iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမမာယာဆိုသည္မွာ

​မိန္းမမာယာ သဲကိုးျဖာလို႔ တင္စားသမုတ္ၾကကုန္၏။

အမွန္စင္စစ္အားျဖင္႔ သဲကိုးျဖာ မကေပ။ စာရွိအဆို က်မ္းရင္းလာတြင္ မာယာအပါး (၄၀) ရွိေပသည္။

ယခုေခတ္အခါသမယတြင္ သတ္မွတ္ၾကလွ်င္ မိန္းမမာယာကား အပါး (၄၀) မွပင္ ကေခ်မည္ မဟုတ္ေပ။

သို႔ေသာ္ ရွိရင္းစြဲ မိန္းမမာယာေတြကိုေတာ႔ ေခတ္လူငယ္ သတို႔သားတို႔ သိမွတ္ဖို႔ရာ တင္ျပပါမည္။

ဤအခ်က္အလက္မ်ားႏွင္႔ တိုက္ဆုိင္မႈရွိေနေသာ မိန္းကေလးမ်ားကလည္း မိန္းမသားပီသစြာ မာယာမ်ားကို ထိန္းသိမ္းေစာင္႔ထိန္းရာ၏။ ထုတ္ေဖာ္ျပသရန္ မသင္႔ေပ။

မိမိ၏ အမူအက်င္႔ထဲတြင္ ပါ၀င္ေနသည့္ အခ်က္အလက္မ်ားကိုလည္း ေရွာင္ရွားႏိုင္ၾကပါေစကုန္လို႔ ဆုေတာင္းရင္းသား တင္ျပလိုက္ရပါေတာ႔သည္။

မိန္းမမာယာ အပါး (၄၀)

တကယ္မွန္ကန္တဲ႔အခ်က္ေတြလို႔ မဆိုလိုပါဘူး။

မွန္တာေတြက မ်ားေနေတာ႔ ေျပာရတာ အခက္သားပဲ။

ကုဏာလဇာတ္ ဘာသာျပန္ႏွင္႔ ဆရာႀကီးသုခမွတ္စုတို႔ကေန ထုတ္ႏုတ္ထားတာပါ။ သိေစခ်င္႐ံုသက္သက္ပါပဲ။

ဒါေတြကို မာယာလို႔ေတာ႔ မေျပာလိုပါဘူး။ က်မ္းဂန္လာ စာအတိုင္း ျပန္လည္ တင္ျပထားပါတယ္။

ဖတ္႐ႈေတာ္မူၾကပါကုန္ . . .

(၁) တင္႔တယ္စံပယ္ေသာ အမူအရာကို ျပဳ၏။ (၀ိဇမ ၻတိ)

(၂) တခုခုကိုခ်၍ ေက်ာကုန္းကို ျမင္ေစျခင္းငွာ ကုန္း၍ေကာက္၏။ (၀ိနမတိ)

(၃) ဣရိယာပုတ္ျဖင္႔လည္းေကာင္း၊ ဖီးလိမ္းျပင္ဆင္ျခင္းျဖင္႔လည္းေကာင္း တင္႔တယ္ေအာင္ျပဳ၏။ (၀ိလာသတိ)

(၄) ရွက္ေယာင္ေဆာင္၏။ (၀ိလဇၨတိ)

(၅) လက္သည္းခ်င္းပြတ္၏။ (နေခန နခံဃေ႗တိ)

(၆) ေျခတဖက္ျဖင္႔ ေျခတဖက္ကို နင္း၏။ (ပါေဒန ပါဒံ အကကၠမတိ)

(၇) တုတ္ျဖင္႔ ေျမကို ေရးျခစ္၏။ (ကေ႒န ပထ၀ိ ံေလခတိ)

(၈) ကေလးကိုခ်ီေျမွာက္၏။ (ဒါရကံ ဥလႅဃၤတိ)

(၉) ကေလးကို သူတပါးအား ခ်ီေစ၏။ (ဒါရကံ ဥလႅဃၤာေပတိ)

