ဆီးသြားခ်င္ရက္နဲ႕ ထမသြားဘဲေအာင္႔ထားတတ္တဲ႔အက်င္႔က မေကာင္းတဲ႔အေလ႔အထတစ္ခုပါ။ ထိုင္ခံုမွာ အၾကာႀကီးထိုင္ၿပီး အလုပ္လုပ္ရတဲ႔သူေတြ (စာေရးဆရာ၊ ဂရပ္ဖစ္ဒီဇိုင္နာ) နဲ႕ ဂိမ္မာေတြ (Gamer) ေတြ လုပ္ေလ႔ရွိၾကပါတယ္။ အလုပ္မၿပီးျပတ္ ေသးတာပဲျဖစ္ျဖစ္၊ ကိုယ္ေဆာ႔ေနတဲ႔ Game level တက္ေအာင္ေဆာ႔ေနတဲ႔အခ်ိန္မွာပဲျဖစ္ျဖစ္ ဆီးထမသြားဘဲ ေအာင္႔ထားမိ တတ္ၾကပါတယ္။
ဒါေပမယ္႔ ဆီးသြားေနခ်င္လ်က္နဲ႔ ဆီးထမသြားဘဲေအာင္႔ထားျခင္းရဲ႕က်န္းမာေရးဆိုးက်ိဴးေတြကိုေကာ ကြ်န္ေတာ္တို႔ေတြ သိၾကပါရဲ႕လား။ တိုတိုနဲ႕လိုရင္းေျပာရရင္ေတာ႔ ဆီးေအာင္႔ထားျခင္းက ခင္ဗ်ားကို ဆီးနဲ႔ လမ္းေၾကာင္းမွာ ဒဏ္ျဖစ္ေစၿပီး ဆီးေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။
ေနာက္ၿပီး တင္ပါးဆံုရိုးနာက်င္ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ေနာက္ၿပီးအၾကာႀကီးဆီးေအာင္႔ထားမယ္ဆိုရင္ ဆီးေရာင္ဝါထိန္လာၿပီး ပူေလာင္သလိုခံစားလာရမွာပါ။ ဆီးအၾကာႀကီး ေအာင္႔ထားျခင္းေၾကာင္႔ ျဖစ္တတ္တဲ႔ ေဝဒနာေတြကေတာ႔...
၁။ ဆီးအိမ္ကိုေဖာင္းကားေစတယ္
ဆီးကို အၾကာႀကီး ေအာင္႔မထားသင္႔တဲ႔ အေၾကာင္းျပခ်က္တစ္ခုကေတာ႔ ဆီးေအာင္႔ထားရင္ ဆီးအိမ္နဲ႔ပတ္သက္ၿပီး ျပႆနာ ျဖစ္ေစႏိုင္လို႔ပါပဲ။ ကြ်န္ေတာ္တို႔ရဲ႕ဆီးအိမ္ေတြဆိုတာလည္း ၾကြက္သားေတြပါပဲ။ ဆီးသြားခ်င္ရက္နဲ႔ မေပါက္ဘဲ ေအာင္႔ထားမိတဲ႔အခါ ၾကြက္သားကိုဆြဲဆန္႕ထားသလို ျဖစ္သြားေစမွာပါ။ ဥပမာေပးရရင္ သားေရကြင္းတစ္ကြင္းကို မျပတ္ရံုတမယ္ ဆြဲဆန္႕လိုက္တဲ႔အခါ မူရင္းပံုစံ ပ်က္သြားၿပီး ေလ်ာ႔တိေလ်ာ႔ရဲ ျဖစ္သြားသလိုေပါ႔။
ဒါေၾကာင္႔ ဆီးသြားခ်င္ရက္နဲ႔ မသြားဘဲ အၾကာႀကီးေအာင္႔ထားမယ္ဆိုရင္ ဆီးအိမ္ၾကြက္သားေတြကိုအားနည္းေစၿပီး ေလ်ာ႔တိေလ်ာ႔ရဲ ျဖစ္ေစပါတယ္။ အခန္႕မသင္႔ရင္ေဆးခန္းေတာင္သြားျပရႏိုင္ပါတယ္။
၂။ ဗိုက္ေအာင္႔ေစတယ္
အဲဒီလိုုအၾကာႀကီးဆီးေအာင္႔ထားတဲ႔အတြက္ ဆီးသြားၿပီးရင္ေတာင္ ဗိုက္ေအာင္႔ၿပီးက်န္ခဲ႔မွာပါ။ ဘာေၾကာင္႔လဲဆိုေတာ႔ ဗိုက္ထဲမွာ ဆီးအိမ္တင္းေနေအာင္ ေအာင္႔ထားတဲ႔အတြက္ ဝမ္းဗိုက္ၾကြက္သားေတြ အားနည္းလာၿပီး ဗိုက္ေအာင္႔လာေစတာပါပဲ။ အဲဒီနာက်င္မႈဟာ တစ္ခါတေလ ကာလရွည္ၾကာျမင္႔ႏိုင္ပါတယ္။ ဒါေၾကာင္႔ ဆီးသြားစရာရွိရင္ ထသြားလိုက္ပါ။ နာက်င္မႈေဝဒနာကို ေမြးမထားပါနဲ႔။
ဆြဲေဆာင္မႈရွိသူတစ္ဦးျဖစ္ခ်င္တယ္ဆိုရင္ ရုပ္ရည္ေလးတစ္ခုတည္းကိုသာ သေနလို႔မရဘဲ ကိုယ္နံ႕နဲ႔ အသံကိုပါ ဆြဲေဆာင္မႈရွိေအာင္ ျပဳလုပ္ဖုိ႔လိုအပ္ပါတယ္။
၃။ တင္ပါးဆံုရိုး ၾကြက္သားနံရံေတြကို အားနည္းေစတယ္
