အဆုိေတာ္ သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ အရင္က ဇာတ္ကားတစ္ကားနဲ႔ ပတ္သက္ၿပီး ေဝဖန္ခံရတာျဖစ္ၿပီး အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး စိုင္းစိုင္းကေတာ့ ဘာမွတံု႔ျပန္မႈေတြ မလုပ္ဘူးလို႔ ဆုိထားပါတယ္။
“ကိုယ့္ဟာကိုယ္ ဘယ္သူမွမထိခိုက္ဘဲေနတာကို
ဟိုေကာင္က တိုက္ခိုက္လိုက္
ဒီေကာင္က ေစာ္ကားလိုက္နဲ႔
အင္း .. ..
သက္ျပင္းႀကီးပဲခ်မိေတာ့တယ္
တံု႔ျပန္ဖို႔လည္း မထိုက္တန္ေခ်” လို႔ ဒီေန႔ (ဇန္နဝါရီလ ၂၁ ရက္) ေန႔ မနက္ ၉ နာရီေက်ာ္ေလာက္က ေရးသားခဲ့ပါတယ္။
စိုင္းစိုင္းက အဲဒီပို႔စ္ေအာက္မွာ သူ႔ကို အားေပးစကားဆုိလာသူတစ္ဦးကို Reply ျပန္ထားတဲ့ စာကို ၾကည့္ၿပီး စိုင္းစိုင္းဘာကို စိတ္မေကာင္းျဖစ္ေနတယ္ဆုိတာ သိလိုက္ရပါတယ္။
” ဟုတ္ကဲ့ မႀကီးေရ
က်ေနာ္လည္း ျပံဳးပဲျပံဳးေနမိေတာ့တယ္
က်ေနာ့္ငယ္ငယ္က ႐ုပ္ရွင္ေတြပါ ျပန္ရွာၿပီးလိုက္ဖဲ့ေနတာဗ်ာ” လို႔ သူက ေရးထားတာပါ။
Tay Zar Maung Maung ဆုိတဲ့ အေကာင့္တစ္ခုကေန ဇန္နဝါရီလ ၁၈ ရက္ေန႔က စိုင္းစိုင္းရဲ႕ ဟိုးအရင္က ဇာတ္ကားတစ္ကားနဲ႔ ပတ္သက္ၿပီး အခုလို ေဝဖန္ေျပာဆုိထားခဲ့တာကို ေတြ႕ရပါတယ္။
ဒါေပမဲ့ ဇန္နဝါရီလ ၂၀ ရက္ေန႔ညက နာမည္ေက်ာ္ အႏုပညာရွင္မ်ား ပါဝင္ကျပခဲ့တဲ့ ႏွင္းဆီနယ္နိမိတ္အၿငိမ့္မွာ ေနတုိးက စိုင္းစိုင္းနဲ႔ ပတ္သက္ၿပီး ျပက္လံုးထုတ္လိုက္လို႔ စိုင္းစိုင္းက အခုလို ေျပတာလို႔ တခ်ဳိ႕က ထင္ခဲ့ၾကပါတယ္။
အဲဒီအတြက္ စိုင္းစိုင္းက “ခုတ္ရာတျခား ရွရာတလြဲေဟ့” လို႔ ေဖ့စ္ဘြတ္မွာ ျပန္လည္ေရးသား ေျပာဆုိခဲ့ပါေသးတယ္။
မိန္းကေလးပရိသတ္ရဲ႕ အသည္းစြဲ ျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္ဟာ ေယာက္်ားေလး အမ်ားစုရဲ႕ ေလွာင္ေျပာင္ေျပာဆုိမႈေတြကို ခံေနရသူျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ားအားျဖင့္ေတာ့ စိုင္းစိုင္းက သူ႔ကို Troll တဲ့ ပံုေတြကိုေတာင္ စိတ္မဆုိးဘဲ ေဖ့စ္ဘြတ္ကေန အဲဒီပံုေတြကို ျပန္ Share ၿပီး သူကိုယ္တုိင္ ရယ္ေမာ ဟာသလုပ္ေလ့ရွိသူပါ။
စိုင္းစိုင္းဟာ လတ္တေလာမွာေတာ့ Galaxy Tour အစီအစဥ္ေတြနဲ႔ နယ္လွည့္ ေဖ်ာ္ေျဖေနပါတယ္။ လာမယ့္ ဇန္န၀ါရီလ ၃၀ ရက္ေန႔မွာလည္း မုိးကုတ္မွာ ေဖ်ာ္ေျဖရဦးမယ္လို႔ သိရပါတယ္။
၁၉၇၉ ခုႏွစ္ မွာ ေမြးဖြားခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္ဟာ ၂၀၀၀ ျပည့္ႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္း မ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟုေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း ပါဝင္သီဆိုထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ အရင်က ဇာတ်ကားတစ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စိုင်းစိုင်းကတော့ ဘာမှတုံ့ပြန်မှုတွေ မလုပ်ဘူးလို့ ဆိုထားပါတယ်။
“ကိုယ့်ဟာကိုယ် ဘယ်သူမှမထိခိုက်ဘဲနေတာကို
ဟိုကောင်က တိုက်ခိုက်လိုက်
ဒီကောင်က စော်ကားလိုက်နဲ့
အင်း .. ..