(၁၀) မိမိက ကျပ၏။ (ကီဠတိ)

(၁၁) ကေလးကို အကခိုင္း၏။ (ကီဠေပတိ)

(၁၂) ကေလး၏ ပါးစသည္ကို ပါးစပ္ျဖင္႔ စုပ္၏။ (စုမၺတိ)

(၁၃) ကေလးကို အစုပ္ခိုင္း၏။ (စုမၺေပတိ)

(၁၄) လက္ကို ဆကာ ဆကာ (ႏိုင္ႏိုင္ စသည္ျဖင္႔) စားဟန္ျပဳ၏။ (ဘုၪၨတိ)

(၁၅) ကေလးကို အထက္ပါ ပံုစံအတိုင္း စားေစ၏။ (ဘုၪၨာေပတိ)

(၁၆) တခုခုကို ကေလးအား ေပး၏။ (ဒဒါတိ)

(၁၇) ကေလးလက္ကဟာကို ေတာင္း၏။ (ယာစတိ)

(၁၈) ကေလးကို အတုလိုက္ကာ ေျပာင္၏။ (ကတမႏုကေရာတိ)

(၁၉) အသံက်ယ္က်ယ္ေျပာ၏။ (ဥစၥံ ဘာသတိ)

(၂၀) တိုးတိုးေျပာ၏။ (နီစံဘာသတိ)

(၂၁) တိုက္႐ိုက္ေျပာ၏။ (အ၀ိ ၀ိစၥံ ဘာသတိ)

(၂၂) မခို႔တယို႔ ဘာလိုလိုေျပာ၏။ (၀ိ ၀ိစၥံ ဘာသတိ)

(၂၃) ကခုန္ျခင္း၊ သီခ်င္းဆိုျခင္း၊ ငိုျခင္းတို႔ျဖင္႔ အရိပ္နိမိတ္ကိုျပဳ၏။ (နစၥဂီတ ေရာဒိေတန နိမိတၱံ ကေရာတိ)

(၂၄) အသံက်ယ္က်ယ္ ျပင္းစြာရယ္၏။ (ဇဂၣတိ)

(၂၅) တစိန္းစိန္းႏွင္႔ စိုက္ၾကည့္၏။ (ေပကၡတိ)

(၂၆) ခါးကို လႈပ္ေစ၏။ (ကဋိစာေလတိ)

(၂၇) အတြင္းသားမ်ားကို လႈပ္ေစ၏။ (ဂုယွဘ႑ံ သၪၨာေလတိ)

(၂၈) ေပါင္ကို ဖြင္႔၏။ (ဦ႐ံု၀ိ၀ရတိ)

(၂၉) ေပါင္ကို ပိတ္၏။ (ဦ႐ံုပိ ဒဟတိ)

(၃၀) သားျမတ္ကိုျပ၏။ (ထနံ ဒေႆတိ)

(၃၁) လက္ကတီးကို ျပ၏။ (ကစၧံ ဒေႆတိ)

(၃၂) ခ်က္ကိုျပ၏။ (နာဘိ ံဒေႆတိ)

(၃၃) မ်က္စိမွိတ္ ျပ၏။ (အကၡိ ံနိခနတိ)

(၃၄) မ်က္စပစ္၏။ (ဘမုကံ ဥကၡိပတိ)

(၃၅) သြားျဖင္႔ ႏႈတ္ခမ္းကို ကိုက္၏။ (ၾသ႒ံ ဥပလိခတိ)

(၃၆) လွ်ာကို ထုတ္၏။ (ဇိ၀ွံ နိလႅာေဠတိ)

(၃၇) ထမီကို ကၽြတ္ဟန္ျပဳ၏။ (ဒုႆံ မုစၥတိ)

(၃၈) ထမီကိုျပင္၍ ၀တ္၏။ (ဒုႆံပတိ ဗႏၶတိ)

(၃၉) ဆံထံုးကို ေျဖ၏။ (သိရသံ မုစၥတိ)

