာပဲျဖစ္ျဖစ္၊ ဒီတိုင္းစားေပးတာပဲျဖစ္ျဖစ္ ေန႔စဥ္ျပဳလုပ္ေပးမယ္ဆိုရင္ ကင္ဆာေရာဂါ အႏၱရာယ္ကေန ကာကြယ္ႏိုင္ပါတယ္။ ဘာျဖစ္လို႔ အဲဒီလို ကာကြယ္ႏိုင္တာလဲဆိုေတာ့ လိုင္ခ်ီးသီးမွာ ရင္သားကင္ဆာလိုမ်ိဳး ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တဲ့ antioxidant နဲ႔ Flavonoid ၾကြယ္ဝလို႔ပါပဲ။
၂။ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစတယ္
သုေတသီေတြရဲ႕အဆိုအရ လိုင္ခ်ီးသီးထဲမွာပါဝင္တဲ့ antioxidant ေတြဟာ ႏွလံုးက်န္းမာေရးကို အေထာက္အကူျပဳႏိုင္ပါတယ္တဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ လိုင္ခ်ီးသီးမွာ oligonol ဆိုတဲ့ ဓာတုျဒပ္ေပါင္း တစ္မ်ိဳးပါဝင္ၿပီး ၄င္းက ႏိုက္ထရစ္ေအာက္ဆိုဒ္ ထုတ္လုပ္မႈကို အေထာက္အကူျပဳႏိုင္ပါတယ္။ ႏိုက္ထရစ္ေအာက္ဆိုဒ္ဟာ ေသြးေၾကာေတြကို ပိုမိုက်ယ္ဝန္းေစတဲ့ အရာတစ္မ်ိဳးျဖစ္တဲ့အတြက္ ႏွလံုးထဲမွာ ေသြးစီးဆင္းမႈေၾကာင့္ျဖစ္တဲ့ ဖိအားေတြကို ေလ်ာ့နည္းေစၿပီး ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
၃။ အစာေခ်စနစ္ကို ေကာင္းမြန္ေစတယ္
အစာအိမ္ အူလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီး ေရာဂါေဝဒနာေတြကို ခံစားေနရမယ္ဆိုရင္ လိုင္ခ်ီးသီးကို ပံုမွန္စားေပးသင့္ပါတယ္။ လိုင္ခ်ီးသီးဟာ ေရဓာတ္ၾကြယ္ဝတဲ့ သီးႏွံတစ္မ်ိဳး ျဖစ္တာေၾကာင့္ အစာအိမ္အေပၚမွာ ေျဖသိမ့္ေပးတဲ့သက္ေရာက္မႈကို ျဖစ္ေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အစာေခ်စနစ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အမွ်င္ဓာတ္ကလည္း လိုင္ခ်ီးသီးထဲမွာ ၾကြယ္ဝစြာပါဝင္တာမို႔ အစာအိမ္သမားေတြ ဓာတ္စာအျဖစ္ မွီဝဲေပးသင့္တာ အေသအခ်ာပါပဲ။
၄။ မ်က္စိအတြင္းတိမ္ကို ကာကြယ္ေပးတယ္
မ်က္စိအတြင္းတိမ္ေရာဂါဆိုတာ မ်က္ၾကည္လႊာေပၚမွာ တိမ္လိုမ်ိဳးအရာေတြ စြဲကပ္ၿပီး အျမင္အာ႐ံုကုိ ထိခိုက္ေစႏိုင္တဲ့ ေရာဂါတစ္မ်ိဳးပါ။ မ်က္စိအတြင္းတိမ္ေရာဂါဟာ လူသန္းေပါင္းမ်ားစြာ (အထူးသျဖင့္ သက္ႀကီး႐ြယ္အိုေတြ) ကို သက္ေရာက္ေစႏိုင္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္တဲ့အတြက္ သုေတသနမ်ိဳးစံု ျပဳလုပ္ခဲ့ၾကပါတယ္။
