iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေကာင္းေတြ အမ်ားႀကီးရွိေပမယ့္လည္း က်န္းက်န္းမာမာရွိေနဖို႕ တကယ္တမ္းနားလည္လုပ္ေဆာင္ႏုိင္ဖို႕ကေတာ့ ခက္ခဲလြန္းလွပါတယ္။ အစားအေသာက္ပဲေလ်ာ႕ခ်ေနလို႕ မရဘဲ ဘ၀တစ္သက္တာလံုး ဆက္လက္လုပ္ေဆာင္သြားႏုိင္မယ့္ နည္းလမ္းေတြနဲ႕ သင့္ရဲ႕ေနထုိင္မႈပံုစံကိုပါ ေျပာင္းလဲပစ္ဖို႕လိုအပ္ပါတယ္။ ဒါေႀကာင့္ မွန္ကန္သင့္ေတာ္တဲ့ နည္းလမ္းေကာင္းေတြကို သိရွိထားမယ္ဆိုရင္ ခဏတာအခ်ိန္သာမဟုတ္ဘဲ အခ်ိန္တိုင္းက်န္းမာႀကံ႕ခိုင္ၿပီး က်စ္လ်စ္လွပတဲ့ ကုိယ္ခႏၶာကုိ ရရွိႏုိင္မွာျဖစ္ပါတယ္။

၁။ ဦးစြာပထမ Diet နဲ႕ အစျပဳပါ။

ဟင္းသီးဟင္းရြက္ေတြကို တတ္ႏိုင္သမွ် မ်ားမ်ားစားပါ။ အစာစားတိုင္း ဖိုက္ဘာ၊ အဆီ ႏွင့္ ပရုိတင္းပါဖို႕ အၿမဲသတိရပါ။ ထုိသံုးခုပါ၀င္မယ္ဆိုရင္ သင့္ကို ဗုိက္ၿပည့္ေနေစၿပီး ႀကြက္သားမ်ားကိုထိန္းသိမ္းႏိုင္ကာ တေန႕တာလံုး ကယ္လိုရီေတြေလာင္ကၽြမ္းႏုိင္ဖို႕လည္း ကူညီေပးမွာျဖစ္ပါတယ္။

၂။ တတ္ႏိုင္သေလာက္ လႈပ္ရွားေပးပါ။

ထိုင္မယ့္အစား မတ္တပ္ရပ္ၿပီး ဓာတ္ေလွကားစီးမယ့္အစား ေလွကားထစ္ကိုအသံုးျပဳေပးျခင္းက သင့္ခႏၶာကို္ယ္ရဲ႕ ဇီ၀ျဖစ္စဥ္အေပၚ ေကာင္းမြန္တဲ့သက္ေရာက္မႈကို ေပးစြမ္းႏုိင္ပါတယ္။ ရက္ေပါင္းမ်ားစြာ အခ်ိန္ေပးၿပီး Gym မွာသြားၿပီး ေလ့က်င့္ခန္းလုပ္ျခင္းထက္ တေန႕တာလံုးတက္ႀကြလႈပ္ရွားေနဖုိ႕က ပိုအေရးႀကီးၿပီး ထိေရာက္တဲ့နည္းလမ္းတစ္ခုပါပဲ။

၃။ ေလ့က်င့္ခန္းမ်ားလုပ္ေပးပါ။

ကိုယ္လက္ႀကံ႕ခုိင္မႈရွိေစဖို႕ ေလ့က်င့္ခန္းလုပ္ေပးဖုိ႕ လိုအပ္ပါေသးတယ္။ အစားလည္းေလွ်ာ႕စားၿပီး ေလ့က်င့္ခန္းလည္း ျပဳလုပ္ေပးျခင္းက အဆီကိုျမန္ျမန္ေလာင္ကၽြမ္းေစကာ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစႏုိင္ပါတယ္။

