အာဟာရဓာတ္ျပည့္ဝစြာပါဝင္ျပီး ပရိုတင္းဓာတ္ၾကြယ္ဝတဲ့ ပဲျပားကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက တရုတ္ျပည္မွာ စတင္လူၾကိဳက္မ်ားခဲ့တာျဖစ္ပါတယ္။ အခုေတာ့ အင္ဒိုနီးရွား၊ မေလးရွား၊ျမန္မာနုိင္ငံအပါအဝင္ အာရွနိုင္ငံေတြမွာ စားသံုးသူမ်ားျပားေနပါျပီ။ အသားေရွာင္တဲ့ သတ္သတ္လြတ္သမားေတြအတြက္ အာဟာရျပည့္ေစတဲ့ အစားအစာလည္းျဖစ္ပါတယ္။
လတ္ဆတ္တဲ့ပဲျပားေတြရွိသလို ျပဳျပင္စီမံထားတဲ့ပဲျပားေတြလည္းရွိပါတယ္။ ပဲျပားမွာ ကယ္လိုရီပါဝင္မႈနည္းပါးျပီး ပရိုတင္းဓာတ္မ်ားတယ္၊ အဆီဓာတ္နည္းပါတယ္။ထုတ္လုပ္ပံုထုတ္လုပ္နည္းေတြအေပၚမူတည္ျပီး ကယ္လ္စီယမ္နဲ႔ မဂၢနီဆီယမ္ပါဝင္မႈလည္းမ်ားပါတယ္။
ပဲျပားမွာ ပရိုတင္း၊ ကယ္လ္စီယမ္၊ဗီတာမင္နဲ႔ သတၳဳဓာတ္ေတြပါဝင္တာေၾကာင့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားပါတယ္။ သူ႔မွာပါတဲ့ ပဲပိစပ္က ကိုလက္စထေရာကင္းျပီး ပရိုတင္း၊polyunsaturated fatty acids၊ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ ဗီတာမင္ဘီအုပ္စုနဲ႔သံဓာတ္တို႔ပါဝင္ပါတယ္။
ပဲျပားစားလြန္းရင္ ျဖစ္လာနိုင္တဲ့ေဘးထြက္ဆိုးက်ိဳးမ်ား
ဘယ္အရာမဆို မ်ားလြန္းရင္မေကာင္းပါဘူးဆိုတဲ့အထဲမွာ ပဲျပားလည္းပါပါတယ္။ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားေပမယ့္ ပဲျပား သို႔မဟုတ္ ပဲပိစပ္ထုတ္ကုန္ေတြကို စားသံုးမႈမ်ားလြန္းရင္ ေဘးထြက္ဆိုးက်ိဳးေတြရွိနိုင္ပါတယ္။
မေကာင္းတဲ့ကိုလက္စထေရာ (LDL) ကိုေလ်ာ့နည္းေစျပီး ကင္ဆာေရာဂါတခ်ိဳ႕ကိုျဖစ္နိုင္ေျခနည္းပါးေစတယ္ဆိုတဲ့ isoflavone ျဒပ္ေပါင္းေတြကလည္း အလြန္အကြ်ံစားသံုးမိရင္ ေဘးျဖစ္ေစနုိင္ပါတယ္။ isoflavone က အက္စထရိုဂ်င္ေဟာ္မုန္းအတိုင္း အသြင္ေဆာင္တဲ့ လုပ္ေဆာင္ခ်က္ရွိတာေၾကာင့္ သိုင္းရိြဳက္မွာ အေႏွာင့္အယွက္ျဖစ္ေစျပီးလုပ္ေဆာင္ခ်က္ကေမာက္ကမျဖစ္ေစနုိင္ပါတယ္။
ပဲပိစပ္စားသံုးမႈလြန္ကဲရင္ အမ်ိဳးသားေရာ အမ်ိဳးသမိီးမွာပါ မ်ိဳးပြားမႈပိုင္းျပႆနာေတြရွိလာေစနိုင္တဲ့အျပင္ ပ်ိဳေဖာ္ဝင္ခ်ိန္လည္းေစာေစနိုင္တယ္လို႔ သုေတသနေတြက ေဖာ္ျပခဲ့ပါတယ္။
ပဲပိစပ္ကိုနည္းနည္းေလးစားရံုနဲ႔ရင္သားကင္ဆာအႏၱရာယ္ကိုကာကြယ္နိုင္တယ္လို႔ ေျပာခဲ့ၾကေပမယ့္ အလြန္အက်ြံစားသံုးရင္ ရင္သားကင္ဆာျဖစ္ေစဖို႔ေတာင္အားေပးတယ္လို႔ ေလ့လာမႈတခ်ိဳ႕ကေတြ႔ရွိခဲ့ပါတယ္။
ပဲျပားနဲ႔ ပဲပိစပ္ပါတဲ့တျခားစားေသာက္ကုန္ေတြကို တန္သင့္ရံုအထိုက္အေလ်ာက္စားသံုးတာက အေကာင္းဆံုးျဖစ္သလို ေန႔စဥ္အာဟာရမွာ ထည့္သြင္းစားသံုးရင္လည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြရွိေစနိုင္ပါတယ္။
သုေတသနတစ္ခုမွာေတာ့ ပဲျပားစားသံုးမႈလြန္ကဲျခင္းက အသက္ၾကီးသူေတြမွာ dementia (မွတ္ဥာဏ္ခ်ိဳ႕ယြင္းျခင္း)ျဖစ္ပြားမႈနဲ႔ဆက္ႏႊယ္ေနတာေတြ႔ရျပီး လူငယ္၊လူလတ္ပိုင္းေတြမွာေတာ့ဦးေႏွာက္ကိုအကာအကြယ္ေပးနိုင္တယ္လို႔ေဖာ္ျပခဲ့ပါတယ္။
