ႏွစ္ေယာက္တစ္ဘဝေနသားက်ဖို႔ အဓိကအေရးႀကီးဆံုးတစ္ခ်က္က ‘ခံစားခ်က္ပါ’။ ဒါေပမဲ့ ေပ်ာ္ဖို႔၊ မေပ်ာ္ဖို႔အတြက္အေရးႀကီးဆံုးက ‘အေကာင္းဘက္ျမင္တတ္ျခင္း၊ မျမင္တတ္ျခင္းပါ’။ မတူညီတဲ့ေနရာႏွစ္ခုက လူႏွစ္ေယာက္ ေပါင္းစပ္တာမို႔ သူဘာလုပ္ေနလဲ ကိုယ္မျမင္ႏိုင္တဲ့အခ်ိန္ ‘ယံုၾကည္မႈ’ ဆိုတဲ့စည္းကိုခ်ႏိုင္ဖို႔ အေရးႀကီးဆံုးပါဘဲ။ ‘စိတ္ရွည္သည္းခံမႈ’ သည္လည္း အရမ္းအေရးႀကီးပါတယ္။ ရွိရွိသမွ်ကိစၥတုိင္းကို စိတ္ထိခိုက္လြယ္ေနၿပီး အခ်ိန္တိုင္းျပႆနာေတြျဖစ္ေနမယ္ဆိုရင္ ေရရွည္ဘယ္လိုမွအဆင္ေျပမွာမဟုတ္ပါဘူး။ အေပးအယူမွ်ေနမွျဖစ္ေနမွာေနာ္။ တစ္ဖက္ထဲကလဲအၿမဲသည္းခံမေနႏိုင္သလို တစ္ဖက္ကလဲအၿမဲအႏိုင္ယူမေနလို႔မရပါဘူး။ ယူေနသည့္တိုင္ ဘယ္အခ်ိန္ေလာက္ထိ သူေပးႏိုင္မွာလဲ? ဒါကပ်က္စီးျခင္းရဲ႕အစပါ။
ဘယ္အရာမဆိုသူ႔အေပၚအားကိုးလြန္းတာ၊ မွီခိုလြန္းတာကလဲ ႏွစ္ေယာက္သားအဆင္မေျပၾကတဲ့ အေၾကာင္းအရင္းထဲက တစ္ခုပါဘဲ။ ဘယ္သူမဆို ကိုယ့္လမ္းကို ကိုယ္တိုင္ပဲေလွ်ာက္ရမွာပါ။ အဲ့ဒါကို ‘သူမပါရင္ သမီးကဘယ္မွမသြားတတ္ဘူးေလ’ ဆိုတာမ်ိဳးကလံုးဝမျဖစ္သင့္ပါဘူးေနာ္။ ေနာက္တစ္ခု ကိုယ္ကမွီခိုတဲ့အျပင္ သူ႔ကိုပါသြားသြားၿပီး ‘ငါမပါရင္ နင္လည္း ဘယ္မွမသြားရဘူး’ ဆိုတာမ်ိဳးက အရမ္းနည္းလမ္းမက်တဲ့ ပညတ္ခ်က္တစ္ခုပါ။ လူတိုင္းမွာ ‘ကိုယ္ပိုင္အခ်ိန္’ ဆိုတာ ရွိကိုရွိသင့္ပါတယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာ အရမ္းႀကီး တင္းၾကပ္လြန္းရင္ ပိုလြတ္ထြက္တာမို႔ ခပ္ေလ်ာ့ေလ်ာ့ေလးပဲ ထားလိုက္ပါ။ လူႏွစ္ေယာက္ ခ်စ္ေနၾကခ်ိန္မွာ လိင္ခြဲျခားတာမ်ိဳးမလုပ္ဘဲ သူလည္းလူ၊ ကိုယ္လည္းလူဆိုတဲ့ ပံုစံနဲ႔ခ်စ္ၾကရင္ အရာရာပိုအဆင္ေျပေနမွာပါ။
