iMyanmarHouse.com - Best Property Website for Myanmar
×

လူ႔ခႏၶာကိုယ္မွာ အစိတ္အပိုင္းအားလံုးကမရွိမျဖစ္ အေရးပါ ပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခုမွာ ထိမိခိုက္မိ ဒဏ္ရာအေသးစားေလးျဖစ္ေနရံုနဲ႔ အဆင္မေျပျဖစ္တတ္ပါတယ္။ ဥပမာ အလုပ္မွာ ကြန္ပ်ဴတာအျမဲသံုးေနရသူေတြ  လက္ေခ်ာင္းမွာ ဓားရွထားရင္၊ ထိခိုက္ထားရင္ စာရိုက္ရခက္တာမ်ိဳး၊ သြားလာရတာမ်ားတဲ့ အလုပ္လုပ္သူေတြ ေျခေထာက္မွာကြဲရွအနာျဖစ္ထားရင္ အလုပ္မတြင္တာမ်ိဳးပါ။

ဒါ့အျပင္ ဒီေလာက္ဒဏ္ရာေသးေသးေလးနဲ႔ေတာင္ ေမးခိုင္လိုမ်ိဳး ေရာဂါပိုးဝင္လာခဲ့ရင္ ေရာဂါပိုၾကီးျပီး ေနာက္ဆက္တြဲဆိုးက်ိဳးေတြအမ်ိဳးမ်ိဳးျဖစ္ေစနိုင္တာေၾကာင့္ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ အနာျမန္ျမန္က်က္ဖို႔လိုပါတယ္။ အနာက်က္ျမန္ေစဖို႔က အနာကိုပိုးမဝင္မွ ျဖစ္မွာပါ။ အပ္နဲ႔ထြင္းရမယ့္ကိစၥေလာက္ကေန ထိခိုက္ဒဏ္ရာေလးေတြကို ေသခ်ာမကုသ ၊မေစာင့္ေရွာက္ရင္ ပုဆိန္နဲ႔ေပါက္ရမယ့္အျဖစ္မ်ိဳး ျဖစ္မလာေစဖို႔  အနာမရင္းေအာင္ဂရုစိုက္ရပါမယ္။

ဒါဆို အနာအျမန္က်က္ေစဖို႔ ဘာေတြလုပ္ဖို႔လိုသလဲဆိုတာေရာ သင္သိပါသလား။ သိထားသင့္တဲ့အခ်က္ေလးေတြကို ေအာက္မွာေျပာျပလိုက္ပါတယ္ေနာ္။

အရင္ဆံုး အနာရဲ႕အေနအထားကို ၾကည့္ပါ။ အေရျပားကပြန္းရံုပဲ၊ နီရဲေနရံုျဖစ္ျပီး ေသြးမထြက္၊ မေပါက္ျပဲေသးဘူးဆိုရင္ ေရာဂါပိုးမဝင္ေအာင္ကာကြယ္ဖို႔ပဲလိုပါတယ္။ အနာကိုအစိုဓာတ္မေပ်ာက္ေအာင္ထိန္းေပးပါ။

အနာကိုမထိေတြ႔ခင္မွာ လက္ကိုေသခ်ာေဆးေၾကာပါ။ ဘယ္ဒဏ္ရာကိုမဆုိ မကိုင္တြယ္ခင္မွာ လက္ကိုဆပ္ျပာနဲ႔စင္ၾကယ္ေအာင္အျမဲ ေဆးေၾကာသင့္ပါတယ္။ ဒါမွ ပိုးဝင္နိုင္တဲ့အႏၱရာယ္နည္းပါးေစမွာျဖစ္ပါတယ္။

အနာက လက္မွာျဖစ္ေနခဲ့ရင္ အနာကို ဆပ္ျပာမထိေအာင္ သတိထားပါ။ ဆပ္ျပာနဲ႔တိုက္ရိုက္ထိေတြ႔မိရင္ အနာကိုပိုဆိုးေစပါတယ္။