ပဲပိစပ္က ခႏၶာကိုယ္ရဲ႕ေဆးဝါးေတြစုပ္ယူနိုင္စြမ္းကို အဟန္႔အတားျဖစ္ေစတာေၾကာင့္ လည္ပင္းၾကီးေရာဂါ (hypothyroidism) ရွိသူေတြအေနနဲ႔ သိုင္းရိြဳက္ေဆးဝါးေတြေသာက္ျပီး ေလးနာရီအတြင္း ပဲပိစပ္မစားဖို႔ Mayo Clinic မွပညာရွင္ Todd B. Nippoldt ကအၾကံျပဳထားပါတယ္။ ပဲပိစပ္မွာပါတဲ့ Isoflavones ေတြက သိုင္းရိြဳက္ရဲ႕လုပ္ေဆာင္ခ်က္ေတြကို ထိခိုက္ေစျပီး လည္ပင္းၾကီးေရာဂါကိုပုိဆိုးေစ တယ္လို႔ Thyroid-Info.com မွာေဖာ္ျပထားပါတယ္။
အေမရိကန္က်န္းမာေရးဌာနကလုပ္ေဆာင္ခဲ့တဲ့ ေလ့လာမႈေတြမွာေဖာ္ျပခဲ့တဲ့ တျခားေဘးထြက္ဆိုးက်ိဳးတခ်ိဳ႕ထဲမွာ ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲမႈနဲ႔ အစာမေၾကျခင္း ျပႆနာေတြပါဝင္ပါတယ္။ ဒါ့အျပင္ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္းနဲ႔အေရျပားျပႆနာတို႔လည္း ရွိနိုင္တယ္လို႔ေဖာ္ျပထားပါတယ္။
ပဲပိစပ္နဲ႔ပတ္သက္လို႔ က်န္းမာေရးျပႆနာေတြမရွိေၾကာင္း ေဖာ္ျပတဲ့သုေတသနေတြရွိသလို ေဘးထြက္ဆိုးက်ိဳးေတြရွိနုိင္တယ္လို႔ ေထာက္ျပတဲ့ေလ့လာမႈေတြလည္းရွိပါတယ္။ ပဲပ္ိစပ္နဲ႔ထုတ္လုပ္တဲ့စားေသာက္ကုန္ေတြမွာ ပဲစိုက္ပ်ိဳးမႈနည္းလမ္းနဲ႔ ျပန္လည္စီမံပံု နည္းလမ္းတို႔အေပၚ မူတည္ျပီး isoflavones ပါဝင္မႈပမာဏ ကြာျခားၾကတာေၾကာင့္လည္း အႏၱရာယ္ရွိမရွိ သုေတသနေထာက္ျပနိုင္ဖို႔ ခက္ပါတယ္။
Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ပဲပြားကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တရုတ်ပြည်မှာ စတင်လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှား၊ မလေးရှား၊မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးသူများပြားနေပါပြီ။ အသားရှောင်တဲ့ သတ်သတ်လွတ်သမားတွေအတွက် အာဟာရပြည့်စေတဲ့ အစားအစာလည်းဖြစ်ပါတယ်။
လတ်ဆတ်တဲ့ပဲပြားတွေရှိသလို ပြုပြင်စီမံထားတဲ့ပဲပြားတွေလည်းရှိပါတယ်။ ပဲပြားမှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ပရိုတင်းဓာတ်များတယ်၊ အဆီဓာတ်နည်းပါတယ်။ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေအပေါ်မူတည်ပြီး ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုလည်းများပါတယ်။
ပဲပြားမှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။ သူ့မှာပါတဲ့ ပဲပိစပ်က ကိုလက်စထရောကင်းပြီး ပရိုတင်း၊polyunsaturated fatty acids၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်ဘီအုပ်စုနဲ့သံဓာတ်တို့ပါဝင်ပါတယ်။
ပဲပြားစားလွန်းရင် ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးများ
ဘယ်အရာမဆို များလွန်းရင်မကောင်းပါဘူးဆိုတဲ့အထဲမှာ ပဲပြားလည်းပါပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ပဲပြား သို့မဟုတ် ပဲပိစပ်ထုတ်ကုန်တွေကို စားသုံးမှုများလွန်းရင် ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။