တင္ပါးဆံုရိုး ၾကြက္သားနံရံေတြဟာ ဆီးနဲ႔ဝမ္း သြားလာရာလမ္းေၾကာင္းမွာ တည္ရွိပါတယ္။ တကယ္လို႔ခင္ဗ်ားမွာ ဆီးေအာင္႔ထားတတ္တဲ႔ အက်င္႔ရွိတယ္ဆိုရင္ တင္ပါးဆံုရိုးၾကြက္သားနံရံေတြက တေန႕တျခား ပိုပိုၿပီး အားနည္းလာတဲ႔အတြက္ ၾကာလာရင္ ဆီးသြားရခက္ခဲလာပါလိမ္႔မယ္။ ေနာက္ပိုင္းမွာ ဆီးတစ္ခါတစ္ခါ သြားဖို႔ကို အခ်ိန္အၾကာႀကီးေပးၿပီး ညွစ္ထုတ္ေနရ ပါလိမ္႔မယ္။
၄။ ေက်ာက္ကပ္အားနည္းေစတယ္
အညစ္အေၾကးစြန္႔ပစ္ အဂၤါအဖြဲ႕အစည္းနဲ႔ ေက်ာက္ကပ္ ဆက္စပ္ေနတာကိုေတာ႔ အားလံုးသိထားၾကၿပီး ျဖစ္ပါတယ္။ ေက်ာက္ကပ္ဆိုတာ ခႏၶာကုိယ္ကထြက္တဲ႔ အညစ္အေၾကးေတြကို စစ္ထုတ္ေပးတဲ႔ ဇကာသေဘာမ်ိဳးပါ။ ဒါ႔အျပင္ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း ခႏၶာကိုယ္ျပင္ပေရာက္ေအာင္ စြန္႕ထုတ္ေပးႏိုင္ပါတယ္။
ဆီးမသြားဘဲ အၾကာႀကီးေအာင္႔ထားမယ္ဆိုရင္ ဆီးထဲက အဆိပ္အေတာက္ေတြကို ေက်ာက္ကပ္ထဲမွာ အနည္ထိုင္ေစႏိုင္တဲ႔အတြက္ ေက်ာက္ကပ္အားနည္းျခင္း၊ ေက်ာက္တည္ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။
ဒါေၾကာင္႔ ခႏၶာကိုယ္ကဆီးသြားခ်င္ၿပီလို႔ အသိေပးလာတာနဲ႕လက္ရွိလုပ္ေနတဲ႔အလုပ္ကို ခ်ထားခဲ႔ၿပီး ခ်က္ခ်င္းဆီးထသြားလိုက္ပါ။ ဒီနည္းလမ္းကသာ အထက္ပါက်န္းမာေရးျပႆနာေတြကို ေရွာင္ရွားႏိုင္မွာပါ။
Source: Webmd
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆီးသွားချင်ရက်နဲ့ ထမသွားဘဲအောင့်ထားတတ်တဲ့အကျင့်က မကောင်းတဲ့အလေ့အထတစ်ခုပါ။ ထိုင်ခုံမှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေ (စာရေးဆရာ၊ ဂရပ်ဖစ်ဒီဇိုင်နာ) နဲ့ ဂိမ်မာတွေ (Gamer) တွေ လုပ်လေ့ရှိကြပါတယ်။ အလုပ်မပြီးပြတ် သေးတာပဲဖြစ်ဖြစ်၊ ကိုယ်ဆော့နေတဲ့ Game level တက်အောင်ဆော့နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဆီးထမသွားဘဲ အောင့်ထားမိ တတ်ကြပါတယ်။
ဒါပေမယ့် ဆီးသွားနေချင်လျက်နဲ့ ဆီးထမသွားဘဲအောင့်ထားခြင်းရဲ့ကျန်းမာရေးဆိုးကျိူးတွေကိုကော ကျွန်တော်တို့တွေ သိကြပါရဲ့လား။ တိုတိုနဲ့လိုရင်းပြောရရင်တော့ ဆီးအောင့်ထားခြင်းက ခင်ဗျားကို ဆီးနဲ့ လမ်းကြောင်းမှာ ဒဏ်ဖြစ်စေပြီး ဆီးရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး တင်ပါးဆုံရိုးနာကျင်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ နောက်ပြီးအကြာကြီးဆီးအောင့်ထားမယ်ဆိုရင် ဆီးရောင်ဝါထိန်လာပြီး ပူလောင်သလိုခံစားလာရမှာပါ။ ဆီးအကြာကြီး အောင့်ထားခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာတွေကတော့...