ေသြးတိတ္ေအာင္လုပ္ပါ။ ေဆးေၾကာသန္႔စင္ျပီးလို႔ အနာက ေသြးထြက္ေနေသးတယ္ဆုိရင္ ပိုးသတ္ျပီးသားဂြမ္းစေလးနဲ႔ အသာအယာဖိထားေပးပါ။

hydrogen peroxide နဲ႔ iodine ေဆးေတြမသံုးပါနဲ႔။ hydrogen peroxide ကို အနာအတြက္ ညႊန္းၾကေပမယ့္ ဘက္တီးရီးယားေတြကိုေသေစဖို႔ေတာ့ မစြမ္းနိုင္ပါဘူး။ hydrogen peroxide က သဘာဝအေလ်ာက္အနာက်က္တဲ့ျဖစ္စဥ္ကိုေတာင္ ေႏွးေကြးေစနိုင္ျပီး အနာကို ပိုစပ္ေစနိုင္ပါတယ္။ Iodine  က ဒဏ္ရာကိုပိုနာေစပါတယ္။

အနာကို ေဆးထည့္ပါ။ အနာကို ပိုးသတ္ေဆးထည့္ျပီး ပလာစတာကပ္ပါ၊ သို႔မဟုတ္ ပတ္တီးစည္းပါ။

အနာက မနက္ဘူးဆိုရင္ ထိခိုက္ရွနာေတြေလာက္က ရွားေစာင္းလက္ပပ္အႏွစ္ လိမ္းေပးနိုင္ပါတယ္။ အနာၾကီးရင္ နက္ရင္ေတာ့ မသံုးပါနဲ႔။ ရွားေစာင္းလက္ပပ္က အနာတဝိုက္အေရျပားကိုအစိုဓာတ္ေပးနိုင္ျပီး ေရာင္ရမ္းမႈကိုေလ်ာ့ေစတဲ့အျပင္ အနာက်က္ျမန္ေစပါတယ္။

အနာကို ကာကြယ္ဖံုးအုပ္ပါ။ ေဆးထည့္ထားတဲ့ အနာကို ပိုးသတ္ျပီးသားဂြမ္းစေလးနဲ႔ဖံုးအုပ္ျပီး ေပပါတိပ္ေလးနဲ႔ကပ္နိုင္ပါတယ္။ တခါတည္းနဲ႔အဆင္ေျပနိုင္တာက ပလာစတာကပ္လိုက္ရင္ ပိုေကာင္းပါတယ္။ အနာက်က္လာတဲ့အထိ ပလာစတာကို မွန္မွန္လဲေပးပါ။ ဒီလိုလဲတဲ့အခါတိုင္း အေရးၾကီးတာက ေဆးျပန္ထည့္တဲ့အခါတိုင္း ကိုင္တြယ္တဲ့လက္က အျမဲေဆးေၾကာသန္႔စင္ျပီးသားျဖစ္ပါေစ။

ပရိုတင္းဓာတ္နဲ႔ဗီတာမင္ေတြျပည့္ဝတဲ့အစားအစာေတြကိုပိုစားပါ။ ပရိုတင္းမ်ားတာပိုစားေပးရင္အနာက်က္ျမန္ေစျပီး ဗီတာမင္ၾကြယ္ဝတာစားရင္ အေရျပားက်န္းမာေရးအတြက္ ပိုေကာင္းပါတယ္ (အထူးသျဖင့္ ဗီတာမင္ ေအနဲ႔ ဗီတာမင္ စီ)။ ဇင့္ဓာတ္ကလည္း အနာက်က္ျမန္ေစပါတယ္။ ပရိုတင္းမ်ားတဲ့ အဆီမပါအသားေတြ၊ ငါး၊ၾကက္ဥနဲ႔ပဲအမ်ိဳးမ်ိဳး၊ ဗီတာမင္စီ ၾကြယ္ဝတဲ့ လိေမၼာ္၊ကီဝီ၊နာနတ္၊ ဘယ္ရီအစရွိတဲ့အသီးေတြစားေပးသင့္ပါတယ္။

ေရအလံုအေလာက္ေသာက္သံုးပါ။ ေရ သို႔မဟုတ္ ကဖင္းမပါ၊အယ္ကိုေဟာမပါတဲ့ ေသာက္စရာတစ္ခုခုကို ႏွစ္နာရီျခားတစ္ခါ အနည္းဆံုး ၈ေအာင္စေလာက္ဝင္ေအာင္ ေသာက္ပါ။ ဒါမွ ထိခိုက္ဒဏ္ရာရခ်ိန္မွာ ေသြးထြက္ျခင္း၊ အဖ်ားတက္ျခင္းေၾကာင့္ ေခြ်းထြက္ျပီးဆံုးရံႈးသြားတဲ့အရည္ဓာတ္ကိုျပန္ျဖည့္တင္းနုိင္မွာျဖစ္ပါတယ္။

