Credit : Lwinpyin
စိုင်းစိုင်း ကတော့ အဆိုတော် မင်းသားတစ်ယောက်အဖြစ်တင်မဟုတ်ပဲ social skill ကောင်းသူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံထားရသူပါ။အောင်မြင်မှုကို ထိန်းသိမ်းလာခဲ့တာကလည်း အခုဆိုရင် ဆယ်စုနှစ်တစ်နှစ် မကတော့ပါဘူး။
ဂီတတင်မဟုတ်ပဲ သရုပ်ဆောင်အလုပ်တွေ လုပ်ပြန်တော့လည်း ပရိသတ်တွေက အားပေး လက်ခံ ခဲ့ကြပါတယ်။ေ နာက် ဆုံး စိုင်းစိုင်းက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် SAI Cosmetix လုပ်ပြန်တော့လည်း ပရိသတ်တွေက အားပေး ခဲ့ကြတာကိုတွေ့ရပါတယ်။
စိုင်းစိုင်းကတော့ ဒီရက်ပိုင်းမှာ နယ်ဘက်တွေကို ခရီးထွက်ပြီး ပွဲတွေမှာ လိုက်ပြီးသီဆိုဖျော်ဖြေနေပါတယ်။အခုလည်း စိုင်းစိုင်းတစ်ယောက် တနင်္သာရီကို ရောက်နေပါတယ်။ဘန်နီဖြိုးလည်း ဒီခရီးစဉ်မှာ အတူ လိုက်ပါတာကို တွေ့ရပါတ ယ်။စိုင်းစိုင်းက သူ့ရဲ့ fb ပေါ်မှာ ဗီဒီယိုဖိုင်တစ်ခု တင်ထားပါတယ်။ဗီဒီယိုဖိုင်ထဲမှာတော့ စိုင်းစိုင်းက မြိတ်စကားလေသံ နဲ့ စကားပြောထားပြီး ဘန်နီဖြိုးတောင်မှ ဘာပြောလိုက်တယ်ဆိုတာ မသိလို့ နားမလည် ဖြစ်သွားတာကို တွေ့ရပါ တ ယ်။
စိုင်းစိုင်းရဲ့ မြိတ်စကားသံ ဗီဒီယိုဖိုင်ကိုတော့ တင်ပြီး (၁၈)နာရီအကြာမှာ ကြည့်ရှုသူ (58K Views)အထိ ရှိခဲ့ပါ တယ်။စိုင်းစိုင်းဟာ ကရင်ပြည်နယ်က ပွဲတုန်းကလည်း ကရင်ရိုးရာဝတ်စုံကို ဝတ်ပြီး ဒေသခံတွေ အပေါ် အလေး ထားတဲ့ သူ့ရဲ့ စိတ်ကို ပြသခဲ့ပါသေးတယ်။
Credit : Lwinpyin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...