၁။ ဆီးအိမ်ကိုဖောင်းကားစေတယ်
ဆီးကို အကြာကြီး အောင့်မထားသင့်တဲ့ အကြောင်းပြချက်တစ်ခုကတော့ ဆီးအောင့်ထားရင် ဆီးအိမ်နဲ့ပတ်သက်ပြီး ပြဿနာ ဖြစ်စေနိုင်လို့ပါပဲ။ ကျွန်တော်တို့ရဲ့ဆီးအိမ်တွေဆိုတာလည်း ကြွက်သားတွေပါပဲ။ ဆီးသွားချင်ရက်နဲ့ မပေါက်ဘဲ အောင့်ထားမိတဲ့အခါ ကြွက်သားကိုဆွဲဆန့်ထားသလို ဖြစ်သွားစေမှာပါ။ ဥပမာပေးရရင် သားရေကွင်းတစ်ကွင်းကို မပြတ်ရုံတမယ် ဆွဲဆန့်လိုက်တဲ့အခါ မူရင်းပုံစံ ပျက်သွားပြီး လျော့တိလျော့ရဲ ဖြစ်သွားသလိုပေါ့။
ဒါကြောင့် ဆီးသွားချင်ရက်နဲ့ မသွားဘဲ အကြာကြီးအောင့်ထားမယ်ဆိုရင် ဆီးအိမ်ကြွက်သားတွေကိုအားနည်းစေပြီး လျော့တိလျော့ရဲ ဖြစ်စေပါတယ်။ အခန့်မသင့်ရင်ဆေးခန်းတောင်သွားပြရနိုင်ပါတယ်။
၂။ ဗိုက်အောင့်စေတယ်
အဲဒီလိုုအကြာကြီးဆီးအောင့်ထားတဲ့အတွက် ဆီးသွားပြီးရင်တောင် ဗိုက်အောင့်ပြီးကျန်ခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ ဗိုက်ထဲမှာ ဆီးအိမ်တင်းနေအောင် အောင့်ထားတဲ့အတွက် ဝမ်းဗိုက်ကြွက်သားတွေ အားနည်းလာပြီး ဗိုက်အောင့်လာစေတာပါပဲ။ အဲဒီနာကျင်မှုဟာ တစ်ခါတလေ ကာလရှည်ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် ဆီးသွားစရာရှိရင် ထသွားလိုက်ပါ။ နာကျင်မှုဝေဒနာကို မွေးမထားပါနဲ့။
ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ချင်တယ်ဆိုရင် ရုပ်ရည်လေးတစ်ခုတည်းကိုသာ သနေလို့မရဘဲ ကိုယ်နံ့နဲ့ အသံကိုပါ ဆွဲဆောင်မှုရှိအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။
၃။ တင်ပါးဆုံရိုး ကြွက်သားနံရံတွေကို အားနည်းစေတယ်
တင်ပါးဆုံရိုး ကြွက်သားနံရံတွေဟာ ဆီးနဲ့ဝမ်း သွားလာရာလမ်းကြောင်းမှာ တည်ရှိပါတယ်။ တကယ်လို့ခင်ဗျားမှာ ဆီးအောင့်ထားတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် တင်ပါးဆုံရိုးကြွက်သားနံရံတွေက တနေ့တခြား ပိုပိုပြီး အားနည်းလာတဲ့အတွက် ကြာလာရင် ဆီးသွားရခက်ခဲလာပါလိမ့်မယ်။ နောက်ပိုင်းမှာ ဆီးတစ်ခါတစ်ခါ သွားဖို့ကို အချိန်အကြာကြီးပေးပြီး ညှစ်ထုတ်နေရ ပါလိမ့်မယ်။
၄။ ကျောက်ကပ်အားနည်းစေတယ်
အညစ်အကြေးစွန့်ပစ် အင်္ဂါအဖွဲ့အစည်းနဲ့ ကျောက်ကပ် ဆက်စပ်နေတာကိုတော့ အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့ ဇကာသဘောမျိုးပါ။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ခန္ဓာကိုယ်ပြင်ပရောက်အောင် စွန့်ထုတ်ပေးနိုင်ပါတယ်။
ဆီးမသွားဘဲ အကြာကြီးအောင့်ထားမယ်ဆိုရင် ဆီးထဲက အဆိပ်အတောက်တွေကို ကျောက်ကပ်ထဲမှာ အနည်ထိုင်စေနိုင်တဲ့အတွက် ကျောက်ကပ်အားနည်းခြင်း၊ ကျောက်တည်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ကဆီးသွားချင်ပြီလို့ အသိပေးလာတာနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကို ချထားခဲ့ပြီး ချက်ချင်းဆီးထသွားလိုက်ပါ။ ဒီနည်းလမ်းကသာ အထက်ပါကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်မှာပါ။
Source: Webmd
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆီးေအာင္႔ထားျခင္းရဲ႕ က်န္းမာေရးဆိုးက်ိဳး (၄) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။