အဲဒီမွာ လိုင္ခ်ီးသီးမွာပါဝင္တဲ့ phytochemical ဓာတ္ဟာ antioxidant တစ္မ်ိဳးျဖစ္သလို က်ဴမာအနာတစ္မ်ိဳးကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတၱိ္လည္း ပါ႐ွိပါတယ္။ ဒီေတာ့ အတြင္းတိမ္ျဖစ္ေစႏိုင္တဲ့ ပံုမွန္မဟုတ္တဲ့ ဆဲလ္ႀကီးထြားမႈေတြကိုလည္း တိုက္ထုတ္ႏုိင္တယ္လို႔ အဓိပၸာယ္ရပါတယ္။
၅။ ဝိတ္က်ေစတယ္
လိုင္ခ်ီးသီးဟာ ကယ္လိုရီပါဝင္မႈ နည္းပါးတဲ့ သစ္သီးတစ္မ်ိဳးျဖစ္တဲ့အတြက္ ဝိတ္က်ေစဖို႔အတြက္ေတာ့ အေရးပါတဲ့ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ လိုင္ခ်ီးသီး (၁၀၀) ဂရမ္မွာမွ (၆၆) ကယ္လိုရီပဲ ပါဝင္ၿပီး ေရဓာတ္လည္း အထူးၾကြယ္ဝတာေၾကာင့္ ကိုယ္အေလးခ်ိန္က်ဆင္းေစႏိုင္တာ အမွန္ပါပဲ။
၆။ ေသြးအားေကာင္းေစတယ္
လိုင္ခ်ီးသီးဟာ ခႏၶာကိုယ္တြင္းက ေသြးလည္ပတ္မႈ ေကာင္းမြန္စြာလည္ပတ္ႏိုင္ေအာင္ ကူညီေပးႏိုင္သလို ကိုယ္တြင္းကလီစာ လုပ္ေဆာင္မႈေတြမွာလည္း ေခ်ာေမြ႕ေျပျပစ္ေစႏိုင္ပါတယ္။ လိုင္ခ်ီးသီးထဲမွာ ပါဝင္တဲ့ မဂၢနီစီယမ္၊ သံဓာတ္၊ ေကာ့ပါး၊ မန္းဂနိစ္၊ ဖိုလိတ္ထ္၊ ဗိုက္တာမင္စီတို႔က လိုင္ခ်ီးသီးကို ေသြးလည္ပတ္မႈစနစ္အတြက္ အသံုးဝင္ေစတာပဲ ျဖစ္ပါတယ္။
Source: Stylecraze
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချိုမြိန်ပြီး ရေဓာတ်ကြွယ်ဝတဲ့ အခွံခွာစားရတဲ့အသီးလို့ ပြောလိုက်ရင် လိုင်ချီးသီးကို ပြေးမြင်မိကြမှာပါ။ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ လိုင်ချီးသီးဟာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး လုံးဝန်းတဲ့ ပုံသဏ္ဍာန်ရှိပါတယ်။ အနီရောင် (သို့) ပန်းရောင်အခွံအောက်မှာ အဖြူရောင်အသားရှိပြီး ချိုမြတဲ့ အရသာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမဲ့ လိုင်ချီးသီးမှာ အရသာကောင်းမွန်မှုအပြင် ကျန်းမာရေးနဲ့ ဆိုင်တဲ့ တခြားအကျိုးကျေးဇူးတွေလည်း ပါရှိပါသေးတယ်။ အဲဒါတွေကတော့....
