iMyanmarHouse.com - Best Property Website for Myanmar
×



သိပ်​ရက်​စက်​တဲ့ မိန်းမ



Credit : Aung Phone

သိပ်ချစ်တတ်တဲ့ မိန်းမ

သူမ ချစ်သူကို ချစ်နေတာပဲ သိတယ် ... ဖုန်းမဆက်ရင် သူဆက်မယ် ... အပြင်တွေ သွားနေရင် စိတ်ပူမယ် ... တစ်ခါတစ်လေ သူမ နဲနဲ စိတ်ကောက်လို့ သူပြန်စိတ်ဆိုးရင် သူမက ပြန်ချော့မယ် .. မျက်နှာပျက်နေလား သူကြည့်မယ် စိတ်ညစ်နေလား သူသိတယ်... ထွက်မသွားပါနဲ့ ဖက်တွယ်ထားမယ်...သူမ အိမ်မက်က ရိုးရိုးလေးပဲ သူ့ချစ်သူကို လက်ထပ်မယ် သာယာတဲ့ အိမ်ထောင်ရေးလေး ထူထောင်မယ် ... သူပေးနိုင်တာအပြင် သူမဘာမှ ထပ်ပြီး တောင်းဆိုတာမျိုး မရှိခဲ့ဘူး ... သူမဟာ သူ့အတွက် သူ့ကို အရမ်းချစ်တယ် ဆိုတဲ့ အသိကို ပေးရုံအပြင် မပိုခဲ့ဘူး.. တစ်နေ့ သူ့ကို ပစ်ပြီး အခြား တစ်ယောက်ဆီ ထွက်သွားတဲ့ အခါ လွမ်းတယ် ဆိုတာအပြင် သူမ ဘာမှ မနှောက်ယှက်ခဲ့ဘူး... သူ မျှော်လင့်တာ တစ်နေ့ ပြန်လာမလားပဲ...

သိပ်ရက်စက်တဲ့ မိန်းမ

ချစ်တယ် ဒါပေမယ့် အပြည့်မယုံဘူး ... နင်က ဒီလိုလား ငါလည်း ဒီလိုပဲ လမ်းခွဲမလား တာ့တာပဲ... နင့်မျက်နှာ စိတ်ညစ်နေသလား ဆိုတာထက် ငါစိတ်ကောက်နေတာကို နင်အရင်ချော့ ဒါပဲ ... နင်ပင်ပန်းနေလား ဆိုတာထက် နင့်ထက်ငါ ပိုပင်ပန်းတယ် ဆိုတဲ့ စကားလုံးမျိုးနဲ့ ပြန်နှိပ်စက်တတ်တယ် ... နင် မဆက်သွယ်ပဲ နေနိုင်လား ရတယ် ငါပစ်ထားမှ နင်လာမကပ်နဲ့ ... ပျင်းလာပြီဆို အသေရစ်ပေးလိုက်မယ် ပြသနာတွေ ရှာပေးလိုက်မယ် ငါ့ဒဏ်ကို ခံနိုင်မှ ငါ့ဘဝထဲဝင်ခဲ့ ... ငါ့ကို ပျော်အောင် ထားနိုင်လား မထားနိုင်ရင် ထားနိုင်တဲ့ ရင်ခွင်အသစ်ကို ပြောင်းဖို့ ဝန်မလေးဘူး...

ယောက်ျားလေး တစ်ယောက် ဘဝမှာ သိပ်ချစ်တတ်တဲ့ မိန်းမကို ကြုံဖူးတဲ့သူ ရှိသလို သိပ်ရက်စက်တဲ့ မိန်းမကို ကြုံဖူးတဲ့သူ ရှိတယ် ... ဒါပေမယ့် လူတွေက ကိုယ့်ကိုယ်ပျော်အောင် လုပ်ပေးတဲ့သူထက် မျက်ရည်ကျစေတဲ့သူကို စွဲလန်းတတ်တာ သဘာဝကို ဖြစ်နေတယ် ... ကြာလာတော့ သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဟာ သိပ်ရက်စက်တတ်တဲ့ မိန်းမ တစ်ယောက်အဖြစ် ပြောင်းလဲလာတယ် ... သူတစ်ကယ် ချစ်တဲ့သူနဲ့ ကြုံတဲ့အခါ ချစ်တတ်တဲ့ မိန်းမအဖြစ် ဟန်ဆောင်ရုံလေးပဲ ရှိတော့တယ် .... သိပ်ချစ်တတ်တတ်တဲ့ မိန်းမတစ်ယောက်ကို ပြောင်းလဲ မပစ်လိုက်ပါနဲ့ ... သူတို့ သိပ်ရက်စက် တတ်သွားတဲ့အခါ သိပ်ကြောက်ဖို့ ကောင်းတယ် ...

Credit : Aung Phone

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top