ကိုယ့္အသားအေရကိုက ဝက္ျခံထြက္လြယ္တဲ့ အသားအေရမ်ိဳးဆုိေတာ့ ဘယ္လိုပဲေနေန ဝက္ျခံေတြက ထြက္ၿပီးရင္း ထြက္ေနေတာ့တာပါပဲ။ နည္းတာနဲ႔ မ်ားတာပဲကြာတယ္။ ဝက္ျခံကေတာ့ တစ္လံုးေပ်ာက္ရင္ တစ္လံုးက ထြက္လာတာ။ ဝက္ျခံေပ်ာက္ေစမယ့္ နည္းေတြကိုလည္း အကုန္စမ္းၾကည့္ခဲ့တယ္။ ညအိပ္ခါနီးမွာ ဝက္ျခံဖုေပၚကို သြားတိုက္ေဆး တုိ႔ထားလိုက္ရင္ မနက္က်ေတာ့ ေပ်ာက္သြားမယ္လို႔ ေျပာၾကတယ္။ ဒီနည္းဟာ တကယ္ပဲ အသံုးတည့္ရဲ႕လား။
ယူေကက အေရျပားနဲ႔ အလွအပေရးရာေဆးခန္း Sondskin ရဲ႕ အလွအပဆရာဝန္ ေဒါက္တာ Sharkar က ဒီေမးခြန္းအတြက္ အေျဖကို ေျဖေပးခဲ့ပါတယ္။ သူကေတာ့ သြားတိုက္ေဆးနဲ႔ ဝက္ျခံကိုကုတာ အားမေပးပါဘူး။ သြားတုိက္ေဆးတို႔ထားလို႔ ဝက္ျခံက ခ်ပ္သြားတာထက္ အသားအေရကို ပိုပ်က္စီးေစတယ္လို႔ ဆုိပါတယ္။
သြားတိုက္ေဆး တို႔ထားလိုက္တဲ့အခါ အေရျပားက ေျခာက္ေသြ႕သြားၿပီး ယားယံလာတယ္၊ အေပၚယံ အေရခြံကို ခြာလိုက္သလို ျဖစ္သြားတာပါလို႔ ဆုိတယ္။ သြားတိုက္ေဆးမွာ ပါဝင္တဲ့ မုန္႔ဖုတ္ဆုိဒါ၊ ဟိုက္ၿဒိဳဂ်င္ပါေအာက္ဆိုဒ္၊ အယ္လ္ကိုေဟာ၊ ပရုပ္နဲ႔ ကယ္လ္ဆီယံကာဘြန္နိတ္တုိ႔ဟာ အေရျပားကုိ ယားယံေစၿပီး အသားေလာင္သြားေစပါတယ္။ မၾကာခဏ သြားတုိက္ရင္ေတာင္ သြားေတြကို ပ်က္စီးေစတာမို႔ သြားတုိက္ေဆးကို အေရျပားေပၚတင္ဖုိ႔ဆုိတာ မလုပ္သင့္တဲ့အရာပါ။
ဒါဆုိရင္ ဝက္ျခံေပ်ာက္ေအာင္ ဘာလုပ္ၾကမလဲ? Benzoyl peroxide ဒါမွမဟုတ္ Salicylic acid ပါဝင္တဲ့ ပစၥည္းေတြကို သံုးေပးရပါမယ္။ အဲ့ဒီပစၥည္းေတြက ေရာင္ရမ္းမႈကို ေလ်ာ့က်ေစၿပီး ဝက္ျခံကို သက္သာေစပါလိမ့္မယ္။ Tea tree oil ကိုလည္း သံုးႏိုင္ပါတယ္။ ဝက္ျခံကို လက္နဲ႔မကိုင္ပါနဲ႔။ မ်က္ႏွာကို သန္႔ရွင္းေအာင္ ထားေပးဖုိ႔လည္း လိုပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်အသားအရေကိုက ဝက်ခြံထွက်လွယ်တဲ့ အသားအရေမျိုးဆိုတော့ ဘယ်လိုပဲနေနေ ဝက်ခြံတွေက ထွက်ပြီးရင်း ထွက်နေတော့တာပါပဲ။ နည်းတာနဲ့ များတာပဲကွာတယ်။ ဝက်ခြံကတော့ တစ်လုံးပျောက်ရင် တစ်လုံးက ထွက်လာတာ။ ဝက်ခြံပျောက်စေမယ့် နည်းတွေကိုလည်း အကုန်စမ်းကြည့်ခဲ့တယ်။ ညအိပ်ခါနီးမှာ ဝက်ခြံဖုပေါ်ကို သွားတိုက်ဆေး တို့ထားလိုက်ရင် မနက်ကျတော့ ပျောက်သွားမယ်လို့ ပြောကြတယ်။ ဒီနည်းဟာ တကယ်ပဲ အသုံးတည့်ရဲ့လား။
ယူကေက အရေပြားနဲ့ အလှအပရေးရာဆေးခန်း Sondskin ရဲ့ အလှအပဆရာဝန် ဒေါက်တာ Sharkar က ဒီမေးခွန်းအတွက် အဖြေကို ဖြေပေးခဲ့ပါတယ်။ သူကတော့ သွားတိုက်ဆေးနဲ့ ဝက်ခြံကိုကုတာ အားမပေးပါဘူး။ သွားတိုက်ဆေးတို့ထားလို့ ဝက်ခြံက ချပ်သွားတာထက် အသားအရေကို ပိုပျက်စီးစေတယ်လို့ ဆိုပါတယ်။
သွားတိုက်ဆေး တို့ထားလိုက်တဲ့အခါ အရေပြားက ခြောက်သွေ့သွားပြီး ယားယံလာတယ်၊ အပေါ်ယံ အရေခွံကို ခွာလိုက်သလို ဖြစ်သွားတာပါလို့ ဆိုတယ်။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်၊ အယ်လ်ကိုဟော၊ ပရုပ်နဲ့ ကယ်လ်ဆီယံကာဘွန်နိတ်တို့ဟာ အရေပြားကို ယားယံစေပြီး အသားလောင်သွားစေပါတယ်။ မကြာခဏ သွားတိုက်ရင်တောင် သွားတွေကို ပျက်စီးစေတာမို့ သွားတိုက်ဆေးကို အရေပြားပေါ်တင်ဖို့ဆိုတာ မလုပ်သင့်တဲ့အရာပါ။
ဒါဆိုရင် ဝက်ခြံပျောက်အောင် ဘာလုပ်ကြမလဲ? Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါဝင်တဲ့ ပစ္စည်းတွေကို သုံးပေးရပါမယ်။ အဲ့ဒီပစ္စည်းတွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး ဝက်ခြံကို သက်သာစေပါလိမ့်မယ်။ Tea tree oil ကိုလည်း သုံးနိုင်ပါတယ်။ ဝက်ခြံကို လက်နဲ့မကိုင်ပါနဲ့။ မျက်နှာကို သန့်ရှင်းအောင် ထားပေးဖို့လည်း လိုပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဝက္ျခံဖုေပၚ သြားတုိက္ေဆးတုိ႔တာ တကယ္ေပ်ာက္လို႔လား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။