ေနာက္တစ္ခုက အတိတ္ကိစၥေပါ့ေနာ္။ လူတိုင္းမွာအတိတ္ရွိခဲ့ၾကပါတယ္။ ေကာင္းတဲ့အတိတ္ေရာ၊ ဆိုးတဲ့အတိတ္ေရာေပါ့။ ျပန္လွန္လို႔ေကာင္းတာ စာအုပ္ပဲရွိပါတယ္။ အတိတ္မွာ သူ႔ရဲ႕မေကာင္းတဲ့အေၾကာင္းေတြကို ျပန္ျပန္လွန္ၿပီး ျပႆနာရွာတဲ့အခါ ဘယ္သူကမွသည္းခံႏိုင္မွာမဟုတ္ပါဘူး။ ဘာမဟုတ္တဲ့ကိစၥေလးနဲ႔ ကိုယ္ခ်စ္တဲ့ လူတစ္ေယာက္ကို အဆံုးရႈံးခံခ်င္ၾကလားေယာင္းတို႔? လက္ရွိမွာ သူကကိုယ့္ကိုခ်စ္ေနတဲ့လူ၊ ကိုယ့္ခ်စ္သူျဖစ္ေနၿပီမို႔ အရာအားလံုးကို ဒီေလာက္နဲ႔ပဲ အေတြးရပ္လိုက္ပါ။ အေတြးလြန္တာမ်ိဳးေတြ မျဖစ္ၾကပါနဲ႔လို႔။ သူ႔ကို ကိုယ္ခ်င္းစာပါ။ ျပႆနာတစ္ခုခုျဖစ္ရင္လဲ ျမံဳမထားဘဲထုတ္ေျပာပါ။ သူ႔မွာလဲ ဆ႒မအာရံု ရွိေနတာမဟုတ္တဲ့အတြက္ ကိုယ္ဘာျဖစ္ေနလဲသူမသိႏိုင္တာမို႔ ဘယ္ကိစၥမဆိုပြင့္ပြင့္လင္းလင္းသာေျပာပါ။
ေနာက္ဆံုးအေနနဲ႔ကေတာ့ သူ႔ကိုကိုယ့္ရဲ႕ ေယာက်ာ္းဘာညာစသည္ျဖင့္မသတ္မွတ္ဘဲ ‘Partner’ ဆိုတဲ့လက္တြဲေဖာ္အေနနဲ႔သတ္မွတ္ဖို႔ပါ။ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္နဲ႔ အရာရာတိုင္း အသင့္ရွိေနေစေနမယ္ဆို လံုေလာက္ပါၿပီ။ တစ္ခ်ိဳ႕ ‘ငါကမိန္းကေလးမို႔ သူနားလည္ေပးရမွာေပါ့’ ဆိုတဲ့အေတြးကိုေဖ်ာက္ပစ္ပါ။ မိန္းကေလးမို႔ ကာကြယ္ခံရမယ့္ အခြင့္အေရးထက္ ဆိုးက်ိဳးကပိုမ်ားေနတာမို႔ ဘယ္အရာမဆို ကိုယ့္ကိုယ္ကိုယ္ လူတစ္ေယာက္အေနနဲ႔ပဲျမင္ၿပီး တည္ေဆာက္ပါ။ ျပႆနာေတြကိုလဲ ရန္လိုေနတာမ်ိဳးမဟုတ္ဘဲ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ေျဖရွင္းပါ။ ေပ်ာ္ရႊင္တဲ့ႏွစ္သားတစ္ကိုယ္ဘဝေလးတည္ေဆာက္ႏိုင္ၾကပါေစ။
Credit : For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Relationship တစ်ခုတည်ဆောက်တယ်ဆိုတာ ကိုယ်ပိုင်ဝတ္ထုလေးတစ်ပုဒ်ကို နှစ်ယောက်ဝေမျှပြီးရေးလိုက်တာပါပဲ။ ဝတ္ထုဆိုတဲ့သဘောအတိုင်း ကောင်းခန်းရှိမယ်၊ ရန်ဖြစ်တဲ့အခန်းရှိမယ်၊သတ်ကြချကြမယ်၊ ပြန်ချစ်ကြမယ်၊ ဗီလိန်လဲပါဦးမယ်၊ စသည်ဖြင့်ရှိတာပေါ့နော်။ ကိုယ်ပိုင်ဝတ္ထုအတူတူရေးကြတာချင်းအတူတူ ပျော်စရာဇာတ်သိမ်းနဲ့ ဝမ်းနည်းစရာဇာတ်သိမ်းဆိုပြီးရှိကြပါတယ်။ ပြဿနာတွေအပေါ် ဖြေရှင်းကြပုံခြင်းမတူတာကြောင့် ဖြစ်တတ်တဲ့အလွဲလေးတွေကိုဒီဆောင်းပါးထဲမှာ နှင်းကဖော်ပြပေးသွားမှာပါ…