အနာေဖးေတြကို မခြာပါနဲ႔ ။ အက်င့္ပါေနလို႔ပဲျဖစ္ျဖစ္ အနာေဖးတက္ေနရင္ မခြာပစ္ပါနဲ႔။ အနာေဖးေတြက အနာက်က္လာတဲ့ လကၡဏာျဖစ္လို႔ သူတို႔ကိုခြာလိုက္ရင္ မလိုအပ္ဘဲ အမာရြတ္ျဖစ္တာေတြ၊ အနာက်က္ဖို႔အခ်ိန္ပိုၾကာသြားတာေတြ ျဖစ္လာေစနိုင္ပါတယ္။

ဗီတာမင္စီနဲ႔ ဗီတာမင္အီး ေဆးဝါးေတြေသာက္ေပးပါ။ ဗီတာမင္စီက ကိုယ္ခံအားစနစ္ကိုျမွင့္တင္ေပးနုိင္ျပီး အနာကို ဘက္တီးရီးယား ပိုးဝင္ျခင္းကေန ကာကြယ္ေပးနုိင္ပါတယ္။ ဗီတာမင္အီးက အေရျပားအေပၚယံလႊာ တစ္ရွဴးေတြျပန္လည္တည္ေဆာက္မႈကို အေထာက္အကူေပးျပီး အနာက်က္ျမန္ေစပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူ့ခန္ဓာကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ  လက်ချောင်းမှာ ဓားရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေ ခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။

ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင် မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေ ထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုး ဖြစ်မလာစေဖို့  အနာမရင်းအောင်ဂရုစိုက်ရပါမယ်။

ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကို အောက်မှာပြောပြလိုက်ပါတယ်နော်။

အရင်ဆုံး အနာရဲ့အနေအထားကို ကြည့်ပါ။ အရေပြားကပွန်းရုံပဲ၊ နီရဲနေရုံဖြစ်ပြီး သွေးမထွက်၊ မပေါက်ပြဲသေးဘူးဆိုရင် ရောဂါပိုးမဝင်အောင်ကာကွယ်ဖို့ပဲလိုပါတယ်။ အနာကိုအစိုဓာတ်မပျောက်အောင်ထိန်းပေးပါ။

အနာကိုမထိတွေ့ခင်မှာ လက်ကိုသေချာဆေးကြောပါ။ ဘယ်ဒဏ်ရာကိုမဆို မကိုင်တွယ်ခင်မှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်အမြဲ ဆေးကြောသင့်ပါတယ်။ ဒါမှ ပိုးဝင်နိုင်တဲ့အန္တရာယ်နည်းပါးစေမှာဖြစ်ပါတယ်။

အနာက လက်မှာဖြစ်နေခဲ့ရင် အနာကို ဆပ်ပြာမထိအောင် သတိထားပါ။ ဆပ်ပြာနဲ့တိုက်ရိုက်ထိတွေ့မိရင် အနာကိုပိုဆိုးစေပါတယ်။

သွေးတိတ်အောင်လုပ်ပါ။ ဆေးကြောသန့်စင်ပြီးလို့ အနာက သွေးထွက်နေသေးတယ်ဆိုရင် ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ အသာအယာဖိထားပေးပါ။

hydrogen peroxide နဲ့ iodine ဆေးတွေမသုံးပါနဲ့။ hydrogen peroxide ကို အနာအတွက် ညွှန်းကြပေမယ့် ဘက်တီးရီးယားတွေကိုသေစေဖို့တော့ မစွမ်းနိုင်ပါဘူး။ hydrogen peroxide က သဘာဝအလျောက်အနာကျက်တဲ့ဖြစ်စဉ်ကိုတောင် နှေးကွေးစေနိုင်ပြီး အနာကို ပိုစပ်စေနိုင်ပါတယ်။ Iodine  က ဒဏ်ရာကိုပိုနာစေပါတယ်။