(၄၀) ဆံထံုးကို ျပင္၍ ထံုး၏။ (သိရသံ ဗႏၶတိ)

ဤသည္ကား မိန္းမတို႔၏ မာယာမ်ားေပတည္း။

Credit : Tameelay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းမမာယာဆိုသည်မှာ

မိန်းမမာယာ သဲကိုးဖြာလို့ တင်စားသမုတ်ကြကုန်၏။

အမှန်စင်စစ်အားဖြင့် သဲကိုးဖြာ မကပေ။ စာရှိအဆို ကျမ်းရင်းလာတွင် မာယာအပါး (၄၀) ရှိပေသည်။

ယခုခေတ်အခါသမယတွင် သတ်မှတ်ကြလျှင် မိန်းမမာယာကား အပါး (၄၀) မှပင် ကချေမည် မဟုတ်ပေ။

သို့သော် ရှိရင်းစွဲ မိန်းမမာယာတွေကိုတော့ ခေတ်လူငယ် သတို့သားတို့ သိမှတ်ဖို့ရာ တင်ပြပါမည်။

ဤအချက်အလက်များနှင့် တိုက်ဆိုင်မှုရှိနေသော မိန်းကလေးများကလည်း မိန်းမသားပီသစွာ မာယာများကို ထိန်းသိမ်းစောင့်ထိန်းရာ၏။ ထုတ်ဖော်ပြသရန် မသင့်ပေ။

မိမိ၏ အမူအကျင့်ထဲတွင် ပါဝင်နေသည့် အချက်အလက်များကိုလည်း ရှောင်ရှားနိုင်ကြပါစေကုန်လို့ ဆုတောင်းရင်းသား တင်ပြလိုက်ရပါတော့သည်။

မိန်းမမာယာ အပါး (၄၀)

တကယ်မှန်ကန်တဲ့အချက်တွေလို့ မဆိုလိုပါဘူး။

မှန်တာတွေက များနေတော့ ပြောရတာ အခက်သားပဲ။

ကုဏာလဇာတ် ဘာသာပြန်နှင့် ဆရာကြီးသုခမှတ်စုတို့ကနေ ထုတ်နုတ်ထားတာပါ။ သိစေချင်ရုံသက်သက်ပါပဲ။

ဒါတွေကို မာယာလို့တော့ မပြောလိုပါဘူး။ ကျမ်းဂန်လာ စာအတိုင်း ပြန်လည် တင်ပြထားပါတယ်။

ဖတ်ရှုတော်မူကြပါကုန် . . .

(၁) တင့်တယ်စံပယ်သော အမူအရာကို ပြု၏။ (ဝိဇမ ္ဘတိ)

(၂) တခုခုကိုချ၍ ကျောကုန်းကို မြင်စေခြင်းငှာ ကုန်း၍ကောက်၏။ (ဝိနမတိ)

(၃) ဣရိယာပုတ်ဖြင့်လည်းကောင်း၊ ဖီးလိမ်းပြင်ဆင်ခြင်းဖြင့်လည်းကောင်း တင့်တယ်အောင်ပြု၏။ (ဝိလာသတိ)

(၄) ရှက်ယောင်ဆောင်၏။ (ဝိလဇ္ဇတိ)

(၅) လက်သည်းချင်းပွတ်၏။ (နခေန နခံဃဋ္ဋေတိ)

(၆) ခြေတဖက်ဖြင့် ခြေတဖက်ကို နင်း၏။ (ပါဒေန ပါဒံ အကက္ကမတိ)

(၇) တုတ်ဖြင့် မြေကို ရေးခြစ်၏။ (ကေဋ္ဌန ပထဝိ ံလေခတိ)

(၈) ကလေးကိုချီမြှောက်၏။ (ဒါရကံ ဥလ္လင်္ဃတိ)

(၉) ကလေးကို သူတပါးအား ချီစေ၏။ (ဒါရကံ ဥလ္လင်္ဃာပေတိ)

(၁၀) မိမိက ကပြ၏။ (ကီဠတိ)