နှစ်ယောက်တစ်ဘဝနေသားကျဖို့ အဓိကအရေးကြီးဆုံးတစ်ချက်က ‘ခံစားချက်ပါ’။ ဒါပေမဲ့ ပျော်ဖို့၊ မပျော်ဖို့အတွက်အရေးကြီးဆုံးက ‘အကောင်းဘက်မြင်တတ်ခြင်း၊ မမြင်တတ်ခြင်းပါ’။ မတူညီတဲ့နေရာနှစ်ခုက လူနှစ်ယောက် ပေါင်းစပ်တာမို့ သူဘာလုပ်နေလဲ ကိုယ်မမြင်နိုင်တဲ့အချိန် ‘ယုံကြည်မှု’ ဆိုတဲ့စည်းကိုချနိုင်ဖို့ အရေးကြီးဆုံးပါဘဲ။ ‘စိတ်ရှည်သည်းခံမှု’ သည်လည်း အရမ်းအရေးကြီးပါတယ်။ ရှိရှိသမျှကိစ္စတိုင်းကို စိတ်ထိခိုက်လွယ်နေပြီး အချိန်တိုင်းပြဿနာတွေဖြစ်နေမယ်ဆိုရင် ရေရှည်ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ အပေးအယူမျှနေမှဖြစ်နေမှာနော်။ တစ်ဖက်ထဲကလဲအမြဲသည်းခံမနေနိုင်သလို တစ်ဖက်ကလဲအမြဲအနိုင်ယူမနေလို့မရပါဘူး။ ယူနေသည့်တိုင် ဘယ်အချိန်လောက်ထိ သူပေးနိုင်မှာလဲ? ဒါကပျက်စီးခြင်းရဲ့အစပါ။
ဘယ်အရာမဆိုသူ့အပေါ်အားကိုးလွန်းတာ၊ မှီခိုလွန်းတာကလဲ နှစ်ယောက်သားအဆင်မပြေကြတဲ့ အကြောင်းအရင်းထဲက တစ်ခုပါဘဲ။ ဘယ်သူမဆို ကိုယ့်လမ်းကို ကိုယ်တိုင်ပဲလျှောက်ရမှာပါ။ အဲ့ဒါကို ‘သူမပါရင် သမီးကဘယ်မှမသွားတတ်ဘူးလေ’ ဆိုတာမျိုးကလုံးဝမဖြစ်သင့်ပါဘူးနော်။ နောက်တစ်ခု ကိုယ်ကမှီခိုတဲ့အပြင် သူ့ကိုပါသွားသွားပြီး ‘ငါမပါရင် နင်လည်း ဘယ်မှမသွားရဘူး’ ဆိုတာမျိုးက အရမ်းနည်းလမ်းမကျတဲ့ ပညတ်ချက်တစ်ခုပါ။ လူတိုင်းမှာ ‘ကိုယ်ပိုင်အချိန်’ ဆိုတာ ရှိကိုရှိသင့်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ အရမ်းကြီး တင်းကြပ်လွန်းရင် ပိုလွတ်ထွက်တာမို့ ခပ်လျော့လျော့လေးပဲ ထားလိုက်ပါ။ လူနှစ်ယောက် ချစ်နေကြချိန်မှာ လိင်ခွဲခြားတာမျိုးမလုပ်ဘဲ သူလည်းလူ၊ ကိုယ်လည်းလူဆိုတဲ့ ပုံစံနဲ့ချစ်ကြရင် အရာရာပိုအဆင်ပြေနေမှာပါ။