အနာကို ဆေးထည့်ပါ။ အနာကို ပိုးသတ်ဆေးထည့်ပြီး ပလာစတာကပ်ပါ၊ သို့မဟုတ် ပတ်တီးစည်းပါ။

အနာက မနက်ဘူးဆိုရင် ထိခိုက်ရှနာတွေလောက်က ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးနိုင်ပါတယ်။ အနာကြီးရင် နက်ရင်တော့ မသုံးပါနဲ့။ ရှားစောင်းလက်ပပ်က အနာတဝိုက်အရေပြားကိုအစိုဓာတ်ပေးနိုင်ပြီး ရောင်ရမ်းမှုကိုလျော့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။

အနာကို ကာကွယ်ဖုံးအုပ်ပါ။ ဆေးထည့်ထားတဲ့ အနာကို ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ဖုံးအုပ်ပြီး ပေပါတိပ်လေးနဲ့ကပ်နိုင်ပါတယ်။ တခါတည်းနဲ့အဆင်ပြေနိုင်တာက ပလာစတာကပ်လိုက်ရင် ပိုကောင်းပါတယ်။ အနာကျက်လာတဲ့အထိ ပလာစတာကို မှန်မှန်လဲပေးပါ။ ဒီလိုလဲတဲ့အခါတိုင်း အရေးကြီးတာက ဆေးပြန်ထည့်တဲ့အခါတိုင်း ကိုင်တွယ်တဲ့လက်က အမြဲဆေးကြောသန့်စင်ပြီးသားဖြစ်ပါစေ။

ပရိုတင်းဓာတ်နဲ့ဗီတာမင်တွေပြည့်ဝတဲ့အစားအစာတွေကိုပိုစားပါ။ ပရိုတင်းများတာပိုစားပေးရင်အနာကျက်မြန်စေပြီး ဗီတာမင်ကြွယ်ဝတာစားရင် အရေပြားကျန်းမာရေးအတွက် ပိုကောင်းပါတယ် (အထူးသဖြင့် ဗီတာမင် အေနဲ့ ဗီတာမင် စီ)။ ဇင့်ဓာတ်ကလည်း အနာကျက်မြန်စေပါတယ်။ ပရိုတင်းများတဲ့ အဆီမပါအသားတွေ၊ ငါး၊ကြက်ဥနဲ့ပဲအမျိုးမျိုး၊ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်၊ကီဝီ၊နာနတ်၊ ဘယ်ရီအစရှိတဲ့အသီးတွေစားပေးသင့်ပါတယ်။

ရေအလုံအလောက်သောက်သုံးပါ။ ရေ သို့မဟုတ် ကဖင်းမပါ၊အယ်ကိုဟောမပါတဲ့ သောက်စရာတစ်ခုခုကို နှစ်နာရီခြားတစ်ခါ အနည်းဆုံး ၈အောင်စလောက်ဝင်အောင် သောက်ပါ။ ဒါမှ ထိခိုက်ဒဏ်ရာရချိန်မှာ သွေးထွက်ခြင်း၊ အဖျားတက်ခြင်းကြောင့် ချွေးထွက်ပြီးဆုံးရှုံးသွားတဲ့အရည်ဓာတ်ကိုပြန်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

အနာဖေးတွေကို မခွာပါနဲ့ ။ အကျင့်ပါနေလို့ပဲဖြစ်ဖြစ် အနာဖေးတက်နေရင် မခွာပစ်ပါနဲ့။ အနာဖေးတွေက အနာကျက်လာတဲ့ လက္ခဏာဖြစ်လို့ သူတို့ကိုခွာလိုက်ရင် မလိုအပ်ဘဲ အမာရွတ်ဖြစ်တာတွေ၊ အနာကျက်ဖို့အချိန်ပိုကြာသွားတာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဗီတာမင်စီနဲ့ ဗီတာမင်အီး ဆေးဝါးတွေသောက်ပေးပါ။ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီး အနာကို ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အီးက အရေပြားအပေါ်ယံလွှာ တစ်ရှူးတွေပြန်လည်တည်ဆောက်မှုကို အထောက်အကူပေးပြီး အနာကျက်မြန်စေပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top