(၁၁) ကလေးကို အကခိုင်း၏။ (ကီဠပေတိ)

(၁၂) ကလေး၏ ပါးစသည်ကို ပါးစပ်ဖြင့် စုပ်၏။ (စုမ္ဗတိ)

(၁၃) ကလေးကို အစုပ်ခိုင်း၏။ (စုမ္ဗပေတိ)

(၁၄) လက်ကို ဆကာ ဆကာ (နိုင်နိုင် စသည်ဖြင့်) စားဟန်ပြု၏။ (ဘုဉ္ဇတိ)

(၁၅) ကလေးကို အထက်ပါ ပုံစံအတိုင်း စားစေ၏။ (ဘုဉ္ဇာပေတိ)

(၁၆) တခုခုကို ကလေးအား ပေး၏။ (ဒဒါတိ)

(၁၇) ကလေးလက်ကဟာကို တောင်း၏။ (ယာစတိ)

(၁၈) ကလေးကို အတုလိုက်ကာ ပြောင်၏။ (ကတမနုကရောတိ)

(၁၉) အသံကျယ်ကျယ်ပြော၏။ (ဥစ္စံ ဘာသတိ)

(၂၀) တိုးတိုးပြော၏။ (နီစံဘာသတိ)

(၂၁) တိုက်ရိုက်ပြော၏။ (အဝိ ဝိစ္စံ ဘာသတိ)

(၂၂) မခို့တယို့ ဘာလိုလိုပြော၏။ (ဝိ ဝိစ္စံ ဘာသတိ)

(၂၃) ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ ငိုခြင်းတို့ဖြင့် အရိပ်နိမိတ်ကိုပြု၏။ (နစ္စဂီတ ရောဒိတေန နိမိတ္တံ ကရောတိ)

(၂၄) အသံကျယ်ကျယ် ပြင်းစွာရယ်၏။ (ဇဂ္ဃတိ)

(၂၅) တစိန်းစိန်းနှင့် စိုက်ကြည့်၏။ (ပေက္ခတိ)

(၂၆) ခါးကို လှုပ်စေ၏။ (ကဋိစာလေတိ)

(၂၇) အတွင်းသားများကို လှုပ်စေ၏။ (ဂုယှဘဏ္ဍံ သဉ္ဇာလေတိ)

(၂၈) ပေါင်ကို ဖွင့်၏။ (ဦရုံဝိဝရတိ)

(၂၉) ပေါင်ကို ပိတ်၏။ (ဦရုံပိ ဒဟတိ)

(၃၀) သားမြတ်ကိုပြ၏။ (ထနံ ဒေဿတိ)

(၃၁) လက်ကတီးကို ပြ၏။ (ကစ္ဆံ ဒေဿတိ)

(၃၂) ချက်ကိုပြ၏။ (နာဘိ ံဒေဿတိ)

(၃၃) မျက်စိမှိတ် ပြ၏။ (အက္ခိ ံနိခနတိ)

(၃၄) မျက်စပစ်၏။ (ဘမုကံ ဥက္ခိပတိ)

(၃၅) သွားဖြင့် နှုတ်ခမ်းကို ကိုက်၏။ (သြဋ္ဌံ ဥပလိခတိ)

(၃၆) လျှာကို ထုတ်၏။ (ဇိဝှံ နိလ္လာဠေတိ)

(၃၇) ထမီကို ကျွတ်ဟန်ပြု၏။ (ဒုဿံ မုစ္စတိ)

(၃၈) ထမီကိုပြင်၍ ဝတ်၏။ (ဒုဿံပတိ ဗန္ဓတိ)

(၃၉) ဆံထုံးကို ဖြေ၏။ (သိရသံ မုစ္စတိ)

(၄၀) ဆံထုံးကို ပြင်၍ ထုံး၏။ (သိရသံ ဗန္ဓတိ)

ဤသည်ကား မိန်းမတို့၏ မာယာများပေတည်း။

Credit : Tameelay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top