အမ်ိဳးသမီးရာေပါင္းမ်ားစြာကို ကုိယ္ဝန္ရွိတယ္လို႔ယုံၾကည္ေအာင္ ေဆးတိုက္ခဲ့တဲ့ တိုင္းရင္းေဆးဆရာမ တစ္ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတယ္လို႔ ဂီနီရဲတပ္ဖြဲ႔ကေျပာပါတယ္။ အန္နာဖန္တာကမ္မရာဟာ သစ္ဥသစ္ဖုေတြနဲ႔ျပဳလုပ္ထားတဲ့ေဆးေတြကို ေပးျပီး အမွန္တကယ္ကိုယ္ဝန္မရွိတဲ့ အမ်ိဳးသမီးေတြက္ို ကိုယ္ဝန္ရွိေနတယ္ထင္ေအာင္ လွည့္စားခဲ့ပါတယ္။ တစ္လမွာပွ်မ္းမွွ် ၄၈ ေဒၚလာသာရတဲ့နိုင္ငံမွာ လူနာတစ္ေယာက္ကို ေဆးကုစရိတ္အျဖစ္ သူက ၃၃ေဒၚလာယူတယ္ လို႔ ဆုိပါတယ္။ လူေတြကို ကူညီရုံသက္သက္လို႔ သူကေျပာေပမဲ့ တစ္လမွာေဒၚလာေထာင္ေပါင္းမ်ားစြာ ဝင္ေငြရတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာၾကားခဲ့ပါတယ္။
အမ်ိဳးသမီးႏွစ္ရာေက်ာ္ဟာ သူ႔ကို ဖမ္းဆီးထားတဲ့ဂီနီျမိဳ႕ေတာ္ ကြန္နာကရီရဲစခန္းေရွ႕မွာ အဂၤါေန႔က စုေဝးဆႏၵျပ ခဲ့ၾကပါတယ္။ ကမ္မရာရဲ႕ လိမ္လည္ေဆးကုမႈကို ၁၇ႏွစ္နဲ႔ ၄၅နွစ္ၾကား အမ်ိဳးသမီး ၇၀၀ေက်ာ္ ခံစားခဲ့ရတယ္လို႔ ယံုၾကည္ရပါတယ္။ ဒီေလာက္လူအမ်ားၾကီးခံခဲ့ရတာကိုၾကည့္ရင္ ဂီနီနဲ႔ အျခားအာဖရိကႏိုင္ငံေတြမွာ တိုင္းရင္းေဆးဆရာေတြကို မွီခို အားထားေနရပံုကို ျမင္သာေစပါတယ္။ အာဖရိကန္သားေတြရဲ႕ ၈၀%ဟာ တုိင္းရင္းေဆးနဲ႔ ကုသမႈကို သုံးစြဲေနၾကတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔က ၂၀၀၆ခုနွစ္က ေျပာၾကားခဲ့ပါတယ္။ “သည္အမ်ိဳးသမီးနဲ႔ ဆုံတာတစ္နွစ္ေတာင္ရွိျပီ”လို႔ ဆႏၵျပသူတစ္ေယာက္က ေျပာပါတယ္။
“ပထမဆုံးသြားျပတဲ့အခ်ိန္မွာ သစ္ဥသစ္ဖုေတြနဲ႔ျပဳလုပ္ထားတဲ့ေဆးကိုေပးတယ္။ အဲဒီေဆးကို ေသာက္ျပီးေတာ့ အန္တယ္။ ဒါေပမဲ့သူကေတာ့ အန္တာေကာင္းတယ္တဲ့။ ေဆးကိုဆက္ေသာက္ေတာ့ ဝမ္းဗိုက္က စ ေဖာင္းလာတယ္။ ေနာက္တစ္ခါသြားျပေတာ့ သူက ကၽြန္မဗိုက္ကိုစမ္းျပီးေတာ့ ကုိယ္ဝန္ရွိေနျပီတဲ့။ ဒါေပမဲ့ဆရာဝန္ကိုသြားမျပနဲ႔လို႔ ကမ္မရာကေျပာခဲ့တယ္” လို႔ ေျပာျပပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ ေက်းဇူးတုံ႔ျပန္တဲ့အေနနဲ႔ ၾကက္နဲ႕ အဝတ္အထည္ေတြ ကို ကန္ေတာ့တယ္လို႔ သူက ဆက္ေျပာပါတယ္။
အမ်ိဳးသမီးအခ်ိဳ႕က သူတို႔ကို္ယ္ဝန္ေဆာင္ေနတာ ၁၂လကေန ၁၆လေလာက္ရွိေနျပီလို႔ ေျပာၾကပါတယ္။ အမ်ိဳးသမီး ၄၇ေယာက္ကို ရဲဘက္ဆရာဝန္က စစ္ေဆးၾကည့္ရာ ေဆးရဲ႕ဆုိးက်ိဳးေၾကာင့္ ဗိုက္ပူေနတာကို ေတြ႔ရွိခဲ့ပါတယ္။ ဒါေပမဲ့ ကမ္မရာကေတာ့ ဘာအမွားမွ သူ မျပဳလုပ္ဖူးဘူးလို႔ ေျပာေနဆဲျဖစ္ပါတယ္။ “သူတို႔အိပ္မက္ေတြ အေကာင္အထည္ေဖာ္နုိင္ဖို႔ သူတို႔ကို အစြမ္းကုန္ၾကိဳးစားျပီးကူညီတာပဲ။ က်န္တာကေတာ့ ဘုရားသခင္ရဲ႕ အလုိဆႏၵအတိုင္းေပါ့”လို႔ သူက ကြန္နက္ကရီက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ တရားရုံးေတာ္ကေတာ့ သူ႔ကို လိမ္လည္ျပီးျပည္သူေတြကို အသက္အႏၱရာယ္ျပဳမႈနဲ႔စြဲခ်က္တင္နိုင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။
Credit : Kumudranews
