အရက္ျပန္က အိမ္တုိင္းရဲ႕ ေဆးေသတၱာထဲမွာ ထားထားသင့္တဲ့ ပစၥည္းပါ။ သူက ပုိးသတ္တာ၊ ေခၽြးေပါက္က်ဥ္းတာ၊ လင္နမင္လုိမ်ဳိး အသံုး၀င္တာ၊ ပစၥည္း မ်က္ႏွာျပင္ေပၚက ပုိးေတြကုိ ေသေစတာေတြအတြက္ ထိထိေရာက္ေရာက္ အသံုး၀င္ပါတယ္။
သူက အေျခခံအားျဖင့္ ေပ်ာ္၀င္ပစၥည္းျဖစ္တဲ့အတြက္ ဖုန္မႈန္နဲ႔ အဆီေတြကုိလည္း ေပ်ာ္၀င္ေစႏုိင္ပါတယ္။ Isopropyl alcohol ၇၀ ရာခုိင္ႏႈန္းနဲ႔ ေရ ၃၀ ရာခုိင္ႏႈန္း ေရာစပ္ထားၿပီး ေဆး႐ံုသံုးပစၥည္းအျပင္ အိမ္သံုးပစၥည္းအျဖစ္လည္း ေအာက္ပါတုိ႔အတြက္ အသံုးျပဳႏုိင္ပါတယ္။
Swimmer Ear ကုိ ကာကြယ္ေပးျခင္း
အတြင္းနားထဲကုိ ေရ၀င္တဲ့အခါမွာ ေရျပန္ထြက္ေအာင္ လုပ္ဖုိ႔အတြက္ ခက္ခဲႏုိင္တာေၾကာင့္ နားထဲကုိ ေရာဂါပိုးေတြ ၀င္ေရာက္ႏုိင္ေျခမ်ားကာ Swimmer Ear (နားျပည္တည္)ျဖစ္လာပါတယ္။ ဒီလုိမျဖစ္ေအာင္ အရက္ျပန္က ကာကြယ္ ေပးႏုိင္ပါတယ္။ အရက္ျပန္က ေရထက္ အေငြ႕ျပန္လြယ္တာေၾကာင့္ပါ။ ေရ၀င္တဲ့ နားထဲကုိ အရက္ျပန္အနည္းငယ္ ထည့္ေပးလုိက္ရင္ ေရနဲ႔ အရက္ျပန္ေရာၿပီး အေငြ႕ျပန္သြားတဲ့အတြက္ နားက ေျခာက္ေသြ႕သြားၿပီး ေရာဂါပုိးမ၀င္ေအာင္ ကာ ကြယ္ေပးပါတယ္။
ျပဳလုပ္ပံု ► ေရ၀င္ေနတဲ့ နားကုိ အေပၚဘက္ ထားၿပီး ေဘးေစာင္းအိပ္ပါ။ အရက္ျပန္နဲ႔ ရွလကာရည္ကုိ တစ္ဆစီ ေရာထားတဲ့ အရည္ကုိ နားအစက္ခ်ႁပြန္နဲ႔ နားထဲကုိ ႏွစ္စက္မွ ေလးစက္ ထည့္ၿပီး ၁၀ မိနစ္ေစာင့္ပါ။ ၿပီးရင္ ေရထြက္ေအာင္ နားကုိ တစ္ဖက္ျပန္ေစာင္းလုိက္ပါ။
ကုတ္ရာျခစ္ရာႏွင့္ ျပတ္ရွဒဏ္ရာကုိ သန္႔စင္ႏုိင္ျခင္း
အရက္ျပန္က ပုိးသတ္ႏုိင္တဲ့ဂုဏ္သတၱိရွိတဲ့အတြက္ ဒဏ္ရာမ်က္ႏွာျပင္ေပၚက ဘက္တီးရီးယားေတြ ထပ္မံေပါက္ဖြားမႈမရွိေအာင္ ကာကြယ္ေပးႏုိင္ၿပီး ရွိၿပီးသား ဘက္တီးရီးယားေတြကုိလည္း ေသေစႏုိင္ပါတယ္။ က်ဳံ႕ေစတဲ့ ဂုဏ္သတၱိလည္း ရွိတဲ့အတြက္ ေသြးတိတ္ေစႏုိင္ပါတယ္။
ျပဳလုပ္ပံု ► ၀ါဂြမ္းအသံုးျပဳၿပီး ဒဏ္ရာေပၚကုိ အရက္ျပန္သုတ္လိမ္းပါ။ မိနစ္ အနည္းငယ္ခန္႔ထားၿပီး အစုိဓာတ္လိမ္းေဆး ထပ္မံလိမ္းေပးပါ။ (အရက္ျပန္က အေရျပားေျခာက္ေသြ႕ႏုိင္တဲ့အတြက္ အစုိဓာတ္လိမ္းခရင္မ္ကုိ အသံုးျပဳရပါမယ္)
Credit : ေဒါက္တာခင္မိုးမိုး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အရက်ပြန်က အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ ထားထားသင့်တဲ့ ပစ္စည်းပါ။ သူက ပိုးသတ်တာ၊ ချွေးပေါက်ကျဉ်းတာ၊ လင်နမင်လိုမျိုး အသုံးဝင်တာ၊ ပစ္စည်း မျက်နှာပြင်ပေါ်က ပိုးတွေကို သေစေတာတွေအတွက် ထိထိရောက်ရောက် အသုံးဝင်ပါတယ်။