သက်ပြင်းကြီးပဲချမိတော့တယ်
တုံ့ပြန်ဖို့လည်း မထိုက်တန်ချေ” လို့ ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်) နေ့ မနက် ၉ နာရီကျော်လောက်က ရေးသားခဲ့ပါတယ်။
စိုင်းစိုင်းက အဲဒီပို့စ်အောက်မှာ သူ့ကို အားပေးစကားဆိုလာသူတစ်ဦးကို Reply ပြန်ထားတဲ့ စာကို ကြည့်ပြီး စိုင်းစိုင်းဘာကို စိတ်မကောင်းဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။
” ဟုတ်ကဲ့ မကြီးရေ
ကျနော်လည်း ပြုံးပဲပြုံးနေမိတော့တယ်
ကျနော့်ငယ်ငယ်က ရုပ်ရှင်တွေပါ ပြန်ရှာပြီးလိုက်ဖဲ့နေတာဗျာ” လို့ သူက ရေးထားတာပါ။
Tay Zar Maung Maung ဆိုတဲ့ အကောင့်တစ်ခုကနေ ဇန်နဝါရီလ ၁၈ ရက်နေ့က စိုင်းစိုင်းရဲ့ ဟိုးအရင်က ဇာတ်ကားတစ်ကားနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်ပြောဆိုထားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ညက နာမည်ကျော် အနုပညာရှင်များ ပါဝင်ကပြခဲ့တဲ့ နှင်းဆီနယ်နိမိတ်အငြိမ့်မှာ နေတိုးက စိုင်းစိုင်းနဲ့ ပတ်သက်ပြီး ပြက်လုံးထုတ်လိုက်လို့ စိုင်းစိုင်းက အခုလို ပြေတာလို့ တချို့က ထင်ခဲ့ကြပါတယ်။
အဲဒီအတွက် စိုင်းစိုင်းက “ခုတ်ရာတခြား ရှရာတလွဲဟေ့” လို့ ဖေ့စ်ဘွတ်မှာ ပြန်လည်ရေးသား ပြောဆိုခဲ့ပါသေးတယ်။
မိန်းကလေးပရိသတ်ရဲ့ အသည်းစွဲ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ယောက်ျားလေး အများစုရဲ့ လှောင်ပြောင်ပြောဆိုမှုတွေကို ခံနေရသူဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ စိုင်းစိုင်းက သူ့ကို Troll တဲ့ ပုံတွေကိုတောင် စိတ်မဆိုးဘဲ ဖေ့စ်ဘွတ်ကနေ အဲဒီပုံတွေကို ပြန် Share ပြီး သူကိုယ်တိုင် ရယ်မော ဟာသလုပ်လေ့ရှိသူပါ။
စိုင်းစိုင်းဟာ လတ်တလောမှာတော့ Galaxy Tour အစီအစဉ်တွေနဲ့ နယ်လှည့် ဖျော်ဖြေနေပါတယ်။ လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း မိုးကုတ်မှာ ဖျော်ဖြေရဦးမယ်လို့ သိရပါတယ်။
၁၉၇၉ ခုနှစ် မှာ မွေးဖွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...