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးရာပေါင်းများစွာကို ကိုယ်ဝန်ရှိတယ်လို့ယုံကြည်အောင် ဆေးတိုက်ခဲ့တဲ့ တိုင်းရင်းဆေးဆရာမ တစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ ဂီနီရဲတပ်ဖွဲ့ကပြောပါတယ်။ အန်နာဖန်တာကမ်မရာဟာ သစ်ဥသစ်ဖုတွေနဲ့ပြုလုပ်ထားတဲ့ဆေးတွေကို ပေးပြီး အမှန်တကယ်ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ရှိနေတယ်ထင်အောင် လှည့်စားခဲ့ပါတယ်။ တစ်လမှာပျှမ်းမှျှ ၄၈ ဒေါ်လာသာရတဲ့နိုင်ငံမှာ လူနာတစ်ယောက်ကို ဆေးကုစရိတ်အဖြစ် သူက ၃၃ဒေါ်လာယူတယ် လို့ ဆိုပါတယ်။ လူတွေကို ကူညီရုံသက်သက်လို့ သူကပြောပေမဲ့ တစ်လမှာဒေါ်လာထောင်ပေါင်းများစွာ ဝင်ငွေရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အမျိုးသမီးနှစ်ရာကျော်ဟာ သူ့ကို ဖမ်းဆီးထားတဲ့ဂီနီမြို့တော် ကွန်နာကရီရဲစခန်းရှေ့မှာ အင်္ဂါနေ့က စုဝေးဆန္ဒပြ ခဲ့ကြပါတယ်။ ကမ်မရာရဲ့ လိမ်လည်ဆေးကုမှုကို ၁၇နှစ်နဲ့ ၄၅နှစ်ကြား အမျိုးသမီး ၇၀၀ကျော် ခံစားခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ ဒီလောက်လူအများကြီးခံခဲ့ရတာကိုကြည့်ရင် ဂီနီနဲ့ အခြားအာဖရိကနိုင်ငံတွေမှာ တိုင်းရင်းဆေးဆရာတွေကို မှီခို အားထားနေရပုံကို မြင်သာစေပါတယ်။ အာဖရိကန်သားတွေရဲ့ ၈၀%ဟာ တိုင်းရင်းဆေးနဲ့ ကုသမှုကို သုံးစွဲနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၆ခုနှစ်က ပြောကြားခဲ့ပါတယ်။ “သည်အမျိုးသမီးနဲ့ ဆုံတာတစ်နှစ်တောင်ရှိပြီ”လို့ ဆန္ဒပြသူတစ်ယောက်က ပြောပါတယ်။
“ပထမဆုံးသွားပြတဲ့အချိန်မှာ သစ်ဥသစ်ဖုတွေနဲ့ပြုလုပ်ထားတဲ့ဆေးကိုပေးတယ်။ အဲဒီဆေးကို သောက်ပြီးတော့ အန်တယ်။ ဒါပေမဲ့သူကတော့ အန်တာကောင်းတယ်တဲ့။ ဆေးကိုဆက်သောက်တော့ ဝမ်းဗိုက်က စ ဖောင်းလာတယ်။ နောက်တစ်ခါသွားပြတော့ သူက ကျွန်မဗိုက်ကိုစမ်းပြီးတော့ ကိုယ်ဝန်ရှိနေပြီတဲ့။ ဒါပေမဲ့ဆရာဝန်ကိုသွားမပြနဲ့လို့ ကမ်မရာကပြောခဲ့တယ်” လို့ ပြောပြပါတယ်။ အမျိုးသမီးအများစုဟာ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကြက်နဲ့ အဝတ်အထည်တွေ ကို ကန်တော့တယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသမီးအချို့က သူတို့ကိုယ်ဝန်ဆောင်နေတာ ၁၂လကနေ ၁၆လလောက်ရှိနေပြီလို့ ပြောကြပါတယ်။ အမျိုးသမီး ၄၇ယောက်ကို ရဲဘက်ဆရာဝန်က စစ်ဆေးကြည့်ရာ ဆေးရဲ့ဆိုးကျိုးကြောင့် ဗိုက်ပူနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ်မရာကတော့ ဘာအမှားမှ သူ မပြုလုပ်ဖူးဘူးလို့ ပြောနေဆဲဖြစ်ပါတယ်။ “သူတို့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ သူတို့ကို အစွမ်းကုန်ကြိုးစားပြီးကူညီတာပဲ။ ကျန်တာကတော့ ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်းပေါ့”လို့ သူက ကွန်နက်ကရီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ တရားရုံးတော်ကတော့ သူ့ကို လိမ်လည်ပြီးပြည်သူတွေကို အသက်အန္တရာယ်ပြုမှုနဲ့စွဲချက်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
Credit : Kumudranews
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...