နောက်တစ်ခုက အတိတ်ကိစ္စပေါ့နော်။ လူတိုင်းမှာအတိတ်ရှိခဲ့ကြပါတယ်။ ကောင်းတဲ့အတိတ်ရော၊ ဆိုးတဲ့အတိတ်ရောပေါ့။ ပြန်လှန်လို့ကောင်းတာ စာအုပ်ပဲရှိပါတယ်။ အတိတ်မှာ သူ့ရဲ့မကောင်းတဲ့အကြောင်းတွေကို ပြန်ပြန်လှန်ပြီး ပြဿနာရှာတဲ့အခါ ဘယ်သူကမှသည်းခံနိုင်မှာမဟုတ်ပါဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ကိုယ်ချစ်တဲ့ လူတစ်ယောက်ကို အဆုံးရှုံးခံချင်ကြလားယောင်းတို့? လက်ရှိမှာ သူကကိုယ့်ကိုချစ်နေတဲ့လူ၊ ကိုယ့်ချစ်သူဖြစ်နေပြီမို့ အရာအားလုံးကို ဒီလောက်နဲ့ပဲ အတွေးရပ်လိုက်ပါ။ အတွေးလွန်တာမျိုးတွေ မဖြစ်ကြပါနဲ့လို့။ သူ့ကို ကိုယ်ချင်းစာပါ။ ပြဿနာတစ်ခုခုဖြစ်ရင်လဲ မြုံမထားဘဲထုတ်ပြောပါ။ သူ့မှာလဲ ဆဋ္ဌမအာရုံ ရှိနေတာမဟုတ်တဲ့အတွက် ကိုယ်ဘာဖြစ်နေလဲသူမသိနိုင်တာမို့ ဘယ်ကိစ္စမဆိုပွင့်ပွင့်လင်းလင်းသာပြောပါ။
နောက်ဆုံးအနေနဲ့ကတော့ သူ့ကိုကိုယ့်ရဲ့ ယောကျာ်းဘာညာစသည်ဖြင့်မသတ်မှတ်ဘဲ ‘Partner’ ဆိုတဲ့လက်တွဲဖော်အနေနဲ့သတ်မှတ်ဖို့ပါ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်နဲ့ အရာရာတိုင်း အသင့်ရှိနေစေနေမယ်ဆို လုံလောက်ပါပြီ။ တစ်ချို့ ‘ငါကမိန်းကလေးမို့ သူနားလည်ပေးရမှာပေါ့’ ဆိုတဲ့အတွေးကိုဖျောက်ပစ်ပါ။ မိန်းကလေးမို့ ကာကွယ်ခံရမယ့် အခွင့်အရေးထက် ဆိုးကျိုးကပိုများနေတာမို့ ဘယ်အရာမဆို ကိုယ့်ကိုယ်ကိုယ် လူတစ်ယောက်အနေနဲ့ပဲမြင်ပြီး တည်ဆောက်ပါ။ ပြဿနာတွေကိုလဲ ရန်လိုနေတာမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြေရှင်းပါ။ ပျော်ရွှင်တဲ့နှစ်သားတစ်ကိုယ်ဘဝလေးတည်ဆောက်နိုင်ကြပါစေ။
Credit : For Her Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...