သူက အခြေခံအားဖြင့် ပျော်ဝင်ပစ္စည်းဖြစ်တဲ့အတွက် ဖုန်မှုန်နဲ့ အဆီတွေကိုလည်း ပျော်ဝင်စေနိုင်ပါတယ်။ Isopropyl alcohol ၇၀ ရာခိုင်နှုန်းနဲ့ ရေ ၃၀ ရာခိုင်နှုန်း ရောစပ်ထားပြီး ဆေးရုံသုံးပစ္စည်းအပြင် အိမ်သုံးပစ္စည်းအဖြစ်လည်း အောက်ပါတို့အတွက် အသုံးပြုနိုင်ပါတယ်။
Swimmer Ear ကို ကာကွယ်ပေးခြင်း
အတွင်းနားထဲကို ရေဝင်တဲ့အခါမှာ ရေပြန်ထွက်အောင် လုပ်ဖို့အတွက် ခက်ခဲနိုင်တာကြောင့် နားထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေများကာ Swimmer Ear (နားပြည်တည်)ဖြစ်လာပါတယ်။ ဒီလိုမဖြစ်အောင် အရက်ပြန်က ကာကွယ် ပေးနိုင်ပါတယ်။ အရက်ပြန်က ရေထက် အငွေ့ပြန်လွယ်တာကြောင့်ပါ။ ရေဝင်တဲ့ နားထဲကို အရက်ပြန်အနည်းငယ် ထည့်ပေးလိုက်ရင် ရေနဲ့ အရက်ပြန်ရောပြီး အငွေ့ပြန်သွားတဲ့အတွက် နားက ခြောက်သွေ့သွားပြီး ရောဂါပိုးမဝင်အောင် ကာ ကွယ်ပေးပါတယ်။
ပြုလုပ်ပုံ ► ရေဝင်နေတဲ့ နားကို အပေါ်ဘက် ထားပြီး ဘေးစောင်းအိပ်ပါ။ အရက်ပြန်နဲ့ ရှလကာရည်ကို တစ်ဆစီ ရောထားတဲ့ အရည်ကို နားအစက်ချပြွန်နဲ့ နားထဲကို နှစ်စက်မှ လေးစက် ထည့်ပြီး ၁၀ မိနစ်စောင့်ပါ။ ပြီးရင် ရေထွက်အောင် နားကို တစ်ဖက်ပြန်စောင်းလိုက်ပါ။
ကုတ်ရာခြစ်ရာနှင့် ပြတ်ရှဒဏ်ရာကို သန့်စင်နိုင်ခြင်း
အရက်ပြန်က ပိုးသတ်နိုင်တဲ့ဂုဏ်သတ္တိရှိတဲ့အတွက် ဒဏ်ရာမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ ထပ်မံပေါက်ဖွားမှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး ရှိပြီးသား ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။ ကျုံ့စေတဲ့ ဂုဏ်သတ္တိလည်း ရှိတဲ့အတွက် သွေးတိတ်စေနိုင်ပါတယ်။
ပြုလုပ်ပုံ ► ဝါဂွမ်းအသုံးပြုပြီး ဒဏ်ရာပေါ်ကို အရက်ပြန်သုတ်လိမ်းပါ။ မိနစ် အနည်းငယ်ခန့်ထားပြီး အစိုဓာတ်လိမ်းဆေး ထပ်မံလိမ်းပေးပါ။ (အရက်ပြန်က အရေပြားခြောက်သွေ့နိုင်တဲ့အတွက် အစိုဓာတ်လိမ်းခရင်မ်ကို အသုံးပြုရပါမယ်)
Credit : ဒေါက်တာခင်မိုးမိုး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အရက္ၿပန္ကို အသံုးခ်နိုင္ေသာအ့ံ ၾသဖြယ္နည္းလမ္းမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။