မကောင်းတဲ့ကိုလက်စထရော (LDL) ကိုလျော့နည်းစေပြီး ကင်ဆာရောဂါတချို့ကိုဖြစ်နိုင်ခြေနည်းပါးစေတယ်ဆိုတဲ့ isoflavone ဒြပ်ပေါင်းတွေကလည်း အလွန်အကျွံစားသုံးမိရင် ဘေးဖြစ်စေနိုင်ပါတယ်။ isoflavone က အက်စထရိုဂျင်ဟော်မုန်းအတိုင်း အသွင်ဆောင်တဲ့ လုပ်ဆောင်ချက်ရှိတာကြောင့် သိုင်းရွိုက်မှာ အနှောင့်အယှက်ဖြစ်စေပြီးလုပ်ဆောင်ချက်ကမောက်ကမဖြစ်စေနိုင်ပါတယ်။
ပဲပိစပ်စားသုံးမှုလွန်ကဲရင် အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားမှုပိုင်းပြဿနာတွေရှိလာစေနိုင်တဲ့အပြင် ပျိုဖော်ဝင်ချိန်လည်းစောစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြခဲ့ပါတယ်။
ပဲပိစပ်ကိုနည်းနည်းလေးစားရုံနဲ့ရင်သားကင်ဆာအန္တရာယ်ကိုကာကွယ်နိုင်တယ်လို့ ပြောခဲ့ကြပေမယ့် အလွန်အကျွံစားသုံးရင် ရင်သားကင်ဆာဖြစ်စေဖို့တောင်အားပေးတယ်လို့ လေ့လာမှုတချို့ကတွေ့ရှိခဲ့ပါတယ်။
ပဲပြားနဲ့ ပဲပိစပ်ပါတဲ့တခြားစားသောက်ကုန်တွေကို တန်သင့်ရုံအထိုက်အလျောက်စားသုံးတာက အကောင်းဆုံးဖြစ်သလို နေ့စဉ်အာဟာရမှာ ထည့်သွင်းစားသုံးရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိစေနိုင်ပါတယ်။
သုတေသနတစ်ခုမှာတော့ ပဲပြားစားသုံးမှုလွန်ကဲခြင်းက အသက်ကြီးသူတွေမှာ dementia (မှတ်ဉာဏ်ချို့ယွင်းခြင်း)ဖြစ်ပွားမှုနဲ့ဆက်နွှယ်နေတာတွေ့ရပြီး လူငယ်၊လူလတ်ပိုင်းတွေမှာတော့ဦးနှောက်ကိုအကာအကွယ်ပေးနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။
ပဲပိစပ်က ခန္ဓာကိုယ်ရဲ့ဆေးဝါးတွေစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေတာကြောင့် လည်ပင်းကြီးရောဂါ (hypothyroidism) ရှိသူတွေအနေနဲ့ သိုင်းရွိုက်ဆေးဝါးတွေသောက်ပြီး လေးနာရီအတွင်း ပဲပိစပ်မစားဖို့ Mayo Clinic မှပညာရှင် Todd B. Nippoldt ကအကြံပြုထားပါတယ်။ ပဲပိစပ်မှာပါတဲ့ Isoflavones တွေက သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လည်ပင်းကြီးရောဂါကိုပိုဆိုးစေ တယ်လို့ Thyroid-Info.com မှာဖော်ပြထားပါတယ်။
အမေရိကန်ကျန်းမာရေးဌာနကလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေမှာဖော်ပြခဲ့တဲ့ တခြားဘေးထွက်ဆိုးကျိုးတချို့ထဲမှာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ အစာမကြေခြင်း ပြဿနာတွေပါဝင်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းနဲ့အရေပြားပြဿနာတို့လည်း ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။
ပဲပိစပ်နဲ့ပတ်သက်လို့ ကျန်းမာရေးပြဿနာတွေမရှိကြောင်း ဖော်ပြတဲ့သုတေသနတွေရှိသလို ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်လို့ ထောက်ပြတဲ့လေ့လာမှုတွေလည်းရှိပါတယ်။ ပဲပိစပ်နဲ့ထုတ်လုပ်တဲ့စားသောက်ကုန်တွေမှာ ပဲစိုက်ပျိုးမှုနည်းလမ်းနဲ့ ပြန်လည်စီမံပုံ နည်းလမ်းတို့အပေါ် မူတည်ပြီး isoflavones ပါဝင်မှုပမာဏ ကွာခြားကြတာကြောင့်လည်း အန္တရာယ်ရှိမရှိ သုတေသနထောက်ပြနိုင်ဖို့ ခက်ပါတယ်။
Credit : Hellosayarwon
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပဲျပားၾကိဳက္တတ္သူေတြ သိထားသင့္တဲ့ေဘးထြက္ဆိုးက်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။