၁။ ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်
လိုင်ချီးသီးရဲ့ အရေးအပါဆုံး ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ သူ့မှာကင်ဆာ ကာကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှု ရှိတာပါပဲ။ လိုင်ချီးသီးကို ဖျော်သောက်တာပဲဖြစ်ဖြစ်၊ ဒီတိုင်းစားပေးတာပဲဖြစ်ဖြစ် နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် ကင်ဆာရောဂါ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ကာကွယ်နိုင်တာလဲဆိုတော့ လိုင်ချီးသီးမှာ ရင်သားကင်ဆာလိုမျိုး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant နဲ့ Flavonoid ကြွယ်ဝလို့ပါပဲ။
၂။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
သုတေသီတွေရဲ့အဆိုအရ လိုင်ချီးသီးထဲမှာပါဝင်တဲ့ antioxidant တွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လိုင်ချီးသီးမှာ oligonol ဆိုတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးပါဝင်ပြီး ၎င်းက နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ဟာ သွေးကြောတွေကို ပိုမိုကျယ်ဝန်းစေတဲ့ အရာတစ်မျိုးဖြစ်တဲ့အတွက် နှလုံးထဲမှာ သွေးစီးဆင်းမှုကြောင့်ဖြစ်တဲ့ ဖိအားတွေကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၃။ အစာချေစနစ်ကို ကောင်းမွန်စေတယ်
အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် လိုင်ချီးသီးကို ပုံမှန်စားပေးသင့်ပါတယ်။ လိုင်ချီးသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုး ဖြစ်တာကြောင့် အစာအိမ်အပေါ်မှာ ဖြေသိမ့်ပေးတဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အစာချေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓာတ်ကလည်း လိုင်ချီးသီးထဲမှာ ကြွယ်ဝစွာပါဝင်တာမို့ အစာအိမ်သမားတွေ ဓာတ်စာအဖြစ် မှီဝဲပေးသင့်တာ အသေအချာပါပဲ။
၄။ မျက်စိအတွင်းတိမ်ကို ကာကွယ်ပေးတယ်
မျက်စိအတွင်းတိမ်ရောဂါဆိုတာ မျက်ကြည်လွှာပေါ်မှာ တိမ်လိုမျိုးအရာတွေ စွဲကပ်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ မျက်စိအတွင်းတိမ်ရောဂါဟာ လူသန်းပေါင်းများစွာ (အထူးသဖြင့် သက်ကြီးရွယ်အိုတွေ) ကို သက်ရောက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် သုတေသနမျိုးစုံ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီမှာ လိုင်ချီးသီးမှာပါဝင်တဲ့ phytochemical ဓာတ်ဟာ antioxidant တစ်မျိုးဖြစ်သလို ကျူမာအနာတစ်မျိုးကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။ ဒီတော့ အတွင်းတိမ်ဖြစ်စေနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုတွေကိုလည်း တိုက်ထုတ်နိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။
၅။ ဝိတ်ကျစေတယ်
လိုင်ချီးသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့အတွက် ဝိတ်ကျစေဖို့အတွက်တော့ အရေးပါတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ လိုင်ချီးသီး (၁၀၀) ဂရမ်မှာမှ (၆၆) ကယ်လိုရီပဲ ပါဝင်ပြီး ရေဓာတ်လည်း အထူးကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေနိုင်တာ အမှန်ပါပဲ။
၆။ သွေးအားကောင်းစေတယ်
လိုင်ချီးသီးဟာ ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှု ကောင်းမွန်စွာလည်ပတ်နိုင်အောင် ကူညီပေးနိုင်သလို ကိုယ်တွင်းကလီစာ လုပ်ဆောင်မှုတွေမှာလည်း ချောမွေ့ပြေပြစ်စေနိုင်ပါတယ်။ လိုင်ချီးသီးထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ကော့ပါး၊ မန်းဂနိစ်၊ ဖိုလိတ်ထ်၊ ဗိုက်တာမင်စီတို့က လိုင်ချီးသီးကို သွေးလည်ပတ်မှုစနစ်အတွက် အသုံးဝင်စေတာပဲ ဖြစ်ပါတယ်။
Source: Stylecraze
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လိုင္ခ်ီးသီးရဲ႔ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။