နှစ်သစ်မှာ ဝိတ်ချမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် ရေနွေးသောက်ရုံနဲ့ အဆီတွေပျော်ဆင်းသွားမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ အဆီကျစေမယ့် ရေနွေးအမျိုးအစား ၃ မျိုး ရှိတာမို့ နှစ်သက်ရာကို ပြုလုပ်သောက်သုံးရုံပါပဲ။
၁။ လက်ဖက်စိမ်း
အဆီဆဲလ်တွေကို ချေဖျက်နိုင်ပါတယ်။ အားကစားမလုပ်မီ၊ လေ့ကျင့်ခန်းမလုပ်မီ သောက်ပေးမယ်ဆိုရင် ပိုပြီးထိရောက်ပါတယ်။ နှစ်နာရီကိုတစ်ကြိမ် ပူစီနံရွက်ကို ရှုပေးမယ်ဆိုရင် မကြာခဏဆာလောင်နေမှုကို လျှော့ချနိုင်ပြီး တစ်လအတွင်း ၅ ပေါင်လောက် ကျသွားနိုင်ပါတယ်။ ပူစီနံရေနွေးကြမ်းကလည်း ထိုနည်းလည်းကောင်းပါပဲ။
၂။ ပူစီနံရေနွေး
ပူစီနံရွက်လေးတွေကို ချေပြီး ရေနွေးထဲ ထည့်သောက်ပေးရုံပါပဲ။ ပူစီနံရွက်ရဲ့ အနံ့က ဆာလောင်မှုကို လျော့ကျစေပါတယ်။
၃။ ပျားသံပရာ
ပျားရည်နည်းနည်း၊ သံပရာသီး (သံပရိုသီး) ခပ်ပါးပါးတစ်ကွင်းလောက်ကို ရေနွေးပူပူလေးထဲစိမ်ပြီး သောက်ပေးခြင်းက တကယ်ပဲ ဝိတ်ကျစေပါတယ်။ တစ်ခုသတိထားရမှာက အစာအိမ်မကောင်းသူတွေနဲ့တော့ မသင့်လျော်ပါဘူး။
Source : Eatthis
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
တစ်လအတွင်း သိသိသာသာဝိတ်ကျစေမယ့် ရေနွေး (၃) မျိုး
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။