၄။ အိပ္စက္ျခင္း

ကိုယ္ခႏၶာက်စ္က်စ္လ်စ္လ်စ္ျဖစ္ေစဖို႕ သင့္တင့္လံုေလာက္ေသာ အိပ္စက္မႈကို ရရွိဖုိ႕လိုအပ္ပါတယ္။ အိပ္ေရးမ၀ဘူးဆိုလွ်င္ ၀ိတ္က်ဖို႕သာမက က်န္းမာေရးနဲ႕ညီမွ်တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းဖို႕ပါ အလြန္ခက္ခဲမွာပါ။ ဒါေႀကာင့္ မိမိခႏၶာကိုယ္က အိပ္ခ်ိန္မည္မွ်လိုအပ္သည္ကို ေလ့လာၿပီး အိပ္ေရး၀၀အိပ္ေပးဖို႕ လိုအပ္ပါတယ္။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန်လျော့ချနိုင်မယ့် နည်းလမ်းကောင်းတွေ အများကြီးရှိပေမယ့်လည်း ကျန်းကျန်းမာမာရှိနေဖို့ တကယ်တမ်းနားလည်လုပ်ဆောင်နိုင်ဖို့ကတော့ ခက်ခဲလွန်းလှပါတယ်။ အစားအသောက်ပဲလျော့ချနေလို့ မရဘဲ ဘဝတစ်သက်တာလုံး ဆက်လက်လုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းတွေနဲ့ သင့်ရဲ့နေထိုင်မှုပုံစံကိုပါ ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် မှန်ကန်သင့်တော်တဲ့ နည်းလမ်းကောင်းတွေကို သိရှိထားမယ်ဆိုရင် ခဏတာအချိန်သာမဟုတ်ဘဲ အချိန်တိုင်းကျန်းမာကြံ့ခိုင်ပြီး ကျစ်လျစ်လှပတဲ့ ကိုယ်ခန္ဓာကို ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ဦးစွာပထမ Diet နဲ့ အစပြုပါ။

ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ များများစားပါ။ အစာစားတိုင်း ဖိုက်ဘာ၊ အဆီ နှင့် ပရိုတင်းပါဖို့ အမြဲသတိရပါ။ ထိုသုံးခုပါဝင်မယ်ဆိုရင် သင့်ကို ဗိုက်ပြည့်နေစေပြီး ကြွက်သားများကိုထိန်းသိမ်းနိုင်ကာ တနေ့တာလုံး ကယ်လိုရီတွေလောင်ကျွမ်းနိုင်ဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။

၂။ တတ်နိုင်သလောက် လှုပ်ရှားပေးပါ။

ထိုင်မယ့်အစား မတ်တပ်ရပ်ပြီး ဓာတ်လှေကားစီးမယ့်အစား လှေကားထစ်ကိုအသုံးပြုပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အပေါ် ကောင်းမွန်တဲ့သက်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။ ရက်ပေါင်းများစွာ အချိန်ပေးပြီး Gym မှာသွားပြီး လေ့ကျင့်ခန်းလုပ်ခြင်းထက် တနေ့တာလုံးတက်ကြွလှုပ်ရှားနေဖို့က ပိုအရေးကြီးပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။

၃။ လေ့ကျင့်ခန်းများလုပ်ပေးပါ။

ကိုယ်လက်ကြံ့ခိုင်မှုရှိစေဖို့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အစားလည်းလျှော့စားပြီး လေ့ကျင့်ခန်းလည်း ပြုလုပ်ပေးခြင်းက အဆီကိုမြန်မြန်လောင်ကျွမ်းစေကာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

၄။ အိပ်စက်ခြင်း

ကိုယ်ခန္ဓာကျစ်ကျစ်လျစ်လျစ်ဖြစ်စေဖို့ သင့်တင့်လုံလောက်သော အိပ်စက်မှုကို ရရှိဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝဘူးဆိုလျှင် ဝိတ်ကျဖို့သာမက ကျန်းမာရေးနဲ့ညီမျှတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ပါ အလွန်ခက်ခဲမှာပါ။ ဒါကြောင့် မိမိခန္ဓာကိုယ်က အိပ်ချိန်မည်မျှလိုအပ်သည်ကို လေ့လာပြီး အိပ်ရေး၀၀အိပ်ပေးဖို့ လိုအပ်ပါတယ်။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top